Channel Myanmar

Radu Andrei Micu

Weekend de vis (2024) 5.5
Weekend de vis (2024)  ဇာတ်လမ်းအကျဉ်းကတော့ ..အဲလတ်စ်က အိုင်တီကုမ္ပဏီတစ်ခုကဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ့မိန်းမကတော့ ကုမ္ပဏီတစ်ခုရဲ့မာကတ်တင်းဌာနမှာအလုပ်လုပ်နေသူဖြစ်ပါတယ်။လင်မယားနှစ်ယောက်လုံးက မိုးလင်းကနေမိုးချုပ်တဲ့အထိအလုပ်ရှုပ်နေပြီး အိမ်မှာဆိုလည်းစိတ်ချမ်းချမ်းသာသာနေရတယ်လို့လဲမရှိဘူး။အနေကြာလာတော့ ကလေးယူဖို့တိုင်ပင်ကြတယ်။နှစ်ယောက်လုံးကကျန်းမာရေးကောင်းတယ်ဆိုပေမယ့် စိတ်ပင်ပန်းမှုတွေကြောင့် ကလေးမရဘူးဖြစ်နေတယ်။အဲဒါကြောင့်ဆရာဝန်တွေကစိတ်အပန်းဖြေစေဖို့အတွက် ခရီးထွက်ဖို့တိုက်တွန်းတယ်။သူတို့ရဲ့ပထမဆုံးခရီးစဉ်ကပိတ်ရက်မှာဘရန်ကိုသွားလည်ဖို့ဖြစ်ပြီး သုံးရက်လောက်နေမယ်လို့ စိတ်ကူးထားပေမယ့် အလုပ်ကိစ္စတွေကြောင့် တစ်ရက်တောင်မပြည့်လိုက်ဘူး။ဒီကြားထဲကိုဗစ်ကြောင့်စိတ်ပင်ပန်းမှုတွေကထပ်တိုးလာတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ သူတို့မျှော်လင့်နေတဲ့ အိမ်မက်ပိတ်ရက်ဟာရောက်ရှိလာဖို့ဖြစ်လာပါတော့တယ်။File Size… (1.01 GB) / ( 588 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 22m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML
movie

Weekend de vis (2024)

BloodRayne (2005)
BloodRayne (2005)  ဒီ Action/Fantasy/Horror ဇာတ်ကားထဲမှာတော့ မင်းသမီး Kristanna Loken (Terminator 3 ထဲက T-X)နဲ့ Michelle Rodriguez (Fast & Furious ထဲက Letty Ortiz) အပြင် မင်းသား Michael Madsen (Kill Bill ထဲက Budd)နဲ့ Matthew Davis (Blue Crush)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။သွေးစုပ်ဖုတ်ကောင်တွေကို ဗန်ပိုင်းယားလို့ခေါ်ဆိုတယ်ဆိုရင် လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းကိုတော့ ဒန်ဖီးယားလို့ ခေါ်ဆိုပါသတဲ့။ ဒန်ဖီးယားတွေက ခံရည်နိုင်စွမ်းမြင့်မားလွန်းတာမို့ မွေးစကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ကြရတာပါ။ သို့ပေမဲ့ ဒန်ဖီးယားမလေး ရိန်းကတော့ စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်ရဲ့ ယုတ်မာတဲ့အကြံအစည်နဲ့ လူသားမိခင်ကနေ မွေးဖွားလာနိုင်ခဲ့ပါတယ်။ရိန်းကို အစွမ်းထက်လက်နက်အဖြစ် အသုံးချလိုတဲ့ ယုတ်မာတဲ့ဖခင်ရဲ့အကြံအစည်ကို ရိပ်မိပြီး သမီးဖြစ်သူကို အသုံးချခံမဖြစ်စေလိုတဲ့ မိခင်ရဲ့ ဉာဏ်ပညာကြီးမှုနဲ့ အစတေးခံမှုကြောင့် ရိန်းက သွေးစုတ်ဖုတ်ကောင်ကြီးလက်ကနေ ...
movie

BloodRayne (2005)

Dampyr (2023) 5.5
Dampyr (2023)  ဇာတ်လမ်းအစမှာတော့ ဒရက်ကာဆိုတဲ့ဗန်ပိုင်းယားမျိုးနွယ်အမှောင်ကြီးသခင်ကြီးဟာ စုန်းမတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး စုန်းမမှာ ကိုယ်ဝန်ရှိသွားပါတယ်၊ ကလေးမွေးဖွားတဲ့အချိန်တဲ့မှာ စုန်းမျိုးနွယ်တွေဟာ ဒရက်ကာကိုလာလို့မရအောင်တားဆီးကြတယ်၊ အကြောင်းကတော့ မွေးဖွားလာတဲ့ကလေးဟာ သာမန်ဗန်ပိုင်းယားတွေထက် အဆင့်မြင့်ပြီး အမှောင်သခင်ကြီးတွေကိုသတ်နိုင်တဲ့ အစွမ်းရှိတဲ့ ဒန်ပီရာဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်၊ ဒါပေမယ့် စုန်းမျိုးနွယ်တွေက ဒန်ပီရာကလေးလေးကို လူသူမသိအောင် အချိန်တစ်ခုကြာအောင်ဖွက်ထားပြီးစောင့်ရှောက်ထားလိုက်ကြတယ်.. ကမ္ဘာကြီးဟာ ဗန်ပိုင်းယားတွေကြောင့် သေဆုံးမှုတွေမြှင့်တက်နေကြတယ်၊စစ်တပ်ကလည်း လူတွေကိုစု၊ လက်နက်တွေပေးပြီး ဗန်ပိုင်းယားတွေကိုတိုက်ခိုက်ခိုင်းပေမယ့် ထင်သလောက်မအောင်မြင်ပါဘူး။ဒီလိုနဲ့ ဒန်ပီရာအရွယ်ရောက်လာတော့ပါတယ်၊ သူ့မှာအမှန်တကယ်အစွမ်းရှိမှန်းမသိပေမယ့်ဒန်ပီရာဆိုတဲ့နာမည်နဲ့ မကောင်းဆိုးဝါးနှိမ်နှင်းရေးလုပ်ပြီးပိုက်ဆံလိမ်ကာ တစ်မြို့ဝင်တစ်မြို့ထွက်ရှာဖွေစားသောက်နေတယ်၊ တစ်ဖက်မှာကွန်မန်ဒါ ကူရီယက်ဟာ မြို့တစ်မြို့မှာ သွေးစုပ်ဖုတ်ကောင်တွေတိုက်ခိုက်ခံနေရပြီးသတ်ဖို့နည်းလမ်းမသိတာကြောင့်အကျပ်ရိုက်နေပါတယ်။ သူ့အဖွဲ့ထဲကတစ်ယောက်ကဒန်ပီရာက သူတို့ကိုသတ်နိုင်လို့ပြောတဲ့အတွက် သူနဲ့ပူပေါင်းဖို့အတွက်သွားခေါ်လိုက်တဲ့အခါမှာတော့......  File size…1.35GB  / 532MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 49m Genre ….. Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Dampyr (2023)

The Crucifixion (2017) 5.1
The Crucifixion (2017) The Crucifixion (2017)_____IMDb - 5.1/10    ဒီဇာတ်ကားရဲ့ထုတ်လုပ်သူဟာ The conjuring နဲ့ Annabelle ဇာတ်ကားတွေရဲ့ထုတ်လုပ်သူကြီးဖြစ်ပြန်ပါတယ် စရအောင်... ရိုမေးနီးယားမှာဖြစ်ပျက်ခဲ့တဲ့ အန်ဒလီနာမာရီနာစကု သေဆံုံးမှုနဲ့ပက်သတ်ပြီး သတင်းထောက်နီကိုဝေါလင်းဟာ ၎င်းအမှုရဲ့အရင်းမြစ်နဲ့အကြောင်းအရင်းကိုသိရှိရန်နှင့် သတင်းရယူရန် ရိုမေးနီးယားကိုရောက်ရှိခဲ့ပါတယ် အန်ဒလီနာရဲ့သေဆုံးမှုဟာအသတ်ခံရတာလို့ သတ်မှတ်ခံထားရပြီး ထိုအမှုနဲ့ပက်သတ်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒီမိထရူကို လူသတ်မှုနဲ့ ထောင်သွင်းအကျဉ်းကျထားပါတယ် သိုပေမယ့် အလောင်းကိုခွဲစိတ်စစ်ဆေးကြည့်တဲ့အခါ ဘာဒဏ်ရာဒဏ်ချက်မှမရှိပဲသေဆုံးနေတာဖြစ်လို့ လူသတ်မှုဆိုတာ ၁၀၀%အတည်ပြုလို့မရပါဘူး    အန်ဒလီနာသေဆုံးတာဟာ နတ်ဆိုးကြောင့်လို့ပြောသော်လည်း ရိုမေးနီးယားရဲ့ဘာသာရေးယုံကြည်သက်ဝင်မှု အယူဝါဒတွေကို အယုံအကြည်မရှိတဲ့ နီကိုဝေါလင်းတစ်ယောက် သူမကြုံဖူးတဲ့အရာတွေနဲ့ဘယ်လိုနှစ်ပါးသွားရပြီး နိဂုန်းချုပ်မလဲဆိုတာကိုကြည့်ရှူ့ခံစားကြပါဦး... The Crucifixion (လက်ဝါးကပ်တိုင်ပေါ်တင်၍သတ်ခြင်း) နတ်ဆိုးအပူးခံနေရတဲ့လူတစ်ယောက်ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီးအစွဲချွတ်ရင်းသေဆုံးသွားခြင်းကိုဆိုလိုတာပါ  (ကြောက်တတ်တဲ့သူများမကြည့်ကြပါနဲ့)   Quality…..HD Rip 720p Duration…..01:30:00 Format…Mp4 File Size…(708 MB) Translator…..John La Yaung Encoder…..Moe Myint Lwin
movie

The Crucifixion (2017)

2017