Channel Myanmar

Qian Yi

We Girls (2025) 6.2
We Girls (2025) ကျောက်မင်းသမီးကတော့ ဒီတစ်ခေါက်လည်း သဘာဝဆန်တဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကို ပုံဖော်ထားတဲ့ ကားလေးနဲ့ ပိတ်ကားပေါ် ပြန်လာပြန်ပါပြီ... ဒီကားလေးကတော့ အမျိုးသမီးထောင်မှာ ကြုံတွေ့ရတဲ့ အမျိုးသမီးတချို့ရဲ့ ဘဝကိုပုံဖော်ထားတာဖြစ်တယ်... ဟုတ်ပါတယ်... ထောင်လို့ပြောတာနဲ့ ဆိုးတဲ့သူတွေ မကောင်းတဲ့သူတွေရှိနေတယ်လို့ ထင်မှတ်တတ်ကြပါတယ်...ဒါပေမယ့် ထောင်ကျတိုင်း တကယ်ဆိုးတာလား... ဆိုးသွမ်းမိုက်မဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ... အဖိနှိမ့်ခံလူသားတွေရဲ့ ကြုံတွေ့ရတဲ့ ဘဝတွေအကြောင်း ဘယ်သူသိမှာလဲ... ဘယ်သူကမြင်မှာလဲ... ဒီလိုမလုပ်သင့်ဘူး... ဒီလမ်းမရွေးသင့်ဘူး ဆိုတဲ့စကားကတော့ အပြောလွယ်ပေမယ့်... တကယ် လောကဓံနဲ့ ကြုံချိန်မှာတော့...ထားပါတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆို... မြေခွေးဖြူလို့ခေါ်တဲ့ ကောင်းယွဲ့ရှန်းက ရှောင်ကော်ကော်တို့ဆိုပြီး အဖော်အချွတ်ဝတ်ပြီး ကပြဖျော်ဖြေတဲ့သူပေါ့... ဒီလိုမျိုး ခန္ဓာကိုရင်းပြီးတော့ လအလုပ်ရှာနေခဲ့တာကတော့ သူ့ရဲ့ နားမကြားတဲ့သမီးလေးကို နားကြားစက်ဝယ်ပေးချင်လို့ပါ... ဒါပေမယ့် တရားမဝင် ဥပဒေမဲ့ပစ္စည်းတွေကို ကူရောင်းပေးမိလို့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာတဲ့သူပေါ့...ဒီလိုနဲ့ ထောင်ထဲမှာ သူ့သမီးလေးလိုမျိုး နားမကြားတဲ့တစ်ယောက်ကို ကာကွယ်ပေးဖြစ်ခဲ့တယ်... သူကတော့ မှင်နက်လို့ခေါ်တဲ့ မောင်အားမေ့... ဆွံ့အနားမကြားလေးပေါ့... ဒီကိုက ခန္ဓာကိုယ်ဗန်းပြပြီးတော့ ပစ္စည်းခိုးမှုနဲ့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာသူပေါ့...ထောင်ထဲ သူတို့ကို သင်ပြပေးနေတဲ့ အရာရှိကတော့ တိန့်ဟုန်တဲ့... ဘာကြောင့်မှန်းတော့မသိပေမယ့် အမျိုးသမီးချင်းစာနာစိတ်ကြောင့်လား... သူကိုယ်တိုင်လည်း ဘဝသမားဖြစ်လို့လားမသိ စေတနာပိုပြီး လမ်းမှန်ပေါ်တင်ဖို့ ...
movie

We Girls (2025)

4K HEVC
I Love You to the Moon and Back ( 2024 ) 6
I Love You to the Moon and Back ( 2024 ) I Love you to the Moon and Back ဆိုတဲ့ကားလေးကတော့ မင်းမျက်နှာလေးကိုမြင်ရဖို့အတွက်နဲ့ လကမ္ဘာထိအောင် အသွားအပြန်လုပ်ရလဲကျေနပ်ပါတယ်ဆိုတဲ့ ချစ်ခြင်းတွေကိုဖော်ပြတဲ့အချစ်ကားလေးဖြစ်ပါတယ်။ရွာကညားခါစလင်မယားလေးဟာ မြို့တက်ပြီးအလုပ်လုပ်ကြတော့ တစ်မြို့စီခွဲနေကြရတယ်။ ပျော်ရွှင်ခြင်းစံအိမ်ဆိုတဲ့ ရှင့်ဖူတည်းခိုခန်းလေးမှာ တစ်လကို ၁ခါ ၂ခါ လောက်ချိန်းတွေ့ကြပြီး ချစ်ကြည်နူး တစ်တီတူးကြတာပေါ့။ဆောင်းလယ်ပွဲတော်လို့ခေါ်တဲ့ လနတ်ကန်တော့ပွဲနေ့မှ နှစ်ယောက်လုံးမထင်မှတ်ပဲအလုပ်ကခွင့်ရကြတော့ အရင်လိုကြိုမချိန်းပဲ surprise တိုက်မယ်ဆိုပြီး ၂ယောက်လုံးကမပြောမဆိုသွားကြတော့ လွဲကြတာပေါ့။ဒီလိုနဲ့သွားလိုက်ပြန်လိုက်နဲ့ ပွဲတော်နေ့မှာ ၂ယောက်သားဆုံရောဆုံနိုင်ကြပါဦးမလား ဆိုတဲ့အကြောင်းလေးကို ရထားပေါ်မှာကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်လေးတွေနဲ့ရောညှပ်ပြီး ပုံဖော်ထားတဲ့ ကြည်နူးစရာဇာတ်ကားလေးပဲဖြစ်ပါတယ် ။ Filesize : 1.03 GB / 587 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama , Romance  Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie

I Love You to the Moon and Back ( 2024 )

The Lion Roars ( 2002 ) 6
The Lion Roars ( 2002 ) Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့ 2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင် အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။ စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်က ကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့် ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။ နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကို လက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာ အကြင်လင်မယားတွေဖြစ်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား...... အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်က ကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့ သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ..... Filesize : 1.7 GB / 1.05 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Lion Roars ( 2002 )

Off the Stage ( 2024 ) 5.8
Off the Stage ( 2024 ) ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်ရိုးရာဇာတ်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် သားနှစ်ယောက်နဲ့သမီးတစ်ယောက်ရှိတဲ့ နာမည်ကြီးဇာတ်မင်းသမီးတစ်ယောက် အောင်မြင်မှုရလာတာနဲ့အမျှ ယောက်ျားတွေနဲ့ ပွေလီဖောက်ပြန်တတ်လာပါတယ် အဆိုးဆုံးကတော့ ကလေးသုံးယောက်ကိုပစ်ပြီး ဇာတ်အဖွဲ့ကနေလည်းနှုတ်ထွက်ပြီး အပျော်နောက်ကို လိုက်သွားခဲ့တာပေါ့နော်သားသမီးတွေဒုက္ခရောက်နေချိန်မှာ တစ်ချက်ပြန်မလာဘဲ ငွေပဲပို့ပေးခဲ့တဲ့ အမေတစ်ယောက်ကို သူ့သားအကြီးဆုံးချိုးရှန်းကတော့ အရိုးထဲထိကို မုန်းနေခဲ့ပါတယ် သူ့အမေရဲ့လျစ်လျူရှုမှုတွေကြောင့် သူ့ညီမဖြစ်သူက စိတ်မနှံ့တဲ့သူတစ်ယောက်ဖြစ်သွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်၆နှစ်ကျခဲ့ရပါတယ်သူတို့အမေပြန်လာခဲ့တဲ့အချိန်ကတော့ သူမမှာ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်ပြီး မကြာခင်သေရတော့မယ်ဆိုတာကိုသိရတဲ့အချိန်ပဲဖြစ်ပါတယ် သူ့သားတွေကတော့ သူ့အမေပြောတာကို ဇာတ်မင်းသမီးပီပီ လီဆယ်ပြောတယ်လို့ပဲမှတ်ပြီး မယုံကြပါဘူးဒီကားလေးထဲမှာ အောင်မြင်မှုနွံထဲမှာ နစ်ခဲ့တဲ့ ဇာတ်မင်းသမီးတစ်ယောက်ရဲ့ မိသားစုဘဝကို နောက်ခံထားပြီး ဇာတ်ကဖို့ဆိုတာ နောက်ကွယ်‌မှာ အများကြီးကြိုးစားအားထုတ်မှု‌တွေရှိကြောင်းကို သနားစရာဇာတ်လမ်းလေးအဖြစ်ရိုက်ကူးထားတာဖြစ်လို့ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ကြည့်ရှုချင်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့လို့ ကြည့်ရှုခံစားဖို့ CM ကနေတင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Family Runtime : 2h 3 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie

Off the Stage ( 2024 )

The Invisible Guest ( 2024 ) 6.1
The Invisible Guest ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကို တရုတ်ပြည်မှာနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ The Invisible Guest ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းကတော့ နာမည်ကြီးအဆောက်အဦးဒီဇိုင်းပညာရှင်မင်ဟောက်က မြန်စွေရဲ့ ဟိုတယ်တစ်ခုမှာအသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်နေရာမှာပဲ အိမ်ခြံမြေလောကရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ ရှားလုပ်ငန်းစုရဲ့ချွေးမဖြစ်သူ ချောင်ဝန်နာ့ကိုသံသယရှိသူအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ ချောင်ဝန်နာ့ကတချိန်လုံးသူ မသတ်ခဲ့ကြောင်းငြင်းဆန်ရင်း တနေ့မှာ ကျန့်ဝေ့ဆိုတဲ့ရဲအရာရှိတစ်ယောက်ကသူ့ကိုကူဖို့ အကြောင်းဖန်လာခဲ့တယ်။အကြောင်းရင်းကတော့ ရဲအရာရှိကျန့်က ချောင်ဝန်နာ့လူသတ်ခဲ့တယ်ဆိုတာသံသယဝင်နေတာကြောင့်ပဲပေါ့။ ကဲဒီတော့ မင်ဟောက်ကိုသတ်တာကဘယ်သူများလဲ။ ဒီအမှုကကောဘယ်လိုတွေ ပတ်သက်နေတာလဲ။ ဘယ်သူတွေပတ်သက်နေတာလဲ။ ဘာကြောင့်လဲစတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရာတွေအတွက် ဒီဇာတ်ကားလေးကိုအတူတူကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 46 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Invisible Guest ( 2024 )