Channel Myanmar

Rae Dawn Chong

The Color Purple (1985)
The Color Purple (1985)  The Color Purple ရုပ်ရှင်ဟာ 1986 ခုနှစ် အော်စကာ ဆုပေးပွဲမှာ Best picture, Best director, best actress, best supporting actress အပါအဝင် nomination 11 ခုရရှိခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စီလီဆိုတဲ့ လူမည်းကောင်မလေးတစ်ယောက် သူ့ဘဝတစ်လျှောက်မှာ ကြုံခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှု အိမ်တွင်းအကြမ်းဖက်မှု လိင်အမြတ်ထုတ်ခံရမှုတွေကို သူ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀ရာစုအစောပိုင်းက ပညာမဲ့ လူဆင်းရဲ လူမည်းအမျိုးသမီးတစ်ယောက်ရဲ့ဘဝဟာ အိမ်အပြင်မှာရော အိမ်အတွင်းမပါ အနှိမ်ခံ အနှိပ်စက်ခံ ဘဝ ဖြစ်နေခဲ့ပြီး တကယ့်ပြင်ပဘဝက ခုလို လူမည်းအမျိုးသမီးများစွာကို ကိုယ်စားပြုတဲ့ ရုပ်ရှင်ကားတစ်ကားဆိုလည်း မမှားပါဘူး။ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ oscar ၂ကြိမ် ရထားတဲ့ အကောင်းဆုံး ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်သူ Steven Speilberg ပဲဖြစ်ပါတယ်။ ဒီရူပ်ရှင်ဟာ ...
movie

The Color Purple (1985)

Quest for Fire (1981) 7.3
Quest for Fire (1981) ၁၉၈၁ မှာ ထွက်ရှိခဲ့တဲ့ ထူးခြားတဲ့ ဇာတ်ကားလေးပါ။ကျောက်ခေတ်မှာ အခြေတည်ထားတဲ့အတွက် တခြားရုပ်ရှင်တွေနဲ့ မတူဘဲ သဘာဝဖြစ်တည်မှုတွေအသက်ရှင်သန်မှုတွေ နည်းဗျူဟာတွေကို အသုံးချတတ်တဲ့ လူသားအဖွဲ့အစည်း အကြောင်းကို ရိုက်ပြထားပါတယ်။ဇာတ်လမ်းကတော့ ကျောက်ခေတ်မှာ မီး ရရှိခဲ့တဲ့ လူမျိုးစုတစ်ခု သူတို့ရဲ့ မီးငြိမ်းသွားတဲ့အခါမှာ ထပ်မှန်ရရှိဖို့ ကြိုးစားရပါတော့တယ်ကျောက်ခေတ်လူသား ၃ ယောက် မီးရရှိဖို့ ထွက်လာခဲ့တဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ရဲရဲရင့်ရင့် ပူးပေါင်း ရင်ဆိုင်တာတွေဘာသာစကားမပါဘဲ လူသားတွေရဲ့ မူလအစ ဆက်ဆံရေးတွေကို ရိုက်ကူးထားတာမလို့အခုလို တိုးတက်ပြီးသား လူမှု အဖွဲ့အစည်းမှာ နေထိုင်နေတဲ့ ကျွန်တော်တို့ အတွက်ကတော့ ဒီ ဇာတ်ကားလေးကအရမ်းကို စိတ်ဝင်စားစရာကောင်းမှာပါ။ လူသားတွေရဲ့ ခေတ်ဦး အနုပညာနဲ့ ကျောက်ခေတ်သမိုင်းကိုစိတ်ဝင်စားရင်တော့ ဒီဇာတ်ကားလေးက ကြည့်ကိုကြည့်သင့်ပါတယ်  File Size :  3.4 GB, 1.5 GB Quality : Blu-Ray 1080p / 720p Running ...
movie

Quest for Fire (1981)

Commando (1985)
Commando (1985) တောင်းဆိုနေကြတဲ့ အာနိုးကား တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၅ ခုနှစ်က Commando ဆိုတဲ့ဇာတ်ကားပါ။ သူရဲကောင်းဝါဒနဲ့ မင်းသားအသားပေးရိုက်ချက်တွေ ခေတ်စားတဲ့ကာလက ဇာတ်ကားဆိုတော့ မင်းသားက လေးလုံးပြူးလောင်ချာကြီးထမ်းပြီး လူအယောက် ၂၀ လောက် ဝိုင်းပစ်နေတဲ့ကြားကနေ ကားကားကြီးထရပ်ပြီး လမ်းလျှောက်နေတာမျိုးပေါ့။ဇာတ်လမ်းအကျဉ်းကတော့အာဏာရူး သမ္မတရူးတစ်ယောက်က သမ္မတလုပ်ချင်တာနဲ့ပဲ အမေရိကန်ကို လာပါသတဲ့။ သူ့ရဲ့နိုင်ငံက ဇာတ်လမ်းထဲမှာပဲရှိတယ်။ ဘာတဲ့ ဗော်လ် ဗယ်ရ်ဒေး ဆိုလားပဲ။ အဲဒီနိုင်ငံက သမ္မတကို လုပ်ကြံဖို့ မင်းသားဆီ လာအပူကပ်တာပေါ့လေ။ သတ်ပေးပါနော် ကိုကို လို့ အပူကပ်တာမဟုတ်ဘူးနော်။ မင်းရဲ့ သမီးကို ငါတို့ဖမ်းထားတယ်။ သူ့ကို မသေစေချင်ရင် လက်ရှိသမ္မတကို လုပ်ကြံပြီး ငါ့ကို သမ္မတမြောက်ပေး ဘာညာပေါ့ဗျာ။ကျွန်တော်တို့ အာနိုးကြီးက ဂဂျိုးဂဂျောင်ကောင်မှ မဟုတ်ဘဲဗျာ။ သူ့သမီးကို ဖမ်းသွားတဲ့သူတွေ သေခြင်းဆိုးနဲ့သေအောင် လိုက်သတ်တာများ စူပါမန်းထက်မိုက်တယ်။ သိတဲ့အတိုင်းပဲ။ တုတ်ပြီးဓားပြီး သေနတ်ပြီးတဲ့ ကာနယ်ကြီး ...
movie

Commando (1985)

Tales from the Darkside: The Movie (1990)
Tales from the Darkside: The Movie (1990) Tales from the Crypt တို့ Creepshow တို့လို နာမည်ကျော် Horror anthology series တွေကိုအခြေခံတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဇာတ်ကားကိုလည်း ဇာတ်လမ်းတိုသုံးခုနဲ့ဖွဲ့စည်းထားပါတယ်။စုန်းမတစ်ယောက်ကဖမ်းပြီး ပါတီပွဲအတွက်သတ်စားဖို့ ကြံစည်ခံထားရတဲ့ ကောင်လေးတစ်ယောက်က အချိန်ဆွဲတဲ့အနေနဲ့ Tales from the Darkside ဆိုတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်လမ်းသုံးခုကို ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို စတင်ထားတာဖြစ်ပါတယ်။Lot 249 ဘယ်လင်တန်ဆိုတဲ့စာကြမ်းပိုး၊ ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းထောက်ပံ့ကြေးလျှောက်တဲ့အချိန်မှာ သူဌေးသားကျောင်းသူကျောင်းသားတစ်စုရဲ့ လှည့်ဖျားမှုကိုခံလိုက်ရပြီး နောက်ကောက်ကျခဲ့ပါတယ်။ အဲ့ဒါကိုပြန်ကလဲ့စားချေတဲ့အနေနဲ့ ရှေးဟောင်းမံမီတစ်ကောင်ကိုအသက်သွင်းပြီး သူ့ကိုညစ်ခဲ့တဲ့သူတွေကို လိုက်သတ်ခိုင်းတဲ့အခါ..။The Cat from Hell ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ ဟော်စတန်ဟာ ရှေးဟောင်းစံအိမ်ကြီးတစ်ခုကိုဖိတ်ခေါ်မှုကြောင့်ရောက်လာခဲ့ပါတယ်။ စံအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ကိုကြေးကြီးကြီးနဲ့ငှားလိုက်ရတဲ့အကြောင်းရင်းက သူ့အိမ်မှာရှိနေတဲ့ ကြောင်နက်တစ်ကောင်ကိုသတ်ဖို့ဆိုတာ သိလိုက်ရပါတယ်။ တကယ်ပဲ အဲ့ဒီကြောင်နက်က အဘိုးကြီးထင်နေသလို ဒုက္ခပေးနိုင်တဲ့ ငရဲကလာတဲ့ကြောင်တစ်ကောင်ဖြစ်နေမလား။Lover's Vow ပရက်စတန်က ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လက်ရာတွေကို လူတွေအားမပေးတဲ့အတွက် ငွေပြတ်ပြီး စိတ်ဓာတ်ကျနေပါတယ်။ ဘားတစ်ခုကအပြန် ...
movie

Tales from the Darkside: The Movie (1990)

The Mistress (2022)
The Mistress (2022) The Mistress (2022)ဒီကားကတော့ ဆိုက်ကိုဆန်ဆန် Horror ကားတစ်ကားဖြစ်ပြီး ဗြုန်းကနဲ ခြောက်လှန့်တာမျိုးတွေမပါဘဲ ငြိမ်ငြိမ်လေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပါ။ပါကားနဲ့ မက်ဒလင်တို့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံက အသစ်၀ယ်လိုက်တဲ့ အိမ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်ကြီးက ဗစ်တိုရီးယန်းခေတ်က လက်ရာဖြစ်ပြီး အတွင်းမှာ ရှေးဟောင်းပရိဘောဂတွေပါ ပါပါတယ်။ ပါကားက စာရေးဆရာဖြစ်ပြီး အရင်က သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးက Stalker လို တကောက်ကောက်လိုက်နေတဲ့အတွက် ရဲတိုင်ပြီး အိမ်ပြောင်းလာတာပါ။ အိမ်ကြီးထဲမှာ နေရာချရင်း ရှေးဟောင်း Plate Camera တစ်လုံးနဲ့ အမျိုးသမီးတစ်ဦးပုံကို တွေ့လိုက်ရပါတယ်။ အဲဒီအမျိုးသမီးက သူ့ချစ်သူ ဝီလီယံဆီရေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က စာတွေကိုပါတွေ့သွားပါတယ်။ ပါကားတို့က အဲဒီစာတွေဖတ်ကြရင်း သူ့နာမည် ရေဘက်ကာဆိုတာနဲ့ ချစ်သူ၂ဦးအကြောင်းတွေပါ သိလာပါတယ်။အဲဒီအချိန်ကစပြီး အိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။ ပါကားက ရေဘက်ကာကို ...
movie

The Mistress (2022)

2022