Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Phillipa Soo
The Broken Hearts Gallery (2020)
The Broken Hearts Gallery (2020) ********************************ချစ်သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုသိမ်းဆည်းတတ်တဲ့ ကောင်လေး၊ ကောင်မလေးတွေ...CM ပရိသတ်ကြီးထဲမှာရှိကြမယ်လို့ထင်ပါတယ်။ လမ်းခွဲပြတ်စဲသွားချိန်မှာတောင် ဒီအမှတ်တရတွေကို...မဖျက်ဆီးရက်တဲ့အခါ နာကျင်ခံစားကြရမှာပါ။ အဲဒီလိုရှေ့မဆက်နိုင်ဘဲ နာကျင်နေရတာတွေကိုကုစားဖို့...Hear Broken Gallery လာပါပြီ။ စွန့်ပစ်ဖို့လည်းခက် ဖက်တွယ်ဖို့လည်းနာကျင်နေရရင်...ဒီဇာတ်ကားလေးကိုသတိရလိုက်ပါနော်။ Comedy, Romance ဖြစ်တဲ့ ဒီကားလေးမှာ...Stranger Thing စီးရီးထဲက ဆွဲဆောင်မှုရှိတဲ့ ဘီလီက နစ်ခ်အနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဒီတစ်ခါတော့ Charming type လေးအနေနဲ့ပါ၀င်ထားလို့ အဆုံးထိစိတ်၀င်တစားကြည့်ရှုရမယ့် ကားလေးပါ။ဇာတ်လမ်းအကျဉ်း -------------တွဲသမျှကောင်လေးတိုင်းရဲ့အမှတ်တရတွေကို သိမ်းထားတတ်တဲ့ကောင်မလေး လူစီ...လူစီက ပြခန်းတွေကိုစီမံရတာ၀ါသနာပါတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ တစ်နေ့တော့...သူ့ချစ်သူနဲ့ပြတ်စဲသွားတဲ့အချိန်မှာ ဒီအမှတ်တရပစ္စည်းတွေကို လွှင့်မပစ်နိုင်မယ့်အတူတူ...ထားစရာနေရာရှာပါတော့တယ်။ အဲဒီမှာပဲ ဟိုတယ်ဖွင့်ဖို့ကြိုးစားနေတဲ့ နစ်ခ်နဲ့ဆုံပါတော့တယ်။သူတို့နှစ်ယောက်ဆုံပြီးတဲ့နောက် ဘာဆက်ဖြစ်မယ်ဆိုတာ စိတ်၀င်စားစွာနဲ့ကြည့်ရှုရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...File Size : 2.04GB / 920MB Quality : 1080p 5.1ch / 720p Duration : ...
movie
The Broken Hearts Gallery (2020)
2020
5.3
One True Loves (2023)
One True Loves (2023)စစ်မှန်တဲ့အချစ်နဲ့ ဘဝမှာဘယ်နှစ်ကြိမ်ကြုံတွေ့နိုင်သလဲ။ အမ်မာဘလဲရ်ဆိုတဲ့မိန်းကလေးအတွက်တော့ ကံကြမ္မာက နှစ်ကြိမ်တောင်ယူဆောင်လာပေးခဲ့တယ်။ ဘဝမှာဒုတိယအကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှ ထာဝရဆုံးရှူံးလိုက်ရပြီထင်တဲ့သူကပြန်ရောက်လာတဲ့အခါ....main castတွေအကုန် သရုပ်ဆောင်အဆင်ပြေကြပြီး ဇာတ်ဝင်တေးတွေလည်းသူ့နေရာနဲ့သူအံဝင်ခွင်ကျထည့်ထားပြီး ကြည့်ရတာcringeမဖြစ်ဘဲအဆင်ပြေတယ်လို့ထင်ပါတယ်။ Hacksaw Ridge, Interceptorတို့မှာsupporting rolesတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့Luke Braceyနဲ့ Shang-Chi and the Legend of the Ten RingsထဲကShang-Chiနေရာမှာသရုပ်ဆောင်ခဲ့တဲ့Simu Liuတို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းအမ်မာက သူ့ဘဝရဲ့ငယ်ရွယ်တဲ့အချိန်မှာပဲ စစ်မှန်တဲ့လက်တွဲဖော်တစ်ယောက်ကိုရခဲ့တယ်။ documentaryတွေရိုက်ရတာသဘောကျတဲ့ဂျက်စီရယ် ခရီးသွားဘလော့ဂ်တွေရေးရတာနှစ်သက်တဲ့ အမ်မာရယ် စိတ်တူကိုယ်တူဝါသနာတူစုံတွဲလေးဖြစ်ခဲ့တယ်။ဆမ်လီကတော့ အမ်မာရဲ့ကျောင်းနေဖက်အခင်ဆုံးသူငယ်ချင်း အမ်မာကိုအရင်တွေ့ပြီး အရင်စကြိုက်ခဲ့တဲ့သူပေမယ့် ဖွင့်မပြောဖြစ်ခဲ့ဘဲ တစ်ဖက်သတ်အချစ်နဲ့အဆုံးသတ်သွားခဲ့တယ်။ ဒါပေမဲ့ကံကြမ္မာက ဆမ်နဲ့အမ်မာကိုပြန်ဆုံစေခဲ့တယ်။ အမ်မာလည်း ဂျက်စီမရှိတော့တာ ၃ နှစ်အကြာမှာတော့အမှန်တရားကိုလက်ခံလိုက်ပြီး နောက်တစ်ကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တယ်။တကယ်တော့ဂျက်စီကမသေခဲ့ဘဲ လူသူမရှိတဲ့ကျွန်းတစ်ကျွန်းမှာသောင်တင်နေခဲ့တာပါ။(မင်းသားကြီးTom Hanks)ရဲ့Castawayကိုတောင်သတိရသွား)အမ်မာကိုပြန်တွေ့ရဖို့မျှော်လင့်ချက်နဲ့ လေးနှစ်လုံးကျွန်းပေါ်မှာမသေအောင်နေခဲ့ပေမယ့် ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်ဇနီးမှာ နောက်ထပ်စေ့စပ်ထားတဲ့သူရှိနေခဲ့ပြီ။ဒါတွေသာဖြစ်မလာခဲ့ရင် ဂျက်စီလည်းအမ်မာနဲ့ထာဝရပျော်ရွှင်သွားရမှာ။ ဆမ်လီကလည်းကြိုးစားခွင့် မျှော်လင့်ခွင့်ရှိတယ်။ ဒီဆုံးဖြတ်ရခက်တဲ့အခြေအနေကို အမ်မာဘယ်လိုဖြေရှင်းမလဲ။ ပရိသတ်ကြီးသာဆိုရင်ရော ဘယ်သူ့ကိုရွေးချယ်မလဲ....(ဘာသာပြန်ပြီး ...
movie
One True Loves (2023)
7
Blue’s Big City Adventure (2022)
Blue's Big City Adventure (2022)(1080p ရပါပြီ)Blue's Big City Adventure ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးတကား အကြောင်းပြောပြချင်ပါတယ်။ဇာတ်လမ်းလေးထဲမှာတော့ ဂျော့ရှ် ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့ခွေးလေး ဘလူးတို့ဟာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ပြဇာတ်သရုပ်ဆောင်တွေ ဖြစ်လာကြဖို့ နယူးယောက်မြို့က လူရွေးပွဲကို ရောက်လာကြတာဖြစ်ပါတယ်။ဖြစ်ချင်တော့ လူရွေးပွဲလုပ်မယ့် ပြဇာတ်ရုံရဲ့ လိပ်စာရေးထားတဲ့ မှတ်စုစာအုပ်ဟာ အိမ်မှာကျန်နေခဲ့ပါတယ်။မှတ်စုစာအုပ်မပါတဲ့ ဂျော့ရှ်နဲ့ ဘလူးတို့ နယူးယောက်မြို့ကြီးမှာ ဘာအခက်အခဲတွေ ကြုံရမလဲ? သူတို့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ကြမလဲ? ဆိုတာ ...တေးသီချင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ကားလေးကို ကြည့်ရင်း ရင်ခုန်ကြတာပေါ့။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zeul Thwin ပါ။)File Size : 2.2GB, 883MB, 481MB Quality ...
movie
Blue’s Big City Adventure (2022)
2022
7.0
Over the Moon (2020)
Over the Moon (2020)=================IMDb Rating - 7.0/10#Unicodeတရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ။ ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေးကလည်း ယုံကြည်သူပါ။ ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကိုလက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။ ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့အဖေကို အပြစ်တင်နေခဲ့ပြီး ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကိုတားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်ပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) #Zawgyiတရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ။ ...
movie
Over the Moon (2020)
2020
6.9
IMDb 6.9/10 Rotten Tomatoes 71% ရရှိထားတဲ့ Disney ဇာတ်ကားအသစ်လေးပါ။ကလေးရော လူကြီးရော အကြိုက်တွေ့မယ့်ကားပါ။ကလေးတွေကြည့်ပြီး စံထားစရာ ဇာတ်ကောင်တွေ စကားတွေ အများကြီးပါ,ပါတယ်။Silverback မျောက်ဝံကြီး Ivan ဟာ သူနေ,နေရတဲ့Markရဲ့ပြပွဲရုံထဲက ဘဝကို ငြီးငွေ့နေသူပါ။Markရဲ့ တိရစ္ဆာန်ပြပွဲ အဖွဲ့မှာ Stella ဆိုတဲ့ ဆင်အိုမကြီးတစ်ကောင်လည်း ရှိတယ်။Stella က Ivan မိတ်ဆွေတွေထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ အမျှော်အမြင်အရှိဆုံးသူပေါ့။Markက ပြပွဲ အရှုံးပေါ်နေချိန် ပွဲကြည့်သူများလာဖို့Ruby ဆိုတဲ့ ဆင်ပေါက်လေးကို တင်ဆက်ပြသဖို့ ဝယ်ယူခဲ့တယ်။Ruby လေးကို သူ့လို ကျဉ်းကျပ်တဲ့ ဘဝမှာ မနေစေလိုတဲ့Stella ဟာ Ivan ကို ကတိတစ်ခုနဲ့အတူ အကူအညီတောင်းခဲ့တယ်။Ivan က ...
movie
The One and Only Ivan (2020)