Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rachel Matthews
6.2
Happy Death Day 2U (2019) Happy Death Day To You
Happy Death Day 2U (2019)IMDb Rating (6.2) / Rotten Tomatoes (72%)ဒီကားက 2017 တုန်းကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ ပထမကားမှာ တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့ သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Day ကိုဆင်နွဲခဲ့ရတာပါ။ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ ဒီဒုတိယကားမှာတော့သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။ အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကျိုးထက်ဆိုးကျိုးများပြီးသူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ.. ရှေ့ကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ ဒီကားမှာတော့ အကြောင်းအရင်းကိုဖော်ပြထားပြီး အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ ကဲ...ဒီတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ......။ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ...
movie
Happy Death Day 2U (2019) Happy Death Day To You
2019
6.6
Happy Death Day (2017)
Happy Death Day (2017)IMDb Rating (6.6) / Rotten Tomatoes (71%)Thiller ဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက် ဒီကားကတော့ လုံးဝအမိုက်စားပါပဲ။ Before I Fall ဇာတ်ကားလေးနဲ့ပုံစံတူပါတယ်။ ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီး Mystery ဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။ လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။ လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ဇာတ်လမ်းလေးကတော့... ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာ ကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက် မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။ မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့် ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ဇာတ်လမ်းကအဲဒီမှစတာပါ။ သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။ နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက် အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာ Happy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။ တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။ မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။ လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရော အဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာကတော့........။Happy Death Day (2017) နဲ့ Happy Death Day 2U (2019) ဆိုတဲ့ အဆက်ရုပ်ရှင် ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါပြီ။ File size…(1.4 GB )/(940 MB) Quality….BluRay 1080p HEVC / ...
movie
Happy Death Day (2017)
2017
5.5
The Duel (2023)
ဂျူးလိယက်ဆီဇာရဲ့ဝတ်ရုံမှာ ဘရူးတက်စ်ရဲ့ဓားချက်ကအနက်ဆုံးဖြစ်နေသလိုပဲ လူရင်းထိုးတဲ့ဓားက ရန်သူထက်ပိုနက်တတ်ပါသတဲ့။ဆမ် ကယ်ဗင် ဝူဒီ ကောလင်ဆိုတဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းလေးယောက်။ဒီထဲမှာမှ ဝူဒီနဲ့ကောလင်ကတော့ ညီအစ်ကိုရင်းထက်ပိုတယ်ဆိုတဲ့သံယောဇဉ်နဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့။ဒါပေမဲ့ ကောလင်တစ်ယောက် ဝူဒီလက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့အက်ဘီဆိုတဲ့ကောင်မလေးနဲ့ ကောလင်အတူအိပ်လိုက်တယ်ဆိုတာကိုဝူဒီသိသွားချိန်မှာတော့ လှပတဲ့ခင်မင်မှုတွေထဲ မုန်တိုင်းဝင်တော့တာပါပဲ။အသည်းနှလုံးကိုထိတော့ အူနုကျွဲခတ်သလို ရှူးရှူးရှဲရှဲဖြစ်နေတဲ့ ဝူဒီတစ်ယောက်ကောလင်အဖေရဲ့ နောက်ဆုံးချန်ရစ်ခဲ့တဲ့ပစ္စည်းကို ဖျက်ဆီးလိုက်ချိန်မှာပြန်ဆက်ဖို့မဖြစ်နိုင်တော့တဲ့ ညီအစ်ကို သူငယ်ချင်းဆက်ဆံရေးဒီအချိန်မှာ ဝူဒီတစ်ယောက် ကောလင်ကို လူကြီးလူကောင်းပီပီ သိက္ခာရှိရှိတစ်ယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်ပြီး သူတို့ကြားက ရန်ကြွေးကိုချေဖို့စိန်ခေါ်လိုက်ချိန်မှာတော့.....အချစ်နဲ့စစ်မှာမတရားတာမရှိဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်လို့ ဒီနှစ်ယောက်ကြားကစီးချင်းတိုက်ပွဲရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.02GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Darcy
movie
The Duel (2023)
6.9
Frozen II (2019)
Frozen II (2019)IMDB - 6.9/10_____Rotten - 77% CM Fan တွေ အတွက် Frozen II ကို တင်ပေးလိုက်ပါတယ်... Little Neo မှ အကောင်းမွန်ဆုံး ဘာသာပြန်ပေးထားပါတယ် ဇတ်လမ်းအညွှန်းကတော့.... အယ်လ်ဆာနဲ့ အန်နာတို့ ညီအစ်မ ဟာ အယ်ရန်ဒဲတိုင်းပြည်မှာ ပျော်ပျော်ရွှင်ရွှင် အတူနေထိုင်ကြပေမယ့် ကံဆိုးတဲ့တစ်နေ့ ကိုရောက်လာပါတော့တယ်။ အယ်လ်ဆာရဲ့ မိဘတွေတုန်းက ရင်ဆိုင်ခဲ့ရတဲ့ မှော်ဝင်တောအုပ်ထဲက ဝိညာဉ်တွေ၊ အယ်လ်ဆာပဲ ကြားနေရတဲ့ ခေါ်သံတွေနဲ့အတူ သူတို့တိုင်းပြည် အန္တရာယ်ကျရောက်လာချိန်မှာ အန်နာတို့လည်း ခရစ္စတော့ဖ်၊အိုလက်ဖ်၊ ဆဗန်တို့နဲ့အတူ အတိတ်က အမှန်တရားကို ရှာဖွေရပါတော့တယ်။ ရုပ်ရှင်ကားကို Thit San Khant မှ Encode ပေးထားပါတယ် File size… 4.1 GB / 1.3 GB / 740 MB Quality… BluRay 4K / 1080p / 720p Format… mp4 / mkv Duration…. 1h 40m Genre ..... Animation/Adventure Subtitle…. Myanmar Subtitle ...
movie
Frozen II (2019)
2019
4K HEVC
6.1
Upgraded (2024)
လူကြီးဆန်တဲ့အလှနဲ့ မောင်လေးတွေကိုဖမ်းစားထားတဲ့မမCamila Mendes ရဲ့အချစ်ဇာတ်ကားအသစ်ထွက်ရှိလာပါပြီ။ဒီအချစ်ဇာတ်ကားလေးရဲ့ နာမည်ကတော့ Upgraded ဖြစ်ပြီးIMDb Rating 6.1 အထိရရှိထားပါတယ်။အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က ပိုက်ဆံဆိုရင်ရေသည် မိန်းမထက်တောင် ပိုမွဲပြီး အစ်မရဲ့အိမ်မှာကပ်နေနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။နေ့စဉ်ရက်ဆက် သူ့ကိုအိမ်မှာမနေစေချင်တဲ့ မလိုလားအပ်တဲ့စကားတွေကိုကြားနေရပြီး တစ်နေ့မှာ သူအရမ်းဝါသနာပါတဲ့ပန်းချီပြခန်းလေး တစ်ခုဖွင့်နိုင်ဖို့ရည်မှန်းချက်ရှိနေသူဖြစ်ပါတယ်။အဲ့ဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက်ပန်းချီကားတွေကို လေလံတင်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး အလုပ်သင်ဘ၀မှာ သူ့ရဲ့အရည်အချင်းတစ်ခုကိုသူဌေးရှေ့မှာပြနိုင်ခဲ့တဲ့အတွက် လန်ဒန်မှာသူဌေးရဲ့ လက်ထောက်အနေနဲ့ လိုက်ပြီးအလုပ်လုပ်ရဖို့ အကြောင်းဖန်လာပါတော့တယ်။အဲ့ဒီလန်ဒန်ကို သွားတဲ့လေယာဉ်ပေါ်မှာ ဝီလီယမ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး အမှတ်မထင်သူ့ကိုယ်သူ သူ့ကုမ္ပဏီရဲ့ဒါရိုက်တာလို့ ပြောလိုက်မိပြီး အဲ့ဒီဇာတ်အတိုင်းဆက်ကနေလိုက်ပါတော့တယ်။ဒီလိုနဲ့မှ အဲ့ဒီအလိမ်အညာတွေကတဖြည်းဖြည်းနဲ့ ပိုကြီးလာခဲ့ပြီးနောက်ဆုံးမှာတော့ လောကဓံရဲ့ရိုက်ချက်ကို ဘယ်လိုပြန်ခံစားရမယ်ဆိုတာတွေ ဝီလီယမ်နဲ့အန်နာကြားမှာရော အဲ့ဒီအလိမ်အညာကနေ အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ပေါက်လာမလားဆိုတာတွေကို ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.55GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama , Romance Subtitle….Myanmar ...
movie
Upgraded (2024)
6.7
Do Revenge (2022)
Do Revenge (2022)(1080p ရပါပြီ)ထွက်ရှိထားတာ မကြာသေးပဲ hot ဖြစ်နေတဲ့ American Comedy Genre ဇာတ်ကားလေးဖြစ်ပြီး Riverdale မင်းသမီးချော Camila နဲ့ Stranger Things မင်းသမီး Maya Hawkes တို့အတွဲညီညီ သရုပ်ဆောင်ထားတဲ့ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ...ဒရေယာက အမေတစ်ခု သမီးတစ်ခုဖြစ်ပြီး ဆင်းရဲပေမယ့် ရို့စ်ဟေးလ်ကျောင်းကို ပညာသင်ဆုနဲ့ တက်ရောက်ခွင့်ရရှိထားသူပါ။ သူ့ရည်မှန်းချက်ကတော့ နာမည်ကျော် ရေးလ်တက္ကသိုလ်တက်ရဖို့ဖြစ်ပြီး ကျောင်းမှာလည်း ထိပ်ထိပ်ကြဲ လူချမ်းသာ သားသမီးတွေနဲ့ ဝင်ဆံ့တဲ့အထိ ပါးနပ်ပါတယ်။ကံဆိုးတာက သူ့ချစ်သူ သူဌေးသားမက်စ်ဆီက ဒရေယာရဲ့ sex tape ပျံ့လာခဲ့ပြီး ဒရေယာက စိတ်မြန်လက်မြန်နဲ့ မက်စ်မျက်နှာကို လက်သီးတစ်လုံးကျွေးလိုက်ရာက သူ့အချစ်ဆုံး သူငယ်ချင်းဆိုသူတွေကိုပါ ဆုံးရှုံးလိုက်ရပြီး အပယ်ခံဖြစ်သွားပါတော့တယ်။ကံကောင်းတာက သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းမလေး ပေါ်လာတာပါပဲ။ အဲဒါကတော့ သူ နွေရာသီ တင်းနစ်ကမ့်မှာ ဆုံခဲ့တဲ့ ...
movie
Do Revenge (2022)
2022
5.6
Tankhouse (2022)
Tankhouse (2022) ============== IMDb Rating - 5.6/10ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ ဇာတ်ပို့ဇာတ်ရံပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့ တက်ခ်ကာ နဲ့ ဆန်ဒရင်း တို့က ပြဇာတ်တွေ လှည့်လည် ကပြကြရင်း အပြန်အလှန်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ပေါ့။ တစ်နေ့ သူတို့နှစ်ယောက်ရဲ့ နစ်မြုပ်နေတဲ့ ပြဇာတ်ရုံ ထိုးနှက်မှု ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ပြဇာတ်တစ်ပုဒ် ကပြဖျော်ဖြေနေစဉ်မှာပဲ မတော်တဆမှုတစ်ခုဖြစ်ပွား သွားခဲ့ပြီး ထုတ်လုပ်ရေးကနေ နှစ်ယောက်လုံး အလုပ်ဖြုတ်ခံလိုက်ရတယ်။အဲဒီဖြစ်ရပ်ကြောင့်ပဲ မိဘတွေဆီက အထောက်အပံ့တွေလည်း ဖြတ်ခံရ၊ နယူးယောက် ပြဇာတ်ထုတ်လုပ်ရေးတွေကနေပါ လက်သင့်မခံကြ ဖြစ်လာတော့တယ်။ ဒီလိုနဲ့ပဲ ဆန်ဒရင်းရဲ့ မွေးရပ် ဖာဂိုမြို့လေးကို ပြောင်းရွှေ့လာကြပြီး မြို့ရဲ့ ပြဇာတ်ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးပမ်းကြတော့တာပေါ့။စစ်မှန်တဲ့အနုပညာကို ဦးစားပေးလွန်းပြီး အရမ်း သဝန်တိုတတ်တဲ့ တက်ခ်ကာ နဲ့ ချောမော လှပပြီး သရုပ်ဆောင်တော်လွန်းတဲ့ ဆန်ဒရင်း တို့ကြား ဘယ်လို ပြဿနာတွေ ရှိလာနိုင်မလဲ။ တက်ခ်ကာ လိုချင်တဲ့ အနုပညာမြောက်လွန်းတဲ့ ...
movie
Tankhouse (2022)
2022