Channel Myanmar

Prince Kanwaljit Singh

Cheta Singh (2023) 7.4
Cheta Singh (2023) Cheta Singh 2023 (ချီတာဆင်းဂ်)ပါလေနဲ့နီမီတို့ဟာ မိဘတွေမရှိတော့ဘဲ အဒေါ်နဲ့အတူနေနေတဲ့ မောင်နှမနှစ်ယောက်၊ အစ်ကိုတစ်ခုညီမတစ်ခုဘဝဆိုတော့ သိပ်ချစ်ကြတဲ့မောင်နှမနှစ်ယောက်ပေါ့လေ။ပါလေကတော့ စာအုပ်ဆိုင်မှာအလုပ်လုပ်ပြီး နီမီလေးကို အစစအရာရာပံ့ပိုးပေးသလို နီမီကလည်း အစ်ကိုဖြစ်စေချင်သလို စာမှာရော အားကစားမှာပါတော်တဲ့ စံပြကျောင်းသူတစ်ယောက်၊ တစ်နေ့ သူ့အစ်ကိုဆန္ဒအတိုင်း ရဲအရာရှိဖြစ်လာအောင် ကြိုးစားနေသူရယ်ပါ။ဒီလိုနဲ့ တစ်နေ့ သူတို့ရွာကို ဆေးအတုလုပ်ချင်တဲ့ လူတစ်စုရောက်လာပြီး သူကြီးနဲ့ပေါင်းလို့ မကောင်းတာတွေအစုံလုပ်ဖို့ ကြိုးစားတာကြောင့် ပါလေတို့မိသားစုကိုထိခိုက်လာတဲ့အခါ...ညီမနဲ့အဒေါ်အတွက်ပဲ တစ်သက်လုံးရှင်သန်လာခဲ့တဲ့သူ၊ မိသားစုကို အသက်ထက်ပိုတန်ဖိုးထားတဲ့ပါလေတစ်ယောက် မိသားစုကိုလာထိပါးချိန်မှာ သားရဲတစ်ကောင်လိုပြောင်းလဲသွားပြီး ဘယ်လိုလက်စားချေမလဲဆိုတာ ရှုစားရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) File size… 2.49 GB / 1.37 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Cheta Singh (2023)

Shinda Shinda No Papa (2024) 5.8
Shinda Shinda No Papa (2024) Shinda Shinda No Papa (2024) “ဖအေထက် သားတစ်လကြီး”ဂိုပီဆိုတာ ငယ်စဉ်ကတည်းက သူတို့ ပန်ချာပီရိုးရာအတိုင်း လူကြီးတွေက ရိုက်နှက်ဆုံးမတာခံယူပြီး ကြီးပြင်းလာတဲ့လူတစ်ယောက်။ဒါပေမဲ့ အသက်ကြီးလာတော့ ကနေဒါမှာ အိမ်ထောင်ကျပြီး သားတစ်ယောက် ထွန်းကားခဲ့တာပေါ့။ အဲဒီမှာ သူ ငယ်ငယ်တုန်းကလိုပဲ ပန်ချာပီရိုးရာ အဆုံးအမတွေနဲ့ သွန်သင်ချင်ပေမဲ့လည်း သူ ရောက်နေတာက ကနေဒါဆိုတော့ မိဘက သားသမီးကို ခက်ခက်ထန်ထန် ကြည့်ရုံနဲ့ ဖအေခမျာ အချုပ်အောင်းရတဲ့ထိ ကလေးတွေကို ဦးစားပေးထားတဲ့ ဥပဒေတွေရှိနေတော့ ဂိုပီတစ်ယောက် သားဖြစ်သူက ဘာတွေပဲလုပ်လုပ် ပြန်မလုပ်နိုင်ပဲ ခြေချုပ်မိနေခဲ့တာပေါ့။သူကိုယ်တိုင်လည်း အချုပ်ထဲ ခဏခဏဝင်ရပြီး ငွေကုန်ရပေါင်းလည်း မနည်းတော့ဘူး။ ဒီလိုနဲ့ တစ်စထက်တစ်စ ဆိုးသွမ်းလာတဲ့ သားတော်မောင်ကို အိန္ဒိယကို အလည်ပြန်ခေါ်ရင်း ဆုံးမမယ်ဆိုတဲ့ အကြံဆိုးနဲ့ ဂိုပီတို့ မိသားစုတစ်သိုက် အမိမြေ ပြန်လာခဲ့ကြတဲ့အခါမှာ ဘယ်လိုတွေ ကြုံရဆုံရ ဖြစ်ပျက်ကြဦးမယ်ဆိုတာကို ဟာသလေးနှောပြီး သားသမီး ပြုစုပျိုးထောင်နည်းကို ပညာပေးသွားတဲ့ အိန္ဒိယ ပန်ချာပီကားလေးပဲ ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… ...
movie

Shinda Shinda No Papa (2024)

Warning 2 (2024) 7.5
Warning 2 (2024) Warning 2 (2024) ကလဲ့စား IMDb - 7.5/10၂၀၂၁ကထွက်ရှိခဲ့တဲ့ Warning (2021) အက်ရှင်ကားကြီးရဲ့ နောက်ဆက်တွဲရုပ်ရှင် ထွက်လာခဲ့ပါပြီ။အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ လက်စားချေမှုတွေရောယှက်ထားတဲ့ မှုခင်းရုပ်ရှင်ဖြစ်တာမို့ အက်ရှင်ကားနှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပေါ့။ပါမာဆိုတာ ပိုက်ဆံသာပေးရင် အလုပ်မရွေး လုပ်ကိုင်နိုင်သူတစ်ယောက်ပါ သူ့ဆရာက ဂျာဒါဆိုတဲ့လူကိုသတ်ခိုင်းပြီး ပါမာတာဝန်ပြီးလို့ပြန်လာချိန်မှာတော့ ဆရာဖြစ်သူကသစ္စာဖောက်ပြီး ပါမာ့ကိုနှုတ်ပိတ်လုပ်ကြံခဲ့တယ် ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ ရှင်ကျန်ခဲ့တဲ့ပါမာက ဆရာဖြစ်သူကိုလက်စားချေဖို့ ပြန်လည်ကြိုးစားလာခဲ့ပါတယ်တစ်ဖက်မှာလည်း ဖခင်ဖြစ်သူဂျာဒါအသတ်ခံလိုက်ရလို့ ကလဲ့စားအတွက် ပါမာ့ကိုလိုက်ရှာနေတဲ့ ဂျာဒါ့ရဲ့သားရှင်ဒါ။။ အဖေ့အကူအညီကြောင့် ဝန်ကြီးဖြစ်သွားတဲ့လူကို ကူညီပေးဖို့သွားပြောခဲ့ပေမဲ့ ငြင်းလွှတ်လိုက်လို့ ဝန်ကြီးသမီးကို ပစ်မှတ်ထားခဲ့တယ် ဒါကိုသိတဲ့ဝန်ကြီးဖြစ်သူက ရှင်ဒါကိုလုပ်ကြံဖို့ လူမိုက်ငှားခဲ့တယ် ဟိုဘက်အဖွဲ့ကပါမာနဲ့ ဒီဘက်ကရှင်ဒါကိုသတ်ဖို့ ငှားလိုက်မိတဲ့လူကတော့ဂေဂျာပါပဲ။။။ပါမာနဲ့ ရှင်ဒါကို လက်စားချေလုပ်ကြံဖို့ လိုက်ရှာနေတဲ့ ဂေဂျာတစ်ယောက် ပါမာကထောင်ကျနေမှန်းသိသွားပြီး သူပါထောင်ထဲလိုက်ဝင်လာခဲ့တယ် ဒါပေမဲ့ သူတို့လိုအန္တရာယ်များတဲ့ထောင်သားတွေကို အကြင်နာတရားမဲ့တဲ့ရဲအရာရှိက ထောင်ရွှေ့ဖို့လုပ်တဲ့အချိန်မှာ မထင်မှတ်ထားတာတွေဖြစ်ခဲ့ပါတော့တယ်။ ဒါကဘာများဖြစ်မလဲ ဂေဂျာ့တာဝန်ပဲပြီးမြောက်မလား ပါမာနဲ့ရှင်ဒါတို့ပဲလွတ်မလားဆိုတာကိုတော့။။။( အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ BpL ~ V တို့ပဲဖြစ်ပါတယ်) File size…3.1GB ...
movie

Warning 2 (2024)

2024