Channel Myanmar

Philip Pavel

Somewhere (2010) 6.3
Somewhere (2010) Somewhere (2010)IMDb - 6.3ကျွန်တော်တို့ရဲ့ မင်းသမီးလေး Elle Fanning ငယ်ငယ်လေးတုန်းက ရိုက်ထားတဲ့ကားပါ။ ဒီကားလေးက ဖြေးဖြေးအေးအေးကားမျိူးပါပဲ ဒါပေမယ့် ပျင်းစရာမကောင်းပဲနဲ့ ဇာတ်ကားလေးထဲမျောသွားမှာပါ။အဓိကဇာတ်ကောင်က သရုပ်ဆောင် ပြီးတော့ အိမ်ထောင်ကွဲနေတယ် ကလီယိုဆိုတဲ့သမီးလေးတယောက်လည်းရှိတယ်။ အရင်က အရက်သောက် ကောင်မလေးတွေနဲ့ရူပ်နေတဲ့ ဂျော်နီတယောက်ဟာ သူ့သမီးလေးရောက်လာမှ သူ့ရဲ့ဘဝကြီးက ပိုအဓိပ္ပါယ်ရှိသွားသလိုပေါ့‌ဗျာ။ဂျော်နီတယောက် သူ့ဘဝကိုသူဘယ်လိုဖြတ်သန်းမိနေလဲပါ ပြန်တွေးမိကုန်တာပေါ့။ တကယ်ကြည့်သင့်တဲ့ကားလေးပါ ခံစားချက်တမျိူးလေးတော့ ကျန်ခဲ့မှာသေချာပါတယ်။File Size -1.90 GB/ 763 MB Quality - BluRay 1080p/ 720p Duration - 1:39:43 Format - mp4 Genre - Drama, Romance, Comedy Subtitle - Myanmar Subtitle (Hard Sub) Translated by - Phyu Thew Zaw Encoded by - Treasure Htet
movie

Somewhere (2010)

The Hills Have Eyes 2 (2007) 5.1
The Hills Have Eyes 2 (2007) အမေရိကန် ပြည်နယ်စောင့်တပ်ရဲ့ လူသစ်တပ်ခွဲတစ်ခုဟာ နယူးမက္ကဆီကိုပြည်နယ် ယူမာ မြေပြန့်ဒေသထဲမှာ တည်ရှိတဲ့အမေရိကန်ကြည်းတပ်ပိုင် နယ်မြေတစ်ခုက သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို ကူညီဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ သူတို့တွေဟာ စခန်းကို ရောက်ခဲ့တဲ့အချိန်မှာတော့ လူသူအကုန် ပျောက်ဆုံးနေခဲ့တဲ့အပြင် တောင်ပေါ်က ကျန်ရစ်သူတစ်ဦးကိုပါ ကယ်ဆယ်ရေးလုပ်ဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ပဲ ဒီနေရာမှာ နေထိုင်နေကြတဲ့ မျိုးပြောင်း လူသားစားသူတွေက သူတို့ကို ချောင်းမြောင်းတိုက်ခိုက်လာခဲ့တဲ့အခါမှာတော့ကယ်ဆယ်ရေးကနေ အသက်အတွက် ရုန်းကန်ရေးဖြစ်လာပါတော့တယ်။ပါးနပ်လွန်းလှပြီး သူတို့ကို အလွယ်‌လေးရှင်းထုတ်ပစ်နေတဲ့ ဒီလူတွေဆီကနေ ဒီစစ်သားတွေ လွတ်မြောက်နိုင်ကြမှာလား။အဆုံးမှာ လူသားစားသူတွေကပဲ အနိုင်ရသွားခဲ့မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။(သွေးထွက်သံယို သတ်ဖြတ်ခန်းများ၊ မုဒိန်းပြုကျင့်ခန်းနှင့် ကြမ်းတမ်းသော ဇာတ်ဝင်ခန်းများ ပျို့အန်စရာ ပြကွက်များပါဝင်သည့် ဇာတ်ကားဖြစ်သောကြောင့် အသက်မပြည့်သူများ ကြည့်ရှုရန်မသင့်တော်ပါ။) File Size :  1.5 GB, 752 MB Quality : WEB-DL 1080p / 720p Running Time : 1hr 29min Format : ...
movie

The Hills Have Eyes 2 (2007)

Red Eye (2005) 6.5
Red Eye (2005) Red Eye (2005) ============= IMDb Rating - 6.5/10Mean Girls နဲ့ The Notebook ဇာတ်ကားတွေထဲက ဇာတ်ဆောင် မင်းသမီး ရေချယ်မက်အက်ဒမ်စ်နဲ့ ကျွန်တော်တို့ရဲ့ တွမ်မီရှယ်ဘီကြီး တစ်ဖြစ်ရော၊ အော့ပန်ဟိုင်းမားဇာတ်ရုပ်တွေမှာပါ လူကြိုက်များခဲ့ ကြတဲ့ ‌ခီလီယန်မာဖီတို့နှစ်ယောက်ရဲ့ သည်းထိတ်ရင်ဖိုဆန်ဆန်ဇာတ် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဟိုတယ်မန်နေဂျာမလေး လီဆာက အဘွားဖြစ်သူရဲ့ဈာပနာကိုသွားပြီး အိမ်အပြန်လမ်းခရီးမှာ သူတစ်သက်မေ့မှာမဟုတ်တဲ့အရာကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့လိုက်ရပါတော့တယ်။ လီဆာက မိုင်ယာမီကိုပြန်ဖို့ ဒဲလ်လက်စ် လေဆိပ်မှာစောင့်နေရင်း ဂျက်ဆန်ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့ဆုံတွေ့ ခဲ့တယ်။ ဂျက်ဆန်က ကူညီရိုင်းပင်းတတ်ပြီးရည်မွန်တဲ့လူတစ်ယောက် ဖြစ်တယ်။ တိုက်ဆိုင်ချင်တော့ သူတို့နှစ်ယောက်စလုံး ထိုင်ခုံအတူတူထိုင် ရတယ်ပေါ့လေ။တကယ်တော့ ဒါတွေဟာတိုက်ဆိုင်မှုတွေ မဟုတ်ခဲ့ပါဘူး အရာအားလုံးဟာ စနစ်တကျကြိုတင်စီမံထားတဲ့ အရာတွေပါပဲ။ လေယာဉ်ပေါ်မှာ စကားတွေ ပြောရင်းပြောရင်းနဲ့ ဂျက်ဆန်ကလီဆာ့ကိုတဖြည်းဖြည်းနဲ့ခြိမ်းခြောက်လာ ပါတော့တယ်။ ဂျက်ဆန်က တကယ်တော့ အကြမ်းဖက်သမားဖြစ်ပြီး  ဘယ် လိုတွေ ခြိမ်းခြောက်သွားလဲဆိုတာကတော့ ဇာတ်ကားထဲမှာ စိတ်ဝင်တစား ရင်တမမနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ထုံးစံအတိုင်း ခီလီယန်မာဖီကတော့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ် ဆောင်ဖြစ်သလို . ရေချယ်ရဲ့  လီဆာနေရာမှာ သရုပ်ဆောင်မှုကလည်း လုံးဝ ကိုကောင်းမွန်ပြည့်စုံလွန်းလှပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.35 GB) ...
movie

Red Eye (2005)

2005
Scream 2 (1997) 6.2
Scream 2 (1997) Scream 2 (1997) ================== Scream 2 ဟာ scream ထွက်ပြီး ၁ နှစ်တောင်မကြာသေးဘူး ထွက်လာခဲ့တာပါ။ ပထမကားရုံမတင်ခင်ကတည်း ရိုက်ကူးရေးကို စတင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီကားက မူရင်းကားလောက် အကြီးအကျယ်အောင်မြင်မှုမရပေမယ့် Horror, Mystery ကားတစ်ကားအနေနဲ့ကြည့်ရင် တော်တော်လေးကြည့်ကောင်းတဲ့ စာရင်းထဲ ဝင်နေတုန်းပါပဲ။ Scream saga ထဲမှာတော့ ကြည့်ကောင်းတဲ့ ကြည့်သင့်တဲ့ ကားတစ်ကားပါ ဒီကားကတော့ ပထမကားအပြီး ၂ နှစ်အကြာမှာ နေရာယူထားပါတယ်။ သရဲမျက်နှာ လူသတ်သမားဆီကနေ လွတ်လာတဲ့ ဆစ်ဒနေလေးဟာ အခုတော့ တက္ကသိုလ်ရောက်သွားပါပြီ။ သူရဲမျက်နှာလူသတ်မှုအကြောင်းကိုလည်း ရုပ်ရှင်ပြန်ရိုက်ပြီး ရုံတောင်တင်နေပါပြီ။ အတိတ်က အဖြစ်ဆိုးကြီးက ပြီးဆုံးသွားပြီလို့ ထင်နေတုန်းမှာပဲ ကံမဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သရဲမျက်နှာကွင်းဆက်လူသတ်မှုတွေ ထပ်ဖြစ်ပါတော့တယ်။ ဒီတစ်ခါရော သရဲမျက်နှာ လူသတ်သမားတွေ ဘယ်သူတွေများဖြစ်မလဲ? IMDB မှာ 6.2 သာရပေမယ့် tomatometer မှာတော့ မူရင်းကားထက်တောင် ကျော်ပြီး 81% တောင်ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်  Quality__Bluray 1080pIMDb Rating__6.2/10 Format__mp4 Duration__1h Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated ...
movie

Scream 2 (1997)

1997