Channel Myanmar

Rajesh Sharma

Azadi (2025) 5.4
Azadi (2025) Azadi 2025(လွတ်လပ်ခြင်း)ဇာတ်လမ်းအကျဉ်းAzadi ဟာ ဒါရိုက်တာ ဂျိုဂျော့စ်က ရိုက်ကူးထားတာဖြစ်ပြီး မလာယာလံပြည်နယ်ရုပ်ရှင်တစ်ခုပါ။စရင်းနက်ဘာစီ၊ လဲယ်၊ ဗန်နီဗစ်ဝါနာ နဲ့ ရာဗီးနား ရာဗီ တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းမှာ ကိုယ်ဝန်ဆောင်ထောင်သား ဂန်ဂါ က အမျိုးသားမိရာဂူးရဲ့အကူအညီနဲ့ ဆေးရုံမှ ထွက်ပြေးဖို့ကြိုးစားတဲ့အကြောင်းပါ။ဇာတ်လမ်းဟာ၂၀၂၅ မေမှာ ပြသပြီး စိတ်လှုပ်ရှားစရာ အက်ရှင်နဲ့ အနုပညာမြောက်မှုတွေပါဝင်ပါတယ်။ဂန်ဂါ ကို မွေးဖွားဖို့ ဆေးရုံတင်ထားတုန်းမှာ ရာဂူး က ၂၄ နာရီအတွင်း ထွက်ပြေးစီစဉ်ထားပါတယ်။အခက်အခဲတွေကြားမှာ ရန်သူတွေ တားဆီးဖို့ ကြိုးစားကြပါတယ်။ တရားမျှတမှု၊ မိသားစုနဲ့ စိတ်ဓာတ်နဲ့ အသက်ရှင်သန်ရခြင်းရဲ့ အကြောင်းတရားကို ပြသထားပါတယ်။ကြည့်သူတွေကို စိတ်လှုပ်ရှားစေပြီး စိတ်ဓာတ်ခွန်အားတွေလည်းပေးစွမ်းနိုင်ပါတယ်ခင်ဗျာ။Azadi ကြည့်ရင် စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်စသည့် ခံစားချက်များကိုရရှိမှာပါ။အက်ရှင်ခန်းတွေက စိတ်ဝင်စားစရာအရမ်းကောင်းပြီး ဇာတ်ကောင်တွေကလည်း ပီပြင်လွန်းလှပြီးတော့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့ စိတ်ဓာတ် ကိုမြင်သာအောင်ရိုက်ပြထားနိုင်ပါတယ်။အက်ရှင်ကောင်းကောင်းနဲ့ ရသအစုံလင်ကြိုက်သူဆိုရင်တော့ ဒီကားလေးကအကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Teamမှတင်ဆက်ထားပါတယ်။File size…2 ...
movie

Azadi (2025)

Ponman (2025) 6.6
Ponman (2025) Ponman (2025) "ရွှေပြဿနာ"မလေယာလမ် ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်ထိမ်းမြားလက်ထပ်တဲ့အခါ သတို့သမီးမိသားစုက သတို့သားမိသားစုကို အသွင်းပစ္စည်းပေးရတဲ့အိန္ဒိယဓလေ့ကို သိကြမှာပါဒီဇာတ်လမ်းလေးထဲမှာ စတီဖီရဲ့အမေက စတီဖီကို အိမ်ထောင်ချပေးဖို့အတွက် သတို့သားဘက်က တောင်းဆိုလာတဲ့ ရွှေပမာဏကိုပေးဖို့ သဘောတူညီလိုက်ရာကနေတကယ်တမ်း ပေးဖို့အခက်အခဲရှိလာရာမှာ ဘယ်လိုရရာနည်းလမ်းနဲ့ ရှာဖွေသွားမလဲ နောက်ဆက်တွဲပြဿနာတွေ အလွဲလေးတွေဖြစ်ကြပုံကို ရှုစားရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.9 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ponman (2025)

The Past (2018)
The Past (2018) The Past (2018) "အတိတ်တစ္ဆေ"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် အကြည့်နဲ့တင်ဖျားသွားမဲ့‌ ဟော်ရာ-ဒရာမာ ဇာတ်လမ်း‌တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ဆင်မ်ရန်ဟာ အမြဲအလုပ်ကိုပဲအာရုံစိုက်နေတတ်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ သူ့မှာ အာလီယာဆိုတဲ့ ညီမ‌လေးတစ်ယောက်ရှိပါတယ်။တစ်‌နေ့တော့ သူ့ညီမလေးပူဆာတာကြောင့် ညီအစ်မနှစ်ရက်အလည်ခရီးထွက်ဖို စီစဉ်ရာက လိုနာဗလာဆိုတဲ့ တောင်ပေါ်မြိုလေးကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ထုတ်‌ဝေသူယူဗရာ့ဂ်ျစီစဉ်ပေးမှုနဲ့ အဲဒီမြိုလေးက ယူဗရာ့ဂ်ျရဲ့ဘန်ဂလိုမှာ ဆင်မ်ရန်တိုညီအစ်မ အပန်းဖြေအနားယူရဖို ဖြစ်လာပါတယ်။ ဘန်ဂလိုနဲ့ရှုခင်းအလှအပတွေကြောင့် ညီမနှစ်ယောက်လုံး ရောက်ခါစမှာ အပျော်ကြီးပျော်နေခဲ့ကြပါတယ်။ဒါပေမဲ့ အဲဒီအပျော်ဟာတာရှည်မခံခဲ့ပါဘူး။ ဘာလိုလဲဆိုရင် အဲဒီဘန်ဂလိုမှာ စွဲကပ်နေတဲ့ဝိညာဉ်က စတင်ခြောက်လှန့်လာတာကြောင့်ပါပဲ။ ဆင်မ်မရန်လည်း မူမမှန်တာတွေ စဖြစ်လာပြီး တဖြည်းဖြည်းနဲ့ အခြေအနေပိုဆိုးလာခဲ့ပါတယ်။နောက်ပိုင်းမှာ အစွဲကြီးလွန်းတဲ့ဘန်ဂလိုသရဲမက ဆင်မ်ရန်ရဲ့ခန္ဓာကိုယ်ကို အပိုင်သိမ်းဖိုအထိ ဖြစ်လာတဲ့အခါ...။ဆင်မ်ရန်တိုညီမ အစွဲကြီးရဲ့သရဲမအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ရမလဲ၊ အဲဒီလိုအစွဲကြီးရတဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲဆိုတာ အမြင်ရောအကြားနဲ့ပါ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~V~KKKZ ပါ။) File size…1.7 GB / 840 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h Subtitle….Myanmar Subtitle (Hard ...
movie

The Past (2018)

One Day: Justice Delivered (2019) 5.1
One Day: Justice Delivered (2019) One Day - Justice Delivered (2019) မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိIMDb 5.1/10လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ စိတ်နေစိတ်ထား အမူအကျင့်မျိုးစုံ ရောနှောတည်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အမှုအခင်းတွေကလည်း ဖြစ်ပေါ်နေပါတယ်။တရားမျှတမှုရရှိသွားတဲ့ အမှုတွေရှိပေမဲ့လည်း တရားခံတွေ လွတ်မြောက်သွားတဲ့၊ အမှုအမှန်မပေါ်ပေါက်တဲ့ ရာဇဝတ်မှုတွေဟာလည်း များစွာရှိခဲ့၊ ရှိနေဆဲပါပဲ။ဒီဇာတ်ကားလေးထဲမှာလည်း တျာဂီဆိုတဲ့ တရားသူကြီးက အငြိမ်းစားယူတော့မှာပါ။ ဒါပေမဲ့ သူအလုပ်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် တရားခံမပေါ်ဘဲ ပိတ်သိမ်းခဲ့တဲ့အမှုတွေကို ပြန်လည်တွေးတောမိလာပါတယ်။ဗုံးပေါက်ကွဲမှုတစ်ခုရဲ့ မျက်မြင်သက်သေကောင်လေးတစ်ယောက်ကိုနှုတ်ပိတ်သတ်ဖို့ တာဝန်ကျဆရာဝန်တွေကို တရားခံတွေက လာဘ်ထိုးခဲ့ပါတယ်။ မြို့မျက်နှာဖုံးနာမည်ကြီးတွေမို့ အမှုမပေါ်ခဲ့ပါဘူး။တရားသူကြီးတျာဂီရဲ့ သမီးမင်္ဂလာဆောင်မှစလို့ မြို့မှာလူတွေ ပျောက်ဆုံးလာပါတယ်။ စုံစမ်းရေးအဖွဲ့မှာလည်း ဘာသက်သေမှရှာမရဖြစ်လာချိန် သူတို့တွေ့ရှိလာရတာကတော့ ဒီပျောက်ဆုံးသွားတဲ့သူတွေဟာ အမှုတစ်ခုနဲ့ ဆက်စပ်‌နေတယ်ဆိုတာပါပဲ။အမှုမှန်မ‌ပေါ်ခဲ့တဲ့အမှုတွေကို တစ်ခုပြီးတစ်ခုဖော်ထုတ်ပြီး တာဝန်ကျေပွန်ချင်သူ တရားသူကြီးရဲ့ ဆန္ဒပြည့်ဝမလား၊ တရားခံတွေ ဆက်လက်လွတ် မြောက်နေဆဲ ဖြစ်မလားဆိုတာ ကြည့်ရှုအဖြေထုတ်ရင်း မှုခင်း၊ သည်းထိတ်ရင်ဖိုပရိသတ်တွေ အကြိုက်တွေ့မယ့်ဇာတ်ကားလေးပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 1.6 GB / 954 MB Quality…WEB DL 1080p ...
movie

One Day: Justice Delivered (2019)

Bhool Bhulaiyaa 3 (2024) 5.1
Bhool Bhulaiyaa 3 (2024) Bhool Bhulaiyaa 3 (2024) "၀င်္ကပါ" IMDb - 5.1/10အရှေးကူးမားစခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဟာသရုပ်ရှင်ကြီးရဲ့ သုံးကားမြောက်အသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်မှာတော့ နှစ်ကားမြောက်ရုပ်ရှင်က မင်းသားချောကာသစ်နဲ့ မင်းသမီးတရီပတီဒင်မ်ရီတို့ ပါဝင်ထားပါတယ်။အပနှင်တဲ့ ပယောဂဆရာကြီးဘာဘာအဖြစ် လူတွေကို လိမ်စားနေတဲ့ ရူဟန်တစ်ယောက် ဒီတစ်ခါကြုံရမှာက ရော့တ်ခတ်တိုင်းပြည်က နန်းတော်ကြီးမှာရှိတဲ့ သရဲပါ။ ငြင်းလို့မရတဲ့ အကြောင်းပြချက်တွေနဲ့ နန်းတော်ကြီးဆီလိုက်သွားတဲ့အခါမှာ သွားတိုက်ဆေးတစ်ဘူးကို တစ်နှစ်သုံး၊ နွားကို နို့ပြန်တိုက်ပြီး ကိုယ်ရံတော်ကို ပြန်စောင့်ရှောက်နေကြတဲ့ တော်ဝင်မိသားစုကြီးနဲ့ ကြုံရဆုံရပါတယ်။ ဘယ်လိုအလွဲတွေနဲ့ ရယ်ရမောရပြီး ဘယ်လိုတွေ ခြောက်လှန့်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 3 GB / 1.56 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bhool Bhulaiyaa 3 (2024)

Dhonima (2024) 7
Dhonima (2024) Dhonima 2024 ဒိုနီမာယစ်ထုတ်ကြီး‌ယောက်ျားနဲ့ရထားတဲ့ ဒါနမ်တစ်ယောက်ကတော့ အားကိုးမရဘဲ ကိုယ်တိုင်ရုန်းကန်ရင်း မိသားစုကိုထောက်ပံ့နေရသူပေါ့။ဖြစ်ချင်တော့ သားလေးကလည်း နားမှာချို့ယွင်းချက်ဖြစ်နေတော့ ခွဲစိတ်ဖို့ ငွေကလည်း လိုနေပြန်တာပေါ့။ဒါပေမဲ့ အဖေဖြစ်သူက အိမ်တွင်းရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှစိတ်မဝင်စား တာဝန်မယူလေတော့ စားဝတ်နေရေးက ပိုပိုကြပ်တည်းလာ‌တာပေါ့။ဒါပေမဲ့ ဒီလိုကြပ်တည်းနေတဲ့ကြားက ဒါနမ်တစ်ယောက် အမှိုက်ပုံထဲကနေ ခွေးပေါက်လေးတစ်ကောင်ကို သနားလို့ဆိုပြီး သားလေးလည်းအဖော်ရအောင် ကောက်ပြီးမွေးစားလိုက်ပါတော့တယ်။အဲဒီခွေးကလေးကတော့ ဒိုနီမာဆိုတဲ့ ဂိုးဒင်းရီထရီဗာအမလေးပါပဲ။ သိပ်လိမ္မာတဲ့ ဒိုနီမာလေးက တစ်အိမ်လုံးရဲ့အချစ်တော်ဖြစ်ပြီး မိသားစုတစ်ပိုင်းဖြစ်လာချိန်ကျမှ ယစ်ထုတ်ကြီးအဖေက ဒီခွေးလေးကို အကြွေးဆပ်ဖို့ရောင်းစားလိုက်တဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.4 GB / 784 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dhonima (2024)

Toilet – Ek Prem Katha (2017) 7.6
Toilet – Ek Prem Katha (2017) "Toilet"လို့ပြောလိုက်တာနဲ့ပရိသတ်ကြီးပိုပြီး စိတ်ဝင်စားလာသလိုနည်းနည်းလည်းကြောင်သွားမယ်ထင်တယ်ဗျမြန်မာလိုအဓိပ္ပာယ်ပြန်ရရင်တော့သန့်စင်ခန်း (သို့) ရေအိမ်ပေါ့ဗျာအရပ်အခေါ်တော့"အိမ်သာ"ပေါ့ဇာတ်ကားနာမည်ထက်ပိုအံ့သြဖို့ကောင်းတာက အိန္ဒိယနိုင်ငံမှာ သန့်စင်ခန်းတစ်ခုကြောင့်အစိုးရအထိဂယက်ရိုက်ခဲ့ရတယ်ဆိုတာပါပဲဇာတ်လမ်းအကျဉ်းကတော့ မန်ဂါဝန်ဆိုတဲ့ရွာတစ်ရှာမှာ ဓလေ့တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ မနက်အစောအာရုဏ်မတက်ခင် အမျိုးသမီးတွေစုပြီးလိုတာပါတီလို့ခေါ်တဲ့ရွာနဲ့ခပ်လှမ်းလှမ်းကိုရေအိမ်စုဝေးသွားကြတဲ့ဓလေ့ပါအမျိုးသားတွေကတော့ကြုံရာကျပန်းပေါ့ဗျာ သူတို့ရဲ့အယူသည်းတဲ့ယဉ်ကျေးမှုရအိမ်တိုင်းမှာသန့်စင်ခန်းဆိုတာမရှိကြပါဘူးသန့်စင်ခန်းတွေကိုအိမ်ထဲမှာဆောက်ရင် နိမိတ်မကောင်းဘူး ညစ်ပတ်တယ် ရွံစရာကောင်းတယ်စသဖြင့် အယူအစွဲတွေနဲ့သမုတ်ထားကြတာပါရွာထဲက Akshay Kumar (Kesav)ကတော့စက်ဘီးရောင်းတဲ့သူပါတစ်နေ့စက်ဘီးမှာတာသွားပို့ရင်း Jaya လို့ခေါ်တဲ့BCAကျောင်းသူ (ကွန်ပြူတာကောလိပ်ကျောင်းသူ)လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်ဒီမိန်းကလေးနဲ့တွေ့မှသူ့ရဲ့နှလုံးသားဟာပြန်အသက်ဝင်လာခဲ့ပါတယ်သူဘာလို့ အသက်၃၆နှစ်ထိမိန်းမမရတာလဲဆိုတာတော့စိတ်ဝင်စားစရာတစ်ပိုင်းပေါ့ဗျာဒီလိုနဲ့အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့သူ့ရဲ့အချစ်တွေကနှလုံးသားကနေတစ်ဆင့် ပါးစပ်ဖျားကတော်ကီတွေအဖြစ်ရောက်လာလို့နောက်ဆုံးကောင်မလေးနဲ့ညားသွားပါတယ်မင်္ဂလာဦးညမှာတင်အခက်တွေ့တာတစ်ခုက အစောကကျွန်တော်ပြောခဲ့သလိုတာပါတီပဲကောင်မလေးက ကီရှက်ဖ်နဲ့အိမ်မှာ သန့်စင်ခန်းမရှိတာမသိဘူးဗျလူကလည်းပညာတတ်/ အယူမသည်းတဲ့သူ /ဒီလိုအပြင်ထွက်ပြီး ကိစ္စဝိစ္စရှင်းရတော့မယ်ဆိုတော့သူလည်း ပျားတုတ်တော့တာပဲဒီလိုနဲ့အချစ်တွေပြည့်ဝနေတဲ့သူတို့ရဲ့အိမ်ထောင်ရေးက သန့်စင်ခန်းဆိုတဲ့ဗီလိန်ကြောင့်အချိန်ကြာလာတော့လည်းမကျေနပ်စရာတွေဖြစ်လာတာပေါ့အရေးပေါ်အစီအစဉ်တွေနဲ့ ဖြေရှင်းခဲ့ပေမယ့်လည်းအဆင်မပြေခဲ့ပါဘူး နောက်ပိုင်း သူတို့လင်မယားကွဲရမယ့်အခြေအနေအထိဖြစ်သွားခဲ့ပါတယ်ဒီသန့်စင်ခန်းမရှိတာနဲ့ပတ်သတ်ပြီး လင်မယားကွဲရတယ်လို့ပြောရင်ဘယ်သူယုံမှာလဲဗျာ သန့်စင်ခန်းမရှိတာများဆောက်လိုက်ပေါ့လို့ဖြေကြမှာပါ ဒီဇာတ်ကားလေးကြည့်လိုက်ရင်တော့ယုံသွားမှာအသေအချာပါပဲဒါပေမယ့်အဲ့ဒီသန့်စင်ခန်းလေးတစ်ခုဆောက်ရဖို့အရေးတစ်ဖက်ကလည်း မိန်းမ တဖက်ကလည်းရှေးရိုးစွဲနေတဲ့ရွာခံတွေနဲ့ကီရှက်ဖ်ရဲ့အဖေ ဒီကိစ္စတွေကြားမှာတိုင်ပတ်သွားတာက ကီရှက်ဖ်နဲ့ဂျာရာပေါ့ သူတို့၂ယောက်ပေါင်းပြီးဒီလိုမှားယွင်းနဲ့အယူအဆ ရှေးရိုးအစဉ်အလာတွေကိုဘယ်လိုအတူရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့...................,ပညာပေးဇာတ်ကားဖြစ်သလို ဟာသ/ အချစ်/ အလွမ်းတွေပြည့်နှက်နေတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ(ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ) File size… 4 GB / 1.7 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Pyae Xeinn Sett
movie

Toilet – Ek Prem Katha (2017)

2017
Annayum Rasoolum (2013) 7.5
Annayum Rasoolum (2013) Annayum Rasoolum 2013 (ဘာသာမတူတဲ့ ချစ်ခရီးလမ်း) IMDb - 7.5/10ကိုချီဆိုတဲ့ ဆိပ်ကမ်းမြို့လေးမှာ ကားမောင်းသမားအလုပ်ကို လုပ်ကိုင်နေတဲ့ ရာဆိုးလ်ဆိုတဲ့ မူစလင်ကောင်လေး၊ အစ်ကိုဖြစ်သူ ဟိုက်ဒါနဲ့အတူတူနေထိုင်ပြီးတော့ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနေသူပေါ့။တစ်ရက်မှာတော့ သူငယ်ချင်းတွေ အရက်စုသောက်ကြရင်းနဲ့ အရက်လေးဝင်လာတဲ့ ထုံးစံအတိုင်းပဲ ပြဿနာလိုက်ရှာရာကနေ ရန်ဖြစ်ကြပါတော့တယ်။ ဒီလိုနဲ့ ထွက်ပြေးလာခဲ့ကြပြီး မနက်ရောက်တဲ့အခါမှာတော့ ညက ရန်ပွဲကြောင့်နဲ့ သူငယ်ချင်းဖြစ်သူကို စိတ်မချတဲ့အတွက် လိုက်ပြီးတော့ ပို့ပေးဖို့ လှေဆိပ်ကို ဆင်းလာရင်းနဲ့ပဲ အန်နာဆိုတဲ့ကောင်မလေးနဲ့ တွေ့ခဲ့ပါတယ်။တွေ့ကြပြီးတဲ့နောက်ပိုင်းမှာ မူစလင်ကောင်လေးဖြစ်တဲ့ ရာဆိုးလ်ဟာ ခရစ်ယာန်သူလေး အန်နာ့ကို ချစ်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ ဘာသာမတူတဲ့ အချစ်ဇာတ်လမ်းလေးမှာ မိဘတွေရဲ့ သဘောမတူညီမှုတွေ, ဘာသာကွာခြားချက်တွေ စတဲ့ အခက်အခဲတွေကြောင့်နဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ အဆိုးဘက်ကိုရောက်လာပါတော့တယ်။မူစလင်သားလေးနဲ့ ခရစ်ယာန်သူလေးတို့ရဲ့ အချစ်ခရီးလမ်းကို ဘယ်လိုတွေ ဆက်လက်လျှောက်လှမ်းသွားမလဲ ...... ဘာသာမတူတဲ့အပေါ်မှာ သူတို့ဘဝလေး အဆင်ပြေသွားအောင် ဘယ်လို အခက်အခဲတွေဖြတ်ကျော်ရမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်) File size… 3.15 ...
movie

Annayum Rasoolum (2013)

Nanu Ki Jaanu (2018) 5.4
Nanu Ki Jaanu (2018) Nanu Ki Jaanu 2018 လူကြမ်းကြီးရဲ့နှလုံးသားIMDb -5.4/10အိမ်ငှားလုပ်ပြီး အိမ်တွေကို မတရားသဖြင့် ဈေးနှိမ်ပြီးတော့ အပိုင်သိမ်းတတ်တဲ့ လူမိုက်ကြီး နာနူတစ်ယောက် တစ်နေ့ အိမ်တစ်အိမ်ကိုသိမ်းဖို့ လမ်းမှာသွားနေရင်း လမ်းပေါ်မှာ လူတွေစုရုံးစုရုံးလုပ်နေတာ တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်းပဲ ဝင်စပ်စုကြည့်တော့ သွေးအိုင်ထဲမှာ လဲနေတဲ့ကောင်မလေးတစ်‌ယောက်ကို မြင်လိုက်ရတာပေါ့။ဘေးမှာရပ်နေတဲ့ လူတစ်အုပ်ကတော့ရဲအမှုအခင်းထဲပါမှာကြောက်ပြီး ကူညီပေးဖို့ လက်တွန့်နေကြပေမဲ့ ကောင်မလေးကိုကရုဏာသက်သွားတဲ့ နာနူကတော့ ကောင်မလေးကို ပွေ့ချီပြီး ဆေးရုံပို့ဖို့လုပ်ပါတယ်။ဒါပေမဲ့ ကံကြမ္မာက ကျီစယ်ချင်တော့ နာနူရဲ့ကားပေါ်က အားပေးမှုတွေနဲ့ ဂရုစိုက်ပေးမှုကြောင့် ဆေးရုံတော့ရောက်သွားရှာပေမဲ့ ရောက်ရောက်ချင်းပဲ အသက်ထွက်သွားတဲ့အခါ....လူတွေက သေခါနီးနောက်ဆုံးမှာမြင်ရတဲ့အရာကို စွဲကျန်တတ်ကြသလိုပဲ သေသွားတဲ့ဆစ်ဒီလေးကလည်း သေခါနီးမှာ ဂရုတစိုက်ကူညီပေးခဲ့တဲ့ နာနူကိုမှ စိတ်စွဲသွားတဲ့အခါမှတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.3Gb  /1.2GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nanu Ki Jaanu (2018)

FryDay (2018) 5.3
FryDay (2018) FryDay (2018)"ပျော်ရွှင်စရာ သောကြာနေ့လေး" ====================================နာမည်ကြီး ဘောလိဝုဒ် ဟာသ သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားကြီး ဂိုဗင်ဒါနဲ့ ဗာရွန်ရှာရ်မာတို့ရဲ့ ၂၀၁၈ က ထွက်ရှိခဲ့တဲ့ တုတ်ထိုးအိုးပေါက် ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ဖြစ်သူ ရာဂျစ်ဗ်ကတော့ အလုပ်မထွက်ရဖို့ကို မနည်းရုန်းကန်နေရတဲ့ ရေသန့်စက်ကုမ္ပဏီက ခပ်ညံ့ညံ့ အရောင်းသမားတစ်ယောက်ပဲဖြစ်ပါတယ်။တစ်လလုံးနေလို့ ရေသန့်စက်တစ်လုံးတောင် ရောင်းမထွက်တဲ့သူ့ကို သူ့ရဲ့ဘော့စ်ဖြစ်သူက လာမယ့်သောကြာနေ့ရောက်လို့မှ ရေသန့်စက်တစ်လုံး ရောင်းမထွက်ရင် မင်းအလုပ်ထွက်လို့ ရာဇသံပေးလိုက်ပါတယ်။အဲဒီလို ဘော့စ်က အကြပ်ကိုင် စော်ပစ်သွားတာလည်း ခံရလို့ ကျဉ်းထဲကြပ်ထဲရောက်ပြီး တိုင်ပတ်နေတဲ့ ရာဂျစ်ဗ်ဟာ မိတ်ဆွေတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ရေသန့်စက်ဝယ်မယ့်သူကို ရှာတွေ့ခဲ့ပေမဲ့ အဲဒီ ဝယ်သူရဲ့အိမ်ကိုရောက်တဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့ ပက်ပင်းတိုးခဲ့ရပြီး ရာဂျစ်ဗ်ရဲ့ဘဝ ပိုမိုရှုပ်ထွေးကာ ဘဝတဆစ်ချိုးပြောင်းလဲသွားရပုံကို ဟာသဖောက်ပြီးတင်ဆက်ထားတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.9GB / 866MB Quality…WEB DL 1080p / 720p Format...mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

FryDay (2018)

Vada Chennai (2018) 8.4
Vada Chennai (2018) Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များIMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်‌ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး‌ကို တင်ဆက်ပေးချင်ပါတယ်။ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်း‌လေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ်လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာ‌ကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့... ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 2.8GB / ...
movie

Vada Chennai (2018)

2018
The Dirty Picture (2011) 6.6
The Dirty Picture (2011) The Dirty Picture (2011) Genre- Biography, Comedy, Drama, Romanceဒီရုပ်ရှင်လေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ အိန္ဒိယမင်းသမီးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ဇာတ်လမ်းပုံဖော် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်ကာလ Tamil နဲ့ Telugu ရုပ်ရှင်ရုံတွေမှာ ပုရိသတွေကို ညို့ငင်အားကောင်းကောင်းနဲ့ ရမ္မက်သွေးဆူလွယ်အောင် ဖျော်ဖြေနိုင်စွမ်းရှိလို့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Silk Smitha ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ ၁၉၉၆ ခုနှစ်မှာ ၃၅ နှစ်အရွယ်နဲ့ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာပါ ရဲတွေကတော့ အရက်သေစာသောက်စားထားလို့ ဖြစ်တယ်ဆိုပြီး ပြောကြပေမဲ့ အလောင်းကနေရှာတွေ့ထားတဲ့ မှတ်စုကိုလည်း အဓိပ္ပာယ်မဖော်နိုင်သေးပဲ ယခုထက်ထိတိုင် ဆန်းကြယ်တဲ့ ပဟေဠိတစ်ပုဒ်အနေနဲ့ ကျန်ရှိနေပါတော့တယ်။ဒီဇာတ်ကားလေးထဲမှာတော့ Reshma ဆိုတဲ့ ကောင်မလေးဟာ ငယ်စဉ်ကတည်းက မြို့ကြီးပြကြီးကို သွားရောက်ချင်နေတဲ့ ကျေးတောသူလေးတစ်ယောက်ပေါ့။ မိခင်ဖြစ်သူက ယောက်ျားလေးဆန်ဆန် ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း ဆန့်ကျင်ဖက်လိင်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူတစ်ယောက်ပါ။ရုပ်ရှင်သရုပ်ဆောင် ဝါသနာပါသူမို့ လူရွေးပွဲ ...
movie

The Dirty Picture (2011)

2011
Mr. & Mrs. Mahi (2024) 6.5
Mr. & Mrs. Mahi (2024) IMDb 6.5/10 Rotten tomato 64%မာဟန်ဒရာဆိုတဲ့​ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေး မာဟီမာတို့ကို သူတို့ရဲ့မိဘ​တွေလက်ထက်ဖို့စီစဥ်ကြရာက​နေ ဇာတ်လမ်း​​လေးကိုအစပျိုးပဲဖြစ်ပါတယ်။ခရစ်ကတ်အရှုံးသမား​လေးနဲ့ဆရာဝန်မ​လေးတို့မှာ မာဟီဆိုတဲ့နာမည်​ပြောင်တူ​နေကြတာက​နေ အချင်းချင်းနီးစပ်လာကြပါ​တော့တယ်။ ဒီလိုနဲ့ပဲတစ်​နေ့မှာ​တော့ မာဟီမာတစ်​ယောက် ​ ခရစ်ကတ်နဲ့​ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီး​နောက်မှာ ပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်​ယောက်ဖြစ်လာ​အောင် သင်​ပေးဖို့ကြိုးစားလာပါ​တော့တယ်။မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကို စိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်​ယောက်အတူတူလက်တွဲပြီး ပြိုင်ပွဲ​တွေကိုရင်ဆိုင်​ကျော်ဖြတ်ကြပါ​တော့တယ်။အညွှန်းနဲ့ဘာသာပြန်က​တော့ CM Bollywood team ပဲဖြစ်ပါတယ်။ File size… 2.06GB / 1GB  Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood team 
movie

Mr. & Mrs. Mahi (2024)

2024
Luv Shuv Tey Chicken Khurana (2012) 6.6
Luv Shuv Tey Chicken Khurana (2012) Luv Shu Try Chicken Khurana(2012) အိမ်ပြေးတစ်ယောက်ရဲ့အိမ်ပြန်ချိန်IMDb - 6.6/10မင်းသားကြီး Kunal Kapoorရဲ့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသကားလေးဖြစ်ပြီး လက်ရှိနဲ့လည်း တိုက်ဆိုင်တဲ့ရုပ်ရှင်လေးဖြစ်တာမလို့ ကြည့်ရှုသူတွေအတွက်လည်း ခံစားချက်တစ်ခုခု ကျန်နေခဲ့စေမှာပါ။သူငယ်ချင်းတွေလည်း ကိုယ်စီ နိုင်ငံခြားထွက်ကြ အဆင်ပြေကြတာကိုမြင်ပြီး အိုမီတစ်ယောက်လည်း နိုင်ငံခြားထွက်မယ်တကဲကဲဖြစ်တာပေါ့။ ဒါကို ဦးလေးရောအဘိုးရောက လက်မခံတာကြောင့် ကလန်ကဆန်လုပ်ပြီး အိမ်ကပိုက်ဆံခိုးပြီးတော့ လန်ဒန်ကိုပြေးသွားပါတော့တယ်။ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကြာပြီး စတော့ရှယ်ယာကြွေးတင်ချိန်မှာတော့ အိုမီတစ်ယောက် ဆယ်နှစ်ကြာမေ့ထားခဲ့တဲ့ မိသားစုဆီကိုပြန်ပြီး ပိုက်ဆံလာပြန်တောင်းရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အိုမီပြန်ရောက်ချိန်မှာ အဘိုးကလည်းသတိမေ့ပြီး မိသားစုလက်ငုပ်လက်ရင်းစားသောက်ဆိုင်ကလည်း လျှို့ဝှက်ကြက်သားဟင်းချက်နည်းမရှိလို့ ဒုက္ခရောက်နေတဲ့အပြင် တစ်ချိန်က အချစ်ဦးကလည်း ညီဝမ်းကွဲနဲ့ လက်ထပ်တော့မှာဆိုတာကို သိလိုက်ရချိန်မှာတော့....နိုင်ငံခြားကိုအထင်ကြီးတဲ့အိုမီတစ်ယောက် မိသားစုကို ချစ်တတ် တန်ဖိုးထားကာကွယ်တတ်ဖို့ ဘယ်လိုသင်ယူသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Zwe ~ KKKZတို့ပဲဖြစ်ပါတယ်) File size…3.56GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Luv Shuv Tey Chicken Khurana (2012)

2012
Wild Wild Punjab (2024)
Wild Wild Punjab (2024) Wild Wild Punjab (2024)IMDb-5.7/10ဘော်ဒါမကောင်း သူကောင်းမဖြစ်ခွီလဲခွီ ဘော်ဒါကိုလဲ ပြန်သတိရစေနိုင်မယ့် netflixက ပူပူနွေးနွေးထွက်ရှိထားတဲ့ ဘော်လိဝုဒ်အခွီဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ်အသဲကွဲလို့ သတ်သေမလို့ပါဆို ဘေးကနေ ထိုင်မြှောက်ပေးတဲ့ သူငယ်ချင်းမျိုး ရှိလား အိမ်မပိုင်လို့ ပြဿနာတက်နေပါတယ်ဆို အိမ်မပိုင်တဲ့ကောင်ကိုမှ ဝိုင်းဒုက္ခပေးတဲ့ သူငယ်ချင်းမျိုး ပိုင်ဆိုင်ထားလား မကောင်းတာလုပ်မယ်ဆို နှစ်ခါခေါ်စရာမလို အရောက်ပို့ပေးမယ့် သူငယ်ချင်းမျိုးရော တွေ့ဖူးလား သေလောက်အောင် ချမ်းသာနေပါစေ ကျပ်မပြည့်တဲ့ဘော်ဒါရော ကြုံဖူးကြလားဘာတွေဘယ်လိုပဲဖြစ်နေပါစေ အခက်အခဲကြုံလာတဲ့အခါ ကိုယ့်ဘက်မှာ ရှိနေပေးကြမှာက ဒီစောင်ရူးဘော်ဒါတွေပါပဲ ဒီကားလေးမှာတော့ သူငယ်ချင်း ၄ ယောက် ဂယက်ထကြတာကို ကြည့်ရှုရမှာပါ ဘဝဖိအားတွေခံရတဲ့အခါ, ဘယ်အရာကမှ ကိုယ့်ကိုမပျော်ရွှင်စေတော့တဲ့အခါ ငယ်တုန်းက ဂယက်အတူတူထခဲ့ကြတဲ့ သူငယ်ချင်းတွေအကြောင်း ပြန်တမ်းတတာကလည်း ထွက်ပေါက်လေးတစ်ခု ဖြစ်နိုင်ပါတယ်အဲဒီထွက်ပေါက်လေးကို ရရှိဖို့ CM Bollywood Team မှ ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီနော်(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်) File size… 2.5GB / 1.23GB Quality…WEB DL 1080p ...
movie

Wild Wild Punjab (2024)

2024
Crew (2024) 6.4
Crew (2024) Crew (2024) "မဒီသုံးဖော်"IMDb - 6.4/10တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့ နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ ရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကို တာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို ... ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.9GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie

Crew (2024)

2024
Charlie (2015) 8
Charlie (2015) Charlie (2015)"ချာလီ" ===================တမီလ်မင်းသားကြီး မာဒေဗန်းကတောင် remake ပြန်ရိုက်ခဲ့ရတဲ့ Charlie ဆိုတဲ့ ၂၀၁၅ ခုနှစ်ထွက် မာလျာလမ်စကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။တယ်ဆာဆိုတဲ့ကောင်မလေးဟာ မိဘပေးစားတဲ့သူကို မယူချင်တဲ့အတွက် မရောက်ဖူးတဲ့ နယ်မြို့လေးတစ်မြို့ဆီကို ခရီးထွက်လာပါတယ်။ အဲဒီတစ်မြို့လုံးမှာ အနုပညာအငွေ့အသက်တွေဖုံးလွှမ်းနေပြီး မြို့သူမြို့သားတွေကလည်း လူထူးလူဆန်းတွေပါ။အဲဒီလူတွေအားလုံးထဲမှာ အထူးခြားဆုံးကတော့ တယ်ဆာ ငှားလိုက်တဲ့တိုက်ခန်းရဲ့ ပိုင်ရှင်ဟောင်း ချာလီဆိုတဲ့ ပန်းချီဆရာပါပဲ။ သူနေခဲ့တဲ့ တိုက်ခန်းထဲမှာဆိုရင် တိုက်ခန်းနဲ့တောင်မတူဘဲ ပြတိုက်တစ်ခုလိုမျိုး ပန်းချီကားတွေ၊ ပုံကြမ်းတွ၊ ပန်းပုလက်ရာတွေ ပြည့်နှက်နေတာပါ။တယ်ဆာဟာ အဲဒီတိုက်ခန်းထဲကနေ ပုံကြမ်းရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ခုကိုတွေ့ပြီး အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိချင်တဲ့အတွက် ပန်းချီဆရာ ချာလီကို လိုက်ရှာရာကနေ ချာလီရဲ့ ဘဝကို တစ်စပြီးတစ်စ မြင်တွေ့လာရပါတော့တယ်။ ဒီရုပ်ရှင်လေးဟာ ရုပ်ရှင်တစ်ပုဒ်ဆိုတာထက် ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်လို ရသမျိုးကိုပေးစွမ်းနိုင်တဲ့ ရှားပါးရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.5GB / 1.18GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Charlie (2015)

2015
Antony (2023) 8.0
Antony (2023) Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB  Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Antony (2023)

2023
Mission Raniganj (2023) 7.7
Mission Raniganj (2023) Mission Raniganj (2023) IMDb-7.7/10မင်းသားကြီး အရှေးကူးမားရဲ့ OMG 2(2023)ထွက်ရှိခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ရုံတင်ကားကြီး တစ်ကား ထပ်မံထွက်ရှိလာခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ၁၉၈၉ခုနှစ်နို၏ဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းပြိုကျရာမှာ ပိတ်မိခဲ့သူ မိုင်းလုပ်သား ၆၅ယောက်ကို ကယ်တင်ခဲ့တဲ့ ဂျာစ်ဝန့်ဆင်းဂ်ဂေးလ်လို့ ခေါ်တဲ့ အင်ဂျင်နီယာတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်အခြေပြုထုံးစံ လူတွေရဲ့အတ္တတွေကို ခြယ်မှုန်းပြထားပြီး အဖွဲ့အစည်းတစ်ခုမှာ ကိုယ့်တာဝန်ကိုယ်မကျေကြပဲ ဟိုကအချောင်ခိုလိုက် ဒီကမျက်ကွယ်ပြုလိုက်နဲ့ နောက်ဆုံး သောက်ပြသနာတက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်ပြီး ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့တဲ့ အသက်ပိုင်ရှင်တွေပါပဲ။ချာနိုဘိုင်း,The Dam, စသည်ဖြင့် သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် သောက်တလွဲတွေထလုပ်မိလို့ အသက်နဲ့ရင်းအလုပ်လုပ်ရတဲ့ လုပ်သားတွေရဲ့ အန္တရာယ်နဲ့ရင်ဆိုင်ရပုံတွေကို ရိုက်ကူးပြသခဲ့တဲ့ဇာတ်ကားတွေလိုပဲ အခုဇာတ်ကားမှာတော့ မင်းသားကြီး အာရှေးကူးမားက အစွမ်းပြထားပါတယ်။ အားရှေးကူးမားဟာ ခုလို သူရဲကောင်းဆန်ဆန် ဇာတ်လမ်းတွေ အတ္တပတ္တိဇာတ်လမ်းတွေက ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မှုရှိတာကိုတော့ ဝန်ခံပါရစေ။ အဲ့မူရင်းလူတွေကို မသိဖူးမမြင်ဖူးပေမဲ့ သူတို့ဒါမျိုးလုပ်ခဲ့ပါလားဆိုတဲ့ Vibe ကိုတော့ အာရှေးကူးမားက ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီတော့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကား ဇာတ်လမ်းကြီးလဲကြိုသိတယ်ဆိုပေမဲ့ ကြားထဲမှာ တလွဲပေါင်းသောင်းခြောက်ထောင်နဲ့ ...
movie

Mission Raniganj (2023)

2023
4K HEVC
M.S. Dhoni: The Untold Story (2016) 8
M.S. Dhoni: The Untold Story (2016) MS.Doni The Untold Story (2016) "ခရစ်ကတ်ကစားသမား ဒိုနီရဲ့ ဘဝစာမျက်နှာ"IMDb 8/10 RT score 75% ရုံတင်ငွေအရလဲ အောင်မြင်ခဲ့ပြီး cast နဲ့တင် လဲသေလို့ရတဲ့ biographical sport drama ကားလေးကို CM Bollywood ပရိသတ်ကြီးအတွက် ပြန်တင်ဆက်ပေးပါရစေအဓိကဇာတ်ဆောင်တွေအဖြစ် PK ကားထဲက ဇာတ်ပို့မင်းသား ဆူရှန့်ဆင်းဂ် Shershaah ထဲက အချောလေး ကီရာရာ နဲ့ မြင်သူငေးမင်းသမီးလေး ဒီရှားတို့က ဦးဆောင်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Test, ODI, T20I ချန်ပီယံ အိန္ဒိယခရစ်ကတ်နိုင်ငံ့လက်ရွေးစင်ဟောင်း မဟင်ဒရာဆင်းဂ် ဒိုနီရဲ့ ဘဝဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဗမာပြည်နဲ့ထူးမခြားနား စာမရမှာစိုးလို့ အားကစားမလုပ်ခိုင်းတဲ့ ကျောင်းပညာရေး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ ခရစ်ကတ်ဆိုတာကို စတင်သိရှိခဲ့ပြီး ကျောင်းလက်ရွေးစင်ကနေ နိုင်ငံ့ကိုယ်စားပြုတစ်ယောက်အထိ ဖြစ်လာဖို့ အောင်မြင်မှုတွေရရှိလာဖို့အတွက် နောက်ကွယ်က ပေးဆပ်ရုန်းကန်ခဲ့ရတဲ့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားလေးမို့ အားကျအတုယူဖို့လဲကောင်း ကြည့်ရတာလဲရသစုံလင်ပါတယ် Cast တွေနဲ့တင်ကြည့်ရတာတန်နေပြီမို့ မိုတီကားကောင်းလေးတွေကြိုက်နှစ်သက်တဲ့ Bollywood ပရိသတ်ကြီးအတွက် ...
movie

M.S. Dhoni: The Untold Story (2016)

2016