Channel Myanmar

Prashant Narayanan

Dishkiyaoon (2014) 5.2
Dishkiyaoon (2014) Dhishkyaoon 2014 (ဂိုဏ်းစတားဖြစ်ချင်သူ ကိုလူဇိုး) IMDb- 5.2/10ဒီဇာတ်လမ်းမှာတော့ အိန္ဒိယရဲ့ ပရိုဂျူဆာ, စာရေးဆရာ မင်းသားဖြစ်တဲ့ Harman Baweja ပါဝင်ပြီးတော့ Addo AIရဲ့ Co-Founder,CEO ဖြစ်သူ Ayesha Khannaရဲ့ ပထမဆုံးသော ရုပ်ရှင်လောကကို စတင်ဝင်ရောက်ခဲ့တဲ့ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ဗီကီဟာ ၅နှစ်သားအရွယ်မှာတင် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးတော့ မိခင်သေဆုံးသွားကတည်းက အချစ်မခံရတော့တဲ့ကလေးတစ်ယောက်ပါ၊အဖေကတော့ ရှိပေမယ့် ဖခင်တွေရဲ့ထုံးစံအတိုင်းပဲ အလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်နေသူဖြစ်တဲ့အပြင် သားဖြစ်သူနဲ့လည်း အလှမ်းဝေးလျက်ရှိပါတယ်။ဗီကီတစ်ယောက် ငယ်စဉ်က ကျောင်းမှာ ဂျီရတ်ဆိုတဲ့ကောင်လေးက အနိုင်ကျင့်တာတွေ ရှိခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ ဂရုစိုက်ခြင်းကို မခံရတဲ့အတွက် သတိမထားမိတဲ့အပြင် ဗီကီက ပြောလာတာတောင် ဖခင်ဖြစ်သူမှာ အလုပ်ကပဲ အရေးကြီးနေသူဖြစ်တာကြောင့် သေချာ ဂရုမစိုက်ခဲ့ပါဘူး။ဒီလိုအချိန်မှာ ဗီကီ့အတွက် ချစ်စရာဆိုလို့ ကျောင်းက သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဂျီယာနဲ့ ကီတန်ပါပဲ။ဗီကီတစ်ယောက် သူတို့နယ်မြေရဲ့ လူမိုက်ဖြစ်သူ တိုနီ့ဆီမှာ သွားရောက်အကူအညီတောင်းဖို့ဖြစ်လာခဲ့ပါတယ်။တိုနီက ကူညီပြီးတော့ အကြံပေးလိုက်တဲ့နောက်မှာတော့ ဗီကီတစ်ယောက် ရာဂျတ်ကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာပါတော့တယ်။ ဒီလိုနဲ့ စာတတ်တဲ့ ဗီကီတစ်ယောက် ပညာမတတ်တဲ့ တိုနီ့ဆီမှာ စာရင်းမှတ်ဖို့ဖြစ်လာရင်းနဲ့ ဗီကီတစ်ယောက် ဂိုဏ်းစတားဖြစ်ဖို့အတွက်က သူ့ရည်မှန်းချက်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ ဗီကီတစ်ယောက် တိုနီ့ဆီမှာ နေရင်းကနေ ဂိုဏ်းစတားတစ်ယောက်ဖြစ်လာဖို့ ...
movie

Dishkiyaoon (2014)

Murder 2 (2011) 6.3
Murder 2 (2011) Murder 2 (2011) Action, Crime, Drama IMDb 6.3/10 (7.2K)ကဲ မင်းသားကြီး အင်မရန်းဟက်ရှမီရဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်လက်ရဲဇက်ရဲနိုင်တဲ့ အရ်ဂျွန်ဟာ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ကြောက်လေ့မရှိတဲ့ လောကဓံကိုအန်တုနေတဲ့ မိုက်ကန်းကန်းလူတစ်ယောက်ပါ သူဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ရဲဌာနကို စိတ်ကုန်နေလို့ တရားဥပဒေဘောင်ပြင်ဘက်ထွက် ကြေးစားလုပ်နေသူတစ်ယောက်ပါတစ်ရက် သူ့ကိုအလုပ်တစ်ခုလာအပ်ပါတယ် ညဉ့်ငှက်လေးတွေ ပျောက်ပျောက်နေတဲ့အမှုပါ..ဖောက်သည်က ခေါ်သွားပြီးရင် ကောင်မလေးတွေက ပြန်ပေါ်မလာတော့ပါဘူး..ပျောက်သွားတာလား ထွက်ပြေးသွားတာလား ဝေခွဲမရလို့...အဆိုပါအမှုကိုလိုက်နေရင်းနဲ့ မြို့ထဲမှာလည်း လူတွေပျောက်ပျောက်နေတာကို သတိထားမိလာခဲ့ပါတယ်..ပျောက်ဆုံးနေသူတွေအားလုံးဟာလည်း မိန်းကလေးတွေချည်းပါပဲ...ဒီအမှုကိုလိုက်နေရင်းနဲ့ ထင်မှတ်မထားတဲ့ ကိစ္စတွေနဲ့ လှည့်ကွက်လေးတွေ ပေါ်လာတဲ့အခါမှာတော့ ဇာတ်ရှိန်တွေ ဘယ်လိုတက်လာမလဲဆိုတာကို ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါ...အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားဖြစ်တဲ့အတွက် အနုအရွခန်းလေးတွေ ပါသေးလို့ ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာဖြစ်တယ်လို့ ညွှန်းပေးလိုက်ပါတယ်နော် File size…1.8GB / 800MB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Murder 2 (2011)

2011