Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Philip Bosco
7.2
Wonder Boys (2000)
Wonder Boys (2000)IMDb Rating (7.2) / Rotten Tomatoes (81%) ဒီဇာတ်ကားလေးကတော့ Cast ကမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။အဓိကဇာတ်ဆောင်အနေနဲ့ Spider man မင်းသား Tobey Maguire နဲ့ Ant manသရုပ်ဆောင် Michael Douglas ကသရုပ်ဆောင်ထားပြီး Iron man မင်းသား Robert Downey Juniorကဇာတ်ပို့အနေနဲ့အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အင်္ဂလိပ်ပရော်ဖက်ဆာတစ်ယောက်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ဂရက်ဒီဟာသူ့လူမှုရေးအရှုပ်အရှင်းတွေကြားထဲ ဂျိမ်းစ်လီးရားဆိုတဲ့ တပည့်လေးတစ်ယောက်နဲ့အတူ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)File size…(2.2 GB) / (1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:51:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon
movie
Wonder Boys (2000)
2000
6.0
Shaft (2000)
Shaft (2000)IMDb Rating (6.0) / Rotten Tomatoes (67%) ရှက်ဖ် ကို အတော်များများ ကြိုက်ကြမယ် ထင်ပါတယ်။ ဆမ်မြူရယ် ဂျက်ဆန် ကြီးက အထာကျတာကိုး။ဒီကားကတော့ ဂျွန်ရှက်ဖ် တစ်ယောက် စုံထောက်အလုပ်ကနေ ဘယ်လိုထွက်လာပြီး အလွတ်စုံထောက်ဖြစ်လာလဲဆိုတာ တွေ့ရမှာပါ။သူနဲ့အပြိုင်ဗီလိန်မင်းသားက ခရစ်ရှန်ဘေး ဆိုတော့ အတော်ကောင်းနေတာပါပဲ။ဒီဇာတ်လမ်းအစမှာ သန်းကြွယ်သူဌေးကြီးရဲ့ သားတစ်ယောက်က ကလပ်မှာ လူသတ်လိုက်တယ်။တရားခံကို ဖမ်းပေးလိုက်နိုင်ပေမယ့် သက်သေက ထွက်ပြေးနေလို့ အာမခံရသွားတယ်။ဒီအမှုကို တရားမျှတမှုရဖို့ ရှက်ဖ်ကြီး သဲကြီးမဲကြီးလိုက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Littleneo ဖြစ်ပါတယ်။)File size…(1.6 GB) / (870 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:41:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Littleneo
movie
Shaft (2000)
2000
4.8
Abandon (2002)
Abandon (2002)IMDb Rating (4.8) နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်ညွှန်းရေးသားသူနဲ့ဒါရိုက်တာကစတီဖန်ဂက်ဟန်(Stephen Gaghan)ဖြစ်ပါတယ်။ရဲအရာရှိ ဝိတ်ဟန်ဒလာ(ဘင်ဂျမင်ဘရတ်)ကို လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်သွားတဲ့ကောလိပ်ကျောင်းသား အမ်ဘရီလားကင်(ချာလီ ဟန်နမ်)ရဲ့အမှုကိုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ဝိတ်ဒ်ကအမ်ဘရီရဲ့ရည်းစားကောလိပ်ကျောင်းသူကေတီဘာ့ခ်(ကေတီဟုမ်း) နဲ့သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းရင်းတစ်ဖြည်းဖြည်းကေတီနဲ့ တော်တော်ရင်းနှီးလာပါတယ်။ကေတီက အိပ်ပျော်ဖို့ခက်ခဲတာရယ် စိတ်ဖိစီးမှုရှိတာရယ်ကြောင့် ဒေါက်တာဒေ့ဗ်ဆီမှာသွားပြနေရပါတယ်။ကေတီက အမ်ဘရီ့ကိုအမြဲအိပ်မက်မက်နေတတ်ပါတယ်။ကေတီ့အပြောအရ အမ်ဘရီပြန်လာပြီဆိုတာကိုဝိတ်ဒ်နဲ့ကေတီ့သူငယ်ချင်းဆမန်သာသိလိုက်ရပါတယ်။အမ်ဘရီပြန်ရောက်လာတဲ့အခါရဲအရာရှိဝိတ်ဒ်ကိုရော သူငယ်ချင်းဟာရစ်ဆင်ကိုပါ မနာလိုဖြစ်နေပါတယ်။ကြားထဲမှာဟာရစ်ဆင်ပျောက်သွားလို့ အမ်ဘရီကတစ်ခုခုလုပ်လိုက်တယ်ထင်ပြီး ကေတီက အမ်ဘရီ့ကျေးလက်အိမ်ထိလိုက်မေးပါတယ်။အမှုအတွက်ရလာတဲ့ သက်သေခံပစ္စည်းတစ်ချို့ကို ကျွမ်းကျင်သူဆီမှာစစ်ခိုင်းတာမှာ ထူးဆန်းတဲ့အချက်တွေပေါ်လာပြန်ပါတယ်။နှစ်နှစ်ကြာပြီးမှအမ်ဘရီဘာလို့ ပြန်ပေါ်လာသလဲ ဟာရစ်ဆင်ဘာဖြစ်သွားလဲဝိတ်ဒ်နဲ့ အမ်ဘရီတွေ့မလား? ကေတီနဲ့ပြန်ပေါင်းထုပ်မှာလား။ရုပ်ရှင်က လှည့်စားချက်ကလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားတဲ့အတွက် အဆုံးကျမှဇတ်ရည်လည်ပြီး ခေါင်းထဲစွဲကျန်စေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။အမေရိကန်နိုင်ငံက ကောလိပ်ကျောင်းတက္ကသိုလ်တွေရဲ့ အလေ့အထတစ်ချို့နဲ့ကျောင်းသူကျောင်းသားတွေရဲ့ကျောင်းသားဘဝ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)File size…(1.6 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Romance, Thriller Duration….01:39:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin ...
movie
Abandon (2002)
2002
6.8
Quick Change (1990)
Quick Change (1990)~ IMDb - 6.8/10, Rotten Tomatoes - 84% ~တိုတိုပြောရရင်တော့ Bill Murray ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားပဲ။ လူအများစုကတော့ Oceans Eleven တို့၊ The Italian Job တို့၊ Money Heist တို့လို ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကြည့်ဖူးကြလိမ့်မယ်။ အဲဒီလို ဘဏ်ဓားပြတိုက်တဲ့ကားတွေမှာ အကြမ်းဖျင်း အဆင့် ၃ ဆင့်ရှိတယ်။ အစီအစဉ်အသေးစိတ်ဆွဲမယ်၊ ဓားပြတိုက်မယ်၊ လွတ်အောင်ပြေးမယ်။ အဓိက ဇာတ်လမ်းတည်တဲ့အပိုင်းကတော့ ဓားပြတိုက်တဲ့အပိုင်းပဲ။ ဒီရုပ်ရှင်က အဲဒီလို လမ်းကြောင်းနဲ့ ကွဲတယ်။ အစီအစဉ်ဆွဲတာကို ကျော်ပြီး လာလာချင်းကတည်းက ဓားပြတိုက်တာနဲ့စတယ်။ တခြားရုပ်ရှင်တွေထက် ပိုဒဲ့တိုးသွားတာပေါ့။ ဒီရုပ်ရှင်မှာ အဓိက ဇာတ်လမ်းတည်တာက လွတ်အောင်ပြေးတဲ့အပိုင်း။ ပိုထူးခြားတာက တခြားရုပ်ရှင်တွေထဲကလို CCTV တွေ hack ...
movie
Quick Change (1990)
1990
7.5
Trading Places (1983)
Trading Places (1983)~ IMDb - 7.5/10, RT - 88%, Meta - 69% ~ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီးမိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး ...
movie
Trading Places (1983)
1983
5.2
Freedomland (2006)
Freedomland (2006) ================လူဖြူလူမည်းပြဿနာဆိုတာ ဟိုးအရင်ကတည်းကရှိခဲ့ပြီး အခုထိလည်း အနည်းနဲ့အများတော့ရှိကြပါတယ်။ လူမည်းတွေ အဓိကနေထိုင်တဲ့ ဒမ်ဆီ နဲ့ လူဖြူအဓိကနေထိုင်တဲ့ ဂန်နွန်တို့နယ်မြေနှစ်ခုကလည်း အဲ့ဒီအတိုင်းပါပဲ။ ဒမ်ဆီဘက်ကလည်း ဂန်နွန်ကိုသဘောမကျသလို ၊ ဂန်နွန်ဘက်ကလူကလည်း ဒမ်ဆီကိုမလိုလားကြပါဘူး။ ဒီနယ်မြေနှစ်ခုကို ဟန်ချက်ညီအောင်၊ ပြဿနာ မတက်အောင် ထိန်းပေးနေရတာ လူမည်းစုံထောက်ဖြစ်တဲ့ လိုရန်ဇို နဲ့ လူဖြူ စုံထောက်ဘော်ဘီတို့ပဲဖြစ်ပါတယ်။ပြဿနာကတော့ အသက်လေးနှစ်အရွယ် လူဖြူကလေး ကိုဒီ ပျောက်တဲ့အမှု ကနေစပါတယ်။ ကလေးအမေ ဘရန်ဒါက အလုပ်ကအပြန် ဒမ်ဆီမြို့ကိုဖြတ်ပြီး ဂန်နွန်မြို့ကိုပြန်ပါတယ်။ အဲ့ဒီမှာ ကားအလုခံရပြီး ကားထဲကလေးပါသွားပါတယ်။ အဓိကပစ်မှတ်ကတော့ လူမည်းရပ်ကွက်လို့ခေါ်လို့ရတဲ့ အမ်းစတောင်းအိမ်ယာ အနီးမှာဖြစ်သွားတာမို့ သာမာန်အမှုလိုက်တာနဲ့မတူပဲ လူမျိုးရေးတွေပါ ပါလာပါ တော့တယ်။ အဲ့ဒီကနေတစ်ဆင့် လူမျိုးရေးအဓိကရုဏ်းအထိ ဖြစ်မလာနိုင်အောင် လူမည်းစုံထောက်လိုရန်ဇို ကာကွယ်နိုင်ပါ့မလား၊ ကလေးပျောက်ရှာပုံတော်ဖွင့် နေရင်းနဲ့ ဘယ်လိုမျိုးမြှုပ်ကွက်တွေ ထပ်ပေါ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်း ဆုံးတဲ့အထိ ဆက်ပြီးကြည့်လိုက်ပါတော့နော်.... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.21 GB) / (977 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 53Min Subtitle...........Myanmar ...
movie
Freedomland (2006)
2006
6.3
My Best Friend’s Wedding (1997)
My Best Friend's Wedding (1997)~ IMDb - 6.3/10, Rotten Tomatoes - 74% ~တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ဂျူလီယန်: "မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ''ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်'' ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်..."မိုက်ကယ်: "ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ...
movie
My Best Friend’s Wedding (1997)
1997
6.7
Kate & Leopold(2001)
Kate & Leopold(2001)********************ယနေ့လိုခေတ်ကြီးမှာ တော်ဝင်မင်းသားလေးက မြင်းဖြူကြီးစီးပြီး သင့်ရှေ့ရောက်လာမယ်လို့ စိတ်ကူယဉ်ဖူးပါသလား။ဒီဇာတ်ကားလေးမှာတော့ မင်းသားလေးက မြင်းဖြူကြီးစီးလို့ ရောက်လာတာတော့မဟုတ်ပါဘူးတောင့်တောင့်ဖြောင့်ဖြောင့် အင်္ဂလိပ်နယ်စားမင်းက အချိန်အက်ကြောင်းပေါ်တယ်ကတဆင့် ပြုတ်ကျလာတာပါ။The Greatest Showmanထဲမှာ ရှေးခေတ်ဝတ်စုံအပြည့်နဲ့ ချောမောခန့်ညားလှတဲ့ Hugh Jackman ကိုဒီကားမှာလည်း နယ်စားဝတ်စုံအပြည့်နဲ့ တစ်ဖန်ပြန်လည်ရှုစားရဦးမှာပါ။ ဇာတ်ကြောင်းကတော့ ဒီလိုပါ သိပ္ပံစူးစမ်းသူ Stuartက အချိန်အက်ကြောင်းကနေ၁၈၇၆ခုနှစ်ကို ပြုတ်ကျသွားပါတယ်။ အဲဒီခေတ်က နယ်စားမင်းLeopoldဟာ Stuwartနောက်ကို မသင်္ကာလို့ လိုက်လာရာကတဆင့် မတော်တဆ ဒီဘက်ခေတ်ကိုရောက်လာပါတော့တယ်။ ၁၈၇၆ကနေ ရောက်လာသူဆိုတော့ ဒီဘက်ခေတ်ကအရာရာဟာ အသစ်အဆန်းပေါ့။သူရောက်နေတာ ခေတ်သစ်နယူးယော့ခ်ဆိုတာမသိဘဲ Stuwart ကို နယူးယော့ခ်ကိုသာ ပြန်ပို့ခိုင်းနေပါတော့တယ်။Stuwartရဲ့ရည်းစားဟောင်းဖြစ်သူ အောက်ထပ်မှာနေတဲ့ Kateကတော့ အပေါ်ထပ်မှာ ထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့်သူ့ရည်းစားဟောင်းဟာ စော်အသစ်ခေါ်လာတယ်လို့ပဲ ထင်နေပါတယ်။ ၁၉ရာစုက နယ်စားမင်းLeopold ဒီဘက်ခေတ်မှာ ဘာတွေကြုံရမလဲ၊ Kateနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့အချိန်ဆီကိုရော ပြန်ရောက်ဦးမှာလားဆိုတာ ကြည့်ရှုလိုက်ပါဦး။ File Size : ...
movie
Kate & Leopold(2001)
Nobody’s Fool (1994)
ဇာတ်လမ်းအကျဥ်းကတော့ Donald Sullivan(Sully) ဆိုတဲ့အဘိုးကြီးက သူ့သူငယ်ချင်းRubအတူ Carl Roebuckရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ပါတယ်။ အလုပ်လုပ်တုန်းကရခဲ့တဲ့ဒူးဒဏ်ရာအတွက်တရားရုံးကတစ်ဆင့်Carlဆီကလျော်ကြေးကိုလည်းခြေထောက်တစ်ဖက်ပဲရှိတဲ့ရှေ့နေသူငယ်ချင်းနဲ့တောင်းကြတာငြင်းခံရတယ်။ သူ့ရဲ့သားPeterတို့မိသားစုကိုပြန်တွေ့တော့ သူ့မိန်းမနဲ့သားကိုထားခဲ့တဲ့Sullyအတွက် မထင်မှတ်ထားတဲ့တာဝန်တွေကိုကြုံလာရပါတော့တယ်။ အဲ့တစ်ချိန်ထဲမှာပဲ သူ့အိမ်ရှင်အမျိုးသမီးBerylရဲ့သားကSullyကိုအိမ်မှာဆက်မထားဖို့ သူ့အမေကိုတွန်းအားပေးတဲ့အခါ Sullyဘယ်လိုဖြေရှင်းမလဲ Carlရဲ့မိန်းမကိုကြုံရင်ကြုံသလိုအီစီကလီလုပ်ရင်း Carlနဲ့တစ်ယောက်တစ်လှည့်ဘယ်လိုအနိုင်ယူကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရမယ့်ကားလေးပါ ဒီကားလေးကအော်စကာနှစ်ဆုအပြင်တခြားဆုပေါင်းများစွာအတွက်လည်းNominationဝင်ထားပါတယ် ဒီဇာတ်ကားရဲ့Directorနဲ့Screenplayကတော့ Kramer vs. Kramer(1979)နဲ့ ScreenplayရောDirectorရော အော်စကာရခဲ့တဲ့Robert Bentonပါ။ ဒါ့အပြင်Bonnie and Clyde(1967)နဲ့Superman(1978)အတွက်ရောတွဲဖက်ရေးပေးခဲ့ပါသေးတယ်။ Sully အနေနဲ့ကတော့အော်စကာဆုရှင်မင်းသားကြီးPaul Newmanနဲ့ Berylနေရာမှာတော့အော်စကာဆုရှင်မင်းသမီးကြီးJessica Tandy၊ Carlအနေနဲ့ကတော့လူတိုင်းသိတဲ့Bruce Willisကသရုပ်ဆောင်ထားပေးပါတယ်။ Sullyရဲ့သားPeterနေရာမှာတော့Superman & Lois မှာ Sam Laneအနေနဲ့သရုပ်ဆောင်တဲ့ Dylan Walshပါ။File size…(1.9 GB)/(1.1 GB)/(580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiha
movie
Nobody’s Fool (1994)
The Money Pit (1986)
ပေါ့ပေါ့ပါးပါး စခွီထစရာ ရုပ်ရှင်ကားဟောင်းလေးတစ်ကားကြည့်ပြီးတော့ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်လိုက်ပါ..။ ဟိုးရှေးရှေးတုန်းကပေါ့ဗျာ..။ အခု ဒီဇာတ်ကားကို ဒေါင်းလုဒ်လုပ်ပြီး ကြည့်မယ့်သူတချို့ မွေးချင်မှတောင် မွေးဦးမယ့်အချိန်တုန်းက..။ ခပ်ငယ်ငယ် မင်းသားဘဝနဲ့ Tom Hanks က 'ငွေယိုပေါက်' လို့ မြန်မာလို အလွယ်တကူ ဘာသာပြန်လိုက်လို့ရမယ့် ရုပ်ရှင်တစ်ကားရိုက်ခဲ့သေးတာပေါ့..။ ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူကောင်မလေးရဲ့ အိမ်မှာ ကပ်နေနေရာကနေ အိမ်ပိုင်ရှင်ဖြစ်သူ ကောင်မလေးရဲ့ ခင်ပွန်းဟောင်း ဥရောပကနေ ပြန်ရောက်ချလာတဲ့အခါ Tom Hanks တစ်ဖြစ်လည်း ဝေါ်လ်တာတစ်ယောက် နေစရာ ရှာရတော့တာပေါ့..။ အဖြစ်ကဆိုးတယ်..။ တိုက်ခန်းလေး တစ်ခန်းရှာရာကနေ အချိုအချောင်ဈေးနဲ့ အိမ်တစ်လုံးရလိုက်တဲ့ ဝေါ်လ်တာနဲ့ သူ့မဟေသီတစ်ယောက် ဘယ်လို စခန်းသွားကြမလဲ..? ဒီအိမ်ကိုရော ဘာလို့များ ငွေယိုပေါက် လို့ ခေါ်ရသလဲဆိုတာ ဟာသနှောပြီး ကြည့်ရှုနိုင်တော့မှာပါ..။ ဖြစ်ပျက်သမျှ တလွဲအဖြစ်အပျက်တွေမှာ Tom Hanks ရဲ့ သရုပ်ဆောင် ...
movie
The Money Pit (1986)
6.6
Hitch (2005)
Hitch (2005) IMDb - 6.6/10_____Rotten - 69% (Warning - FA များ၊ ရည်းစားမရှိသူများ စိတ်မခိုင်လျှင် မကြည့်သင့်ပါ။ အခန့်မသင့်လျှင် ဤကားကြည့်ပြီး မကြာခင် ရည်းစားရသွားနိုင်ပါသည် :P ရည်းစားရှိသော်လည်း မိန်းကလေးတွေအကြောင်း အထာမနပ်သူများ ကြည့်သင့်ကြည့်ထိုက်သော ကားကောင်းတစ်ကားဖြစ်သည်)ဒီကားလေးကို ကြည့်ပြီးသွားကြရင်တော့... ယောက်ျားလေး အများစု မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး "ငါမဖြစ်နိုင်ပါဘူးကွာ၊ ငါ့ပုံစံကြီးက သူနဲ့မကိုက်လောက်ပါဘူးကွာ" ဆိုတဲ့ ခံယူချက်၊ ခံစားချက်တွေ လျော့ပါးသွားမှာတော့အသေအချာပါပဲ ဒီကားထဲမှာ ကျွန်တော်တို့ ယောက်ျားလေးအများစုအတွက် ကိုယ်ချစ်ကြိုက်နေတဲ့ ခွက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောဖို့ဆိုတာ ဘယ်လောက်တောင်မလွယ်လိုက်လဲဆိုတာ တွေ့ရပါလိမ့်မယ်...(လွယ်လွယ်ကြိုက် လွယ်လွယ်ပြတ် ခေတ်ကြီးထဲမှာ ဒီစကားက ရယ်စရာလဲ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်)ဒီဇာတ်ကားလေးထဲမှာ... * မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်ကြိုက်မိသွားရင် မိန်းမကျမ်းကျေပါတယ်ဆိုတဲ့သူတောင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်တတ်ပုံတွေ... >>> မိန်းကလေးတွေ ဘယ်လိုပြုမူပြီ ဘယ်လိုပြောဆိုပြီဆို အဲ့တာဘာကိုဆိုလိုချင်တာ... >>> ပထမဆုံးအနမ်းတစ်ခုအပေါ်မှာ မိန်းကလေးအများစုရဲ့သဘောထား... >>> အချစ်တစ်ခုဖြစ်ပေါ်လာဖို့ဆိုတာ မလွယ်ကြောင်းတွေ အစုံအလင်တွေ့ရပါလိမ့်မယ်* ဇာတ်လမ်းအကျဉ်းလေး ပြောရရင်...>>> အဲလပ်စ်ဟစ်ရှ်(Will Smith)ဆိုတာ Date doctor တစ်ယောက်ပါ(ဖူးစာရေးနတ် ...
movie
Hitch (2005)
2005