Channel Myanmar

Phaldut Sharma

Men Up (2024)
Men Up (2024) Men up ဆိုတဲ့ကားလေးကတော့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားပြီး ရယ်စရာပြက်လုံးအနှောလေးတွေနဲ့ ရင်ထဲထိလွယ်မယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လူလတ်ပိုင်းအရွယ်မှာဖြစ်လေ့မရှိတဲ့ ရောဂါလို့တောင်ပြောလို့မရတဲ့အရာတစ်ခုကို ခံစားနေရတဲ့အမျိုးသားတစ်စုဟာ လျို့ဝှက်စမ်းသပ်မှုတစ်ခုမှာပါဝင်ဖို့ အကြောင်းဖန်လာတဲ့အခါ အဲ့ဒီစမ်းသပ်မှု​သာ အောင်မြင်ခဲ့ရင် သူတို့ရဲ့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားမယ်လို့ထင်ထားခဲ့ပေမယ့် ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ကြည့်ရမယ့် ပညာတွေလည်းရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဘဝမှာလိ*င်ဆက်ဆံတာအပြင် တခြားအရေးပါတဲ့အရာတွေအများကြီးရှိတယ်ဆိုတာကို သင်ခန်းစာအနေနဲ့ရိုက်ပြထားတဲ့အပြင် LGBTQ ကို support တဲ့အနေနဲ့ သူတို့ရဲ့ခံစားချက်တွေပါ ထည့်သွင်းပေးထားတာမို့ ကြည့်ရတန်မယ့်ဇာတ်ကားလေးတစ်ကားပါပဲ ချစ်တင်းနှောတဲ့အခန်းတွေပါတာမို့ မိသားစုနဲ့အတူကြည့်ရူဖို့တော့ မသင့်လျော်ပါ ဘာသာပြန်အမှားရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်File size… (1 GB) / (530 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Drama, History TV Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by KST
movie

Men Up (2024)

Children of Men (2006) 7.9
Children of Men (2006) Children of Men (2006) ************************ IMDb….7.9,,,,,Rotten…..92%ဒီကားက ဇာတ်လမ်းဇာတ်ကွက်ဆန်းပြားသလို IMDbနဲ့ RTကလည်း အမြင့်ဆုံးအနေအထားလောက်မှာရှိတယ်… လူသားတွေ ကလေး မရနိုင်တော့တာဟာ၁၈ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ် .. ကမ္ဘာကြီးဟာလည်း ပြဿနာပေါင်းများစွာနဲ့ပေါ့ ..အင်္ဂလန်သို့ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာလည်း အင်မတန်မှ များပြားနေပါတယ် ..အင်္ဂလန်ကလည်း ဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘဲ၊ ရှိပြီးသား ဒုက္ခသည်တွေကိုလည်းဖိနှိပ်လျှက်ရှိတယ် .. ဖိနှိပ်မှုကို မခံနိုင်သူများကလည်း တော်လှန်ဖို့ ကြိုးစားကြတာပေါ့ ..အဲဒီအချိန် ဒုက္ခသည် ကောင်မလေးတစ်ယောက်ဆီမှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ် ..နေ့စေ့လစေ့ ကိုယ်ဝန်အပေါ် နိုင်ငံရေးအရအသုံးချချင်သူများလည်း ရှိလာတယ် ..အဲဒီလူတွေရဲ့ လက်ကနေ ကိုယ်ဝန်သည်မလေး ဘယ်လိုလွတ်မြောက်သွားမလဲ .. ဆိုတာဇာတ်လမ်းထဲ ကြည့်ရှုခံစားလိုက်ပါဦးနော် ..ဒီကားထဲက အဓိက သရုပ်ဆောင်မင်းသားကြီးClive Owen ကိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Ye Pyae Sone ပဲ ဖြစ်ပါတယ်… File Size : 1.53GB/ ...
movie

Children of Men (2006)

Gravity (2013) 7.7
Gravity (2013) ကြည့်ကိုကြည့်သင့်တဲ့ကားပါ..။ ကဲစထဲကပြောထားလိုက်ပြီ။ မကြိုက်တဲ့ သူတွေက ဘာလို့ မကြိုက်ကြလည်းတော့မသိဘူး။ အကောင်းတကာ့ အကောင်းဆုံးကားတွေထဲမှာ ဒီကားလည်းပါပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Godfather ဇာတ်လမ်းတွေ၊ Nolan ရဲ့ The Dark Knight ၃ကားနဲ့ တန်းတူ အောင်မြင်ပြီး အရည်အသွေးကောင်းတဲ့ကားပါ။ အခုထဲကတောင် Oscar Nomination မှာ ထိပ်ဆုံးက စာရင်းပြေးနေပါပြီ။ Best Actress, Best Achievement in Visual Effect, Best Writing, Director, စတဲ့ ဆုတွေအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့လည်း ကြိမ်းသေနေပါတယ်။ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။  အမေရိကားနိုင်ငံမှာ လူကြိုက်များရတဲ့ အဓိကအကြောင်းအရင်းကတော့Cold War (1947-1991) အမေရိက နဲ့ ရုရှားတို့ စစ်အေးတိုက်ပွဲကာလ(ကုလသမဂ္ဂဥက္ကဌ ဦးသန့် ဖြေရှင်းပေးခဲ့ရတဲ့Cuban Missile Crises, ref: http://www.unspecial.org/UNS680/t23.html) ) ကာလတုန်းကသူတို့ နှစ်နိုင်ငံက စစ်ရေးတင်မကပဲ အာကာသ ကို လူလွှတ်နိုင် ဖို့၊ဂြိုလ်ထုတွေ ...
movie

Gravity (2013)

4K HEVC
A Christmas Gift from Bob 6.8
A Christmas Gift from Bob A Christmas Gift From BOB 2020 ============================== A street cat name BoBထဲက BoB ဆိုတဲ့ကြောင်လေးကိုအကုန်လုံးသိကြမှာပါ ဒီကားက 2020ခရစ်စမတ်အတွက်ထွက်ထားတဲ့ BoBလေးရဲ့ ဒုတိယမြောက်ကားလေးပါ ဘော့ပ်နဲ့သူ့သခင်တို့ဟာအမြဲတမ်းအတူသွားအတူစားအတူနေကြတဲ့အချစ်ဆုံးသူငယ်ချင်းကြီးတွေလိုပါပဲ ဒါပေမယ့်ဘော့ပ်သခင်ဘိုဝမ်ကလမ်းဘေးမှာသီချင်းဆိုပြီးငွေတောင်းရတော့ ပိုက်ဆံလည်းများများစားစားမရရှာပါဘူး ခရစ်စမတ်ရောက်ခါနီး ဆောင်းတွင်းအအေးလှိုင်းဖြတ်တော့ ရေပူဝယ်ဖို့တောင်ပိုက်ဆံမရှိရှာပါဘူး စားဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့သူနဲ့သူ့ကြောင်လေးကြားဂြိုလ်ဆိုးကဝင်လာပါတော့တယ် သူနဲ့ဘော့ပ်လမ်းဘေးမှာသီချင်းဆိုနေတုန်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ကတွေ့ပြီး ဘော့ပ်ကိုသူတို့ဆီပို့ဖို့အကြံလာပေးပါတော့တယ် ဘိုဝမ်ခမျာသူ့ကြောင်လေးကိုတအားချစ်တော့ဘယ်သူ့ကိုမှမပေးနိုင်ဘူးလို့ငြင်းလိုက်ပေမယ့် ဘော့ပ်အတွက်စားစရာတောင်သူမဝယ်ပေးနိုင်တော့တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ကြပါဦးလို့ BoBလေး မရှိတော့ပေမယ့် BoBလေးကိုသတိရတဲ့အမှတ်တရအနေနဲ့ ဒီကားလေးကိုကြည့်ကြည့်ပါလို့... We Miss You BoB Review and Translated by : Dolly Encoded by : YK
movie

A Christmas Gift from Bob

2020
The Personal History of David Copperfield (2019) 6.3
The Personal History of David Copperfield (2019) The Personal History of David Copperfield (2019)====================================IMDb Rating - 6.3/10Rotten Tomatoes – 94 %#Unicodeဒီဇာတ်ကားက အင်္ဂလိပ်စာရေးဆရာကြီး Charles Dickens ရဲ့ ဂန္ဓာဝင်ဝတ္ထုတွေထဲကတစ်ခုကိုရုပ်ရှင်ဇာတ်လမ်းဖန်တီးထားတာဖြစ်ပါတယ်။ ဒေးဗစ်ကိုပါဖီး တစ်ယောက် ဟာ ငယ်စဉ်က ဆွေကြီးမျိုးကြီးထဲက ဆင်းသက်လာရပြီး အပူအပင်မရှိဖြတ်သန်းလာခဲ့ရတာပါ ။ မွေးကတည်းက အဖေဆိုတာကို နာမည်သာကြားခဲ့ဖူးပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် သူရဲ့ မိခင် ကလာရာကိုပါဖီးကကြွယ်ဝချမ်းသာတဲ့ မျိုးဆက်ဖြစ်တဲ့အတွက်လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့သာယာပျော်ရွှင်နေတဲ့ ဒေးဗစ်တို့ဘဝကို မုန်တိုင်းတစ်ခုကျရောက်ပါတော့တယ် ။ ဒေးဗစ်ရဲ့အမေဟာအသက်ငယ်ရွယ်တဲ့သေးတဲ့အပြင် ရုပ်ရည်ပါလှပတဲ့အတွက် နောက်အိမ်ထောင်ပြုဖို့ကမခက်ခဲခဲ့ပါဘူး။ဒါပေမယ့် ဒေးဗစ်ရဲ့အမေ ရွေးချယ်လိုက်တဲ့သူက ဒေးဗစ်အတွက် ကံကကြမ္မာဆိုးသဖွယ်ပါပဲ။ အိမ်ထောင်ဦးစီးဆိုတဲ့ ဂုဏ်ကိုအပြည့်အဝအသုံးချကာ ဒေးဗစ်အပေါ်ရက်စက်ပါတော့တယ်။ အဲ့ဒါအပြင် အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ဒေးဗစ်ကို လန်ဒန်ကိုတစ်ယောက်တည်း ပို့လိုက်ပါတော့တယ် ။ ငယ်ရွယ်လွန်းတဲ့ဒေးဗစ်ဟာ ဆင်းရဲဒုက္ခတွေကို တစ်ယောက်တည်း ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ...
movie

The Personal History of David Copperfield (2019)

2020