Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Prudhviraj
7.6
PSV Garuda Vega(2017)
PSV Garuda Vega (2017) Action, Drama IMDb 7.6/10 (1.3K)ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2017တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "PSV Garuda Vega"ဖြစ်ပါတယ်တရားဥပဒေကိုလိုက်နာပြီး အိုင်အက်အေအရာရှိတစ်ဦးဖြစ်တဲ့ဆီခါက သူ့ရဲ့အလုပ်ကိုတာဝန်သိတတ်မှုတွေကြောင့် ဇနီးဖြစ်သူဆွာတိနဲ့ အိမ်ထောင်ရေးပြိုကွဲတော့မလိုထိဖြစ်ခဲ့ပါတယ်အလုပ်နဲ့မိသားစုယှဉ်လာတဲ့အခါ မိသားစုကိုပဲရွေးဖို့ဆုံးဖြတ်ကာအလုပ်ထွက်ဖို့ လုပ်ခါနီးမှ လူသတ်မှုတစ်ခုကြောင့် အလုပ်ထွက်မယ့်အရေးကိုနောက်ဆုတ်ရင်း လူသတ်မှုကိုလိုက်စုံစမ်းရာမှ မီးခိုးကြွက်လျှောက်သလိုပေါ်ထွက်လာတဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားထဲ ရောက်သွားတဲ့ဆီခါတစ်ယောက် ဘယ်လိုဖြေရှင်းမလဲတစ်ဖက်မှာလည်းနီရာဂျန်အမည်ရှိ လူငယ်ဟက်ကာလေးတစ်ယောက်က သူ့လက်ထဲမှာရှိနေတဲ့ အချက်အလက်တချို့ကြောင့် လူတစ်စုရဲ့အနောက်ကလိုက်သတ်တာကိုခံနေရပြီး ထွက်ပြေးရာမှဆီခါနဲ့ မတော်တဆတွေ့ဆုံပြီး သူတို့နှစ်ဦးလုံးရဲ့ရန်သူက တစ်ဦးတည်းဖြစ်နေသောအခါ နှစ်ယောက်သားဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရမှာဖြစ်ပါတယ်ဒီကားထဲမှာဆိုရင်ဇာတ်ကွက်အလှည့်အပြောင်းတွေကို မကြာခဏတွေ့ဆုံရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့သူတွေရဲ့ ပူးပေါင်းပါဝင်နေမှုတွေကိုပါ ရင်ခုန်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…3.78GB / 1.93GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin
movie
PSV Garuda Vega(2017)
2017
8.5
Cheppalani Undhi (2023)
Cheppalani Undi 2022IMDb-8.6/10လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ်အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ်တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး File size…2.3GB / 1.08GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Sai ThuRein
movie
Cheppalani Undhi (2023)
2023
6.3
Baadshah (2013)
Baadshah (2013) ===============ဒီနေ့မိတ်ဆက်ပေးချင်တာကတော့ ဘောလီဝုဒ် အက်ရှင်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အကလည်းရ၊ သရုပ်ဆောင်လည်းရ၊ အစီအစဉ်တင်ဆက်လည်းရတဲ့ မင်းသားကြီး N.T.Rama Rao Jr. နဲ့ နာမည်ကြီးမင်းသမီး Kajal Aggarwal တို့ ပါ၀င်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ဇာတ်ကားအကြောင်းကိုပြောရရင် ရာမာရောင် ဆိုတဲ့လူဟာ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ရဲတစ်ဖွဲ့ထဲဝင်ဖို့လျှောက်တဲ့အခါ သူ့အဖေက လူဆိုးဂိုဏ်းထဲမှာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် အငြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မတိုင်ခင်က ဆာဒူဘိုင်းဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ခွဲလိုက်တဲ့ဗုံးမှာ သူ့ညီ ဆစ်ဒူ ပါသွားပြီး အသက်ဆုံးရှုံးသွားခဲ့ရတာပါ။ ဒီအချိန်ကစပြီး ရာမာရောင်ဟာ ဘာရှာ ဆိုတဲ့ နာမည်ကြီးလူသတ်သမားတစ်ယောက် ဖြစ်သွားခဲ့ပြီး ဆာဒူဘိုင်းကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားဟာ Action သီးသန့်မဟုတ်ပဲ Drama/ Comedy တို့နဲ့ပါ ပေါင်းစပ်ထားသေးတာကြောင့် ကြည့်ရင်းနဲ့ ပျင်းဖို့အချိန်ကို မရှိနေတဲ့အတွက် ဘောလိဝုဒ်ကြိုက်တဲ့သူရော၊ ဘောလိဝုဒ်မကြည့်ဖြစ်တဲ့သူတွေပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…3.68GB / 1.96GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie
Baadshah (2013)
2013
5.9
Saakini Daakini (2022)
ကောင်မလေးနှစ်ယောက်ရှိတယ် သူတို့က ရဲသင်တန်းကျောင်းမှာ ကျောင်းလာအပ်ရင်းနဲ့ ဆုံကြတာ နှစ်ယောက်သားက စစဆုံကတည်းက ဘယ်လိုမှမတည့်ကြဘူး မတည့်တဲ့သူနှစ်ယောက်က အဆောင်မှာကျတော့လည်း အခန်းအတူတူကျပြန်ရောကြောင်နဲ့ကြွက် သူတို့နှစ်ယောက် သင်တန်းဆင်းနေရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် အမြဲ ချောက်တွန်း၊ ချောက်ချကြရင်း ခင်မှန်းမသိ ခင်လာကြတာပေါ့အဲဒီလိုနဲ့ သူတို့တွေ လက်တွေ့ကွင်းဆင်းရမယ့် အချိန်ကိုရောက်လာပြီး တစ်ရက် သူတို့ရဲ့ အိမ်ပြန်လမ်းမှာ ကောင်မလေးတစ်ယောက် ပြန်ပေးဆွဲခံရတာကို မြင်လိုက်ရတယ်ကောင်မလေးရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တော့ ကောင်မလေးက မိသားစုမရှိတဲ့ တစ်ကောင်ကြွက်အဲဒီမှာ သူတို့သိသွားတာက အဲဒီပြန်ပေးဆွဲသမားတွေက မိသားစုမရှိတဲ့ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ဖမ်းနေတယ်ဆိုတာပဲ ဘာလို့ဆို မိသားစုမရှိတော့ သူတို့အတွက် တိုင်ချက်ဖွင့်မယ့်သူလည်းမရှိဘူးလေ တိုင်ချက်တွေမရှိတော့ အဲဒီဒုစရိုက်ဂိုဏ်းကြီးရဲ့လုပ်ရပ်ကို သိသူလည်းမရှိတော့ဘူးပေါ့အဲဒါကို စုံစမ်းဖော်ထုတ်မှာက ဒီလေ့ကျင့်ရေးဆင်း မိန်းကလေးနှစ်ယောက်ပေါ့ ရဲအစစ်မဟုတ်သေးတဲ့ သူတို့နှစ်ယောက်.. ဒုစရိုက်ဂိုဏ်းအကြီးကြီးကို ဘယ်လိုဖော်ထုတ်အရေးယူမလဲ အဲဒီဒုစရိုက်လုပ်ငန်းကရော ဘာကြောင့် မိန်းကလေးတွေကိုပဲ ဖမ်းနေတာလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ဟာသအနှောလေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.9GB / 914MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Kko & BpL & Sora
movie
Saakini Daakini (2022)
2022
5.5
Ramarao On Duty (2022)
ဒီတစ်ခေါက်မှာတော့ ရူပီး ၅၀နဲအမှုဖော်တဲ့ဘဲရီး ရာဗီး တီဂျာရဲ့ အမှု့ဖော်ပုံတွေကိုဆက်လက်ရှု့စားရမှာပါ။ ဒီကားက Main Cast တင်မကပဲ အရံတွေပါလုပ်ကွက်ထွက်တဲ့ကားပေါ့ဇာတ်လမ်းအကျဥ်း ================ အကောက်ခွန်မှူး ရာမာရာအိုဟာ အမှန်အတိုင်းသာဖြစ်ပါစေ ဘယ်လိုကိစ္စမဆို အဆုံးထိ လိုက်သူပါ နူကလီးယားဓါတ်ပေါင်းဖိုဆောက်တဲ့ကိစ္စတစ်ခုမှာ သူမသိပဲ အကျိုးဆောင်ခဲ့တာကစပြီး ရည်းစားဟောင်းကောင်မလေးရဲ့ ယောကျာ်းပျောက်မှုကိုရှာရင်းဖွေရင်းနဲ့ မထင်မှတ်ဘဲ မဖော်ထုတ်ဘဲထားတဲ့လူပျောက်မှုတွေအပြင် မှောင်ခိုမှုတွေပါတန်းစီတွေ့လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ပြန်ဆုတ်ရိုးထုံးစံမရှိတဲ့ ရာမာရာအိုတစ်ယောက်အစတွေဆွဲထုတ်လွန်းလို့ ကြည့်မရဖြစ်နေတဲ့ရဲမှူးကရော ဘယ်လိုတွေပါဝင်ပတ်သက်နေမလဲ ဆိုတာရုပ်ရှင်ထဲမှာ လိုက်ပါစီးမျောခံစားလိုက်ပါဦး File size…2.6GB / 1.3GB Quality…1080p HQ AVC / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Kham Mon & Lwin Htoo & Kevin & Yunni & Sora
movie
Ramarao On Duty (2022)
2022
7.9
Black (2022)
ဒီတစ်ခေါက်မှာတော့ Opertaion Gold Fish ထဲက တောင်ပိုင်းမင်းသားချော အာဒီ ရဲ့ အက်ရှင်ကားလေးတစ်ကားဖြစ်ပြီး IMDB မှာ 7.9 ထိရရှိထားတဲ့ Black ဆိုတဲ့ ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းငယ်စဉ်ဘ၀ထဲက အစ်ကိုဖြစ်သူကို ချောက်တွန်းတတ်တဲ့ အာဒီသရ သူချောက်တွန်းတာကို အမြဲခံရပြီး အိမ်ကနေထွက်သွားခဲ့တဲ့ အစ်ကိုဖြစ်သူအာဂျွန်အစ်ကိုဖြစ်သူကို အမြဲအိမ်မက်ထဲထည့်မက်ပြီး နောင်တရနေတတ်တဲ့ အာဒီသရ တစ်ယောက် ဖခင်ဖြစ်သူရဲ့ဆန္ဒအရ ရဲတစ်ယောက်အဖြစ် အမှုထမ်းခဲ့ရတဲ့အခါသူအမှုထမ်းတဲ့နှစ်ရက်အတွင်းမှာပဲ ဓါးပြမှုတစ်ခု လူသတ်မှုတစ်ခုတို့ ဖြစ်ပေါ်လာခဲ့ပြီး အဲ့ဒီအမှုတွေထဲကို ပါဝင်ပတ်သတ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ။ သူ့အစ်ကိုနဲ့ကောပြန်ဆုံမှာလား ဆိုတာတော့ ဇာတ်လမ်းမှာပဲ ဆက်လက်လိုက်ပါစီးမျောခံစားလိုက်ပါဦး... File size…2.21GB / 1GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 18mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey ~ Lwin Htoo Aung ~ Kevin Aung
movie
Black (2022)
2022
5.1
F3: Fun and Frustration (2022)
ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။ File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie
F3: Fun and Frustration (2022)
2022
6.5
Godse (2022)
Godse 2022IMDb 6.5/10တစ်ချိန်က နာမည်ကြီး Crash Landing On You ဒရမ်မာရဲ့ နာမည်ကြီးစုံတွဲ BinJin တို့ရိုက်ကူးထားတဲ့ Negotiation ဇာတ်ကားနဲ့ ဆင်တူသော ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် Negotiation ကို မှီငြမ်းရိုက်ကူးထားတယ်ဆိုပြီး ပြောဆိုနေကြတဲ့ ဒီဇာတ်ကားလေးရဲ့အညွှန်းကိုဖတ်ကြည့်ရအောင်။ အိန္ဒိယနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ဖြစ်တဲ့ Aiahwarya Lekshmiက ဗိုင်ရှာလီအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Satyadev Kancharanaက ဂိုစီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ညှိုနှိုင်းဆွေးနွေးရေးလုပ်တဲ့အခါ သူများနဲ့မတူ ကျွမ်းကျင်လှတဲ့ ဗိုင်ရှာလီက နောက်လိုက်အမှားကြောင့် ဓားစာခံကိုယ်ဝန်သည်တစ်ယောက်ကို ဆုံးရှူံးလိုက်ရပြီးသူမကိုယ်သူမအပြစ်ရှိတယ်ခံစားရကာ အလုပ်ထွက်စာတင်ခဲ့ပါတယ် ဒါပေမယ့် သူ့ရဲ့ဒုရဲအုပ်က ဆယ်ရက်အချိန်ပေးပြီးစဉ်းစားခိုင်းခဲ့ပါတယ် ဒီဆယ်ရက်အတွင်းမှာ ထင်မထားတဲ့ပြောင်းလဲမှုကြီး ထွက်ပေါ်လာခဲ့ပါတယ် အဲဒီပြောင်းလဲမှုကြီးကဘာများဖြစ်မလဲ Trauma ရနေတဲ့ ဗိုင်ရှာလီကရော ဓားစာခံတွေကို ထပ်ကယ်တင်ပေးနိုင်မှာလား မင်းသား မင်းသမီး သရုပ်ဆောင်မှုတွေ အထူးသဖြင့် မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမှာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed By Yunni File size….........2.8GB / 1.3GB Quality…..........1080p WEB DL AAC5.1Ch / 720p Format…..........mp4 Duration…........2h 22mins Subtitle…..........Myanmar Subtitle (Hard Sub) Encoder…..........YK Translated by....Lwin Htoo Aung & Yunni & GuuGuu & ...
movie
Godse (2022)
2022
8.1
Ante… Sundaraniki! (2022)
Ante Sundaraniki (2022) IMDb Rating- 8.1/10ရှေးရိုးစွဲမိသားစုတစ်ခုကနေဆင်းသက်လာတဲ့ "ဆန်ဒါ" ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ ပြည့်နှက်နေတဲ့သူပါ တစ်နေ့ ကျောင်းပြဇာတ်ပွဲမှာ ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့သူ့ကို ဒါရိုက်တာတစ်ယောက်က မျက်စိကျသွားပြီး U.S မှာ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ် ဒါနဲ့ပတ်သတ်လို့ မိသားစုတွင်းမှာအချေအတင်ဖြစ်ခဲ့ပေမဲ့ သွားဖို့ခွင်ပြုချက်ရခဲ့ပါတယ် သို့သော် သွားခါနီးလေးမှာ သူတို့သိလိုက်ရတဲ့အမှန်တရားကတော့ ဒါရိုက်တာက လူကုန်ကူးသမားဖြစ်နေခဲ့တာပါ ဒါနဲ့ပတ်သတ်ပြီး မိသားစုတစ်ယောက်ချင်းစီမှာ အကြောက်တရားကိုယ်စီဝင်သွားခဲ့တာကြောင့် ဆန်ဒါကို ခါတိုင်းထက်ပိုပြီး ဓလေ့ထုံးတမ်းတွေနဲ့ချုပ်ချယ်ခဲ့ပါတယ် ဗဒင်နက္ခတ်တွေနဲ့ ကံဇာတာဟောချက်တွေအရ သူ့ခင်ဗျာ ရေတောင်ကောင်းကောင်းမသောက်နိုင်ရှာပါဘူး... သူ့အနေနဲ့သရုပ်ဆောင်ဖြစ်ဖို့လက်လျှော့ခဲ့ရပေမဲ့ U.S သွားရဖို့ကိုတော့ ပိုပြီးအသည်းအသန်ဖြစ်လာခဲ့ပါတယ် လီလာဆိုတဲ့ ကလေးမလေးကတော့ အများနဲ့မတူတမူထူးခြားနေလို့ အပေါင်းအသင်းမရှိတဲ့ကလေးတစ်ယောက်ပါ သူမရဲ့မိသားစုကတော့ ပွင့်လင်းပြီး နားလည်မှုအပြည့်ပေးခဲ့တာကြောင့် အိမ်ကသူ့အတွက် န ားခိုရာဖြစ်ခဲ့ပါတယ် သို့သော် မိဘအတ္တဆိုသည်မှာတော့ မိသားစုတိုင်းမှာရှိစမြဲပါ လီလာ့အနေနဲ့ အစ်မဖြစ်သူနဲ့မတူဘဲ လိုချင်တာအမြဲနေခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေပေးစားတဲ့သူနဲ့ယူဖို့ အခြေအနေဖန်လာခဲ့ပါတယ်...လီလာမှာလည်း ချစ်ရတဲ့သူသတ်သတ် ရှိနှင့်နေပြီးဖြစ်ပါတယ် ဆန်ဒါနဲ့လီလာကတော့ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ် ဆန်ဒါဖက်ကတော့ ခံစားချက်ရှိနေခဲ့ပေမဲ့ ဖွင့်ပြောဖို့အတွက် အခြေအနေ မပေးခဲ့ပါဘူး.... ကဲ ဆန်ဒါ တစ်ယောက် သူ့ရဲ့ U.S အိမ်မက်ကို ဘယ်လိုအကောင်ထည်ဖော်မလဲ... လီလာကရောအိမ်နဲ့ထားရှိခဲ့ရတဲ့ကတိတွေကြားကနေ သူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲ.... သူငယ်ချင်းနှစ်ယောက်ရဲ့ ...
movie
Ante… Sundaraniki! (2022)
8.9
Kothala Rayudu (2022)
Kothala Rayudu (2022)================= IMDb Rating - 8.9/10IMDb ကြီးမြင်ပြီး လန့်မသွားနဲ့ဦးဗျ။ ဟ Game of Thrones ကိုတောင်မီခါနီ: ပါလားတို့ဘာတို့ပေါ့။ တမီးလ် IMDb rating ဆိုတော့ ဒီလောက်တော့ နည်းနည်း ပါးပါးရှိတာပေါ့ဗျာ၊ နိုင်ငံတကာဘာညာကွိကွတွေရဲ့ မျက်စိထဲသာ ဒါဟာမသင့် တော်တဲ့ Rating ကြီးဘာညာလာမှာဗျ။ တောင်ပိုင်းကားကြိုက်နှစ်သက်သူတွေ အတွက်ဆိုရင်တော့ သေချာပေါက်ကို ကြည့်သင့်တဲ့ကားလေးပါ။ Action/ Romance အမျိုးအစားဆိုတော့ အက်ရှင်ခန်းကောင်းကောင်းလေးနဲ့ မေတ္တာဇာတ်လမ်းလေးခံစားချင်ရင် ကြည့်ရမယ့်ကားမျိုး။ဇာတ်လမ်းကတော့ တောင်ပိုင်းကားတို့ရဲ့ထုံစံအတိုင်း အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူပျိုကြီးဖြစ်တဲ့ Srikanth Meka ရဲ့ အိမ်ကပေးစားတဲ့ကောင်မလေးတွေကို ပတ်ပြေးရင်း၊ ပတ်ရှုပ်ရင်း ဇာတ်ရှုပ်ထဲကိုဝင်မယ့်ကားဗျ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် တစ်ကိုယ်ကြီးလူပျိုသိုးကြီး Srikanth Meka ဟာ လတ်မှတ်ရောင်းဝယ်ရေးကုမ္ပဏီကြီးမှာ မန်နေဂျာ အလုပ်လုပ်ရင်း အိမ်ထောင်မှုကိစ္စဆိုတာ အိမ်မှာထောင်ကျတာပဲဆိုပြီး ပတ်ပြေးနေတဲ့သူပေါ့။ ပတ်ပြေးနေသာပြေးတာ ကောင်မလေးချောချောလေး မြင်တာနဲ့ အီစီကလီဘာညာကွိကွပိုင်းလုပ်ဖို့ကိုတော့လည်း လက်မနှေးတဲ့ လူပျိုကြီးပါပဲ။ တစ်ချို့ကိစ္စတွေမှာ သူများကိုကူညီရင်း လူမိုက်တွေကြားထဲကို ဓါးခုတ်ရာ ဘယ်လိုလက်၀င်လျှိုမှာလဲ။ အချစ်ကိုတန်ဖိုးမထား အီစကလီတွေ များတဲ့လူပျိုကြီး တကယ်အချစ်နဲ့တွေ့တဲ့အချိန် ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ...
movie
Kothala Rayudu (2022)
2022
6.9
Zombie Reddy (2021)
Zoombie Reddy (2021)အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေလူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်းနှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီးချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားကမြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်းဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်ကကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်းChannel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ File size…4GB / 1.4Gb ...
movie
Zombie Reddy (2021)
2021
7.7
Climax (2021)
Climax (2021)============IMDb Rating - 7.7/10၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်ကားကောင်းလေးတွေထဲကမှ တမီးလ်မှုခင်းရုပ်ရှင်ကား ကောင်းလေးကြည့်ချင်ရင် ဒီကားလေးကိုကြည့်ဖို့တိုက်တွန်းပါရစေဗျ။ တောင်ပိုင်းကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်း၊ ဇာတ်ကွက်နဲ့ ဇာတ်လမ်းထဲကပြောစကားတွေ ရှယ်ကောင်းလွန်းတာတော့ သိပ်ပြောစရာလိုမယ်မထင်ပါဘူး။ လစ်ဟနေတာတော့ ထောက်ပြ စရာတွေပါးပါးလေးရှိပေမဲ့မို့ ဇာတ်လမ်းတစ်ဆုံးထိ တောက်လျှောက်မျောလို့ကောင်းဦးမယ့် တမီးလ်ကားကောင်းလေးပါပဲ။ဇာတ်လမ်းအကျဥ်းလေးပြောပြရရင် မိုဒီဆိုတဲ့ဘဲကြီးဟာ ဘဝမှာ ပျော်ပျော်နေသေခဲဆိုတဲ့ဘဲကြီး ပေါ့ဗျာ။ ဘဝကြီးကို အပြည့်အဝအသက်ရှင်နေထိုင်ပြီး ဘာသောကမှမရှိဘဲ နေတတ်တဲ့သူမျိူးပေါ့။ သူ့မှာရည်မှန်းချက် ၃ ခုရှိတယ်တဲ့ဗျ။ နာမည်ကြီးဖို့ရယ်၊ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူဖြစ်ဖို့ရယ်၊ နိုင်ငံရေးလောကထဲဝင်ဖို့ရယ်တဲ့ဗျာ။ ဒီတော့ အဲလိုလူကြီး ပက်ပက်စက်စက်အသတ်ခံရတဲ့အခါ သူ့ရဲ့ရည်မှန်းချက် ၃ ခုရောပြည့်သွားရဲ့လား၊ ဇာတ်လမ်းအစတည်းက ပါလာတဲ့ နာဗရာဆိုတဲ့ ကောင်မလေး ဘယ်ဇာတ်ရုပ်ကနေ ပါဝင်လာမလဲ၊ ဘယ်လောက်ဇာတ်ကောင်စရိုက်ရှုပ်၊ ဇာတ်လမ်းတွေရှုပ်၊ လူ့သရုပ်ဖော်ဦးမလဲဆိုတာကိုတော့ ၂၀၂၁ ခုနှစ်ထွက် Climax ဆိုတဲ့ တမီးလ်ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ San Thu Aung ဖြစ်ပါတယ်။File Size - (1.26 GB)/(750 MB)/(400 MB) Quality – WebRip - (1080p)/(720p)/(480p) Duration ...
movie
Climax (2021)
2021
8.7
Baahubali 2: The Conclusion (2017) Bahubali 2
IMDb Rating (8.2) / Rotten Tomatoes (86%)ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ...
movie
Baahubali 2: The Conclusion (2017) Bahubali 2
2017
4K HEVC
4.6
Vinaya Vidheya Rama (2019)
ကဲ စာမမှန်ရင် မကြည့်ဘူး၊ကွာလတီမကောင်းရင်မကြည့်ဘူး ဆိုသူတွေအတွက်စာအမှန်နဲ့ ကွာလတီကောင်းကောင်းနဲ့ ရပါပြီ။ပထမဗားရှင်းမှာ စာမပါဘဲ ရုပ်ထွက်လည်းခုဗားရှင်းလောက် မကောင်းခဲ့ပါ။စာအမှန်ကို စောင့်ပေးကြတဲ့အတွက်ကျေးဇူးအထူးပင် တင်ပါတယ်။တေလဂူးမင်းသားချော ရမ်ချာရန်း အများအခေါ် ဘိုင်ရာဗာရယ်လို့ လူကြိုက်များတဲ့ မင်းသားရဲ့ ၂၀၁၉ မှာ ထွက်လာခဲ့တဲ့ကား ဆိုတာကို အထူးတလည် မိတ်ဆက်ဖို့ လိုမယ်မထင်ပါ။--------------------သိပ်ကို ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ရမ်ချာရန်းပါပဲ။သူ့ကို မွေးစားခဲ့တဲ့ ကလေး၄ယောက်ကိုအစ်ကိုကြီးတွေအဖြစ် သိပ်ကို ချစ်ရပါတယ်။အိပ်မပျော်ခင် နောက်ဆုံးတွေးတဲ့ အတွေးနဲ့မနက်အိပ်ယာထချိန် အစောဆုံး တွေးတဲ့ အတွေးတောင်သူတို့ လေးယောက် အဖို့ပါ။အဲ့သလောက်ကို ချစ်ပါတယ်။သူတို့လေးယောက်ရဲ့ ဇနီးတွေနဲ့ အတူရမ်းချာရန်ဟာ နေထိုင်ခဲ့တယ်။မိန်းမလား... ဟင့်အင်း စိတ်မဝင်စား ပညာရေးလား ... ဟင့်အင်း စိတ်မဝင်စားဘာဆို ဘာမှ မစဉ်းစားဘဲ အစ်ကို လေးယောက်အတွက်ပဲစဉ်းစားတတ်သူပါ။သူတို့အတွက်ဆို အသက်တောင်ပေးမလောက်ပဲ။တနေ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အစ်ကိုနဲ့လတ်တလော မဲဝင်ပြိုင်မယ့် ပါတီဝင်တွေနဲ့စကားများရာကစ...ပြဿနာတက်ခဲ့ရမှာတော့.....ကဲ ကိုယ်တိုင် ခံစားရမယ့် ...
movie
Vinaya Vidheya Rama (2019)
2019
7.1
F2: Fun and Frustration(2019)
F2: Fun and Frustration(2019) IMDb...7.1 ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စာအုပ်တစ်အုပ်မှာ ယောကျာ်းကောင်းတွေက မိန်းမကြောက်ကြတယ်လို့ရေးဖူးတယ်..... မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ယောက်ျားအားလုံးနီးပါး မိန်းမကြောက်ကြပါတယ်... ဒီကုလားကားကတော့ မိန်းမစိတ်ကိုနားလည်ဖို့ကြိုးစားကြတဲ့ မယားညီအစ်ကိုနှစ်ကောင်နဲ့ သူ့တို့မိန်းမတွေ အကြောင်းပေါ့။ ယေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ဒီကားထဲက ညီအကို(၂)ယောက်ဟာ ယောင်္ကျားထုအားလုံးကို ကိုယ်စားပြုပြီး မိန်းကလေး(၂)ယောက်ကတော့ မိန်းမထုအားလုံးကို ကိုယ်စားပြုနေပါတယ်... အချို့ ကုလားကားတွေလို Over actionတွေမပါတဲ့အပြင် Over actionတွေကို သရော်သွားပြီး သမီးရည်းစားအနေအထား အိမ်ထောင်သည်အနေအထား နှစ်ဘက်မိဘဆွေမျိုးတွေကိုပတ်သက်ရတဲ့အနေအထားအားလုံးကို ပညာသားပါပါလေးနဲ့ ဟာသလေးတွေစွက်ပြီး ပြသွားပါတယ်.... မိန်းမနိုင်ဖို့ကြိုးစားနေတဲ့သူတွေအဖို့ ရှောင်ရန်ပညာလေးတွေရနိုင်သလို မိန်းမကြောက်ရသူတို့အဖို့ ငါတို့သည် ယောင်္ကျားသားများသာလို့ ခပ်တည်တည်တွေးရမယ့် ကားလေးပါ.. အမျိုးသမီးတို့အဖို့တော့ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ နိယာမကို ဘယ်သူကများ တွန်းလှန်နိုင်ပါ့မလဲလို့ ပီတီဟန်တွေအပြည့်နဲ့ ပြုံးနိုင်မယ့်ကားဆိုပါတော့... ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ရသလို ပညာလည်းရတဲ့ ကောင်းလည်းကောင်းတဲ့ ကုလားကားတွေမှ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်ကြပါလို့ တိုက်တွန်းအပ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ အိမ်ထောင်မကျသေးတဲ့ WiRa Aung ပဲဖြစ်ပါတယ်... File Size : (1.24GB) and (400 MB) Quality : WEB-DL 720p, Format…mp4 Duration…02:28:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded ...
movie
2019
1
2
Previous