Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rainbeau Mars
5.8
100 Girls (2000)
100 Girls (2000)IMDb Rating (5.8) / Rotten Tomatoes (60%) မိန်းကလေးအယောက်တစ်ရာ....။ရုပ်ရှင်နာမည်အတိုင်းပဲ ဒီဇာတ်လမ်းမှာ မိန်းကလေးအယောက်တစ်ရာပါခဲ့ပါတယ်။ဘယ်လိုပါလဲဆိုတော့ မက်သရူးဆိုတဲ့ကောင် ပါတီကနေအပြန် ဓာတ်လှေကားပေါ်မှာကုန်ဆုံးခဲ့ရတဲ့တစ်ညနဲ့စပါတယ်။မီးပျက်သွားလို့ရပ်နေတဲ့ ဓာတ်လှေကားမှာ မက်သရူး စော်လေးတစ်ဗွေနဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ်။တစ်ညတာမတ်တပ်ရပ်ခဲ့ရပေမဲ့ စော်လေးကိုချစ်မိသွားတဲ့ မက်သရူးတစ်ယောက် စင်ဒရဲလားကိုလိုက်ရှာရတဲ့မင်းသားလိုပဲ သူ့ဆီမှာကျန်ခဲ့တဲ့ပင်တီတစ်ထည်နဲ့ အဲဒီစော်လေးကို လိုက်ရှာဖို့ဖြစ်လာခဲ့တယ်။ရှာရမှာကလည်း မိန်းကလေးအယောက်တစ်ရာတောင်ရှိတဲ့ မိန်းကလေးဆောင်မှာ။မက်သရူးတစ်ယောက် သူချစ်မိသွားတဲ့ကောင်မလေးကို ရှာနိုင်မှာလားဆိုတာကို အဆောင်သူလေးတွေရဲ့အလှကိုငမ်းရင်းခံစားကြည့်ရှုကြပါဦး။အဖော်အချွတ်များတာနဲ့ စကားပြောရိုင်းစိုင်းလွန်းတာတွေကြောင့် ၁၈နှစ်အောက်ကလေးတွေ မကြည့်ချင်ရင်မကြည့်ကြပါနဲ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)File size…(2.9 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:35:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo
movie
100 Girls (2000)
2000
7.3
The People vs. Larry Flynt (1996)
တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ "လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး" ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ...
movie
The People vs. Larry Flynt (1996)