Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Piotr Rogucki
6.3
Justice (2024) Napad
Justice (2024)IMDb Rating (6.3) ဒီဇာတ်လမ်းလေးကတော့ပိုလန် စုံထောက်ဇာတ်လမ်းလေးပါ။Soviet union လက်ထပ်တုန်းက အနားယူသွားတဲ့ စုံထောက်ဟောင်းတစ်ယောက်ကို ရက်ရက်စက်စက်လူသတ်ပြီးလုယက်သွားတဲ့ဘဏ်ဓားပြတိုက်မှုတစ်ခုကို အစိုးရကတိုက်ရိုက်သူ့ကို စုံစမ်းခိုင်းပြီး ရာထူးဟောင်းပြန်ပေးမယ်ဆိုပြီးပြောခဲ့ပါတယ်။ဇာတ်လမ်းက Slow burn ဖြစ်ပြီး character တွေရဲ့ စရိုက်ကိုသေသေချာချာပြနိုင်ပါတယ်။စုံထောက် thriller ကြိုက်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။)File size…(1.6 GB) / (940 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama Duration….01:55:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nikobaby
movie
Justice (2024) Napad
2024
5.1
No Pressure (2024)
အိုလီဗီယာဆိုတဲ့ ကောင်မလေးဟာ စိတ်မြန်လက်မြန် ဒေါသအိုးလေးဖြစ်ပြီး အရမ်းတော်တဲ့ စားဖိုမှုးတစ်ယောက်ပါ။တစ်ရက်မှာတော့ သူ့အဖွားဆုံးသွားတဲ့သတင်းကိုကြားတဲ့အတွက် အဖွားကိုနှုတ်ဆက်ဖို့ ရွာကိုရောက်လာခဲ့ပါတယ်။ ရွာကိုရောက်မှ သူ့အဖွားဟာ စိုက်ခင်းခြံပိုင်ရှင်နဲ့ တရားရင်ဆိုင်နေရကာ ခြံကို ထုတ်ရောင်းရတော့မယ့် အခြေအနေကို ရောက်ရှိနေတယ်ဆိုတာ သိလိုက်တဲ့အခါ အိုလီဗီယာတစ်ယောက် အဖွားကို အမြဲကူညီပေးသူ ဝေါ်ဂျက်ရဲ့အကူအညီကိုယူပြီး အဖွားရဲ့ခြံကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။အဖွားဖြစ်သူကြောင့် မြို့ကနေ ရွာကိုပြန်လာပြီး မိသားစုပိုင်ခြံကို ကာကွယ်ရင်း လျှို့ဝှက်ချက်တွေရှိနေတဲ့ ဝေါ်ဂျက်နဲ့ ချစ်ကျွမ်းဝင်သွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် Romance Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
No Pressure (2024)
Kill Me If You Dare (2024)
Kill me if you dare (2024)ပိတ်ရက်မှာ ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အပန်းဖြေနိုင်ဖို့ ပိုလန်နိုင်ငံက ရိုက်ကူးပြီး Netflix က ဖြန့်ချီထားတဲ့ Romance/ Comedy ရုပ်ရှင်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပိုလန်နိုင်ငံက ရိုက်ကူးတာမို့ မြင်နေကျ Hollywood ရုပ်ရှင်တွေနဲ့ ကွဲထွက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပျော့တ်နဲ့ နာတာလီယာတို့ဟာ ရုန်းကန်နေရတဲ့ သာမန်လင်မယားတွေပါ။ ငွေကြေးလည်း မချမ်းသာသလို စားနိုင်ရုံသောက်နိုင်ရုံပါပဲ။ အိမ်ထောင်သက်ကြာပြီဖြစ်တာမို့ ယောကျ်ားက မိန်းမကို ဂရုမစိုက်နိုင်တာ၊ ပိုက်ဆံနှမြောတာ အစရှိသဖြင့် ပြဿနာအသေးအမွှားတွေတော့ ရှိပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုပါပဲ။ နှစ်ပတ်လည်နေ့မို့လို့ ညစာထွက်စားရင်း ခဲခြစ်ကံစမ်းမဲလာရောင်းတဲ့ အဘွားကြီးဆီကနေ ခဲခြစ်ကံစမ်းမဲ ဝယ်ပြီး ကံစမ်းရာကနေ ပိုက်ဆံ ၅ သန်း မဲပေါက်သွားပါတယ်။ ဒီလိုနဲ့ လင်မယား ၂ ယောက်ကြား ငွေကြေးဝင်လာပြီး တစ်ယောက်ကို တစ်ယောက်ကများ သတ်ပစ်ပြီး ပိုက်ဆံတွေ လုမလားဆိုတဲ့ သံသယတွေ ဝင်လာကြလို့ တလွဲတွေဖြစ်တာကို ဟာသတွေနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားလေးပါ။အညွှန်း နဲ့ ...
movie
Kill Me If You Dare (2024)
2024
4.9
Heart Parade (2022)
Heart Parade (2022)ဒီနေ့မှာတော့ Netflix movie လေးတစ်ကားဖြစ်တဲ့ Polish romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမောင်ခွေးတို့ရေးတဲ့ရွှေဖူးစာလို့ပဲပြောရမလား .. Magda က နာမည်ကြီးရုပ်မြင်သံကြားအစီအစဥ်ရဲ့ထူးချွန်ဝန်ထမ်းတစ်ယောက်ပါ။ အနာဂတ်မှာ programming ဒါရိုက်တာရာထူးကို လက်လွှဲယူဖို့အလားအလာအများကြီးရှိတဲ့သူဆိုရင်လည်း မမှားဘူးပေါ့။ လက်ရှိဒါရိုက်တာမှာ Tod လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိတယ်။ ဒီကားလေးရဲ့ထူးခြားချက်က တစ်ကားလုံးမှာ ပါသမျှခွေးတွေအကုန်လုံးကDachshund လို့ခေါ်တဲ့ အလျားရှည်ခွေးပုလေးတွေချည်းပါပဲ။ အကုန်လုံးက Hot Dog ချောင်းလေးတွေလိုချစ်စရာလေးတွေပါ:3 ဆက်ရရင် ဒါရိုက်တာရာထူးကို လက်လွှဲယူရတဲ့ Magda က ခွေးလုံးဝမချစ်တတ်ပေမယ့်သခင်မဖြစ်သူကိုဖားပြီး Tod ရဲ့ဝေယျာဝေစ္စတွေ အကုန်လုပ်ရတယ်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ Magda ရဲ့ပေါ့ဆမှုTod တစ်ကောင်နေမကောင်းဖြစ်သွားတာမို့ ဒါရိုက်တာကစိတ်ဆိုးပြီး Magda ကို အလုပ်ထုတ်လိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း သားဖြစ်သူ Karol ရယ် Trombone လို့ခေါ်တဲ့ခွေးလေးရယ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့Krzystof က ဇနီးဖြစ်သူဆုံးပါးပြီးတဲ့နောက် အချစ်သစ်မရှာတော့ဘဲ သားဖြစ်သူကိုတစ်ယောက်တည်းပျိုးထောင်နေတဲ့ ဖခင်တစ်ယောက်ပါ။ လက်ရှိမှာ Dachshundပွဲဈေးတန်းလေးကို ...
movie
Heart Parade (2022)
2022