Channel Myanmar

R.N. Shukla

Stree (2018) 7.5
Stree (2018) "ဇာတ်လမ်းအကျဉ်း""အိုဆတ္ထရီ(မိန်းကလေး) မနက်ဖြန်မှ လာခဲ့ပါ " တဲ့။ မြို့ထဲက အိမ်တိုင်း အိမ်အပြင်မှာ ရေးထားတဲ့ စာ။ ပွဲတော်ရက်ဆိုရင် သရဲမလေး ယောကျ်ားရှာထွက်တယ်။ တမြို့လုံးမှာ ရှိရှိသမျှ ယောကျ်ားလေးတွေ အားလုံး သတိ!ဒီလို အယူသည်းတာတွေကို မယုံတဲ့သူ တစ်ယောက်ရှိတယ်။ ဗစ်ကီတဲ့။ဗစ်ကီဟာ အပ်ချုပ်သမား တစ်ယောက်ပါ။ တနေ့မှာတော့ သူ ပွဲတော်ရက်အတွင်း မိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ မြင်မြင်ချင်း ချစ်မိသွားသလို မိန်းကလေးကလည်း လက်ရဲဇက်ရဲနိုင်လှပါတယ်။သရဲ မယုံတဲ့ ဗစ်ကီဟာ.... နာမည်လည်း သိခွင့်မရှိတဲ့ မိန်းကလေးကို... တမ်းတမ်းစွဲ ဖြစ်သွားခဲ့ပါတယ်။ပွဲတော် ဒုတိယညမှာ မိန်းမလှလေးဟာ ဗစ်ကီကို တောထဲ ခေါ်ပြီး တနေရာရာမှာ ထိုင်စကားပြောစဉ်မှာတော့.... မိန်းမလှလေးဟာ မျက်စိရှေ့တင် ပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန် ဗစ်ကီကို လိုက်ရှာနေတဲ့ သူငယ်ချင်း နှစ်ယောက်လည်း ကံဆိုးခဲ့ရပါတယ်။သရဲမလေးနဲ့... ဗစ်ကီတို့ .... ဘယ်လို ဆက်နွယ်နေကြမလဲ? ဗစ်ကီ ချစ်မိနေတဲ့ မိန်းမလှလေးက သရဲမလေးလား? ဘာဖြစ်လို့ အောက်လမ်းပစ္စည်းတွေ ရှာခိုင်းတာလဲ? ဆတ္ထရီ သရဲမကို ဘယ်လို ဖြေရှင်းကြမလဲ? စသဖြင့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။Comedy, Horror ကားလေးဖြစ်တာမို့ ရယ်စရာတွေ ကြောက်စရာတွေနဲ့ ပြည့်နှက်နေမှာပါ။ IMDb Rating - 7.5 ...
movie

Stree (2018)

2018