Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Philippe Brenninkmeyer
5.8
Monster on a Plane (2024)
ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အီတလီနိုင်ငံမှာကျင်းပတဲ့ Horrorant Film Festival မှာ Best Special Effects ဆု ရရှိခဲ့တဲ့ Monster Horror ကားလေးပဲဖြစ်ပါတယ်.. ဒါရိုက်တာ Ezra Tsegaye ဟာလည်း Horror အမျိုးအစားဇာတ်ကားများကို တစိုက်မတ်မတ်ရိုက်ကူးသူဖြစ်ပြီး ယခုဇာတ်ကားဟာ သူကိုယ်တိုင်ရေးသားရိုက်ကူးတဲ့ ကားလေးဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်း +++++++++++++ရေသူမထုံးရေအိုင်ကျွန်းမှ ထွက်ခွာမယ့် ဟမ်ဘာ့ဂ်လေယာဉ်ဟာ ကျောင်းသားများ ဂီတသမားများ ပါမောက္ခများနှင့် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိနေပြီး လေယာဉ်မှူးဟာလည်း ပုံမှန်လုပ်ဆောင်နေကျအတိုင်း လေယာဉ်ပျံတက်ဖို့ စစ်ဆေးစရာတွေ စစ်ဆေးရင်း အလုပ်များလျက်ရှိနေခဲ့ပါတယ်.. တစ်ဖက်မှာလည်း ရဲအရာရှိနှစ်ယောက်တို့ဟာ ၎င်းလေယာဉ် ကျွန်းမှ မထွက်ခွာရန်တားမြစ်ဖို့ အပူတပြင်း ကြိုးစားနေခဲ့ပါတယ်.. ထိုသို့ရှိနေစဉ် ပါမောက္ခတစ်ယောက်ကတော့ စိုးရိမ်စိတ်အပြည့် ပေါ်လွင်နေတဲ့ မျက်နှာနဲ့ လေယာဉ်ထွက်ခွာဖို့ကိုသာ အလောတကြီးဖြစ်နေခဲ့ပါတယ်.. လေယာဉ်ပြေးလမ်းပေါ်မှ အရှိန်ယူပြီး ထွက်ခွာခဲ့တဲ့နောက်မှာတော့ အရာအားလုံးဟာ အေးဆေးလျက်… ခရီးသည်များ လေယာဉ်မယ်များ လေယာဉ်မှူးများဟာလည်း ကိုယ်စီအလုပ်ရှုပ်နေကြလျက်… ထိုအချိန်မှာပဲ လေယာဉ်စက်ခန်းသို့ စက်ချို့ယွင်းမှုတစ်ခု စစ်ဆေးရန်ရောက်လာသူ လေယာဉ်မောင် သောမတ်စ်တစ်ယောက် ဖွံ့ထွားတဲ့ရင်သားများနဲ့ ဝတ်လစ်စားလစ်အမျိုးသမီးတစ်ယောက်ကို တွေ့ရတဲ့အခါမှာတော့…ဒီရုပ်ရှင်ကားလေးဟာ ...
movie
Monster on a Plane (2024)
5.5
Marching Powder (2025)
ဟာသအချစ်ကားကောင်းကောင်းလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ ဗြိတိသျှဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Marching Powderဖြစ်ပြီး လက်ရှိ IMDb Rating 5.5 အထိရရှိထားပါတယ်။ရိုင်းစိုင်းတဲ့စကားလုံးတွေကို ပျစ်ပျစ်နှစ်နှစ် ရှယ်သုံးထားပြီးမူးယစ်ဆေးသုံးတဲ့အခန်းတွေကိုလည်း မှိုလိုပေါက်အောင်ရိုက်ကူးထားတဲ့အတွက် ကလေးသူငယ်တွေကြည့်ဖို့အတွက်တော့ မသင့်တော်ပါဘူး။ဒါပေမယ့် ဒီလိုအပေါ်ယံ ဆိုးသွမ်းမှုတွေကိုဖယ်ပြီး နှလုံးသားနဲ့ရှုစားလိုက်မယ်ဆိုရင်တော့ကြည်နူးစရာကောင်းတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက်အသစ်အဆန်းတွေမြည်းစမ်းချင်သူတွေကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ယနေ့ခေတ်အိမ်ထောင်ဦးစီးအမျိုးသားတွေကိုကြည့်လိုက်မယ်ဆိုရင် လူပျိုလူလွတ်ဘ၀တုန်းက ဘယ်လောက်ပဲဆိုးခဲ့ဆိုးခဲ့ သားနဲ့မယားနဲ့ဖြစ်လာပြီဆိုရင်ပြောင်းလဲပြီးလိမ္မာတဲ့အားကိုးရတဲ့ခင်ပွန်းကောင်း ဖခင်ကောင်းတွေဖြစ်သွားတတ်ကြတာများပါတယ်။ဒါပေမယ့်လည်း အရင်တုန်းကဆိုးခဲ့ပြီး သားနဲ့မယားနဲ့ဖြစ်လာမှပိုဆိုးလာတယ်ဆိုတဲ့ ယောက်ျားတွေကလည်းရှိနေပါသေးတယ်။အဲ့ဒီထဲမှာ ဒီကားရဲ့မင်းသားဖြစ်တဲ့ဂျက်ခ်ဆိုတဲ့လူလည်းထိပ်ဆုံးကပါဝင်နေပါတယ်။သူက မွေးကတည်းက ကိုကိန်းဆိုတဲ့စကားကိုစပြောလာခဲ့ပြီး ကြီးပြင်းလာခဲ့တဲ့တစ်လျှောက်မှာလည်းလက်ဖျားခါလောက်အောင်ဆိုးသွမ်းတဲ့လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။အခုဒန်နီဆိုတဲ့မိန်းမနဲ့ ဂျေဂျေဆိုတဲ့သားလေးရထားတာတောင် သူ့မှာနဂိုဗီဇကမပျောက်ဘဲဆေးချလိုက် ရန်ဖြစ်လိုက်နဲ့ဖြတ်သန်းနေတဲ့အခါမှာတော့မလွှဲသာမရှောင်သာ တရားရုံးနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်။အဲ့ဒီအခါမှာတော့ သူ့မိန်းမနဲ့ကလေးကို ဆုံးရှုံးရမဲ့အပြင် ထောင်ကျဖို့ပါနီးလာတဲ့အခါမှာတော့ သူ့ဘ၀တစ်လျှောက်လုံးဆိုးလာခဲ့သမျှတွေကိုပြုပြင်ပြီး လူသစ်တစ်ယောက်အဖြစ်နဲ့ဘ၀ကိုရှေ့ဆက်သွားနိုင်ပါ့မလားဆိုတာကို ရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.07 GB) / (678 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre …..Acion , Comedy , ...
movie
Marching Powder (2025)
5.7
Reasonable Doubt (2014)
ဥပဒေမှာ Reasonable Doubt ဆိုတာက အမှုတစ်ခုနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်ကကျူးလွန်တယ်ဆိုတာကို သက်သေတွေအရ အကျိုးသင့်အကြောင်းသင့်သံသယဝင်ပြီးစစ်ဆေးဖို့လုပ်တာကိုခေါ်တာပါဒါပေမဲ့ သူဟာတရားခံအစစ်ပါလို့ကောက်ချက် ပြီးစီရင်ချက်ချဖို့ကတော့ အထက်ကပြောခဲ့တဲ့ Reasonable Doubtဆိုတဲ့ အဆင့်ထက်ကျော်လွန်ဖို့လိုပါတယ်..ဘာလို့လဲဆိုတော့လူတစ်ယောက်ကို အဲလိုမျိုးအကျိုးအကြောင်းသင့်သံသယဝင်ခံရအောင်လုပ်ဖို့ကပစ္စည်းသက်သေတွေဖန်တီးယူလို့ရတာကြောင့်ပါ.ကဲ ဆိုတော့ ဒီဇာတ်ကားမှာအဲဒါကိုသေသေချာချာမြင်တွေ့ရမှာပဲဖြစ်ပါတယ် မစ်ချ်ဆိုသူဟာ အစိုးရခရိုင်ရှေ့နေရုံးက ဒိတ်ဒိတ်ကြဲရှေ့နေတစ်ဦးဖြစ်ပါတယ်သူ့မှာလှပတဲ့ဇနီးရယ် သမီးလေးရယ်နဲ့ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ထားသူပါတစ်ညမှာ အမှုတစ်ခုအတွက်သူငယ်ချင်းတွေနဲ့အောင်ပွဲခံသောက်ကြရင်းအမူးလွန်ပြီး ကားမောင်းအိမ်ပြန်တဲ့မစ်ချ်ဟာ လူတစ်ယောက်ကိုဝင်တိုက်မိခဲ့ပါတယ်.အဲဒီမှာစပြီးတော့ မစ်ချ်တစ်ယောက်မကြုံစဖူးအဖြစ်အပျက်တွေကြုံလာဖို့အကြောင်းဖန်လာတော့တာပါပဲမစ်ချ်တိုက်မိတဲ့လူက ဘယ်လိုလူမျိုးလဲ..မစ်ချ်ကကောအဲအတွက်ဘာတွေဆက်လုပ်ရမလဲ...ဆိုတာကိုဆက်ကြည့်ရင်းနဲ့ဇာတ်ကားကောင်းလေးကိုခံစားလိုက်ရအောင်ပါ File size…1.03GB / 446MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 31m Genre …..Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
Reasonable Doubt (2014)
7.1
Super Troopers (2001)
ဒီတစ်ခါ CM ပရိတ်သက်ကြီး အတွက် အဟားကြီး တစ်လိုင်းဖြစ်မယ့်Comedy Movie တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်Super Troopers ပါတဲ့...ရုပ်ရှင်ရဲ့ ပုံစံကတော့ အမြန်လမ်း ယဉ်ထိန်းရဲတွေရဲ့ဗယုတ်ကျ အခွက်ပြောင်တာလေးတွေ ကို ကြည့်ရမှာပါအမြန်လမ်း ယဉ်ထိန်းရဲ တွေနဲ့ နယ်မြေ တာဝန်ခံ ရဲတွေဟာဘယ်တော့မှ မတည့်ပါဘူး အမြဲလိုလို ရန်ဖြစ်နေပါတယ်တစ်ခါတစ်လေ အမြန်လမ်း ရဲတွေ လုပ်ရမယ့် ကိစ္စကိုနယ်မြေခံ ရဲတွေက ဝင်လုတက်သလို နယ်နမိတ်ကြားမှာဆုံမိရင်လဲ အချင်းချင်း ရန်ဖြစ်လို့ မဆုံးနိုင်တော့တဲ့အပြိုင် အဆိုင် ၂ ဖွဲ့ ဖြစ်ပါတယ်...တစ်နေ့မှာတော့ ယဉ်ထိန်းရဲတွေ တာဝန်ကျတဲံအမြန်လမ်းမှာပဲ လူသေမှု တစ်ခု ဖြစ်ပါတယ်ဒါကို နယ်မြေခံရဲတွေက လာလုသွားပြီး ရာထူးတက်ဖို့ကြံတဲ့အခါအမြန်လမ်း ရဲတွေ က ဘယ်လို အမှုကို ထုတ်ဖော်ကြမလဲ ဆိုတာဟာသလေးတွေ နှောပြီး ကြည့်ရှုရပါမယ်....တစ်ချို့ အခန်းတွေက ညစ်ညမ်းစကားလုံး နဲ့ညစ်ညမ်းပုံရိပ် တစ်ချို့ ပါတဲ့ အတွက် မိသားစု နဲ့အတူကြည့်ဖို့ ...
movie
Super Troopers (2001)
2001