Channel Myanmar

Rafa Siguion-Reyna

Pasahero (2024) 6.9
Pasahero (2024) Pasahero (2024)IMDb Rating (6.9) မနီလာမြို့တော်ရဲ့ MMR နောက်ဆုံးရထားရဲ့တွဲတစ်တွဲအတွင်းမှာ အရောင်းစာရေးမလေးတစ်ယောက် မတော်မတရားပြုကျင့်ခံခဲ့ရပါတယ်။ဒါပေမယ့် အဲ့ဒီဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်အတွင်း မိန်းကလေးငယ်ဟာ မုဒိမ်းကောင်နဲ့တစ်ယောက်တည်းရှိနေခဲ့တာမဟုတ်ပဲ တွဲပေါ်မှာတစ်ခြားခရီးသည်တွေပါရှိနေခဲ့ပေမယ့်သူတို့ဟာ သားကောင်ရဲ့အကူအညီတောင်းသံကို မကြားချင်ယောင်ဆောင် တက်ညီလက်ညီလျစ်လျူရှူခဲ့ကြတာပါ။အဲ့ဒီဖြစ်ရပ်တွေဖြစ်ပြီး တစ်လအကြာမှာတော့ အဲ့ဒီခုနှစ်ယောက်ထဲမှာ ပါဝင်ခဲ့တဲ့သူတွေဟာ တစ်ယောက်ပြီးတစ်ယောက် မကောင်းတဲ့ အရိပ်အယောင်တွေ၊ခြောက်လှန့်မှုတွေ၊ နိမိတ်ဆိုးတွေကို စတင်ရင်ဆိုင်လာခဲ့ရပြီးတစ်ချို့တွေဆိုရင် အသက်အန္တရာယ်ပါ ထိခိုက်လာတဲ့နောက်မှာတော့ သူတို့လုပ်ခဲ့ဖူးတဲ့အမှားအယွင်းတွေကိုပြန်သုံးသပ်ဖို့ဖြစ်လာပါတော့တယ်။ကျူးလွန်သူဟာ သူတို့မဟုတ်ပေမယ့် လျစ်လျူရှုမိခြင်းဟာ အပြစ်တစ်ခုလား?သူတို့ရင်ဆိုင်နေရတဲ့ လတ်တလော အနိဌာရုံတွေဟာ အဲ့ဒီဖြစ်ရပ်နဲ့ဆက်စပ်နေမလား? အစရှိတာတွေကို သဲထိတ်ရင်ဖိုလိုက်လံအဖြေရှာကြရမှာဖြစ်ပါတယ်။Pasahero ဟာ ဟော်ရာရုပ်ရှင်တစ်ခုသက်သက်မဟုတ်ပဲ တကယ်တမ်းလက်တွေ့ကမ္ဘာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေ၊ဖြစ်စဉ်တွေကိုပါ သဲထိတ်ရင်ဖိုနဲ့ ပေါင်းစပ်ပြီး ထင်ဟပ်ဖော်ပြထားတဲ့ social commentary တစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.5 GB) / (800 MB) / (450 MB) Quality….WEB-DL 4K HEVC / 1080p HEVC / ...
movie

Pasahero (2024)

2024
4K HEVC
Ikaw Pa Rin Ang Pipiliin Ko (2024) 5.8
Ikaw Pa Rin Ang Pipiliin Ko (2024)  ဂီတမှူးတစ်ဖြစ်လဲ သံစုံသီဆိုတဲ့တေးအဖွဲ့တွေမှာ အစီအစဉ်ချပေးရတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ "မိုက်ကယ်"ဂီတအလုပ်တွေနဲ့ပဲနစ်မြုပ်နေလို့ တစ်နေ့တစ်နေ့ အေးစက်လာနေတဲ့ မိန်းမဖြစ်သူနဲ့ဆက်ဆံရေးကနေမှ...လက်ရှိနေနေတဲ့ မနီလာကနေ အဝေးမှာ သွားလုပ်ရမယ့်အလုပ်တစ်ခုကို လက်ခံပြီးနောက် လင်မယားကွဲဖို့ဖြစ်လာပါတော့တယ်...အဲဒီသူပြောင်းရွှေ့မယ့်ဒေသမှာ ရှိနေတာကတော့ဂျက်ဇ် ရော့ဒရီဂက်ဇ်ဆိုတဲ့ ကောင်မလေးပါ အဲဒီကောင်မလေးကလည်းသီချင်းဆိုရတာကိုအရမ်းချစ်လွန်းလို့ အဲဒါကို နားလည်မပေးနိုင်တဲ့ကောင်လေးဖြစ်သူနဲ့ပါ ပြတ်စဲပြီး အသည်းကွဲနေခဲ့တာဖြစ်ပါတယ်..အဲဒီလိုနှစ်ယောက်က သံစုံတေးဂီတအဖွဲ့တစ်ခုမှာ ဂီတမှူးနဲ့ သံစုံအဖွဲ့ဝင်အနေနဲ့ စတွေ့တဲ့အချိန်မှာပဲ အချင်းချင်းကတောက်ကဆဖြစ်ကြပါတယ်ဂီတကြောင့်ပဲ မိန်းမဖြစ်သူနဲ့ကွဲပြီး ကောင်လေးနဲ့ပါ လမ်းခွဲလိုက်ရတဲ့သူတို့...ဂီတကနေတစ်ဆင့် ပြန်ပြီး ဘယ်လိုဆက်နွှယ်မိသွားကြမလဲဆိုတာကိုဒီကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်....Musical ပါဝင်တဲ့ဇာတ်ကားဖြစ်တာမို့လို့ သီချင်းစာသားတွေကိုလည်းသိပ်နားမလည်ပေမဲ့ တတ်နိုင်သလောက် အကောင်းဆုံးဘာသာပြန်ပေးထားပါတယ်...သီချင်းလေးတွေကလည်း အေးအေးလေးနဲ့ နားဝင်ချိုတာမို့လို့ဇာတ်လမ်းကြည့်ရင်း သီချင်းလေးပါ နားဆင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်.... File size…1.27GB / 733MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie

Ikaw Pa Rin Ang Pipiliin Ko (2024)

(18+) House Tour (2021) 6.5
(18+) House Tour (2021)       House Tour (2021) ဒီနေ့ခေတ်မှာ social mediaတွေ တွင်ကျယ်လာတာနဲ့အမျှ လူတွေလည်းတစ်နေ့တစ်နေ့ဒီ social media တွေနဲ့ပဲအချိန်ကုန်နေကြတော့တယ်။ အဲဒါထက်ဆိုးတာကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ လူမှုရေးကိစ္စစတာတွေကို လူသန်းပေါင်းများစွာအသုံးပြုနေတဲ့ social media တွေမှာ တင်တာပါပဲ။ ဘယ်ကော်ဖီဆိုင်မှာဘယ်သူနဲ့တော့ဖြင့် ဒိတ်ပြီးဘာတွေစားနေတယ် .. ဘယ်ကိုဖြင့်ခရီးသွားနေတယ် .. စတာတွေဟာ လိုသူတွေအတွက်တော့ အားကျစရာ ပျော်ရွှင်စရာဖြစ်ပေမယ့် ကိုယ့်ကိုအန္တရာယ်ပြုဖို့ .. မကောင်းကြံဖို့ .. စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိနေတဲ့အခါ .. “House Tour” .. အထူးသဖြင့်နာမည်ကြီး celebrity တွေ FB တို့ IG တို့လိုမျိုး လူမှုကွန်ရက်တွေမှာ သူတို့ရဲ့ တန်ဖိုးကြီးအိမ်တွေကို Live လွှင့်ပြတာမျိုး မြင်ဖူးကြတယ် ဟုတ်? အဲဒီလိုပဲ ဒီကားလေးမှာလည်း အောင်မြင်ကျော်ကြားတဲ့ ရွှေတံဆိပ်ဆုရှင် အိုလံပစ်ကစားသမားဟောင်းနဲ့ ရုပ်ရှင်မင်းသမီးတို့ ဇနီးမောင်နှံကသူတို့ရဲ့ နေ့စဉ်ဘဝကိုလည်း social media ပေါ်အမြဲတင်လေ့ရှိသလို ဒေါ်လာသန်းချီတန်တဲ့ သူတို့အိမ်ကြီးကိုလည်း နေရာအနှံ့ House Tour လုပ်ပြနေကျမို့ သူတို့အကြောင်း၊ သူတို့အိမ်အကြောင်းမသိတဲ့သူမရှိသလောက်ပါပဲ။ လူတွေ ဆင်းရဲခြင်းနဲ့ကြုံလာတဲ့အခါ ဘာမဆိုလုပ်ဖို့ဝန်မလေးတော့ဘူးတဲ့။ ...
movie

(18+) House Tour (2021)

2021
Goyo: The Boy General(2018) 7.0
Goyo: The Boy General(2018) Goyo: The Boy General(2018) IMDb....7.0 စစ်ကားလည်းကြည့်ချင်တယ်...စစ်ပဲတိုက်နေရင်လည်း မကြိုက်ဘူးဆိုတဲ့ သူတွေအတွက် ဖိလစ်ပိုင် အချစ်စစ်ကားလေး လာပါပြီ...မင်းသားချော Paulo Avelino နဲ့ Carlo Aquino တို့ ပါဝင်သလို မင်းသမီးနေရာမှာလည်း Gwen Zamora နဲ့ Empress Schuck တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်. ..ဒီဇာတ်လမ်းဟာ သုံးနှစ်တာကြာမြင့်ခဲ့တဲ့ အမေရိကန်-ဖိလစ်ပိုင် စစ်ပွဲကြီးကို ကျောရိုးပြုထားပြီး အဲ့ဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ အသက်အငယ်ဆုံးဗိုလ်ချုပ် Gregorio Del Pillar အကြောင်းကို ရိုက်ကူးထားတာပါ.. .ဇာတ်လမ်းနာမည်မှာပါတဲ့ Goyo ဆိုတာကတော့ မင်းသားနာမည်ဖြစ်ပြီး The Boy General ဆိုတာကတော့ မင်းသားရဲ့ Nick Name ပါ...ကဲ အညွှန်းလေး ဆက်သွားကြဦးစို့... ဇာတ်လမ်းအညွှန်း Gregorio Del Pillar ဆိုတဲ့ စစ်ဗိုလ်လေးဟာ အဲ့ဒီခေတ် အဲ့ဒီအခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်.. .ခုခေတ်အခေါ်ဆို စော်ကြည်ဘဲလေးပေါ့...The Boy General လို့ နာမည်တပ်ခံရတဲ့ ...
movie


2018