Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pushpa Joshi
7.6
Raid (2018)
Raid (2018)ဒီဇာတ်ကားလေးဟာ ၁၉၈ဝခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thura Zarni Aung မှ တင်ဆက်ထားတာပါ။) File size…(7.6 GB )/ (2 GB)/ (1 GB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura Zarni Aung
movie
Raid (2018)
2018
4K HEVC
7.5
Ramprasad Ki Tehrvi (2021)
IMDb Rating (7.5)Rotten Tomatoes (86%)ဒီဇာတ်ကားက ၂၀၁၉ မွမ်ဘိုင်းဖလင်ပွဲတော်မှာ ပြသခဲ့ပေမယ့်တကယ်ရုံတင်တာကတော့ ၂၀၂၁ ဇန်နဝါရီကမှ ရုံတင်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Family Drama အမျိုးအစားဖြစ်ပြီး မင်းသား၊မင်းသမီးတွေရော ဇာတ်လမ်းနဲ့တင်ပြမှုပုံစံရောအဖက်ဖက်က ပြည့်စုံတာကြောင့် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုရရှိခဲ့သလို နိုင်ငံတကာ Rating တွေလဲ ကောင်းပါတယ်။ဇာတ်လမ်းကတော့...ဖခင်ကြီး Ramprasad သေဆုံးသွားတဲ့အချိန်မှာ ဟိန္ဒူရိုးရာအခမ်းအနားနဲ့ ကောင်းမွန်စွာဆောင်ရွက်ကြဖို့မိသားစုတွေ ပြန်လည်တွေ့ဆုံကြပါတယ်...မိသားစုညီကိုမောင်နှမဆိုတာမျိုးက တစ်ခါတစ်လေ အဝေးကြီးနေပေမယ့် နီးစပ်နေသလိုတခါတလေလဲ အခန့်မသင့်တာနဲ့ မခေါ်မပြောနိုင်ဖြစ်တတ်ကြတာမျိုးပဲ...အရှေ့တိုင်းလို အိန္ဒိယလိုနိုင်ငံမျိုးမှာတော့ ပိုရှုပ်ထွေးတဲ့ဆက်နွယ်မှုတွေရှိတာပေါ့...မိသားစုကြီးကနေ ပညာစုံကြင်ယာစုံလို့ သီးသန့်အိမ်ထောင်ခွဲသွားကြပေမယ့်ကိုယ်ပိုင်မိသားစုတစ်ခုစီတိုင်းမှာလဲ ကိုယ်ပိုင်ဝေဒနာတွေက အသီးသီးရှိနေကြတာပဲ..။ဒီလို မိသားစုတွေကြားက ပြသနာလေးတွေကို အချိတ်အဆက်မိမိ တင်ပြထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်များစွာ သရုပ်ဆောင်သစ်များစွာပါဝင်ထားတဲ့အပြင်Haseen Dillruba ထဲက မင်းသား Vikrant Massey လဲပါဝင်ထားပါသေးတယ်။မိသားစုနဲ့အေးဆေးကြည့်ရှုဖို့သင့်တော်မယ့်ဇာတ်ကားပါ။ File size…(1.9 GB) / (999 MB) / (500 MB) Quality…WEB-DL 1080p / 720p / ...
movie
Ramprasad Ki Tehrvi (2021)