Channel Myanmar

Phillip MacKenzie

Dawn of the Dead (2004) 7.3
Dawn of the Dead (2004) Dawn of the Dead (2004)IMDb - 7.3/10_____Rotten - 75%ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်... ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်... အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်...။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ...။ တစ်ကယ်လို့များ အဲဒါကို ...
movie

Dawn of the Dead (2004)

2004
4K HEVC
The Cry of the Owl (2009)
The Cry of the Owl (2009) ရောဘတ်ဖော်ရက်စတာက သူအချစ်ကြီးချစ်ခဲ့ရတဲ့ဇနီးသည်နဲ့ကွာရှင်းပြတ်စဲဖို့လုပ်ဆောင်နေရတဲ့အတွက် စိတ်ထိခိုက်ဖိစီးရင်းအထီးကျန်ဝေဒနာကိုခံစားနေရတဲ့သူဖြစ်ပါတယ်။စိတ်ဓာတ်ကျမူမမှန်သူတို့ထင်ရာစိုင်းလေ့ရှိတဲ့အတိုင်း သူ့မှာဝါသနာတစ်ခုငြိတွယ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ လူသူမနီးတဲ့အရပ်မှာတကိုယ်တည်းနေတဲ့ မိန်းကလေးတစ်ယောက်ကိုချောင်းကြည့်ပြီးစိတ်ဖြေရာကိုရှာတာပါပဲ။သူ့ဟာသူ အိမ်အလုပ်တွေနဲ့ရှုပ်နေလေ့ရှိတဲ့ မိန်းကလေးငယ်ကိုအဝေးကနေကြည့်ရတာ သူ့အတွက်စိတ်ငြိမ်းချမ်းရာ တစ်မျိုးရစေတယ်လို့ သူက အထင်ရှိပါတယ်။တစ်နေ့မှာတော့ ချောင်းကြည့်နေတဲ့သူ့ကို ကောင်မလေးကမြင်သွားပြီး စကားပြောဖြစ်ရာကနေ သူတို့နှစ်ယောက်ပတ်သက်မှုအစပျိုးလာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးငယ်ဖြစ်တဲ့ ဂျန်နီက အစွဲအလန်းကြီးအယူသီးလေ့ရှိသူ တစ်ဦးဖြစ်ပြီး ရောဘတ်ဟာ သူ့ဘ၀အတွက်နိမိတ်ပုံတစ်မျိုးကို ဆောင်နေတယ်လို့ယူဆထားပါတယ်။ ပြဿနာက ဂျန်နီမှာလက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူ ဂရက် ရှိနေပြီး ရောဘတ်နဲ့တွေ့ချိန်မှာ သူ့ကိုအဆက်အသွယ်ဖြတ်လိုက်တဲ့အတွက် ကြိတ်မနိုင်ခဲမရဖြစ်နေပါတယ်။ အဲ့ဒါကြောင့်လည်း တစ်ညမှာရောဘတ်ကို လုပ်ကြံဖို့ကြိုးစားရင်းအပြန်အလှန်သတ်ပုတ်ကြရာကနေ ဂရက်ကမြစ်ထဲထိုးကျသွားခဲ့ပါတယ်။ ရောဘတ် သူ့ကို ထိုးချလိုက်တာ တစ်ချက်တည်းဖြစ်သလို မြစ်ထဲကျကျချင်းမသေတာသိတဲ့အတွက် ဆယ်တင်ပြီး ကမ်းနဘေးမှာထားခဲ့ပါတယ်။ဒါပေမယ့် နောက်တစ်နေ့မှာတော့ ဂရက်ပျောက်ဆုံးနေမှုနဲ့အတူ စုံထောက်တွေက သူ့ကိုလာပြီးစုံစမ်းစစ်ဆေးမှုတွေစတင်လာချိန်မှာတော့ ရောဘတ်တစ်ယောက် သပွတ်အူနဲ့တောက်လျှောက်တိုးပါတော့တယ်။The Talented Mr. Ripley တို့ Strangers on a Train တို့လိုနာမည်ကျော်ဂန္ဓဝင်တွေ လတ်တလောနာမည်ကြီးသွားခဲ့တဲ့ Ben Affleck. ...
movie

The Cry of the Owl (2009)