Channel Myanmar

Philip Stone

Hitler: The Last Ten Days (1973) 6.5
Hitler: The Last Ten Days (1973) ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေအကြောင်း ဗားရှင်းအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ အထဲမှာဒီကားကတော့ အစောဆုံးတွေထဲက တစ်ကားဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်း ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်ကို သိမ်းပိုက်ခဲ့တဲ့၊ဂျူးခြောက်သန်းကိုသုတ်သင်ခဲ့တဲ့ ယနေ့တိုင် နာမည်ဆိုးနဲ့ကျော်ကြားဆဲ အဒေါ့ဟစ်တလာရဲ့ဘဝနေဝင်ချိန်နောက်ဆုံး ၁၀ ရက်အတွင်းဖြစ်ပျက်ခဲ့သမျှကို တင်ဆက်ထားတာပါ။ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေမှာသူနဲ့အတူဘန်ကာထဲရှိနေခဲ့တဲ့ ဗိုလ်ကြီးဂါးဟတ်ဘိုတ့် ရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာကြောင့် ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးကို သိရှိနိုင်မှာဖြစ်ပါတယ်။၁၉၃၉ စပြီးဆင်နွှဲခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျာမနီဟာ ဆက်တိုက်အောင်ပွဲရခဲ့ပေမယ့်၁၉၄၃က စလို့အရေးနိမ့်လာခဲ့ပြီး ၁၉၄၅ မှာတော့ ရုရှားနဲ့ အမေရိကန်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုနဲ့အတူဘာလင်မြို့ကွက်ကွက်လေးသာ ကျန်တော့တဲ့အထိ အခြေအနေဆိုးလာပါတယ်။ဒီလို ရှုံးနိမ့်မှုတွေနဲ့ အတူ တစ်ချိန်က ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်အောင်နိုင်ခဲ့သူကြီးဟစ်တလာလည်း ဘာလင်မြို့တစ်နေရာက ဘန်ကာထဲမှာ လက်တစ်ဆုပ်စာလူယုံတွေနဲ့အတူပုန်းအောင်းနေရပါတယ်။ ရန်သူဝိုင်းတာခံနေရတဲ့ ဘန်ကာအတွင်းနေ့ရက်တွေမှာဟစ်တလာတစ်ယောက် လက်လျော့အရှုံးပေးခဲ့လား၊အခြေအနေကို ပြောင်းနိုင်ဖို့ဘယ်လို ဆုံးဖြတ်ချက်တွေ ချခဲ့လဲ၊ သူ့ရဲ့သစ္စာရှိ လူယုံတွေကကော နောက်ဆုံးအချိန်ထိသစ္စာရှိခဲ့ကြလား၊ ဟစ်တလာအနေနဲ့ အရှုံးသမားတစ်ယောက်ရဲ့ခါးသီးမှုရင်ဆိုင်ရင်းသူရဲ့နောက်ဆုံးနေ့ရက်တွေ၊‌နောက်ဆုံးစကားတွေ ၊နောက်ဆုံးလုပ်ဆောင်မှုတွေနောက်ဆုံးရွေးချယ်မှုတွေကိုခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size…    2.2 GB /  1.1 ...
movie

Hitler: The Last Ten Days (1973)

Barry Lyndon (1975) 8.0
Barry Lyndon (1975) Barry Lyndon ReviewStanley Kubrick လိုပြောလိုက်ရင် ရုပ်ရှင်ချစ်တဲ့သူတွေ ရုပ်ရှင်ကို စွဲစွဲမြဲမြဲကြည့်တဲ့သူတွေဆိုသိကြမှာပါ။The Shining , Full Metal Jacket , 2001 : A Space Odyssey လိုမျိုး Masterpieceရုပ်ရှင်တွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာတစ်ဦးပါ။သူ့ရဲ့ ရုပ်ရှင်တွေက ဟောလိဝုဒ်မှာတင်မဟုတ်ပဲ တမ္ဘာလုံးက ရုပ်ရှင်တွေထဲမှာပါလွှမ်းမိုးမှု အများဆုံးဖြစ်ပြီး သူကိုယ်တိုင်ကလည်း အသိအမှတ်အပြုခံရဆုံး သူတစ်ဦးပါ။ဒီဇာတ်ကားက သူ့ရဲ့ လက်ရာအမြောက်ဆုံး ရုပ်ရှင်တစ်ကားမဟုတ်တောင်ဂန္တဝင်အမြောက်ဆုံး ရုပ်ရှင်တစ်ကားလို့ဆိုချင်ပါတယ်။Stanley Kubrick ကရုပ်ရှင်ရိုက်တဲ့နေရာမှာ Perfectionist လို့ပြောခံရတဲ့အထိဇာတ်ကွက်တွေ Scene တစ်ခုကို သူလိုချင်တဲ့ အတိုင်း သူဖြစ်ချင်တဲ့အတိုင်းပေါ်ဖော်ထားတဲ့ အတိုင်းရတဲ့ အထိရိုက်ယူတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ဒီဇာတ်လမ်းက ဥရောပရဲ့ ၁၈ရာစုကို ခြေခံထားတာဖြစ်ပြီးစာရေးဆရာ William Makepeace Thackeray ရဲ့ ဝတ္ထုကိုအခြေခံပြီးရိုက်ထားတဲ့အတွက် ၁၈ ရာစု က အင်္ဂလိပ်ပန်းချီကားတွေထဲက အတိုင်းအပြင်အဆင်တွေအဝတ်အစားတွေ Setting ...
movie

Barry Lyndon (1975)

Where Eagles Dare (1968) 7.6
Where Eagles Dare (1968)  ဒီတစ်ခါကတော့ ရှေးခေတ်စစ်ကား ကြိုက်သူတွေအတွက် နာမည်ကျော် မင်းသား Clint Eastwood အပြင် ထိုခေတ်ရဲ့ နာမည်ကျော် Richard Burton ပါ ပါပါတယ်။ဇာတ်က ဒုတိယကမ္ဘာစစ်ကို ဇာတ်အိမ်တည်ထားပါတယ်။ အမေရိကန် ဗိုလ်ချုပ်တစ်ယောက် စီးလာတဲ့ လေယာဥ်က ပစ်ချခံရပြီး ဂျာမနီပိုင်နက်ထဲမှာ အရေးပေါ်ဆင်းသက်လိုက်ရပါတယ်။ ဗိုလ်ချုပ်လဲ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အဲဒီဗိုလ်ချုပ်က ဥရောပကို ပြန်သိမ်းဖို့ အစီအစဥ်ဆွဲနေတဲ့ ညှိနှိုင်းရေးမှူး တစ်ယောက်ပါ။ အဲဒီ ဗိုလ်ချုပ်ကို ဖမ်းထားတဲ့ သိမ်းငှက်ရဲတိုက်ဆိုတာ တိုက်ဖို့အရမ်းခက်တဲ့ နေရာပါ။ဒီတော့ စစ်တပ်တစ်တပ်လုံး လွှတ်မယ့်အစား အထူးအေးဂျင့်တွေကိုပဲ လွှတ်ပါတယ်။ သူတို့ စစ်ဆင်ရေး အောင်မြင်မှာလား ဘယ်လို အခက်အခဲတွေ ကြုံရမလဲ ဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရမှာပါ။ ဇာတ်လမ်း အလယ်လောက်ကနေစပြီး ဇာတ်လမ်း အလှည့်အပြောင်းလေးတွေနဲ့ စိတ်ဝင်တစား ကြည့်ရမှာပါ။ တချိန်လုံး စစ်တိုက်နေကြတာ မဟုတ်ဘဲ ...
movie

Where Eagles Dare (1968)

Indiana Jones and the Temple of Doom (1984) 7.6
Indiana Jones and the Temple of Doom (1984) Indiana Jones and the Temple of Doom (1984)IMDb Rating (7.5) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ ...
movie

Indiana Jones and the Temple of Doom (1984)

1984
4K HEVC
[James Bond] Thunderball (1965) 7.0
[James Bond] Thunderball (1965) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++မင်းသားကြီးရှောင်ကွန်နရီရဲ့ ၄ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်။သိကြတဲ့အတိုင်း ရှောင်ကွန်နရီဆိုရင် ဂျိမ်းစ်ဘွန်းနဲ့ပဲ တွဲမြင်တဲ့အထိ သက်ဝင်အားကောင်းခဲ့ပါတယ်။သူ့ရဲ့ဘွန်းကားတွေဟာ စမတ်ကျတဲ့အပြင် ရယ်စရာ ထေ့လုံး လှောင်လုံးတွေအများဆုံးပါဝင်တာကြောင့်ဘွန်းအဆန်ဆုံးကားတွေလို့ ပြောလို့ရပါတယ်။Action သီးသန့်မဟုတ်ဘဲ ဘက်ပေါင်းစုံက တင်ဆက်ထားနိုင်ပြီးသူ့ခေတ်မှာ အတော်ကို အံ့ဩရတဲ့ ဖန်တီးမှုတချို့ပါတင်ဆက်နိုင်ခဲ့ပါတယ်။ဒီဇာတ်ကားကတော့ IMDb Rating (7/10) ရရှိထားပါတယ်။ File size…(2.5 GB) Quality….BluRay HEVC 1080p Format…mkv Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Zuel Khant Thwin
movie

[James Bond] Thunderball (1965)

HEVC 1080p
A Clockwork Orange (1971) 8.3
A Clockwork Orange (1971)  [Unicode]A Clockwork Orange =============== IMdb Rating - 8.3/10 Directed by Stanley Kubrick"ရူးနေတ‌ဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူးတဲ့။ ဒါဆိုခင်ဗျားက ခင်ဗျားကိုခင်ဗျားရူးနေတယ်လို့ တွေးကြည့်လိုက်။ ခင်ဗျားရူးတာ ခင်ဗျားသိတယ်ထားလိုက်။ ဒီတော့ ခင်ဗျားရူးတာ ခင်ဗျားသိတော့ ခင်ဗျားမရူးတော့ဘူး။ ဒီမှာ ခင်ဗျားမရူးဘူးလို့ ခင်ဗျားအတည်ပြုလို့ရပြီမလား။ ခင်ဗျားမရူးဘူး။ ခင်ဗျား ဒါကိုလက်ခံသွားပြီ။ ဒါပေမဲ့ မမေ့နဲ့ဦး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ် ရူးတယ်ဆိုတာမသိဘူး။ ခင်ဗျားမရူးဘူးလို့ အတည်ပြုလို့ရတာ ခင်ဗျားရူးနေလို့ပဲ။ ဒီတော့ခင်ဗျားရူးနေတာ သိသွားပြီမလား။ ‌သိသွားရင် ခင်ဗျားမရူးတော့ဘူး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူး။"ကျွန်တော် ဒီမှာမေးချင်တဲ့ မေးခွန်းက ခင်ဗျားရူးနေလား မရူးနေဘူးလား။ ခင်ဗျားအဖြေကို ကျွန‌်တော်လိုချင်တာမဟုတ်ပါဘူး။ ခင်‌ဗျားကိုယ် ခင်ဗျားပြန်မေးစေချင်တာ။ အပေါ်ကပြောထားတဲ့ မေးခွန်းက Paradoxလိုပါပဲ။ ခင်ဗျားကို ဒီသံသရာထဲပဲ တဝဲလည်လည်ဖြစ်စေလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဒီလိုမေးခွန်းမျိုးပါတယ်။ အကျဉ်းဖျဉ်းပြောရရင် အနာဂတ်ကာလမှာ လူတွေကို ထောင်မချတော့ဘဲ ‌မကောင်းမှုလုပ်မရအောင် ဆေးကုလွှတ်ဖို့ စပြီးစီစဉ်လာကြတယ်။ သူတို့ယူဆတာ မကောင်းမှုလုပ်တဲ့လူတွေဟာ ရူးသွပ်နေတဲ့လူတွေပေါ့။ သူတို့ကိုမကောင်းမှုမလုပ်အောင်လုပ်နိုင်ရင် ကုသပျောက်ကင်းပြီလို့ ယူဆကြတယ်။ ဒါပေမယ့် ဒါကဟုတ်ရောဟုတ်လား။ အဲလက်စ်ဆိုတဲ့ လူမဆန်တဲ့လူသတ်မှုနဲ့ ထောင်ဆယ့်လေးနှစ်ကျတဲ့ကောင်လေးကို သူတို့ဒီကုထုံးကို ပထမဆုံးစမ်းသုံးခဲ့ကြတယ်။နက်မှောင်ရှည်လျားလှတဲ့သံသရာခရီးမှာ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကိုယ့်ကျောပေါ်ခွနင်း လိုက်ပါလာမယ့်အရာနှစ်ခုရှိတယ်။ လူသားမျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်သာ ကူးပြောင်းသွားကြပေမယ့် ဒီအရာနှစ်ခုက မပြောင်းလဲပါဘူး။ ကမ္ဘာဦးရဲ့ပထမနေ့မှာ ...
movie

A Clockwork Orange (1971)

The Shining (1980) 8.4
The Shining (1980) The Shining (1980) IMDb - 8.4/10_____Rotten - 84%    Unicode ********** CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကအရမ်းအောင်မြင်ခဲ့တဲ့ Drama/ Horrorဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ကျော် The Shawshank Redemption ဇာတ်ကားရဲ့မူရင်းစာရေးဆရာ Steven King ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။Rating အရ IMDb 8.4/10 နဲ့ RT 84% ရရှိခဲ့တာပါ။Old but Gold ပါပဲ.... ဇာတ်လမ်းကတော့...........ဘဝမှာ အောင်မြင်မှုမရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ်ယောက်...ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့မိခင်တစ်ယောက်.... ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီးချစ်ရာကောင်းတဲ့ ကောင်လေးတစ်ယောက်.....အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာ မကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ဆောင်းတွင်း ကာလမှာပိတ်ထားရပြီး အင်ဒီးယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ကော်လိုရာဒိုကရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်းဘက် ဟိုတယ်အစောင့်အလုပ်ကို လက်ခံခဲ့ပြီးတဲ့နောက်မှာတော့........ ဒီဇာတ်ကားမှာ အော်စကာဆုအတွက်ရာထားခံရမှုအများဆုံးနဲ့၊ အော်စကာဆု ၃ ဆု ဆွတ်ခူးခဲ့သူဖြစ်တဲ့ Jack Nicholson က ခေါင်းဆောင်ပါဝင်ထားပြီး ...
movie

The Shining (1980)

1980