Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Prateik Babbar
7.3
HIT: The Third Case aka HIT: The 3rd Case (2025)
HIT: The Third Case (2025)"မှုခင်းရဲ: တတိယအမှုတွဲ" =============================================အိန္ဒိယရဲ့ အကောင်းဆုံးမှုခင်းရုပ်ရှင်တွဲတွေထဲကတစ်ခုဖြစ်တဲ့ တေလေဂူးစကားပြော HIT ရုပ်ရှင်တွဲတွေရဲ့ တတိယမြောက်ရုပ်ရှင် ထွက်ရှိလိုလာပါပြီ။ဒီ The Third Case မှာတော့ ပြီးခဲ့တဲ့ The second case ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ Cameo ပြခဲ့တဲ့ ယင်ကောင်မင်းသား နာနီက အဓိကပါဝင်ထားပါတယ်။ဒီရုပ်ရှင်မှာတော့ ဒေါသကြီးပြီး အမှုတွေကို ကိုင်တွယ်တာကြမ်းတယ်လိုနာမည်ကြီးတဲ့ HIT အဖွဲရဲ့ အရာရှိသစ် အာဂျွန်ဆာကာကို ကတ်ရှ်မီးယားနယ်စပ်ဒေသက လက်သည်မပေါ်တဲ့ လူသဝာ်မှုတွေ ဖြေရှင်းဖို စေလွှတ်ရာကနေ တုံးတိုက်ကျားကိုက် အမှုဖြေရှင်းပုံတွေ၊ ဂျွန်ဝစ်ဆန်ဆန်အက်ရှင်ခန်းတွေကို ပရိသတ်တွေ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်။HIT ရုပ်ရှင်တွေဟာ မှုခင်းရုပ်ရှင်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့တာကြောင့် ပထမဆုံးရုပ်ရှင်ကိုဆိုရင် Bollywood ကတောင် remake ပြန်ရိုက်ခဲ့ပါသေးတယ်။HIT 3 ဟာ ရှေ့ကားတွေကို မကြည့်ဖူးလည်း တန်းကြည့်လိုရတဲ့ Standalone sequel တစ်ခုဖြစ်ပြီး HIT ရုပ်ရှင်တွေဟာ တကယ် စိတ်လှုပ်ရှားစရာကောင်းတဲ့ မှုခင်းဇာတ်လမ်းတွေဖြစ်တာမလို ရှေ့ကရုပ်ရှင်တွေကို မကြည့်ရသေးဘူးဆိုရင်လည်း CM မှာ ရှာကြည့်ကြဖိုတိုက်တွန်းချင်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
HIT: The Third Case aka HIT: The 3rd Case (2025)
Sikandar (2025)
Sikandar (2025) "ရှင်ဘုရင်"Official WEB DL 4k ရပါပြီခင်ဗျာနာမည်ကျော်မင်းသား ဆယ်မခန်း ပွတ်ရှ်ပါမင်းသမီး ရက်ရှမီးကားနဲ့ မင်းသမီးချော Kajal Aggarwal, Three Idiots ထဲက ရန်ချိုရဲ့သူငယ်ချင်းဖြစ်တဲ့ Sharman Joshi တို့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့ အက်ရှင်ရုံကားသစ်ကို ထွက်ထွက်ချင်းတင်ဆက်ပေးလိုက်ပါတယ်ရာဂျ်ကော့တ်ပြည်နယ်မှာ လူအများက ရှင်ဘုရင်တစ်ပါးလို ကြည်ညိုလေးစားကြတဲ့ ဆန်ဂျေးဆိုတဲ့ လူတစ်ယောက်ရှိပြီး သူ့ရဲ့ရက်ရောမှုကြောင့် သူ့ကိုထိတာနဲ့ လူအုပ်လိုက်ဝိုင်းလာရအောင်ထိ အရှိန်အဝါကြီးတယ်တစ်ရက်တော့ လေယာဉ်ပေါ်မှာ ဝန်ကြီးတစ်ယောက်ရဲ့ သားက အမျိုးသမီးတစ်ဦးကို လိင်အမြတ်ထုတ်ဖို့ကြိုးစားတဲ့အခါ ဆန်ဂျေးက ဝင်ဆုံးမခဲ့တဲ့အတွက် ဝန်ကြီးနဲ့ ဆန်ဂျေးတို့ ရန်ဘက်တွေဖြစ်လာပါတော့တယ်အကျင့်ပျက်နိုင်ငံရေးသမားတစ်ယောက်နဲ့ လူအများရဲ့ ကယ်တင်ရှင် ဆန်ဂျေးတို့ ဘယ်လောက်ထိ အားပြိုင်သွားကြမလဲ ဖိုက်တင်ကြမ်းကြမ်းနဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ရှုစားလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…8.4 GB / 2.96 GB / 1.5 GB Quality…WEB DL 4k HEVC / 1080p ...
movie
Sikandar (2025)
4K HEVC
6.5
Dhoom Dhaam (2025)
Dhoom Dhaam (2025) "ဖရိုဖရဲ မင်္ဂလာဦးည"နက်ဖလစ်မှ အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြော action/comedy ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်အဓိကသရုပ်ဆောင်နှစ်ယောက်အနေနဲ့ Pratik Gandhi နဲ့ မင်းသမီးကတော့ OMG 2 ထဲမှာ ပါဝင်ခဲ့တဲ့ Yami Gautam တို့ပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရှက်ကြောက်တတ်တဲ့ ကောင်လေး ဗီးရ်နဲ့ သွက်လက်ချက်ချာမိန်းကလေး ကိုယယ်တို့ဟာ နှစ်ဖက်လူကြီးသဘောတူအလိုကျ လက်ထပ်ခဲ့ပြီးမင်္ဂလာဦးည ဟိုတယ်ခန်းထဲမှာ တစ်တူတီးတော့မယ်အလုပ်- ဘယ်ကမှန်းမသိတဲ့ ချာလီဆိုသူကို လိုက်ရှာနေကြတဲ့ ဂန်းစတားတချို့က သူတို့ကို သေနတ်ထောက်မေးတဲ့အခါမှာ ဒီဂန်းစတားတွေလက်ကနေ သူတို့နှစ်ယောက် သက်စွန့်ဆံဖျား ထွက်ပြေးလာတဲ့ညတစ်ည ဘယ်လိုအရှုပ်အရှင်းတွေ ဆက်ဖြစ်ကြမလဲ ရှုစားလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ ToMo ~ Star တို့မှ ဖြစ်ပါတယ် File size…2.1 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Dhoom Dhaam (2025)
6.4
Khwaabon Ka Jhamela (2024)
Khwaabon Ka Jhamela 2024 (စော်ငြင်းကောင်လေး ဇူဘင်)ဇူဘင်ဆိုတဲ့ကောင်လေးဟာ ၂နှစ်လောက်တွဲလာတဲ့ ကောင်မလေးဖြစ်သူ ရှီနာ့ဇ်နဲ့အတူ ယူကေကို သွားဖို့အတွက် စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့ ဇူဘင်ကို ငြီးငွေ့လာပြီဖြစ်တဲ့ ရှီနာ့ဇ်ကတော့ ဇူဘင်ကို ငြင်းခဲ့ပါတယ်။ ဒီလိုနဲ့ ချစ်သူနဲ့သွားဖို့ စီစဉ်ထားတဲ့ ယူကေခရီးစဉ်မှာ တစ်ယောက်တည်း ယောင်ချာချာဖြစ်ပြီးတော့ ယူကေမှာ ကြိုတင်ပလန်ဆွဲထားတဲ့နေရာတွေမှာ တစ်ယောက်တည်းပဲ ကြေကွဲနေရပါတော့တယ်။ကြေကွဲနေတဲ့ ဇူဘင်တစ်ယောက် ဘားတစ်ခုကို ရောက်သွားပြီး အရက်တွေသောက်လို့ စော်ငြင်းကောင်လေးတစ်ယောက် တွေ့သမျှ ကောင်မလေးတိုင်းကို လိုက်ကြောင်ရင်းနဲ့ ရူဘီဆိုတဲ့ ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ရူဘီဆိုတဲ့ ကောင်မလေးကို ကြောင်ရင်းနဲ့ အဲဒီဘားမှာလည်း သူ့အရင်ကောင်မလေးအကြောင်းတွေကို မိုက်နဲ့ ရင်ဖွင့်ပြောခဲ့ပြီး ဘားတစ်ခုလုံးကို ကြေငြာလိုက်ပါသေးတယ်။ဘားမှာ မူးရူးနေရင်းကနေ ဘယ်ကမှန်းမသိတဲ့ကောင်တွေက သူ့ပိုက်ဆံအိတ်ကို အလစ်သုတ်ချင်တာနဲ့ပဲ ဘောင်းဘီကိုပါချွတ်ယူသွားပြီး ဇူဘင့်ကို အမှိုက်ပုံးနားမှာ ထားခဲ့ပါတော့တယ်။ဒါကိုတွေ့သွားတဲ့ ရူဘီတစ်ယောက် ပြစ်မထားခဲ့နိုင်ဘဲ သူ့အိမ်ကို ခေါ်လာပါတော့တယ်။ ပြည်ပမှာ အလုပ်လုပ်ရတာ ခက်ခဲကြတဲ့ထုံးစံအတိုင်း ရူဘီဟာလည်း ဘာဘေလ်တွေမှ မဆောင်နိုင်တဲ့အတွက် အိမ်ကို အပြင်က သော့ခတ်ပြီးတော့ ခိုးကြောင်ခိုးဝှက်နေနေသူတစ်ယောက်ပါ။ဒီလိုနဲ့ အသည်းကွဲရင်း ပိုက်ဆံအိတ်ပါပျောက်ပြီး ဒုက္ခရောက်နေတဲ့ ဇူဘင်နဲ့ ငွေကြေးဆိုင်ရာခက်ခဲလို့ ...
movie
Khwaabon Ka Jhamela (2024)
6.1
Mulk (2018)
အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ အသက် ၆၅ နှစ်အရွယ် မူရာဒ် အလီ မိုဟမ္မဒ် အစ္စလာမ် ဘာသာဝင် တစ်ယောက်ဖြစ်ပြီးပတ်ဝန်းကျင်မှာ လူလေးစားကြည်ညိုရတဲ့ ရှေ့နေတစ်ယောက်လူတိုုင်းနဲ့ အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုပိုင်ဆိုင်ထားသူဂြိုဟ်ဆိုးဝင်ချင်တော့ သူနဲ့ တစ်အိမ်တည်းနေ သူ့အုပ်ထိန််းမှုအောက်မှာရှိတဲ့ သူ့တူဖြစ်သူ ရှာဟစ်(ဒ်)ဟာ ဗုံးဖေါက်ခွဲပြီး အပြစ်မဲ့လူ ၁၆ ယောက်ကို သေစေခဲ့ပါတယ်အကြမ်းဖက်သမားဖြစ်သွားတဲ့ ရှာဟစ်(ဒ်)ကြောင့် သူတို့တစ်မိသားစုလုံး ပြောင်းပြန်အခြေအနေကို ရောက်ရှိသွားခဲ့ကြတယ်မူရာဒ် အလီ မိုဟမ္မဒ်နဲ့ သူ့ညီ ဘေလား(လ်) မိုဟမ္မဒ်တို့ဟာ အကြမ်းဖက်ဝါဒ အားပေးမှုနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်စွပ်စွဲချက်ပေါင်းစုံနဲ့ တရားရုံမှာ သူတို့အပြစ်မရှိကြောင်း ဘယ်လိုသက်သေပြကြမလဲသက်သေရော ပြနိုင်ပါ့မလားအားလုံးပဲ ဆက်လက်ရှု့စားကြည့်လိုက်ပါပေးရတဲ့အချိန် ထိုက်တန်ကြောင်း သိရပါလိမ့်မယ်(ဆက်ဆက်ထိမခံ ဘာသာရေး ပြဿနာကို ဒီလိုဇာတ်လမ်းရိုက်ရဲတဲ့ ဒါရိုက်တာကိုတော့ ချီးကျူမိပါတယ် ဘာသာရေး အသုံးအနှုန်းများကို အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားဘာသာပြန်ပေးထားပါတယ် အလွဲအမှားများပါခဲ့ပါက ...
movie
Mulk (2018)
2018
7.8
Bachchhan Paandey(2022)
Bachchhan Paandey(2022) အညွှန်း*******************************IMDb...7.4အားလုံးစောင့်မျှော်နေတဲ့ အက်ရှေးကူးမားကြီးရဲ့ ဇာတ်ကားသစ်ကြီးလာပါပြီဗျား...မာယာ(Kriti Sanon)က ကြိုးစားနေဆဲလက်ထောက်ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်ဒါရိုက်တာအဖြစ် လက်စွမ်းပြနိုင်ဖို့ ဇာတ်လမ်းရှာနေသူပါ။အတွေးသစ်အမြင်သစ်လူငယ်တစ်ယောက်အဖို့ရှေးရိုးစွဲနေတဲ့ ဒီအသိုင်းအဝန်းမှာထိုးဖောက်ဖို့မလွယ်ဘူး.. ထုပ်လုပ်သူက မင်းရိုက်ချင်တယ်ဆိုရင်အမြတ်ရဖို့သေချာတဲ့ ဒီအခေတ်အကြိုက် ဂန်းစတားအကြောင်းရိုက်ဖို့ကြိုးစားပြီးဇာတ်ညွှန်းယူလာခဲ့လို့ဆိုတယ်.. ဒီတော့မာယာက ဒိတ်ဒိတ်ကျဲ ဂန်းစတားတွေအကြောင်းစုံစမ်းတယ်...အဲ့ဒီမှာ အထူးခြားဆုံးဂန်းစတားက ဘချမ်းပန်ဒေးပဲ...သူ့ကြောင့်ရဲတစ်ချို့တောင်နှုတ်ထွက်စာတင်ကြသလိုတစ်ချို့ဂန်းစတားတွေကအပြင်မှာထက်ထောင်ထဲမှာနေတာ ပိုလုံခြုံတယ်ဆိုပြီး ထောင်ထဲကမထွက်ဖို့တောင်တောင်းဆိုးကြတဲ့ ခေတ်ပြိုင် လူမိုက်တွေရှိသတဲ့...ဒီလို ဂန်းစတားကြီ:အကြောင်းကို မာယာတစ်ယောက်ရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားလာတဲ့အခါမှာတော့...အက်ရှေးကူးမားရဲ့ ဒီဇာတ်ကားကလည်း စောင့်နေတဲ့သူတွေစိတ်မပျက်စေရဘူး..ဇာတ်လမ်းအစမှာကတည်းကစိတ်ဝင်စားဖို့ကောင်းသလို တဖြည်းဖြည်းနဲ့ ဂန်းစတားကြီ:အကြောင်းကို ဖော်ပြသွားတယ်...မထင်ထားတဲ့ Plot Twist တွေပါသလို Comedy ဆန်ဆန်လေးတွေလည်းပါလို့လုံးဝ မိုက်ပါတယ်လို့ညွှန်းချင်ပါတယ်...မင်းသမီးကြီး(၂)ဦးဖြစ်တဲ့ Jacqueline Fernandez , Kriti Sanon တို့လည်းပါဝင်တာမို့ မျက်စိအေးဦးမှာလည်းဖြစ်ပါတယ်...File Size :(1.25GB) and (411 MB) Quality : WEB-DL 720P Format…mp4 Duration…02:27:00 Genre : Action , Crime ,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Bachchhan Paandey(2022)
8.3
Cobalt Blue (2021)
"ကိုယ့်ရဲ့အစ်ကိုဖြစ်သူ ဒါမှမဟုတ် ညီမဖြစ်သူနဲ့ လူတစ်ယောက်တည်းကို သဘောကျမိရင်" ဆိုတဲ့ အတွေးမျိုးတွေးမိကြဖူးလား။ကယ်ရလာဆိုတဲ့နေရာမှာနေထိုင်ကြတဲ့ ယဉ်ကျေးမှုရိုးရာကို အလွန်လေးစားတန်ဖိုးထားကြတဲ့ မိသားစုရဲ့မျိုးဆက်အငယ်လေးတွေဖြစ်တဲ့ မောင်နှမနှစ်ယောက်။ စာရေးဆရာဖြစ်ချင်တဲ့ တနေးနဲ့ ဟော့ကီကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ အနူဂျာတို့ဟာ အိပ်မက်တွေမတူကြသလိုခံယူချက် မျှော်လင့်ချက်တို့မတူကြပါဘဲ သူတို့အိမ်မှာ လာငှားနေတဲ့လူတစ်ယောက်တည်းကိုပဲ ချစ်မိသွားခဲ့ကြတာပါ။ဒီကိစ္စကိုသိသွားတဲ့ သူတို့ရဲ့ မိသားစုကရော ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖြေရှင်းမလဲ...သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ....ဘဝနဲ့အချစ်ယှဉ်လာတဲ့အခါ မေတ္တာတရားကို ဘယ်လိုတန်ဖိုးဖြတ်ကြမလဲ ဆိုတာကို သပ်ရပ်ရှင်းလင်းတဲ့ရိုက်ကွက်တွေနဲ့ ချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။LGBTQတို့ရဲ့ လက်တွေ့ဘဝကို အကောင်းဆုံး ချပြထားတဲ့ "Cobalt Blue"ဆိုတဲ့ ဒီဇာတ်လမ်းလေး။ အပြာရောင်ဆိုတာကတော့ ဝမ်းနည်းကြေကွဲခြင်းကိုဖော်ပြတဲ့အရောင်ဖြစ်သလို ဒီဇာတ်လမ်းလေးဟာလည်း နှလုံးသားတွေကွဲကြေရတဲ့ မောင်နှမနှစ်ယောက်ကြားထဲက ခံစားချက်တွေကို ဖော်ပြနေတာများဖြစ်နေမလား။"ချစ်မိတဲ့အချိန်ကျရင် သိလာပါလိမ့်မယ်။ အချစ်က မင်းကို သန်မာလာအောင် လုပ်ပေးနိုင်တယ်"တဲ့။IMDb 8.1အထိရရှိထားပြီး 2021 Decemberကမှထွက်ထားကာ Sachin Kundalkarရဲ့ ဝတ္ထုကိုပြန်ရိုက်ထားတဲ့Cobalt Blue(ကိုဘော့ပြာရောင်)ဆိုတဲ့ အိန္ဒိယကားလေးဖြစ်ပါတယ်။ အားပေးကြည့်ရှုလိုက်ပါဉီးနော်။ File size…1.6GB / 800MB Quality…1080p ...
movie
Cobalt Blue (2021)
2021
5
Mumbai Saga (2021)
Mumbai Saga (2021) မြန်မာစာတန်းထိုးဂျွန်အေဗရာဟမ် ၊ ကာဂျဲလ် ၊ အီမ်ရန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ်ကားလေးထွက်လာလို့ အခက်အခဲတွေကြားက မရရအောင် တင်ပေးလိုက်ပါတယ်။1980 ခုနှစ်နောက်ပိုင်း ဘုံဘေမြို့ ( ယခု မွန်ဘိုင်း) ကို အခြေတည် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်ရဲ့ တစ်စိတ်တစ်ပိုင်းကို မှီငြမ်းထားတယ်လို့ သိရပြီး ၊ အဲ့ဒီခေတ် အဲ့ဒီအခါ ဂိုဏ်းစတားတွေ ကြီးစိုးတဲ့ အချိန် ၊ နိုင်ငံရေးအရှုပ်အထွေးတွေကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဘာသာပြန် နဲ့ အညွှန်းကတော့ Myint Thu ပဲ ဖြစ်ပါတယ်။Encoder - AugustFile size… 3.7 GB and 1.3 GB Quality…. 1080p HEVC 5.1 and 720p Format…mp4 Duration…. 2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... Myint Thu Encoder ..... August
movie
Mumbai Saga (2021)
2021
HEVC 1080p 5.1
7.0
The Power(2021)
The Power(2021)အညွှန်း*********************IMDb...7.0ဒီဝိ့အဖေဟာ ပိုက်ဆံအရမ်းချမ်းသားပါတယ်...အဓိက ချမ်းသားတဲ့အကြောင့်အရင်းကတော့မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းကြောင့်ပါပဲ.....ဒါ့ကြောင့် မြို့မျက်နှာဖုံးလိုဖြစ်နေတဲ့ ဒီဝိ့အဖေကို ဂိုဏ်းတစ်ခုကနေ စီးပွားရေး စပ်တူလုပ်ဖို့ကမ်းလှမ်းလာတယ်...ဒီလိုကမ်းလှမ်းမှုကို ဒီဝိ့အဖေဖြစ်သူ ကာလီဒတ်က လုံးဝလက်မခံပါဘူး....နယ်ကျော်မရတဲ့အပြင် သူတို့ပစ္စည်းတွေဟာလည်းတိုးမပေါက်တာကြောင့် တစ်ဘက်အဖွဲ့အစည်းက ကာလီဒတ်ကို လုံးဝအငြိုးထားပါတယ်...ဒီဝိ့ကတော့ သူ့အဖေသဘောထားတွေကို ဝင်ရောက်စွက်ဖွက်လေ့မရှိပါဘူး...တစ်နေ့ ဒီဝိ့အဖေကိုကိုတစ်ဖက်ဂိုဏ်းက လုပ်ကြံသတ်ဖြတ်လိုက်တဲ့အခါမှာတော့....ဒီဝိတစ်ယောက် ကျားနာတစ်ကောင်လို ဖြစ်သွားပါတော့တယ်..ဘယ်လိုတွေပဲွကြမ်းမလဲဆိုတာကိုတော့.... နင်းကန်ကြမ်းတဲ့ Action ကားမို့ ဘောလိဝုဒ်ပရိတ်သတ်များ လက်မလွှတ်သင့်ပါကြောင်း .... ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File Size : (1.5GB) and (674 MB) Quality : WEB-DL 720p Format…mp4 Duration…02:34:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by ChatGyi
movie
The Power(2021)
6.5
Dum Maaro Dum(2011)
Dum Maaro Dum(2011)အေစီပီဗရှ်နူးကာမသ်ဟာမိသားစု စားဝတ်နေရေးချောင်လည်ဖို့ဘာမဆိုလုပ်တဲ့သူပါ....တရားမဝင်လုပ်ရပ်တွေလာဘ်စားပြီး ငွေအတွက်လက်တစ်လုံးခြားလုပ်စားနေတဲ့သူဆိုပါတော့.....ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိသားစုနဲ့အတူခရီးသွားနေတုန်းရုတ်တရက်အက်ဆီးဒန့်တစ်ခုနှင့်ကြုံခဲ့ရပါတယ်။ မိသားစုအတွက်ပိုက်ဆံကိုနည်းမျိုးစုံနဲ့ရှာတတ်တဲ့ အေစီပီဗရှ်နူးတစ်ယောက်သူ့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရပြီး သူ့မှာ အတွေးကြီးတစ်ခုကျန်ခဲ့တယ်...သူရှာခဲ့တဲ့ငွေတွေဟာလည်းသိပ်ချစ်တဲ့မိသားစုတွေကိုပြန်မခေါ်ပေးနိုင်ဘူးပေါ့...ဒီနောက်တော့ သူပြောင်းလဲသွားပါတော့တယ်.... ၅နှစ်ကြာပြီးတဲ့နောက် ဂိုအာမြို့မှာမူးယစ်ဂိုဏ်းတွေကိုရှင်းလင်းဖို့အမိန့်ပေးခံခဲ့ရပြီး အေစီပီတစ်ယောက်မူးယစ်ဂိုဏ်းတွေကိုရှင်းလင်းနိုင်မလား? မူးယစ်ဖြန့်ဖြူးရေးလုပ်ငန်းရဲ့နောက်ကွယ်မှာအဓိကကြိုးကိုင်ထားတာကရောဘယ်သူလဲ? အေးစီပီတစ်ယောက်ဘယ်လိုပဟေဠိတွေနဲ့ရင်ဆိုင်ရမလဲ? ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့....... Action, Crime ကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း..ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။File Size : (1.01 GB) and (554 MB) Quality : WEB-DL 720p Format…mp4 Duration…02:08:00 Genre : Action , Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Dum Maaro Dum(2011)
6.5
Darbar (2020)
(Unicode)ဘောလိဝုဒ်ဇာတ်ကားတွေပြီးတော့အခုတစ်ခါ တမီးလ်စူပါစတားကြီး Rajinikanth ရဲ့ ရုံတင်ဇာတ်ကားကြီးအလှည့်ပေါ့ဗျာ။ဟောလိဝုဒ် ၊ ဘောလိဝုဒ်ပရိတ်သတ်တွေအဖို့အိုဗာအက်ရှင်တွေကို ညည်းငွေ့နေနိုင်ပေမယ့်အိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေကို ကြိုက်တတ်သူအဖို့တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ဘယ်လိုပဲ ဖြစ်ဖြစ် Rajinikanth ဟာလည်းတောင်ပိုင်းရုပ်ရှင်ထုတ်လုပ်ရေးတွေကြားသာကမဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးတွေကြားမှာလည်းသြဇာရှိပြီး အနုပညာကြေးမြင့်တဲ့ မင်းသားကြီးမို့ပရိတ်သတ်တွေကတော့ ဒီဇာတ်ကားကို ကြည့်ရင်းလက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာပါ။အညွှန်းအာဒိသယာဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာသမီးဖြစ်သူ ဗာလီနဲ့အတူ မွန်ဘိုင်းမြို့ကို ရဲမင်းကြီး(ရဲမှူးကြီးဟု သင့်တော်သလို ဘာသာပြန်ထားသည်)အဖြစ်နဲ့ရောက်ရှိလာပြီးမြို့ထဲမှာရှိတဲ့ ဆိုးသွမ်းသူတွေကို လိုက်လံနှိမ်နင်းရာကနေ ဇာတ်လမ်းကို စထားပြီး....ဒီနောက်ပိုင်းမှာတော့ တမီးလ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းအကအလှတွေ ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ပြီးဇာတ်လမ်းကို အရှိန်တက်လာအောင် စွမ်းဆောင်ထားပါတယ်။ဇာတ်လမ်းပုံစံက ရဲနဲ့လူဆိုး အားပြိုင်ကြတဲ့ မြင်နေကျ သာမာန်ဆိုပေမယ့်ရိုက်ကူးထားပုံက ဆန်းသစ်ပြီး Rajinikanthရဲ့ ဟိုးရုပ်ရှင်ခေတ်ဦးကတည်းကသုံးစွဲလာခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ တီးလုံးကို အက်ရှင်ခန်းတွေ ၊ Tempo မြှင့်တင်တဲ့အခန်းတွေမှာသင့်တော်သလို သုံးစွဲထားပုံက သပ်ရပ်ပြီး ပရိတ်သတ်ကို တစ်မျိုးတစ်မည် ဆွဲဆောင်ထားပါတယ်။ကဲ...အိန္ဒိယတောင်ပိုင်းဇာတ်ကားပရိတ်သတ်တို့ရေ...ကျွန်တော်တို့ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့Idol ကြီးရဲ့ အသစ်စက်စက် ရုံတင်ဇာတ်ကားကြီးကို လက်မနှေးပဲ ...
movie
Darbar (2020)
2020
8.5
Chhichhore (2019)
(Unicode)IMDb - 8.4/10Genere - Dramaအတိတ်ရထားကို စီးခွင့်သာ ရမယ်ဆိုရင် ကျောင်းသားဘဝဟာ လူတိုင်းရဲ့ ဘူတာ ဖြစ်မှာပါ။ဘဝရဲ့ အကောင်းဆုံး အမှတ်တရတွေဟာ ကျောင်းသားဘဝမှာပဲ ဖြစ်တည်ကြတာမလား။မိသားစုလို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိမယ်။ဘဝရဲ့ လက်တွဲဖော်ကို စပြီး ရှာတွေ့ခဲ့တယ်။အားကစားပွဲတွေမှာ အတူယှဉ်ပြိုင်ခဲ့ကြတယ်။ကျောင်းအနုပညာပွဲတွေမှာ အတူပါဝင်ခဲ့ကြဖူးတယ်။ကျောင်းသားဘဝ အတိတ်မှတ်တမ်းဟာ ပြန်ဖတ်လို့ မရိုးအီနိုင်တဲ့ စာအုပ်တစ်အုပ်ပဲ။-----------------------------------------------ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ကောင်တွေကို Engineering College ကျောင်းသားတွေ အဖြစ် မြင်ရမယ်။အရှုံးသမားအမည်ခံ ၊ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံး အဆောင် H4 လေးရဲ့ ချစ်ခင်မှု၊ပျော်ရွှင်ကြမှု၊ စည်းလုံးမှု ဒါတွေကို မြင်ရမယ်။အရက်သမားရယ်၊ အချိန်ပြည့် အပြာစာအုပ်တွေ ထိုင်ဖတ်နေတဲ့ကောင်ရယ်၊အရှုံးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ...
movie
Chhichhore (2019)
2019
5.6
Baaghi 2 (2018)
ဒီတခါဘောလီဝုဒ်ပရိတ်သတ်ကြီးအတွက် အက်ရှင်ခပ်ကြမ်းကြမ်းကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်ကားကထွက်တာကြာပြီဆိုပေမယ့်စာဖိုင်အမှန်မထွက်သေးလို့ မတင်ပေးနိုင်ဖြစ်နေတာပါ အခုဟာကလည်းအမှန်ဆုံးလို့ထင်ရတဲ့ အင်္ဂလိပ်စာဖိုင်ကို နားထောင်ကြည့်ပြီးအမှန်ဆုံးဖြစ်အောင်ရေးပေထားပါတယ် ဟန္ဒီ/အူရ်ဒူစကေးသိပ်မကောင်းတော့အမှားတွေလိုအပ်ချက်တွေပါရင် သည်းခံပေးကြဖို့ မေတ္တာရပ်ခံထားပါရစေ။----------------------------------------------------------------------------ဇာတ်လမ်းကတော့ နီဟာဆိုတဲ့မိန်းကလေးတစ်ဦးဟာ သူ့သမီးလေးကို ကျောင်းသွားပို့ရင်းကလေးကို ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အချိန်အတော်ကြာအောင် နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့ပေမယ့်သူ့သမီးကို လုံးဝရှာမတွေ့ခဲ့ပါဘူး အဲ့ဒီအချိန်မှာ လွန်ခဲ့တဲ့ ၄နှစ်ကျော်ကရည်းစားဟောင်း ရောနီဆီကိုအကူအညီတောင်းခဲ့ပါတယ် ရော်နီတစ်ယောက် ကလေးလေးကို ရှာတွေ့မလား နီဟာဘာကြောင့်ရော်နီကို အကူအညီတောင်းခဲ့တာလဲ နောက်ကွယ်မှာ ဘာပြသနာတွေရှိနေမလဲဆိုတာပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး#အက်ရှင်ခပ်ကြမ်းကြမ်းမှကြိုက်တဲ့လူတွေလုံးဝကို လက်အလွတ်မခံသင့်ပါဘူး Qty - 720p HD ripDuration - 2hr 20minGern - Action / Drama / ThrillerTranslator - Zaw HtooEncoder - Kyaw Ye Aung
movie
Baaghi 2 (2018)
2018