Channel Myanmar

Philippe Dusseau

Daaaaaalí! aka Daaaaaali (2023) 6.6
Daaaaaalí! aka Daaaaaali (2023) Daaaaaalí! ( 2023 ) ဒါလီဒါလီဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက် ပြင်သစ်ဟာသရုပ်ရှင်ဖြစ်ပြီး အိပ်မက်ဆန်ဆန်သရုပ်ဖော်မှုကို ဦးစားပေးသည် ၁၉၂၀ ဝန်းကျင်မှ အနုပညာရှင် ဆေလ်ဗာဒေါဒါလီအကြောင်းကို အတ္ထုပ္ပတ္တိကို အစစ်အမှန်နဲ့အမှားရောပြီး ရိုက်ကူးဖော်ပြထားတယ်လို့ သိရပါတယ်။ဇာတ်လမ်းလေးကတော့ .. ပြင်သစ်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျူဒစ်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်က နာမည်ကြီး စပိန်အနုပညာရှင် ဆေလ်ဗာဒေါဒါလီနှင့် တွေ့ဆုံ၍ မှတ်တမ်းရုပ်ရှင်ပရောဂျက်အတွက် အကြိမ်များစွာ ကြိုးစားခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ပထမဆုံးအကြိမ် အင်တာဗျူးဖို့ ချိန်းဆိုခဲ့တဲ့အခါမှာတော့ အင်မတန်နာမည်ကြီးသလို အင်မတန်မှလည်းချေလှပါသော အနုပညာရှင်ကြီးက ရုပ်ရှင်ကင်မရာမပါဘဲ စာရွက်နဲ့ဘောပင်နဲ့တင် အင်တာဗျူးမယ်ဆိုလို့ ချက်ချင်းထပြန်သွားပါတယ်။ အဲဒီနောက်မှာတော့ ဂျူဒစ်က ဒါလီ့ကို အင်တာဗျူးခွင့်ရဖို့အတွက် ပုံစံမျိုးစုံနဲ့ ကြိုးစားချဉ်းကပ်ပါတော့တယ်။နာမည်ကြီးသလောက် အကောင်းတကာ့အကောင်းဆုံးကိုမှ ရွေးချယ်တတ်တဲ့ ဒါလီ့ကို ပြင်သစ်မလေး ဂျူဒစ်က အောင်မြင်စွာပဲ အင်တာဗျူးခွင့်ရပါ့မလားဆိုတာကိုတော့....( ဘာသာပြန်နဲ့အညွှန်းကိုတော့ CM Bollywood Team မှတင်ဆက်ပေးထားပါတယ် ) File size… 819 MB / 400 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Daaaaaalí! aka Daaaaaali (2023)

The Bélier Family (2014) 7.3
The Bélier Family (2014)  ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ La famille Belierလို့ခေါ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဘီလီရာလို့ခေါ်တဲ့ မိသားစုလေးမှာ မိသားစုဝင် ၄ ယောက်ရှိပြီးတော့၃ ယောက်က ဆွံ့အနားမကြားသူတွေပါ။ သမီးတစ်ယောက်တည်းကပဲ ချွတ်ယွင်းမှုမရှိနေတာပါ။ သူက ကျန်တဲ့မိသားစု၃ ယောက် အဆက်အသွယ်လုပ်နိုင်ဖို့ ကြားကနေ ဘာသာပြန်ပေးနေရသူဆိုလည်း မမှားပါဘူး။ သူဟာ မိသားစုနဲ့အတူ ဈေးထဲမှာချိစ်တွေကို ရောင်းပါသေးတယ်။ ကျောင်းတွေပြန်ဖွင့်လို့ ကျောင်းပြန်တက်တဲ့အခါမှာ သင်ရိုးအပိုတွေထဲက တစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာတဲ့အခါ သူဟာ ဓမ္မတေးအဖွဲ့ထဲဝင်ဖို့ ရွေးချယ်လိုက်ပါတယ်။ အဲဒီကနေမာ ဂီတဆရာသောမက်ဆန်နဲ့ တွေ့ခဲ့ပြီးတော့ သူ့အသံဟာ သူများနဲ့မတူ တမူထူးခြားကြောင်း သိလာခဲ့ပါတယ်။ ဆရာဖြစ်သူ သောမက်ဆန်ကသူ့အသံနဲ့ဆိုရင် ပဲရစ်မှာ ကျင်းပမယ့် အဆိုပြိုင်ပွဲကို ဝင်ပြိုင်လို့ရကြောင်း၊ ပြိုင်ပွဲကိုနိုင်ရင် ပဲရစ်မှာရှိတဲ့ အနုပညာကျောင်းမှာကျောင်းတက်ခွင့်ရမယ့်အကြောင်း ပြောပြခဲ့ပါတယ်။ ဒါဆိုရင် ...
movie

The Bélier Family (2014)