Channel Myanmar

Pierre Aussedat

Little Girl Blue (2023) 6.3
Little Girl Blue (2023)  Little Girl Blue (2023)IMDb Rating (6.3) / Rotten Tomatoes (83%) ပြင်သစ်ရဲ့ နာမည်ကြီး စာရေးဆရာမနဲ့ ဓာတ်ပုံဆရာမဖြစ်တဲ့ ကာရိုးအချလာချီ ကိုယ်တိုင်ရိုက်ကူးပြီး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ documentary ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ပြင်သစ်တွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းကို ဒရာမဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်းဖြစ်အောင်ဒါ့အပြင် ဇာတ်အိမ်ကိုလည်း နက်နဲအောင် လုပ်ထားတာဖြစ်ပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ အတ္ထုပတ္တိဆန်ဆန် ဇာတ်ကားမျိုးတွေကို ကြိုက်တဲ့သူမျိုးအတွက် ကွက်တိလို့ပဲဆိုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.4 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History Duration….01:35:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark
movie

Little Girl Blue (2023)

2023
Belphegor, Phantom of the Louvre (2001)
Belphegor, Phantom of the Louvre (2001)  မံမီကားဆိုပေမယ့် အီဂျစ်ရဲ့ ပိရမစ်တွေ ဘုရင်တွေရဲ့ သင်္ချိုင်းတွေမှာမဟုတ်ဘဲ ပြင်သစ်မှာ ဇာတ်အိမ်တည်ထားတာပါ။ အထူးသဖြင့် ဇာတ်ဝင်ခန်းအများစုကို ပဲရစ်က နာမည်ကျော် Louvre ပြတိုက်မှာ ရိုက်ကူးထားပါတယ်။အီဂျစ်က တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို Louvre ပြတိုက်ဆီသယ်လာရာမှာ မံမီတစ်ခုလည်းပါလာပါတယ်။ မံမီမှာ နာမည်ရော သူ့ကို မြှုပ်နှံတဲ့အချိန် ထည့်ရတဲ့ ရတနာတွေနဲ့ အဆောင်ပစ္စည်း‌တွေ ပါမလာပါဘူး။ ပညာရှင်တွေက သူ့ကိုလေဆာစကန်ဖတ်နေတဲ့အချိန် မံမီထဲကနေ ဝိညာဉ်ထွက်သွားပါတယ်။ အဲ့ဝိညာဉ်က ပြတိုက်တစ်ဖက်လမ်းမှာနေတဲ့ လီဆာဆိုတဲ့ မိန်းကလေးကိုယ်ထဲ ဝင်သွားပါတယ်။မကြာခင် ပြတိုက်က အစောင့်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီး တစ္ဆေရှိတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့လာပါတယ်။ မံမီဝိညာဉ်ဝင်ပူးခံနေရတဲ့ လီဆာကလည်း ထူးထူးဆန်းဆန်းတွေ လုပ်နေပြီး လျှပ်စစ်မီးတွေကိုပါ ထိန်းချုပ်နိုင်လာပါတယ်။ ပြတိုက်လုံခြုံရေးတွေက မံမီတစ္ဆေကို သူခိုးထင်ပြီး ဖမ်းဖို့ကြိုးစားရင် သေကုန်တဲ့အခါ...လီဆာပါ အသက်အန္တရာယ်ရှိလာတဲ့အခါ...မံမီရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ပြီး လီဆာကို ကယ်ဖို့ သူ့ချစ်သူမာတင် ကြိုးပမ်းတာကို ...
movie

Belphegor, Phantom of the Louvre (2001)

An Officer and a Spy (2019) 7.2
An Officer and a Spy (2019)  ၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

An Officer and a Spy (2019)