Channel Myanmar

Rajinikanth

2.0 (2018) Enthiran 2 7.0
2.0 (2018) Enthiran 2 ၂၀၁၈ ခုနှစ်မှာ ထွက်ထားတဲ့ ဟင်ဒီစတားနဲ့တမီးလ်စတားတို့ အားပြိုင်ထားတဲ့ ၂၀၁၈ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားဟာ ၂၀၁၀မှာ ထွက်ခဲ့တဲ့ Enthiran ရဲ့ အဆက်ဆိုလည်း မမှားပါဘူး။ပထမဇာတ်ကားထဲမှာတော့ ချက်တီးစက်ရုပ်ကိုမသမာသူတွေရဲ့ လက်ချက်ကြောင့် သိမ်းဆည်းခံခဲ့ရတာ အားလုံးသိမယ်ထင်တယ်။ဇာတ်လမ်းအကျဉ်းကို ချပြရမယ်ဆိုရင်လူတိုင်းလည်းသိပြီးထားလောက်ပါပြီ။မြို့ထဲမှာ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပျက်ပုံကို စတင်တွေ့မြင်ရမှာပါ။ရှိရှိသမျှ မိုဘိုင်းဖုန်းတွေဟာ ဘာရယ်ကြောင့်မှန်းမသိaလထဲ လွင့်ထွက်ပျံသန်းသွားခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။တခြားမိုဘိုင်းဖုန်းအရောင်းကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ရေးဝန်ကြီးတွေပါ အသတ်ခံရပါသေးတယ်။ဖုန်းတွေ ဘယ်ရောက်သွားကြတာလဲ။ဘယ်သူ့လက်ချက်လဲ ဆိုတာ အားလုံး ပဟေဠိဖြစ်နေကြချိန်မှာဒါကို အဖြေရှာဖို့ ဒေါက်တာဗာစီကရန်ဟာ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ စစ်တပ်ကတောင် မနိုင်တဲ့ ထိုအရာကြီးကိုချေမှုန်းဖို့... ချက်တီးစက်ရုပ်ကို ပြန်လည်အသက်သွင်းဖို့ အကြောင်းဖန်လာပါပြီ။ကဲ ချက်တီးနဲ့အတူ မိုက်ခရိုဘော့လေးတွေလည်းပါဝင်ခံစားလိုက်ပါဦးဗျာ။ File Size : (2.20 GB) , (1.10 GB)  Quality : AMZN WEB-DL (1080p 5.1,720p) Running Time : 2hr 28min Format : Mp4 Genre : ...
movie

2.0 (2018) Enthiran 2

2019
Enthiran (2010) Robot 7.2
Enthiran (2010) Robot Enthiran (2010) RobotIMDB Rating (7.2) / Rotten Tomatoes (72%)ဒီကားကတော့ အိန္ဒိယသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ထိ အောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားပါ ရုံတင်ငွေလည်း ကုဋေ ၂၉၀လောက်အထိ ပြန်ရခဲ့ပြီး အဲ့ဒီခေတ်ကာလအနေအထားအရ ခေတ်ရှေ့ပြေးတဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်မှုမျိုးပါပဲ။ ဒီလိုဆိုလို့ ဘောလိဝုဒ်ဇာတ်ကားလို့ထင်စရာရှိပေမယ့် တကယ်တော့ တောင်ပိုင်းက Tamil ဇာတ်ကားဖြစ်ပြီး မယ်ကမ္ဘာဆုရှင် Aishwarya Rai နဲ့ တမီးလ်မင်းသားကြီး Rajinikanth တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့... ဆယ်စုနှစ်တစ်ခုကြာ သုတေသနပြုပြီးတော့ ပါရမီရှင်သိပ္ပံပညာရှင် ဒေါက်တာဗာစီက လူသားနဲ့ ခပ်ဆင်ဆင်တူတဲ့ အဆင့်မြင့် humanoid စက်ရုပ်တစ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါတယ် သူ့ရဲ့နာမည်ကိုတော့ ချစ်တီးလို့ပေးလိုက်ပါတယ် ချစ်တီးကို လူသားတွေကိုကူညီဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ အစပိုင်းမှာတော့ ချစ်တီးက အမိန့်တွေကို တိတိကျကျ လိုက်နာပြီး လူသားတွေအတွက် အလွန်အသုံးဝင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ခဲ့ပေမဲ့ ဒေါက်တာဗာစီက ချစ်တီးရဲ့ ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်ပြီး လူသားဆန်တဲ့ စိတ်ခံစားမှုတွေကို ထည့်သွင်းလိုက်တဲ့အခါ ဇာတ်လမ်းက စတင်ရှုပ်ထွေးလာပါတော့တယ်ချစ်တီးတစ်ယောက် ...
movie

Enthiran (2010) Robot

4K HEVC
Vettaiyan (2024) 8
Vettaiyan (2024) Vettaiyan (2024)"မုဆိုး" ===================တမီလ်ရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဂျာကီနတ်ရဲ့ အသစ်ထွက် ရုံတင်ကားသစ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီထဲမှာ ရာဂျာကီနတ်အပြင် ဘောလိဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘဂျမ်းနဲ့ Pushpa တို့.. Vikram တို့ထဲမှာ antagonist နေရာသရုပ်ဆောင်ခဲ့တဲ့ သဘာဝမင်းသား ဖာဟက်ဒ်ဖာဆေလ်တို့ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် အောက်ခြေ အစိုးရကျောင်းတွေထိ မကောင်းမှုတွေပြည့်နှက်နေတဲ့ နယ်မြို့လေး။အဲဒီမြို့လေးကို မုဆိုးလို့ နာမည်ပြောင်ရထားတဲ့ အာသီယန်ဆိုတဲ့ အကြမ်းပတမ်းရဲအုပ်တစ်ယောက်ရောက်လာပြီး တစ်မြို့လုံးကို တရားဥပဒေအောက်ပြန်ရောက်လာအောင်ကြိုးပမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ..။နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပြီး ဇာတ်လမ်းကလည်း အချိန်ပေးရကျိုးနပ်တဲ့ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 3.1 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 43min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vettaiyan (2024)

Kabali ( 2016 ) 6.4
Kabali ( 2016 ) ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. IMDb ကတော့  6.4 ပဲဖြစ်ပါတယ်သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦးဖြစ်သလို ဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်.. သူဟာ လူအများကြီး ရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ် သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာ အကုန်လုံးသေဆုံးခဲ့တယ်..လူမသေပေမယ့် ဘဝသေသွားတဲ့ ကာဘာလီ.. ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာ သူချစ်ရတဲ့မိသားစု..အတွက်.. သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကို ပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်.. ဒီလိုနဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့...............Genre..... Action, Crime, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 2.81GB | 1.5GB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Encoder ..... Aaron
movie

Kabali ( 2016 )

2016
Jailer (2023) 7.5
Jailer (2023) Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie

Jailer (2023)

2023
4K HEVC
Annaatthe (2021) 4.7
Annaatthe (2021) Annaatthe 2021===============Drama/Actionအချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့ထင်တဲ့အယူအဆကိုယနေ့တိုင်လက်ခံထားတဲ့သူတွေရှိသလို၊လက်မခံထားတဲ့သူတွေဆိုတာလည်းရှိ‌သပေါ့လေ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ရှုထောင့်အထွေထွေနဲ့ရှုစားကြရာမှာအနီးစပ်ဆုံးမှန်သွားတယ်ဆိုတဲ့ဟာတွေကိုတစ်အုပ်စုခွဲပြီးမှတ်ရတာပေါ့။တမီးလ်ကားတွေကိုအရင်ကမြန်မာပေါကားတွေလောက်ပဲထင်ခဲ့ ဘောလိဝုဒ်ကိုမမီပါဘူးလို့ထင်ခဲ့မိပေမဲ့တကယ့်တမီးလ်ကားကောင်းတွေကိုကြည့်မိပြီးသွားတဲ့အခါ တမီးလ်ကားတွေကြည့်ရတာလည်းကျွန်တော်သဘောကျတတ်လာတယ်ဗျ။ တမီးလ်ကုလားကားဆိုတဲ့အတိုင်း သီချင်းလေးတွေပါကန်ရင်လေပေါ်လွင့်ထွက်သွားတာတွေက ယုတ္တိမတန်တာကလွဲရင် ကြည့်လို့လည်းကောင်းသလိုဇာတ်လမ်းဇာတ်ကွက်ကောင်းတာကိုတော့ တကယ်မချီးကျူးဘဲမနေနိုင်လောက်အောင်ပါဘဲ။ဒီကားလေးဟာလည်း ဇာတ်လမ်းအစကနေအဆုံးထိတောက်လျှောက်ဆွဲခေါ်သွားနိုင်စွမ်းရှိတဲ့တမီးလ်ကားကောင်းလေးတွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တည်းကဆုံးပါးသွားတဲ့အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း တစ်ဦးတည်းသောညီမလေးကိုအချစ်တွေတိုးလို့ချစ်ခဲ့ရတဲ့ရွာသူကြီးအစ်ကိုကြီးတစ်ဦး၊ အစ်ကိုကြီးစကားဆိုတစ်‌သွေမတိမ်းနားထောင်တဲ့ညီမလေးအနေနဲ့အစ်ကိုကြီးအိမ်ထောင်ဖက်အသစ်ရှာပေးတာကိုကြည်ကြည်ဖြူဖြူလက်ခံဖို့စဉ်းစားရင်း၊ဘယ်လိုကနေဘယ်လို မြို့ပေါ်ကလူဆိုးဂိုဏ်းတစ်ခုနဲ့ပါရင်ဆိုင်သွားရမယ်၊ဘယ်နေရာမှဘယ်လိုဇာတ်လမ်းဇာတ်ကွက်လှည့်သွားမလဲဆိုတာကိုတော်တော်ကြည့်ကောင်းမယ့်ကားလေးကတော့ Annaatthe 2021 ပဲဖြစ်ပါတယ်  File size…1.59Gb / 4GB Quality…720p WEBDL Format…Mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….Yk Translated by San Thu Aung & Sai ThuRein Lynn
movie

Annaatthe (2021)

2021
Darbar (2020) 6.5
Darbar (2020) (Unicode)ဘောလိဝုဒ်ဇာတ်ကားတွေပြီးတော့အခုတစ်ခါ တမီးလ်စူပါစတားကြီး Rajinikanth ရဲ့ ရုံတင်ဇာတ်ကားကြီးအလှည့်ပေါ့ဗျာ။ဟောလိဝုဒ် ၊ ဘောလိဝုဒ်ပရိတ်သတ်တွေအဖို့အိုဗာအက်ရှင်တွေကို ညည်းငွေ့နေနိုင်ပေမယ့်အိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေကို ကြိုက်တတ်သူအဖို့တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ဘယ်လိုပဲ ဖြစ်ဖြစ် Rajinikanth ဟာလည်းတောင်ပိုင်းရုပ်ရှင်ထုတ်လုပ်ရေးတွေကြားသာကမဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးတွေကြားမှာလည်းသြဇာရှိပြီး အနုပညာကြေးမြင့်တဲ့ မင်းသားကြီးမို့ပရိတ်သတ်တွေကတော့ ဒီဇာတ်ကားကို ကြည့်ရင်းလက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာပါ။အညွှန်းအာဒိသယာဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာသမီးဖြစ်သူ ဗာလီနဲ့အတူ မွန်ဘိုင်းမြို့ကို ရဲမင်းကြီး(ရဲမှူးကြီးဟု သင့်တော်သလို ဘာသာပြန်ထားသည်)အဖြစ်နဲ့ရောက်ရှိလာပြီးမြို့ထဲမှာရှိတဲ့ ဆိုးသွမ်းသူတွေကို လိုက်လံနှိမ်နင်းရာကနေ ဇာတ်လမ်းကို စထားပြီး....ဒီနောက်ပိုင်းမှာတော့ တမီးလ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းအကအလှတွေ ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ပြီးဇာတ်လမ်းကို အရှိန်တက်လာအောင် စွမ်းဆောင်ထားပါတယ်။ဇာတ်လမ်းပုံစံက ရဲနဲ့လူဆိုး အားပြိုင်ကြတဲ့ မြင်နေကျ သာမာန်ဆိုပေမယ့်ရိုက်ကူးထားပုံက ဆန်းသစ်ပြီး Rajinikanthရဲ့ ဟိုးရုပ်ရှင်ခေတ်ဦးကတည်းကသုံးစွဲလာခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ တီးလုံးကို အက်ရှင်ခန်းတွေ ၊ Tempo မြှင့်တင်တဲ့အခန်းတွေမှာသင့်တော်သလို သုံးစွဲထားပုံက သပ်ရပ်ပြီး ပရိတ်သတ်ကို တစ်မျိုးတစ်မည် ဆွဲဆောင်ထားပါတယ်။ကဲ...အိန္ဒိယတောင်ပိုင်းဇာတ်ကားပရိတ်သတ်တို့ရေ...ကျွန်တော်တို့ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့Idol ကြီးရဲ့ အသစ်စက်စက် ရုံတင်ဇာတ်ကားကြီးကို လက်မနှေးပဲ ...
movie

Darbar (2020)

2020
Petta (2019) 7.7
Petta (2019) ဖေဖော်ဝါရီလကတည်းက အကြည်ထွက်ခဲ့တဲ့ကားဆိုပေမဲ့စာအသေကပ်ပါပြီး ရုပ်ထွက်သိပ်မကောင်းတာရယ်ကြောင့် ဥထားခဲ့တာ ခုတော့ ရှင်းရှင်းလင်းလင်းလေး ထွက်လာခဲ့ပါပြီ။------------------------------------------------သိပ်ကို ဆိုးတဲ့ ကျောင်းသားတွေကြားအဆောင်မှူးနေရာကို အတင်းရယူလာတဲ့ လူတစ်ယောက် ရှိလာခဲ့ပါတယ်။ကာလီတဲ့။အသက်ကြည့်တော့ လူကြီးပိုင်းရောက်နေပြီ၊ကိုယ့်ကို ထိပါးလာပြီဟေ့ဆိုရင် ဘယ်သူ့ကိုမှခွင့်မလွှတ်သူ။ဒီတော့ ဒီကလေးတွေကြား သူ အဆောင်မှူး ဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ။ကျောင်းသားတွေ ထမင်းကောင်းကောင်းစားရဖို့၊ဂျူနီယာတွေ ဘိုကျအနိုင်ကျင့်တာ မရှိဘဲကောင်းကောင်းနေထိုင်ရဖို့ သူ ကျောင်းရဲ့ အာ့ကြောလန်အဖွဲ့အပြင်ကန်ထရိုက်တာတွေနဲ့ ရင်ဆိုင်ခဲ့တယ်။မထင်မှတ်ဘဲ ညတစ်ညမှာ ကျောင်းသားတစ်ယောက် ခွင့်မတိုင်ဘဲ အပြင်သွားခဲ့တယ်။ခေါင်းမီးခဲပြီး ကာလီဟာ လိုက်ရှာရမှာတော့ချစ်သူနဲ့ သွားတွေ့တဲ့ ထိုကျောင်းသား အဏ္ဏဝါနဲ့ ရင်းနှီးခဲ့ပါတယ်။အန်ကယ်ကာလီ.... အန်ကယ်က လူပျိုကြီးလား အိမ်ထောင်ရှိလား တဲ့။တချိန်က သူ့မှာ ဒါတွေ ရှိခဲ့ကြောင်း နှုတ်က ထုတ်ဖော်မပြောလိုတော့တဲ့ ရင့်ကျက်ချိန်ရောက်ခဲ့ပြီလေ။ကျောင်းစာမေးပွဲပြီး နှုတ်ဆက်ပွဲညမှာအဏ္ဏဝါကို လူတစ်စု အန္တရာယ် လာပြုခဲ့တယ်။အဏ္ဏဝါ .. ကျောင်းထဲမှာနေတဲ့ ကျောင်းသား...သူ့မှာ ဘယ်လိုအကြောင်းကြောင့် ဒီလို ရန်နဲ့ ရင်ဆိုင်ရတာလဲ...သိပ်ကို ဂရုစိုက်လွန်းတဲ့ ...
movie

Petta (2019)

2019
Kaala (2018) 7.7
Kaala (2018) ဇာတ်ကားကောင်း ကြိုက်သူတွေ အတွက်"Kaala" ဆိုတဲ့ ဇာတ်ကားကောင်း၊ဘော်ဒါတို့အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။Reviewတွေလည်း ဖတ်ဖူးကြမှာပါ။ဇာတ်လမ်းအညွှန်း....Kaala ဆိုတာ "Daravi"ဆိုတဲ့ ဆင်းရဲသား ရပ်ကွက်ရဲ့ခေါင်းဆောင်အဖြစ် တင်စားကြတဲ့ "Karrikaalan "ရဲ့ နာမည်တစ်ခုပေါ့။သူဟာ ဒီရပ်ကွက်မှာ ဩဇာညောင်းသူ၊ ဖခင်ဖန်တီးခဲ့တဲ့ မြေကို ဆက်လက်ထိန်းသိမ်း ထားသူပေါ့။Kaala အဖေ ကို သတ်ခဲ့တဲ့ Harri Dada ဆိုတဲ့ ဝန်ကြီး ကလည်း ဒီမြေကို အစိုးရစီမံကိန်းလို့ လိမ်လည်ပြီး အပိုင်စီးချင်နေတယ်။ဆင်းရဲသားတွေကို တိုက်ခန်းတွေပေးမယ် ဘာညာပေါ့။ဒီအကြောင်းတွေကို မသိတဲ့ Zarrina ဆိုတဲ့ မဒမ်ကလည်းဒီစီမံကိန်းကို လူထုအကျိုးပြုအဖြစ် NGO ခေါင်းဆောင်အနေနဲ့ ဦးဆောင်ဦးရွက်ပြုရမယ်။Zarrenaဆိုတာ အာဖရိက,က လာတာဆိုပေမဲ့သူဟာ ဒါရဗီဇာတိ၊ ဒါရဗီမှာ ရာဇဝင်ကြွေးတွေတောင် ရှိသေး၊ ပြီးတော့မှ နိုင်ငံခြား ထွက်သွားတာ။Harri Dada ရဲ့ အကြံတွေ(နောက်ကွယ်က ကြိုးကိုင်မှု)ကို သိနေတဲ့ Kaala ကတော့ ဒီစီမံကိန်းကို ...
movie

Kaala (2018)

2018