Channel Myanmar

Philip Wilson

13: Game of Death (2006) 6.4
13: Game of Death (2006) 13: Game of Death (2006) ************************ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့...ငွေဟာအရာရာကိုမဝယ်နိုင်ပါဘူးလို့ပြောနေပေမဲ့ဒီငွေဆိုတဲ့အရာဟာ လူတိုင်းရဲ့ဘဝမှာ မရှိမဖြစ်လိုနေတဲ့အရာတစ်ခုပါပဲ...တစ်ဘဝလုံး ငွေနောက်လိုက်ရင်း ငွေရဲ့ကျေးကျွန်ဘဝ ရောက်မှန်းမသိရောက်သွားရသူတွေလည်းဒုနဲ့ဒေးရယ်ပေါ့လေ...ဒီငွေဆိုတာ စကားလုံးအရရိုးရှင်းသလောက် လက်တွေ့ဘဝမှာတော့ဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ Old But Gold ထိုင်း Thriller13 Game of Deathဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်...ဒီဇာတ်ကားကို လူတွေသိပ်မသိရင်တောင် သူ့ရဲ့ Remake versionဖြစ်တဲ့13 Sinsဆိုတဲ့ဇာတ်ကားကိုတော့ Thriller hardcore fanတွေက သိကြမယ်ထင်ပါတယ်...ဒီတော့ ဒီဇာတ်လမ်းလေးက ဘယ်လိုဖြစ်တည်လာလဲဆိုတာ ဆက်လက်ရှုစားကြပါဦး...ဇာတ်လမ်းအကျဉ်း -------------တစ်ခါတလေမှာ ရိုးသားကြိုးစားတဲ့သူတွေအတွက် လောကကြီးမှာ နေရာမရှိဘူးဆိုတဲ့စကားဟာဖူချစ်အတွက်တော့ ကွက်တိကိုမှန်နေတဲ့စကားတစ်ခွန်းပေါ့...အလုပ်လည်းအဆင်မပြေ အိမ်ကလည်းနှင်ချခံရကားလည်းသိမ်းခံရတဲ့အပြင် ဖောက်သည်ကိုပါ လုပ်ဖော်ကိုင်ဖက်ကဖျံကျသွားခဲ့ပါတယ်...ချစ်သူကလည်း ငမွဲမလို့ စွန့်ပစ်တာခံလိုက်ရတဲ့ဖူချစ်တစ်ယောက် ဘဝရဲ့ဟိုးအောက်ဆုံးကိုရောက်နေချိန်မှာထူးဆန်းတဲ့ဖုန်းကောလ်တစ်ခု ဝင်လာပါတယ်...စိန်ခေါ်မှု ၁၃ခုနဲ့အတူ စိန်ခေါ်မှုတစ်ခုချင်းစီတိုင်းအတွက်မက်လောက်စရာဆုကြေးငွေနဲ့ နောက်ဆုံးအထူးဆုဖြစ်တဲ့ ဘတ်သန်း ၁၀၀ကို ရယူပိုင်ဆိုင်နိုင်ခွင့်ရှိပါမယ်တဲ့...ဘဝရဲ့အောက်ဆုံးရောက်နေတဲ့ဖူချစ်အတွက် ဘတ်သန်း ၁၀၀ဆိုတာ ခြုံကြားကနေ ဘုံဖျားကိုပို့ပေးနိုင်မဲ့အခွင့်အရေးတစ်ခုဆိုတော့ ရရာကောက်ရိုးတစ်မျှင်ကိုဆွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်...အဲဒီလိုမျိုး ကြီးမားလှတဲ့မက်လုံးတစ်ခုရဲ့နောက်ကွယ်က ပေးဆပ်ရမယ့်တန်ကြေးက ...
movie

13: Game of Death (2006)

Pattaya Maniac (2004) 6.8
Pattaya Maniac (2004) ဒီဇာတ်ကားလေးကတော့ ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့တဲ့ ပတ္တရားကမ်းခြေကိုအခြေတည်၍ ရိုက်ကူးထားတဲ့ ထိုင်းမှုခင်းဟာသဇာတ်လမ်းဖြစ်ပါတယ်စီဒီ ဗီစီဒီခွေတွေ ရောင်းပြီးအသက်မွေးဝမ်းကျောင်းပြုပြီး လောင်းကစားလုပ် ဘဝကိုအလေးအနက်မထား ပျော်ပျော်နေတတ်သူ တောင်းနဲ့ တွန်ဆိုတဲ့ ရိုးအလွန်းတဲ့ အမြုတေကျွမ်းကျင်သူဆရာကြီးတစ်ယောက်ရဲ့ ဘဝအကြောင်း တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။တောင်းက တွန်ကို ကာရာအိုကေဆိုင်ခေါ်သွားရင်းနဲ့မှအစပြုပြီး တွန်က အချစ်နဲ့တွေ့ချိန်မှာ မထင်မှတ်ထားတဲ့ ဘဝအလှည့်အပြောင်းကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ အလားတူ လောင်းကစားသမားလေး တောင်းတစ်ယောက်လည်း မန်ယူဘောလုံးပွဲအသင်းကို အားပေးလောင်းရင်းမှ အရှုံးကြီးရှုံးကာ ပတ္တရားမြို့က နာမည်ကြီး ငွေတိုးချေးစားသူတွေ မာဖီးယားဂိုဏ်းသားတွေနဲ့အထိ ပတ်သက်လာခဲ့ရပါတယ်။ ဒီလူနှစ်ယောက်အကြောင်း သူတို့ဝင်ရှုပ်မိကြတဲ့အရှုပ်အထွေး အခက်အခဲတွေကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြရင်း တကယ့်အချစ်စစ်နဲ့ဆုံဆည်းနိုင်ကြမလားဆိုတာ...အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်Genre..... Comedy, Crime, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.11GB | 867MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dao Phyo Encoder ..... Aaron
movie

Pattaya Maniac (2004)