Channel Myanmar

Priyadarshi Pullikonda

Sarangapani Jathakam (2025) 5.3
Sarangapani Jathakam (2025) Sarangapani Jathakam (2025)"ဆူးပုံနင်းတဲ့မျက်ကန်း" =============================================စီအမ်ပရိသတ်တွေ ပေါ့ပေါ့ပါးပါး ခံစားနိုင်ဖို့ တော်တော်လေးရယ်ရပြီးစိတ်ဝင်စားစရာလည်းကောင်းတဲ့ တေလေဂူးစကားပြော ဟာသဒရာမာရုပ်ရှင်လေးတစ်ခုကို စီအမ်ဘီတီးမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ဆာရန်ဂါဟာ ဗေဒင်တွေ၊ ဇာတာခွင်တွေကို မျက်စိမှိတ်ယုံကြည်တဲ့ ကားကုမ္ပဏီဝန်ထမ်း အရောင်းသမားတစ်ယောက်ဖြစ်ပါတယ်။ဗေဒင်ဆိုရင် မျက်စိမှိတ်ယုံရလောက်တဲ့ထိ သူတသက်လုံး မေးခဲ့တဲ့ဗေဒင်တိုင်းကလည်း သူ့အတွက် ဟောချက်တွေမှန်ခဲ့ပါတယ်။ဗေဒင်ရဲ့ကျေးဇူးနဲ့ပဲ သူတို့ရုံးက ချောပေ့လှပေ့ဆိုတဲ့ အထက်လူကြီး စီနီယာဘော့စ်မမကို ရည်းစားတော်ထားခွင့်ရတဲ့ဖိုးကံကောင်းလေးပေါ့။အဲဒီလို ဗေဒင်ကြောင့် တစ်ဘဝလုံး အဆင်ချောလာနေရင်းကနေ ကလပ်တစ်ခုမှာ မတော်တဆတွေ့တဲ့ ဟောချက်တွေအင်မတန်မှန်တယ်ဆိုတဲ့ လူထူးဆန်း လက္ခဏာဆရာတစ်ယောက်ကဆာရန်ဂါ့ကို လူသဝာ်သမားဖြစ်မယ့်လက္ခဏာပါတယ်လို့ ဟောသွားတဲ့အခါမှာတော့ ဗေဒင်ဆိုရင် မျက်စိမှိတ်ယုံကြည်တဲ့ ဆာရန်ဂါတယောက် ကမူးရှူးထိုးနဲ့ ကြုံရာလူတစ်ယောက်ကိုသဝာ်ပြီးယတြာချေဖို့ကြိုးစားရာကနေ တလွဲတချော်တွေကြုံရပုံကို အခွီတလိုင်း မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.4 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 20min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Sarangapani Jathakam (2025)

28 Degree Celsius (2025) 5.9
28 Degree Celsius (2025) 28 Degree Celsius (2025)အချစ်ရဲ့အေးစက်မှု ကာသစ်နဲ့ အန်ဂျလီတဲ့... ဆေးကျောင်းရဲ့ ချိုမြိန်တဲ့ အမှတ်တရတွေကနေ ဘဝလက်တွဲဖော်တွေအဖြစ် ရောက်ရှိလာခဲ့ကြတဲ့ စုံတွဲတစ်တွဲပေါ့ သူတို့ရဲ့ အချစ်က ဘယ်အရာနဲ့မှ လဲလို့မရနိုင်ဘူးလို့ ထင်ခဲ့ကြပေမဲ့ အချစ်စစ်ဆိုတဲ့အတိုင်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုက သူတို့ရဲ့ ပျော်ရွှင်မှုကို ရိုက်ချိုးလိုက်ပါတယ် အဲဒါကတော့ အန်ဂျလီက အသက်ရှူဖို့တောင် ခက်ခဲစေတဲ့ ရှားပါးရောဂါတစ်ခုကို ခံစားနေရပြီး သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်က အမြဲတမ်း ၂၈ ဒီဂရီ စင်တီဂရိတ်မှာ တည်ငြိမ်နေမှသာ အသက်ဆက်နိုင်တော့မှာပါ ကုသနိုင်မဲ့ နည်းလမ်းတစ်ခုကို မျှော်ကိုးရင်း သူတို့ ဂျော်ဂျီယာကို ခရီးထွက်ခဲ့ကြတယ် ဒါပေမဲ့ အဲဒီခရီးဟာ သူတို့ရဲ့ နောက်ဆုံးခရီး ဖြစ်လာနိုင်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲမကြာခင်မှာပဲ အန်ဂျလီဟာ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သေဆုံးသွားခဲ့ပြီး ကာ့သစ်တစ်ယောက် ဝေဒနာတွေနဲ့အတူ ကျန်ရစ်ခဲ့တော့တယ် ဒါပေမဲ့ သူ့ရဲ့ နာကျင်မှုတွေကြားထဲကနေ သံသယရဲ့ မီးပွားလေးတွေ ...
movie

28 Degree Celsius (2025)

Court – State Vs. A Nobody (2025) 8
Court – State Vs. A Nobody (2025) Court - State vs. A Nobody (2025) "အညတရလူတစ်ယောက်အတွက်"တေလဂူးစကားပြော တရားခွင် ရုံကားအသစ်ဖြစ်ပြီး ၆၆.၇၅ ကုဋေအထိ ရုံတင်ငွေ ရရှိထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်တေဂျာဟာ ရှေ့နေပေါက်စတစ်ယောက်ဖြစ်ပြီး သူတို့ရှေ့နေရုံးခန်းက ဆရာကြီးနဲ့တကွ စီနီယာရှေ့နေတွေကျေးဇူးကြောင့် အလုပ်သက်တမ်း ၃ နှစ်အတွင်း အမှုတစ်ခုမှ ကိုယ်တိုင်မကိုင်ဖူးသေးဘဲ စိတ်ပျက်လျက်ရှိပါတယ်ကံအကြောင်းဖန်လာတော့ လေးရက်နေရင် စီရင်ချက်ချတော့မယ့် အားလုံးကလက်လျှော့ထားတဲ့ ၁၉ နှစ်အရွယ်တရားခံကောင်လေးနဲ့ ပတ်သက်သူတွေက အကူအညီတောင်းလာတဲ့အခါတရားလိုက ၁၇ နှစ်အရွယ်မိန်းကလေးရဲ့ အကောင်ကြီးကြီး အသိုင်းအဝိုင်းဖြစ်နေတာကြောင့်ရယ် အချိန်လည်းမရှိတော့တဲ့ ဒီကောင်လေးအတွက် တေဂျာတစ်ယောက် ကယ်တင်ရှင်ဖြစ်လာနိုင်မလား ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ ToMo ~ Cherry ~ Yunni မှ ဖြစ်ပါတယ် File size… 1.8 GB / 940 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Court – State Vs. A Nobody (2025)

Game Changer (2025) 6.1
Game Changer (2025) Game changer (2025) ဝှက်ဖဲRRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့ မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့ ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ ….ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့ ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။…..ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ ရာထူးတိုးပြီးလို့ နယ်ပြောင်းတာကို နောက်ကလိုက်ရန်ရှာတဲ့လူမိုက်ငချွတ်လေးတွေရှိလို့ အေးဆေးရထားလေးစီးမသွားရပဲ ငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့် ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့် ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက် ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲက ဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကို ပရိသတိကြီးအတွက် တင်ဆက်ပေးပါရစေအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။ File size… 4 GB /2.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 45min Subtitle….Myanmar Subtitle (Hard ...
movie

Game Changer (2025)

4K HEVC
Awe! (2018) 7.6
Awe! (2018) Awe! (2018) "ဆန်းဆန်းပြားပြား" IMDb - 7.6/10ထူးခြားတဲ့ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ ထူးခြားတဲ့ဇာတ်ကောင်တွေကို ထူးထူးခြားခြားရိုက်ကူးတင်ဆက်ထားတဲ့ တလေဂူးရုပ်ရှင်။တောင်ပိုင်မင်းသမီးချောတွေဖြစ်တဲ့ ကာဂျယ်လ်အက်ဂ်ဝယ်လ်နဲ့ ရက်ဂျီနာကာဆန်ဒရာတို့ပါဝင်ထားကြပါတယ်။မိဘတွေကိုပြန်တွေ့ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချိန်ခရီးသွားစက်တီထွင်ဖို့မျှော်လင့်နေတဲ့ ရှီဗာ။ ဘီးတပ်ကုလားထိုင်ခုံနဲ့ အနာဂတ်က သူပါဆိုပြီးရောက်လာတာက ပါဗသီဆိုတဲ့အမျိုးသမီးတစ်ယောက်။ ရွှေငါးတစ်ကောင်နဲ့ ဘွန်ဇိုင်းပင်ဆီက အကြံယူပြီး စားဖိုမှူးလုပ်စားနေတဲ့ နာလာ။ မူးယစ်ဆေးစွဲနေတဲ့ ကော်ဖီဖျော်တဲ့သူ မီရာ။ရှေးရိုးစွဲမိဘတွေကို ဘ၀လက်တွဲဖော်နဲ့မိတ်ဆက်ဖို့ဆိုပြီး မိတ်ဆက်ပေးဖို့လုပ်တဲ့ လိင်တူချစ်သူ ရာဒါ။ စသဖြင့် စရိုက်အသီးအသီး ပုံစံအစုံစုံနဲ့ ဇာတ်ကောင်တွေကို ဇာတ်အိမ်တစ်ခုမှာဖွဲ့စည်းလိုက်တဲ့အခါ။ ထင်မှတ်မထားတဲ့အကြောင်းအရာတွေနဲ့ ကြည့်ပျော်မဲ့ရုပ်ရှင်မို့ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။) File size… 1.7 GB / 834 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Awe! (2018)

Utsavam (2024) 7.1
Utsavam (2024) Utsavam (2024) "ဘဝပြဇာတ်ခုံ"ရိုးရာပြဇာတ်ကပြခြင်းကို အခြေခံရိုက်ကူးထားတဲ့ တေလဂူး ဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်ခရစ်ရှနာက ပြဇာတ်မျိုးရိုးကနေ ပေါက်ဖွားလာတဲ့သူ.. သူ့ရဲ့ အဖေက တစ်ချိန်ကဆုတံဆိပ်များစွာ ရရှိခဲ့တဲ့ သဘင်သည်ကြီးတစ်ယောက်ဒါပေမဲ့ တိုးတက်လာတဲ့ခေတ် ပြဇာတ်ဆိုတာကို ဘယ်သူမှတန်ဖိုးမထားတော့တဲ့ ကာလမှာ သူတို့အနုပညာလည်း မှေးမှိန်လာခဲ့တယ်ရိုးရာအနုပညာအတွက် စိတ်ဆန္ဒပြင်းပြတဲ့ ခရစ်ရှနာက သူ့ချစ်သူကောင်မလေး ရာမာနဲ့အတူ အဖေဖြစ်သူရဲ့ လမ်းညွှန်မှုနောက်ကိုလိုက်ပြီး ခေတ်သစ်ကမ္ဘာမှာ ပျောက်ကွယ်လုနီးဖြစ်တဲ့ ရိုးရာဓလေ့၊ သဘင်အနုပညာကို ဘယ်လိုပြန်အသက်သွင်းဖို့ ကြိုးစားမလဲ ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 3.2 GB / 1.7  GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Utsavam (2024)

35 – Chinna Katha Kaadu (2024) 6.7
35 – Chinna Katha Kaadu (2024) 35 Cinna Katha Kaadu (2024) အညတစ်ရဇာတ်လမ်းတစ်ပုဒ်မဟုတ်IMDb 7.7/10 "သင်မေးခွန်းမထုတ်တဲ့အခါ လူတွေကသင့်ကို ဘာမှသိတဲ့ကောင်မဟုတ်ဘူးလို့ပြောကြမယ်" "သင်မေးခွန်းထုတ်မယ်ပြင်နေရင်တော့ ပါးစပ်ပိတ်ပြီး လုပ်စရာရှိတာလုပ်လို့ဆူကြလိမ့်မယ်" "နှစ်နဲ့သုညမြှောက်တာ ဘာလို့ သုညရတာလဲ? နှစ်နဲ့သုညမြှောက်ရင်နှစ်မရနိုင်ဘူးလား? သုညဟာတန်ဖိုးမရှိဘူးလို့ဘယ်သူသတ်မှတ်ခဲ့တာလဲ?" ဒါဟာကျောင်းသားလေးအာရွန်ရဲ့မေးခွန်းတွေပါ "လူတိုင်းသင်ယူနေတဲ့အရာကိုလိုက်ပြီးမလုပ်နိုင်တဲ့အခါမှာသင်ဟာလူညံ့တစ်ယောက်ပဲ လူတိုင်းလုပ်နေတဲ့အခါအဲဒီအရာကိုမှားပါတယ်လို့ပြောခွင့်မရှိတော့ဘူး"သင်္ချာမှာညံ့တဲ့ကျောင်းသားလေးအာရွန် သူ‌ရဲ့မေးခွန်းတွေမှာ သင်္ချာဆရာတွေအကြိမ်ကြိမ်ကျရှုံးရမြဲ အမြဲတမ်းအပြစ်ပေးခံနေရ အမြဲတမ်းဆူပူကြိမ်းမောင်းခံနေရပြီး အမေနဲ့အဖေကလဲဘယ်လောက်သင်ပေးသင်ပေးရင်းနဲ့သာစိတ်ညစ်ကြရတယ် သူကတော့သင်္ချာကိုနားမလည်နိုင်ပါဘူး ဒီလိုပုံစံနဲ့ဘဝကြီးကိုဘယ်လိုရှင်သန်မလဲ အခက်အခဲတွေကို‌ကလေးတစ်ယောက်အနေနဲ့ဘယ်လိုကျော်ဖြတ်မလဲ နောက်ဆုံးမှာသူ့ဘဝရဲ့အကြီးမားဆုံးမေးခွန်းဖြစ်တဲ့ သင်္ချာဆိုတဲ့အရာကိုနားလည်နိုင်စွမ်းရှိသွားမလားဆိုတာကို မိသားစုဟာသကားပုံစံလေးနဲ့တင်ဆက်ပေးထားတဲ့ ရသစုံပညာရေးကားလေးပဲဖြစ်ပါတယ်(အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 1.7 GB / 920 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

35 – Chinna Katha Kaadu (2024)

Darling (2024) 7.6
Darling (2024) Darling 2024 (ဒါလင်)စာလုပ်ရမှာပျင်းတဲ့ ရာဂါ့ဗ်ဆိုတဲ့ကောင်လေးကို စာကြိုးစားလို့ အလုပ်ကောင်းကောင်းရရင် မိန်းမကောင်းကောင်းရမယ်လို့ အမေဖြစ်သူရဲ့ ပြောကြားချက်အရ စာကို ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူ မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်းအနေနဲ့ ပဲရစ်နိုင်ငံကိုသွားတဲ့အခါမှာတော့ ရာဂါ့ဗ်ဟာ စာကိုကြိုးစားလုပ်, အလုပ်ကောင်းကောင်းရအောင်လုပ်ပြီး မိန်းမကောင်းလေးနဲ့ လက်ထပ်ပြီးနောက် ပဲရစ်ကို ဟန်းနီးမွန်းထွက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားခဲ့ပါတော့တယ်။ဒီလိုနဲ့ သူ့ရည်မှန်းချက်အတိုင်း စာကြိုးစားလို့ အလုပ်နေရာကောင်းကောင်းရပြီး ပိုက်ဆံလည်း အတော်အတန်စုမိပေမယ့် ဘေးနားမှာ လက်တွဲဖော်ကောင်းကတော့ ရှိမနေသေးတဲ့အတွက် မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်။စိတ်ပါလက်ပါ ကြိုးစားပမ်းစားနဲ့ ရှာပုံတော်ဖွင့်ရင်းနဲ့ ကံကောင်းထောက်မစွာနဲ့ ပဲရစ်နိုင်ငံရဲ့ တော်ဝင်မိသားစုက သမီးဖြစ်သူနဲ့ ဖူးစာစုံသွားပါတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ကျပြီးတော့မှ မိန်းမဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါမှာ ....... မိန်းမဖြစ်သူနဲ့ ရာဂါ့ဗ်တစ်ယောက် ဘယ်လိုတွေ ရှေ့ဆက်နှပါးသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်တစ်ဟာသ တေလ်ဂူဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.4GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team 
movie

Darling (2024)

2024
Om Bheem Bush (2024) 6.1
Om Bheem Bush (2024) Om Bheem Bush (2024)"မစူးစမ်းသင့်တဲ့အကြောင်းအရာ" =============================================တေလဂူးစကားပြော ပေါ့ပေါ့ပါးပါး သရဲဟာသ ရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ခရစ်ရှ်၊ ဗီနေးနဲ့ မာဒေ့ဗ်ဆိုတဲ့ လူ့ပေါ်ကြော့ သုံးယောက်။ သူတို့သုံးယောက်ဟာ ကောလိပ်တစ်ခုက ကျောင်းအုပ်ကို ဒုက္ခပေါင်းစုံပေးလို့ ကျောင်းအုပ်ကတောင် ဒေါက်တာဘွဲ့ ပေးပြီး ကျောင်းကနှင်ထုတ်ရလောက်တဲ့ထိ ဆိုးသွမ်းကြတဲ့သူတွေပါ။သူတို့ဟာ ကောလိပ်ကနေ ထွက်လာခဲ့ပြီး လျှောက်သွားရင်း လမ်းတစ်နေရာမှာ နတ်ဆရာတစ်ယောက် ရွှေအိုးရှာ၊ အပနှင်နေတာတွေ့ပြီး သူတို့လည်း အဲဒီလိုနည်းနဲ့ ပိုက်ဆံရှာလို့ရတယ်လို့ အတွေးဝင်သွားတဲ့အတွက် ရွာတစ်ရွာမှာအခြေချပြီး ရတနာမုဆိုး ပယောဂဆရာတွေလုပ်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ သူတို့အခြေချဖို့ ရွေးမိတဲ့ရွာမှာ တကယ့် အောက်လမ်းမှော်ပညာတွေရှိနေတဲ့အခါမှာတော့ သူတို့ရဲ့ သိုက်တူး၊ သရဲဖမ်းအစီအစဉ်ကြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.4GB / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Om Bheem Bush (2024)

2024
Hi Nanna (2023) 8.4
Hi Nanna (2023) Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ)IMDb 8.4/10 , RT 100%Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေMain cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ်“တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ”ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့…ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ...
movie

Hi Nanna (2023)

2023
4K HEVC
Mangalavaaram (2023) 6.8
Mangalavaaram (2023) Mangalavaram (2023) အင်္ဂါနေ့ရဲ့အိပ်မက်ဆိုးများ IMDb - 6.8/10ယခုတစ်ခါမှာတော့ Horror, Thriller အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ တစ်ခါက ရာဗီနဲ့ စိုင်လူဆိုတဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ရာဗီရဲ့ အဖေကအမြဲရိုက်နှက်ပြီး နှိပ်စက်နေသလို စိုင်လူရဲ့အဖေဟာလည်း ‌နောက်မိန်းမယူထားပြီး စိုင်လူရဲ့ အမွေတွေကိုပဲ မျက်စောင်းထိုးနေတဲ့သူဖြစ်ပါတယ်။ အဖေဆိုးတွေနဲ့ ကြီးပြင်းခဲ့ကြရတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်ကအရမ်းကိုချစ်ကြပြီးတော့ ရာဗီလေးဟာ စိုင်လူအတွက်ဆိုရင် ကာချယ်ရဖို့ ညဘက်ကြီး ဘုရားကျောင်းထဲက ကျပ်ခိုးသွားယူပြီး ကိုယ်တိုင်လုပ်ပေးခဲ့သူပါ။ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာကြပြီး တစ်ရက် သူတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ကြုံတွေ့လာရပါတော့တယ်။ ရွာရဲ့ အိမ်နံရံပေါ်မှာ အင်္ဂါနေ့တိုင်းရွာမှာ ဖောက်ပြန်နေတဲ့သူတွေရဲ့ နာမည်တွေကို ချရေးထားပြီး အဲဒီနံရံမှာရေးထားတဲ့ နာမည်စာရင်းထဲကသူတွေအကုန်လုံးဟာလည်း သေဆုံးကုန်ပါတယ်။သူတို့ရဲ့ရွာမှာက ဓလေ့တစ်ခုရှိနေပါတယ်။ အဲဒီဓလေ့ကတော့ မဟာလက်ရှ်မီးကို ကိုးကွယ်တဲ့ရွာ ဖြစ်တဲ့အလျောက် မဟာလက်ရှ်မီးဟာ အင်္ဂါနေ့ကို သဘောအကျဆုံးဖြစ်တဲ့အတွက် အင်္ဂါနေ့တိုင်းမှာ ရွာရဲ့ ရေကန်ထဲကို သက်ဆင်းတယ်ဆိုတဲ့အယူနဲ့ အင်္ဂါနေ့တိုင်းမှာ ရွာက တခြားနေ့တွေထက်ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိပါတယ်။ဒီလို လူအစည်ဆုံးဖြစ်တဲ့ အင်္ဂါနေ့မှာမှ ဘာလို့ နံရံမှာ ...
movie

Mangalavaaram (2023)

2023
Balagam (2023) 8.2
Balagam (2023) Balagam 2023 (IMDb 8.1)အခုတင်ဆက်ပေးမဲ့ တောင်ပိုင်းတလဂူး ဒရမ်မာလေးက rating ကောင်းမွန်သလို သာမန်ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွေကို ကျော်လွန်ပြီး လူ့သဘာဝအဖွဲ့ မိသားစုဒရမ်မာဇာတ်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ ဆယ်ကျော်သက်ဘဝတွေတုန်းက အသည်းစွဲ ဆရာမင်းလူရဲ့ ရယ်မောခြင်းအပိုင်းအစထဲက ဋရပ်ကွက်သားတွေလို ဒီဇာတ်ကားထဲကရွာသားတွေကို ကြည့်ရတာ သဘာဝလဲကျ ပြုံးလဲပြုံးမိရသလို ဂရုဏာလဲသက်လာမိရမှာပါဇာတ်လမ်းအစမှာ ဇာတ်ဆောင်မင်းသားက မြို့နဲ့ရပ်ဝေးရွာလေးမှာ ပီဇာဆိုင်ဖွင့်လိုက် အင်တာနက်ဆိုင်ထောင်လိုက် ဘီလိယကခုံထောင်လိုက်နဲ့ ဉာဏ်ကောင်းစွာစီးပွားရေးလုပ်ရင်း အကြွေးတင်သွားပါတယ်အဆိုပါအကြွေးကို ထပ်ဉာဏ်ကောင်းပြီး မိန်းမယူရင်း မိန်းမတင်တောင်းတဲ့ပိုက်ဆံနဲ့ ဆပ်ဖို့ကြံမှ မိန်းမယူခံနီး အဘိုးက ကောက်ခါငင်ခါသေဆုံးသွားပါတယအဲ့ကစ ဘုကျဘောက်ကျနဲ့ သဘာဝကျကျဇာတ်လမ်းဇာတ်ကွက်များကို ဘာတွေဆက်ဖြစ်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုဖို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.58GB  / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sai ~ Cherry ~ Nyein 
movie

Balagam (2023)

2023
Gurtunda Seetakalam (2022) 7.8
Gurtunda Seetakalam (2022) Gurthunda Seethakalam (2022)IMDb-7.7/10ဒီတစ်ခါတော့ ဘာဟုဗလီမင်းသမီးချောလေး သမန်နားပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူးလေးပါကန်နာဒါဘာသာစကားပြော love mocktail ဇာတ်ကားကို remake လုပ်ထားတဲ့ တေလဂူစကားပြော တောင်ပိုင်းရုပ်ရှင်ပါအိန္ဒိယကားတွေထဲမှာ အိုဗာအက်တင်တွေမပါဝင်ပဲ အချစ်အကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖော်ပြပေးထားတဲ့ ဒီကားလေးမှာ အချစ်ရဲ့အဓိပ္ပာယ်ကို အဓိကဇာတ်ဆောင် ဒေ့ဗ်ရဲ့ အချစ်ရှာပုံတော်ခရီးလေးနဲ့အတူ ဖွင့်ဆိုထားတာကို‌ တွေ့ရပါတယ် မူရင်းကားထဲကလို အိုဗာဟာသတွေဇွတ်ထည့်မနေပဲနဲ့ သင့်တော်တဲ့ရယ်ရွှင်စရာလေးတွေနဲ့ ကြည်နူးတစ်ခါပျော်ရွှင်တစ်လှည့်နဲ့ ကောင်မလေးနဲ့တူတူကြည်နူးနိုင်ဖို့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.05GB / 916MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Sai ThuRein ~ Nyein Aye
movie

Gurtunda Seetakalam (2022)

2022
Kanam (2022) 8.5
Kanam (2022) Oke Oka Jeevitham 2022 8.4/10 IMDbဟုတ်ကဲ့ဒီတစ်ခါတော့ အိန္ဒိယသိပ္ပံဇာတ်ကားလေးတစ်ခုလာပါပြီနော်ကျွန်တော်တို့သာအချိန်ခရီးသွားနိုင်မယ်ဆိုရင် အတိတ်ကအမှားတွေကိုပြန်ပြင်ဖို့ လူတိုင်းအတိတ်ကိုပြန်သွားချင်မှာပါပဲ..ဒါကတော့အချိန်ခရီးသွားမယ့်ဇာတ်လမ်းလေးပေါ့နော်တစ်နေ့သိပ္ပံပညာရှင် ပေါလ်နဲ့မိုက်ကယ်တို့နှစ်ယောက် အချိန်ယန္တရားစက်ကိုစမ်းသပ်တီထွင်ခဲ့ရာမှာ စမ်းသပ်မှုမအောင်မြင်ဖြစ်ပြီး မိုက်ကယ်ဆုံးသွားခဲ့ရပါတယ်အာဒီ၊ ချေတူးနဲ့စီနူးတို့က ဘဝမှာအခက်အခဲကိုယ်စီနဲ့ရုန်းကန်နေရတဲ့ ငယ်ပေါင်းသူငယ်ချင်းသုံးယောက်ပေါ့...အာဒီက ဂီတပညာရှင်တစ်ယောက်ဖြစ်ချင်ပေမယ့် စတိတ်စင်ကိုကြောက်တတ်တယ်..ချေတူးကအချစ်ရေးကိစ္စအဆင်မပြေနေတဲ့သူစရီနူးကတော့ ငယ်စဥ်ကစာကောင်းကောင်းမလုပ်ခဲ့ရလို့နောင်တရနေတဲ့သူပေါ့တစ်နေ့စီနူးက အာဒီ ချေတူးတို့နဲ့အတူ ပေါလ်ကိုအိမ်လိုက်ပြရာမှ အာဒီကပေါလ်ရဲ့သေတ္တာတစ်လုံးကိုသတိပြုမိသွားပါတယ်.. သေတ္တာပေါ်ကရက်စွဲကလဲ သူ့အမေမဆုံးခင်ကရက်စွဲနဲ့ဆိုတော့ အံ့သြသွားခဲ့ရပါတယ်ဒီလိုနဲ့ပေါလ်ရဲ့အချိန်ယန္တရားစက်ကြီးနဲ့ သူတို့အားလုံးရဲ့ကိုယ်စီပြဿနာတွေကို အတိတ်ကိုသွားပြီးပြောင်းလဲကြတဲ့အခါဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ မျှော်တလင့်လင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…2.8GB / 1.24GB Quality…1080p True WEB DL HQ / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Taylor & BpL
movie

Kanam (2022)

2022
A1 Express (2021) 6.3
A1 Express (2021) ဘောလိ၀ုဒ်ကားသစ်လေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့ sport - drama ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ A1 Express လေးကို တင်ဆက်ပေးလိုက်ပါတယ် ။( IMDB 6.3/10 ) ဒီရုပ်ရှင်ကားလေးကိုတော့ ဝါရင့် ဘောလိ၀ုဒ် မင်းသားကြီးတွေဖြစ်တဲ့ Krishna Murali နဲ့ Murali Sharma တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဘ၀မှာ ပြင်သစ်ကိုသွားဖို့ ရည်ရွယ်ချက်တစ်ခုထဲသာရှိတဲ့ လူငယ်လေး Naidu ..... Naidu တစ်ယောက် ကောလိပ်ကျောင်းအုပ်ဖြစ်တဲ့ ဦးလေး ရှိရာ ရာနမ်ကို ရောက်လာတဲ့အချိန် ဟော်ကီကစားသမား ကောင်မလေး Lavanya Rao နဲ့ အကြည့်ချင်းဆုံ ရင်တွေခုန်ပြီးသဘောကျမိသွားတာကြောင့် ပိုးပန်းဖို့ ကြိုးစားပါတော့တယ်Naidu ရဲ့ဦးလေးကတော့ ငယ်ငယ်တုန်းထဲက ကြီးလာရင် သူ့သမီးကို ယူမယ်လို့ လက်ခမောင်းခတ်ပ​ြီး ပြောထားတယ့် Naidu ရဲ့စကားကြောင့် သမီးဖြစ်သူ Divya Naidu လက်ထဲပါသွားမှာ စိုးရိမ်ပြီး Lavanya နဲ့ Naidu အမြန်ဆုံးနီးစပ်ရေးကို အစွမ်းကုန် ကူညီပေးတဲ့ အောင်သွယ်တော် ...
movie

A1 Express (2021)

2021
Black (2022) 7.9
Black (2022) ဒီတစ်ခေါက်မှာတော့ Opertaion Gold Fish ထဲက တောင်ပိုင်းမင်းသားချော အာဒီ ရဲ့ အက်ရှင်ကားလေးတစ်ကားဖြစ်ပြီး IMDB မှာ 7.9 ထိရရှိထားတဲ့ Black ဆိုတဲ့ ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းငယ်စဉ်ဘ၀ထဲက အစ်ကိုဖြစ်သူကို ချောက်တွန်းတတ်တဲ့ အာဒီသရ သူချောက်တွန်းတာကို အမြဲခံရပြီး အိမ်ကနေထွက်သွားခဲ့တဲ့ အစ်ကိုဖြစ်သူအာဂျွန်အစ်ကိုဖြစ်သူကို အမြဲအိမ်မက်ထဲထည့်မက်ပြီး နောင်တရနေတတ်တဲ့ အာဒီသရ တစ်ယောက် ဖခင်ဖြစ်သူရဲ့ဆန္ဒအရ ရဲတစ်ယောက်အဖြစ် အမှုထမ်းခဲ့ရတဲ့အခါသူအမှုထမ်းတဲ့နှစ်ရက်အတွင်းမှာပဲ ဓါးပြမှုတစ်ခု လူသတ်မှုတစ်ခုတို့ ဖြစ်ပေါ်လာခဲ့ပြီး အဲ့ဒီအမှုတွေထဲကို ပါဝင်ပတ်သတ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ။ သူ့အစ်ကိုနဲ့ကောပြန်ဆုံမှာလား ဆိုတာတော့ ဇာတ်လမ်းမှာပဲ ဆက်လက်လိုက်ပါစီးမျောခံစားလိုက်ပါဦး... File size…2.21GB / 1GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 18mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey ~ Lwin Htoo Aung ~ Kevin Aung
movie

Black (2022)

2022
Godse (2022) 6.5
Godse (2022) Godse 2022IMDb 6.5/10တစ်ချိန်က နာမည်ကြီး Crash Landing On You ဒရမ်မာရဲ့ နာမည်ကြီးစုံတွဲ BinJin တို့ရိုက်ကူးထားတဲ့ Negotiation ဇာတ်ကားနဲ့ ဆင်တူသော ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် Negotiation ကို မှီငြမ်းရိုက်ကူးထားတယ်ဆိုပြီး ပြောဆိုနေကြတဲ့ ဒီဇာတ်ကားလေးရဲ့အညွှန်းကိုဖတ်ကြည့်ရအောင်။ အိန္ဒိယနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ဖြစ်တဲ့ Aiahwarya Lekshmiက ဗိုင်ရှာလီအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Satyadev Kancharanaက ဂိုစီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ညှိုနှိုင်းဆွေးနွေးရေးလုပ်တဲ့အခါ သူများနဲ့မတူ ကျွမ်းကျင်လှတဲ့ ဗိုင်ရှာလီက နောက်လိုက်အမှားကြောင့် ဓားစာခံကိုယ်ဝန်သည်တစ်ယောက်ကို ဆုံးရှူံးလိုက်ရပြီးသူမကိုယ်သူမအပြစ်ရှိတယ်ခံစားရကာ အလုပ်ထွက်စာတင်ခဲ့ပါတယ် ဒါပေမယ့် သူ့ရဲ့ဒုရဲအုပ်က ဆယ်ရက်အချိန်ပေးပြီးစဉ်းစားခိုင်းခဲ့ပါတယ် ဒီဆယ်ရက်အတွင်းမှာ ထင်မထားတဲ့ပြောင်းလဲမှုကြီး ထွက်ပေါ်လာခဲ့ပါတယ် အဲဒီပြောင်းလဲမှုကြီးကဘာများဖြစ်မလဲ Trauma ရနေတဲ့ ဗိုင်ရှာလီကရော ဓားစာခံတွေကို ထပ်ကယ်တင်ပေးနိုင်မှာလား မင်းသား မင်းသမီး သရုပ်ဆောင်မှုတွေ အထူးသဖြင့် မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမှာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed By Yunni File size….........2.8GB / 1.3GB Quality…..........1080p WEB DL AAC5.1Ch / 720p Format…..........mp4 Duration…........2h 22mins Subtitle…..........Myanmar Subtitle (Hard Sub) Encoder…..........YK Translated by....Lwin Htoo Aung & Yunni & GuuGuu & ...
movie

Godse (2022)

2022
Radhe Shyam (2022) 6.9
Radhe Shyam (2022) အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့အဓိကဇာတ်‌ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင်Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်...Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်ကတီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်းအရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်းမတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစားfacts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကိုယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။"အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု"....လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော.....လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana...."ဗေဒင်လက္ခဏာလောကရဲ့ ...
movie

Radhe Shyam (2022)

2022
4K HEVC Web-DL
Take Off (2017)
Take Off (2017) Take Off (2017) ဒီကားက ကိုယ့်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တာဝန်ရှိသူတွေမှာ ဘယ်လောက်တာဝန်ယူစိတ်ရှိသလဲဆိုတဲ့အပေါ် မူတည်ကြောင်း ရိုက်ပြခဲ့တဲ့ကားလေးပေါ့။ဒီအတွက် စားကောင်းသောက်ကောင်း သံအရာရှိ၊ စားကောင်းသောက်ကောင်း မျိုးချစ်စိတ်နဲ့တော့ မရဘူး။လူစိတ်ရော လူကြီးစိတ်ပါရှိမှ ဖြစ်မှာပါ။Take off က ၂ဝ၁၇ မတ်လ ၂၄ ရက်နေ့က ထွက်ခဲ့တဲ့ အိန္ဒိယမာလာရာလမ် စကားပြော ဒရာမာနဲ့ ရင်သိမ့်တုန်ကားပါ။အီရတ်နိုင်ငံ တီကရစ်ဆေးရုံမှာ အလုပ်သွားလုပ်တဲ့ နပ်စ် ၁၉ ယောက်ဟာ ၂ဝ၁၄ အီရတ်အစိုးရနဲ့ ISIS တို့ ပြည်တွင်းစစ်ထဲမှာ ပိတ်မိနေတယ်။အသက်ဆိုတာ အစွန်းရောက် အစ္စလာမ်မစ် တွေရဲ့ သေနတ်ပြောင်းဝမှာပဲ ရှိတယ်။အိန္ဒိယအနေနဲ့ သူ့လူ ၁၉ ယောက်ကို ဘေးမသီရန်မခ ဘယ်လို ကယ်ခဲ့ရလဲဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ဒီကားကို မာဟက်ရှ်နာရာယမ်နဲ့ ပီဗွီရှာဂျစ်ကူးမားတို့က ဇာတ်ညွှန်းရေးသားပြီး မာဟက်ရှ်နာရာယမ်က ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ဒီရုပ်ရှင်ကို ဒူဘိုင်းနဲ့ ...
movie

Take Off (2017)

2017
HEVC 1080p 5.1
Arjun Reddy (2017) 8.1
Arjun Reddy (2017) Arjun Reddy (2017) ••••••••••••••••••••••••• "တစ်နည်းနည်းအားဖြင့် တစ်ယောက်က ပြိုလဲခဲ့ရင် ကျန်တဲ့ တစ်ယောက်က ပို ပူဆွေးရတယ်။ ဒါ့ကြောင့် ငါ ချစ်တဲ့သူကို မထိခိုက်စေပါနဲ့ " - [Arjun Reddy ]ဇာတ်လမ်းအကျဉ်း ______________ နောက်ဆုံးနှစ် ဆေးကျောင်းသား Arjun ဟာ ဒေါသသိပ်ကြီးတတ်တဲ့ လူငယ်ဗီဇ နဲ့ မွေးဖွားလာသူပါ။ စာပေမှာလည်း တော်သလို အားကစားမှာလည်း ထူးချွန်ပါသေးတယ်။ ဒါပေမယ့် ဖြစ်သမျှ ဘောလုံးရန်ပွဲတွေကတော့ သူနဲ့ မကင်းခဲ့ရပါဘူး။ ဌာနမှူးက တော့ သြဝါဒတွေ အလီလီခြွေလို့။ " ဆေးပညာရပ်မှာ ဒေါသမထိန်းနိုင်တဲ့သူက ခွဲစိတ်ဓားကိုင်တဲ့ လူသတ်သမားနဲ့ တူတယ် Arjun " ဒီလို ဆုံးမလည်း Arjun ကတော့ မထူးလှ။ ကိုယ့်ခံယူချက်နဲ့ကိုယ်မို့ ကျောင်းတစ်လ နားခံရလည်း ဂရုမစိုက်တတ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ပထမနှစ်ကျောင်းသူလေး Preethi ကို တွေ့ခဲ့မိပါပြီ။ဒီတော့ Arjun ဟာ Preethi ကို သိပ်ချစ်တတ်ခဲ့တယ်။ ကမ္ဘာတစ်ခုလုံးကို အရှုံးပေးရလောက်အောင် အရူးအမူးပါပဲ။ သူ ...
movie

Arjun Reddy (2017)