Channel Myanmar

Peyton List

Valley Girl (2020)
Valley Girl (2020) Valley Girl (2020) ******************ဒီဇာတ်ကားလေးကတော့ Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ...အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ ရယ်လည်းရယ်ရသလို တစ်ကားလုံးမှာလည်း...သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ တောင်ကြားမြို့လေးထဲမှာရှိတဲ့...ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလည်းဆင်တူ ဝတ်ကြတယ်။ ဘဝကိုလည်း...ပျော်ပျော်ပဲဖြတ်သန်းကြပေမဲ့ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့ အထက်တန်းစားယောက်ကျားမှ...ဖြစ်ရမယ်ပေါ့။ အဲဒီအထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားလှပါတယ်။ ရှေးရိုးစွဲ မဆန်ချင်ဘူး။အချစ်ကို ကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့...အသင့်ဖြစ်နေသူလေးပါ။ အဲဒီလို ကောင်မလေးနဲ့ မိဘမရှိ လေလွင့်နေတဲ့ ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ...ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်။ မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလို...အယူအဆတွေမှာလည်း...ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ ...အတော်ခက်တယ်ပြောရမှာပေါ့...ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်....File Size : 2.84GB / 1.33GB Quality : ...
movie

Valley Girl (2020)

Diary of a Wimpy Kid: Rodrick Rules (2011) 6.6
Diary of a Wimpy Kid: Rodrick Rules (2011) Diary of a Wimpy Kid: Rodrick Rules (2011)~ IMDb - 6.6/10, Rotten Tomatoes - 48% ~ခြောက်တန်းပြီးလို့ ၇ တန်းရောက်လာတဲ့ ငပိန်ကောင်လေး ဆန့်ကျင်ဖက်လိင်ကို စတင်စိတ်ဝင်စားတတ်လာပါပြီ။ ကျောင်းပြောင်းလာတဲ့ အချောလေးကတော့ သူ့ရဲ့ပစ်မှတ်ပေါ့။ဒါပေမဲ့လည်း အလယ်တန်းကျောင်းတိုက်ပွဲမှာ အလဲအလဲအကွဲကွဲနဲ့ ခံနေရတာတွေကို တွေ့ရမှာပါ။ ဒီဇာတ်ကားက ကျောင်းက တိုက်ပွဲအကြောင်းမဟုတ်ပါဘူး သူ့အစ်ကိုနဲ့ ဆက်ဆံရေးအကြောင်းပါ။သူ့အစ်ကိုကလည်း တခြားနေရာတွေမှာ အပျင်းတကာ့ထိပ်ခေါင်ဆိုပေမဲ့ သူ့ကို စဖို့နောက်ဖို့ ကြပ်ဖို့အတွက်တော့ အတက်ကြွဆုံး အကြိုးစားဆုံးနဲ့ သူ့ကို အနိုင်ကျင့်ရတာ အားကစားသာဖြစ်ခဲ့ရင် ရွှေတံဆိပ်ဆုပါပေးသင့်တဲ့အားကစားသမားလိုပါပဲ။အဲဒီတော့ ငပိန်လေးရဲ့ ၇ တန်း ဒိုင်ယာရီမှာ သူ့အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြုပြင်ပြီး ကျောင်းသူသစ်လေးနဲ့ဆက်ဆံရေးကို တံတားထိုးဖို့ ကြိုးစားတာကိုတွေ့ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.7GB, ...
movie

Diary of a Wimpy Kid: Rodrick Rules (2011)

2011
Diary of a Wimpy Kid: Dog Days (2012) 6.3
Diary of a Wimpy Kid: Dog Days (2012) Diary of a Wimpy Kid: Dog Days (2012)~ IMDb - 6.3/10, Rotten Tomatoes - 53% ~ငပိန်လေးရဲ့ ၇ တန်းနှစ်ကုန် နွေရာသီကျောင်းပိတ်ရက် ဒိုင်ယာရီပါ။နွေရာသီကျောင်းပိတ်ရက်မှာ ရင်းနှီးစပြုလာတဲ့ Crush လေးကို သူငယ်ချင်းအဆင့်က တက်အောင် တလွဲအစီအစဉ်တွေနဲ့ ဘယ်လိုကြိုးစားလဲဆိုတာကိုတွေ့ရမှာပါ။ ဒီအရှေ့က ဇာတ်ကားမှာ အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြင်ဆင်တာကိုတွေ့ခဲ့ရပြီးတော့ ဒီဇာတ်ကားမှာတော့ သူ့အဖေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် ဘယ်လိုလုပ်လဲဆိုတာ တွေ့ရပါလိမ့်မယ်။နောက်ထပ် သူ့ရဲ့အချစ်ဆုံး ရိုလီရဲ့ အဖေနဲ့ အမေတို့က ကြည့်မရဖြစ်နေတာ ဒီဇာတ်ကားမှာ ပိုဆိုးသွားပါတယ်။ ဟတ်ဖလေမိသားစုဝင် ခွေးလေးတစ်ကောင်လည်း တိုးလာပါသေးတယ်။ ခွေးကလည်း ငပိန်လေးလို ပြဿနာရှာတတ်တဲ့ကောင်လေးပါပဲ။ထုံးစံတိုင်း ပျော်စရာ၊ ရယ်စရာ၊ ချစ်စရာကောင်းတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ နောက်ဆုံးပိုင်းပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ...
movie

Diary of a Wimpy Kid: Dog Days (2012)

2012
Girl Haunts Boy (2024) 6.5
Girl Haunts Boy (2024)  Girl Haunts Boy ကတော့ Michael Cimino နဲ့ Peyton List တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက်ရဲ့လွမ်းမောစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့်အချစ်ကားလေးဖြစ်ပြီး Fantasy၊ Romance နဲ့ Comedy အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဖခင်ဆုံးပါးသွားတဲ့ခိုးလ်ဟာ အမေနဲ့အတူအိမ်ဟောင်းကြီးတစ်ခုကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ခိုးလ်ရဲ့အိပ်ခန်းသစ်ထဲမှာ ဘီးဆိုတဲ့ရာစုနှစ်သက်တမ်းရှိတဲ့ သရဲမချောချောလေးနဲ့တွေ့ဆုံခဲ့ပြီး အထီးကျန်နေတဲ့ခိုးလ်အတွက်ကြီးမားတဲ့စိတ်ခွန်အားဖြစ်စေခဲ့တာကြောင့် ခိုးလ်ဟာ ဘီးကိုချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့ ခိုးလ်ရဲ့သူငယ်ချင်းလီဒီယာရဲ့ကူညီမှုကြောင့် ဘီးဟာကျိန်စာသင့်နေတာဖြစ်ပြီး ကျိန်စာကလွတ်မြောက်အောင်လုပ်လို့ရတဲ့နည်းလမ်းရှိတယ်ဆိုတာသိလိုက်ရချိန်မှာတော့ ခိုးလ်တစ်ယောက်ဘီးကိုချစ်တဲ့စိတ်နဲ့ဆွဲခေါ်ထားမှာလား၊ လွတ်မြောက်ရာကိုထွက်သွားခွင့်ပေးမှာလားဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.32GB / 788MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Girl Haunts Boy (2024)

The Thinning: New World Order (2018) 3.8
The Thinning: New World Order (2018) The Thinning: New World Order (2018)_____IMDb - 3.8/10The Thinning New World Order (2018) The Thinning (2016) ရဲ့အဆက်ပါ Directed by Michael J. Gallag'her ပါပဲ စစ်ဆေးမှုမအောင်မြင်တဲ့ ကျောင်းသားတွေကို သတ်ပစ်တယ်လို့သိထားကြတဲ့ အမေရိကမှာ ကျောင်းသားတွေတကယ် အသတ်ခံရတာမဟုတ်ဘဲ လျို့ဝှက်မြေအောက်အလုပ်ခွင်ထဲ အပို့ခံရတဲ့အခါမှာ ဘလိတ်ခ်နဲ့အယ်လီတို့ဟာ ပြန်လည်ဆုံတွေ့သွား ကြပါတယ် တဖက်မှာလည်း လီနာက မြို့တော်ဝန်ရတ်ဒင်းန်ရဲ့ အလုပ်ဖိတ်ကြားချက်ကိုရရှိပြီး မဲဆွယ်ပေးသူတစ်ယောက်အနေနဲ့ လုပ်ကိုင်နေခဲ့ပါတယ် ကယ်လန်ကတော့ သူလိုချင်တဲ့သတင်းထောက်အလုပ်မှာ ဂျူနီယာအဖြစ်လုပ်ကိုင်ရင်း မြေအောက်အဖွဲ့အစည်းအကြောင်းကိုသိရှိသွားမလား မြို့တော်ဝန်ကိုယ်တိုင်ကရော ဒီကိစ္စနောက်ကွယ်မှာ ပါဝင်ပက်သက်နေမလား ဘယ်သူက တကယ်တမ်းကြိုးကိုင်နေတာလဲ ဆိုတာတော့ဆက်ကြည့်ကြပါနော်   File Size :  3 GB, 1.1 GB, 638 MB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 40min Format : Mkv and Mp4 Audio : ...
movie

The Thinning: New World Order (2018)

2018
The Thinning (2016) 5.5
The Thinning (2016) The Thinning (2016)_____IMDb - 5.5/10The Thinning (2016) ဇာတ်ကားကတော့ Action/Drama/Horror အမျိုးအစားပါ Directed by Michael J. Gallag'her ဖြစ်ပါတယ် IMDb 5.5/10 ဖြစ်ပြီး Rotten Tomatoes ရဲ့ Audience Score မှာလည်း 62% ရရှိထားပါတယ် ကိုယ်လည်းစကြည့်တုန်းက အစပိုင်း၁၀မိနစ်လောက်ထိ ဘာလဲပေါ့ဆိုပြီး ကြည့်ခဲ့တာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ဇာတ်လမ်းအဆုံးထိဘာဖြစ်မလဲသိချင်အောင် ဆွဲခေါ်သွားခဲ့တယ် သမားရိုးကျဇာတ်လမ်းတွေကနေ ခွဲထွက်ထားတော့ ပိုကောင်းတာပေါ့ (စာကျက်ပျင်းတဲ့သူတွေပိုကြည့်သင့်ပါတယ်နော် ) 2038 ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းလုံးလူဦးရေသိပ်သည်းမှုကြောင့် နိုင်ငံတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူဦးရေထူထပ်လာမှုကို လျှော့ချကြပါတယ် နှစ်တိုင်းမှာ လူဦးရေရဲ့ငါးရာခိုင်နှုန်းကို လျှော့ချကြတာပါ ကလေးတစ်ယောက်ပဲ မွေးရမယ်တို့ ဘာတို့ ဒါပေမယ့် အမေရိကမှာတော့ ကျောင်းသားကျောင်းသူ တွေကို စစ်ဆေးမှုပြုလုပ်ပါတယ် စာမေးပွဲပေါ့ စစ်ဆေးမှုရဲ့ အဆင့်အနိမ့်ဆုံး အမှတ်အနည်းဆုံး ကျောင်းသားကျောင်းသူတွေကို thinning လုပ်လိုက်တယ် သတ်ပစ်လိုက်တာပေါ့   Michaels (Peyton List) တက္ကဆက်ပြည်နယ် ဗစ်စတာပွိုင့်အထက်တန်းကျောင်းရဲ့ အတော်ဆုံးကျောင်းသူတစ်ဦး မိခင်ရဲ့ကျန်းမာရေးကြောင့် ဆေးဖိုးဝါးခရှာရင်း ကျူရှင်လဲသင် စာမရတဲ့ကျောင်းသားတွေကို ခိုးချလို့ရတဲ့ မျက်ကပ်မှန်လေးတွေရောင်းရင်း ကော်ရင်းနဲ့ဂျိုဝီဆိုတဲ့ ညီမလေးနဲ့မောင်လေးကိုလည်း ပြုစုစောင့်ရှောက်နေတဲ့ မမတစ်ယောက် စစ်ဆေးမှုမှာ အမြဲ90%ကျော်နေခဲ့ပြီး ဘာလို့ စစ်ဆေးမှုကျရှုံးသွားရတာလဲBlake Redding ...
movie

The Thinning (2016)

2016
The Inheritance (2024) 5.0
The Inheritance (2024)  ဒီဇာတ်လမ်းလေးမှာတော့ Shawshank Redemption မှာထောင်မှူးNorton အဖြစ် ကျွန်တော်တိုသိကြတဲ့ Bob Guntun ကအဗနာသီ မိသားစုရဲ့ဖခင်ကြီးအဖြစ်သရုပ်ဆောင်ထားပြီးcharacter အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲစည်းထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း***************အဗနာသီမိသားစုဟာ ကျိကျိတက်ချမ်းသာတဲ့ ဘီလျံနာမိသားစုပါ။ ကျိကျိတက်ချမ်းသာကြတဲ့အလျောက်မိသားစုဝင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက်ခပ်စိမ်းစိမ်းပါပဲ။ တစ်နေ့မှာတော့ အဗနာသီ မိသားစုရဲ့ဖခင်ကြီး ချားလ်စ် က သူ့ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အတွက်သူ့သားသမီး ၄ယောက် ကို ဖိတ်ခေါ်ခဲ့တယ်။ သားသမီးတွေအိမ်ကြီးဆီရောက်လာတဲ့အခါမှာတော့ ထင်ထားသလိုမွေးနေ့ပွဲ မဟုတ်နေပဲ သူတိုဖခင်ကြီးချားလ်စ် ကို လာသတ်မဲ့တစ်စုံတစ်ယောက်ရဲ့ ရန်ကနေ ကာကွယ်ပေးဖိုဖြစ်နေခဲ့တယ်။ဖခင်ကြီးရဲ့ အမွေတွေကိုလည်း ဖခင်ကြီးအသက်မသေမှရရှိမှာဖြစ်တဲ့အတွက် သားသမီး ၄ယောက်တိုက ဖခင်ကြီးကိုကာကွယ်ဖိုဖြစ်လာခဲ့တယ်။ ဖခင်ကြီးကို လာသတ်မဲ့တစ်‌စုံတစ်ယောက်က ဘယ်သူလဲ၊ ဘာအတွက်ကြောင့် ကာကွယ်ဖိုသားသမီးတွေကိုပဲ ခေါ်ရတာလဲ၊ ဒီပဟေဠိနောက်ကွယ်ကထူးဆန်းတဲ့ အဖြစ်အပျက်တွေက ဘာတွေလဲဆိုတာကိုစိတ်၀င်တစား ရင်တမမ နဲ့ရှုစားကြရမှာပါ။အိမ်ကြီးတစ်လုံးအတွင်းမှာပဲ ဇာတ်အိမ်တည်ထားပြီးအဗနာသီမိသားစုက ဒီတစ်ညတာကို ဘယ်လို‌ဖြတ်ကျော်ကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။Plot ကောင်းကောင်းတွေလည်းပါ၀င်ပြီး စိတ်လှုပ်ရှားစရာပဟေဠိဆန်ဆန် ရုပ်ရှင်တစ်ကားဖြစ်တာမိုထူးခြားဆန်းပြားရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ အလွတ်မခံသင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း.....  File size…857MB ...
movie

The Inheritance (2024)

The Greatest Game Ever Played (2005) 7.4
The Greatest Game Ever Played (2005) ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်.တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ.အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်.  ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best ...
movie

The Greatest Game Ever Played (2005)

A Maple Valley Christmas (2022) 6.3
A Maple Valley Christmas (2022)  IMDb 6.3/10ခရစ္စမတ်လည်း နီးပြီဆိုတော့ အိမ်တွင်းအောင်းပြီးကြည့်ပြီးခရစ္စမတ်ကားကောင်းလေးတစ်ကားကို Channel Myanmar ကဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းအကျဥ်းကတော့ Maple Valley လယ်တောရဲ့ သမီးကြီး ဖြစ်တဲ့အန်ရီကာ နဲ့ မြေကွက်လေလံဝယ်ဖို့လာတဲ့ သူဌေးသားလေး အေရွန်တို့ရဲ့အချစ်ဇာတ်လမ်းလေးပါပဲ ။မိသားစုသမိုင်းကြောင်းကြောင့် မြေကွက်ကို မဖြစ်မနေလိုချင်နေတဲ့ အန်ရီကာနဲ့ ခေါင်းမာတဲ့အဖေကို ပိုင်ဆိုင်ထားရတဲ့ အေရွန်တို့ ဘယ်လိုတွေ ညှိယူပြီးဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ခရစ္စမတ်နောက်ခံနဲ့ ကြည့်ရှုရမှာပါ ။ဒီဇာတ်လမ်းမှာတော့ ညီအစ်မအချင်းချင်း သားအဖအချင်းချင်း အလုပ်အတူတူတွဲလုပ်တဲ့အခါ ဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေနဲ့ အဲဒီကတောက်ကဆတွေကိုဘယ်လိုညှိယူရင်း ရှေ့ဆက်သွားကြမလဲဆိုတာကိုလည်း ထည့်သွင်းထားပါသေးတယ် ။ခရစ္စမတ်မှာ အရသာရှိတာတွေစားရင်း မိသားစုနဲ့အတူ ချစ်သူနဲ့အတူ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကား ဖြစ်ကြောင်း ညွှန်းလိုက်ပါရစေ ။  File size…1.75GB/ 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 25m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

A Maple Valley Christmas (2022)

27 Dresses (2008) 6.1
27 Dresses (2008) 27 Dresses (2008)~ IMDb rating - 6.1/10 ~မိန်းကလေးတွေ သူတို့ ဆွေမျိုးသူငယ်ချင်းတွေအတွက် သတို့သမီးအရံလုပ်ပေးတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲက ဂျိန်းကတော့ သတို့သမီးအရံအဖြစ် 27 ကြိမ်တောင် လုပ်ပေးခဲ့ပါတယ်။ဂျိန်းငယ်ငယ်က အမ၀မ်းကွဲရဲ့မင်္ဂလာပွဲမှာ သတို့သမီးကို အကူအညီပေးလိုက်နိုင်တာကစပြီး မင်္ဂလာပွဲတွေကို သဘောကျခဲ့တာပါ။ ဂျိန်းအသက်ကြီးလာတော့ သူ့သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေမှာ အစအဆုံးမညည်းမညူပဲ အကူအညီတောင်းသမျှ အကုန် လုပ်ပေးခဲ့ပါတယ်။ ဥပမာ တစ်ရက်တည်းမှာ နှစ်ပွဲတစ်ပြိုင်နက်တက်ပြီး အရံလုပ်ပေးရတာမျိုးပေါ့။ ဂျိန်းက သူ၀တ်ခဲ့ရတဲ့ အရံ၀တ်စုံတွေအားလုံးကိုလည်း ဗီရိုကြီးတစ်လုံးနဲ့အပြည့် သိမ်းဆည်းထားပြီး သူ့ရဲ့ ကိုယ်ပိုင်လက်ထပ်ပွဲရောက်လာမယ့်နေ့ကို စောင့်ဆိုင်းနေသူပါ။ ဂျာနယ်ထဲက သူ့အကြိုက်ဆုံးစာရေးဆရာရေးတဲ့ မင်္ဂလာပွဲအကြောင်း ဆောင်းပါးတွေကိုလည်း သိမ်းထားခဲ့ပါတယ်။ အချစ်ရေးမှာတော့ အလုပ်က ဘော့စ် ဂျော့ကို တိတ်တခိုးချစ်နေခဲ့ပြီး ဘာမဆိုအကုန်လုပ်ပေးခဲ့ပါတယ်။ဂျိန်းမှာ ညီမတစ်ယောက်နဲ့ ဖခင်ပဲရှိပြီး ညီမဖြစ်သူ တက်စ်ကို အရမ်းအလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပါတယ်။ မထင်မှတ်ဘဲ အလုပ်ပါတီကို ...
movie

27 Dresses (2008)

2008
Spinning Gold (2023) 6.3
Spinning Gold (2023) Spinning Gold (2023)ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။"မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့"သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ...
movie

Spinning Gold (2023)

2023
A Little White Lie (2023) 5.9
A Little White Lie (2023) A Little White Lie (2023) ================== Genre - Comedy, Drama IMDb Rating - 5.9/10လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က စာပေလောကကို တုန်လှုပ်စေခဲ့တဲ့ ဝတ္ထုတစ်အုပ်ထွက်ပြီး လူလုံးထွက်မပြတဲ့ စာရေးဆရာ ရှရိုက်ဗာ ဆိုတာ ရှိခဲ့ပါတယ်။ အမျိုးသားစာပေဆုကို သမ္မတကပေးတာတောင် တက်မယူဘဲနဲ့ပေါ့။ ဒီလိုနဲ့ သူကတော့ တစ်အုပ်ထွက်ပြီး ပျောက်ကွယ် သွားခဲ့တယ်။ အခုလက်ရှိမှာတော့ တက္ကသိုလ်စာပေပွဲတော်လုပ်ဖို့ ပရော်ဖက်ဆာကလီရီတို့တသိုက် ခေါင်းကိုက်နေကြတယ်။ ဘာလို့လဲ ဆိုတော့ ဘုတ်အဖွဲ့က ဘတ်ဂျတ်ချမပေးတော့ဘူးဆိုတော့။ အဲဒီမှာ ကလီရီက ရှရိုက်ဗာကို ရအောင်ရှာပြီး သူတို့စာပေပွဲတော်ကို ဖိတ်တယ်၊ သူသာတက်ရောက်မယ်ဆို ဒီပွဲတော်က ဆက်လက်ပြီး လူတွေကို ဆွဲဆောင် အသက်ဆက်နိုင်တော့မှာကိုး။အဲဒီမှာ တစ်ဖက်မှာ ဆက်သွယ်ခံရတဲ့ ရှရိုက်ဗာက စာရေးတာကိုမပြောနဲ့ တစ်ရက်တစ်ရက် သူများခိုင်းသမျှလုပ်ပြီး၊ မျက်နှာကြက်ရေယိုတာကို ကြောင်လေးကိုပိုက်ပြီး အိပ်ရာပေါ်ကနေ ကြည့်တတ်တဲ့ အထီးကျန် အရက်သမားတစ်ယောက်။ ဒါပေမဲ့ ဘေးနားက ဘော်ဒါက ဟန်ဆောင်ပြီး သွားတက်ရင် ဆုတွေရမှာဘာညာနဲ့ ဂျင်းထည့်ပြီး မြှောက်ပေးလိုက်တော့ ဒီပွဲတော်ကို သွားပြီး ဟန်ဆောင်တက်ရောက်ဖို့ ဖြစ်လာတယ်။ ...
movie

A Little White Lie (2023)

2023
Meeting Evil(2012) 5.3
Meeting Evil(2012) မင်းသား Luke Wilson နဲ့ ကျွန်တော်တို့ မာသာဖပ်ကာကြီး Samuel L Jacksonဦးဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုဖွယ် ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည် ကလေးနှစ်ယောက်ရှိအိမ်ခြံမြေပွဲစား ဂျွန်တစ်ယောက် အိမ်တွေလည်းမရောင်းရ ပိုက်ဆံတွေလည်းအကုန်ဆုံးအလုပ်ထုတ်ခံလာရပြီး သူ့မွေးနေ့ကို စိတ်ပျက်လက်ပျက် ပြန်လာပါတယ်၊မိန်းမဖြစ်သူနဲ့လည်း စကားများပေါ့။ပြီးတော့ မိန်းမက ကလေးတွေခေါ်ထွက်သွားတဲ့အချိန်တံခါးခေါက်လို့ ဖွင့်ပေးလိုက်တော့ ရစ်ချီဆိုတဲ့လူတစ်ယောက်ကသူ့ကားပျက်နေလို့ဆိုပြီး ခဏလောက် တွန်းပေးဖို့ ကူညီခိုင်းပါတယ်။အဲဒါနဲ့ ဂျွန်တစ်ယောက် ကူညီပေးတဲ့အချိန် အိပ်ဇောပေါက်ပြီးခြေထောက်ထိသွားပါတော့တယ်။ဒီတော့ ရစ်ချီကလည်း သူ့ကြောင့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူးဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ဂျွန်ငြင်းနေတဲ့ကြားက မရရအောင် ကားပေါ်တင်ပြီးဆေးရုံလိုက်ပို့မယ်လုပ်ပါတယ်။အဲဒီမှာပဲ ဂျွန့်ရဲ့ကံကြမ္မာဟာ အစကတည်းက ဆိုးနေရတဲ့ထဲ မြေနိမ့်သူကိုလှံစိုက်သလို ဖြစ်လာရတော့တယ်။ဂျွန်တစ်ယောက် ရစ်ချီဆိုတဲ့လူနဲ့ သွားလာရင်း ဘာထူးဆန်းတာတွေ ကြုံရမလဲ၊ ဘာလို့ သူ့ဆီကိုဒီရစ်ချီဆိုတာ ရောက်လာရတာလဲ၊ သူ့ဆီက ဘာလိုချင်နေတာလဲစသဖြင့် လှည့်ကွက်တွေနဲ့ လူသတ်မှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ဂျွန်တစ်ယောက် သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုပြီး စိတ်လှုပ်ရှားရတဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းရဲ့ရှေ့ဆုံးခန်းလေးကိုလည်း သေချာအာရုံစိုက်ပေးဖို့ အကြံပေးချင်တယ်မဟုတ်ရင် ...
movie

Meeting Evil(2012)

Something Borrowed(2011) 5.8
Something Borrowed(2011)  IMDb 5.8 / Rotten Tomatoes 15%Rom-com မင်းသမီးကြီး Kate Hudson ရဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ငယ်စဥ်ကတည်းက ခွဲမရအောင် ချစ်ခင်ရင်းနှီးကြတဲ့ ရေချယ်နဲ့ ဒါစီအနေအေးတဲ့ ရေချယ်နဲ့ ပွင့်လင်းပျော်ပါးစွာ နေတတ်တဲ့ ဒါစီတို့ သူငယ်ချင်းနှစ်ယောက်ကြားထဲကို ဒက်ခ်စ် လို့ခေါ်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ရောက်လာတဲ့အခါ...တစ်ယောက်ကို တစ်ယောက် သဘောကျနေပေမယ့် သူငယ်ချင်းအဆင့်က မတက်ကြတဲ့ ရေချယ်နဲ့ ဒက်ခ်စ်...လက်သွက်တဲ့ ဒါစီ့လက်ထဲကို ဒက်ခ်စ် ပါသွားပြီး လက်ထပ်ဖို့အထိ ဖြစ်လာတဲ့အခါ...လက်ထပ်ပွဲမတိုင်ခင် ပါတီပွဲတစ်ပွဲမှာ ဒက်ခ်စ်နဲ့ ရေချယ် အရက်မူးပြီး ခံစားချက်တွေ ပွင့်ထွက်ကာ နှစ်ယောက်အတူ အိပ်မိသွားကြတဲ့အခါမှာတော့...ကိုယ့်ချစ်သူကိုပဲ ရအောင် ယူမလား သူငယ်ချင်းကိုပဲ ဦးစားပေးမလား ဆိုတာ ရယ်မောဖွယ် ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် File size…2.11 GB ...
movie

Something Borrowed(2011)

The Friendship Game (2022)
The Friendship Game (2022) မြို့ငယ်လေးတစ်ခုက အထက်တန်းပြီးခါစ ဆယ်ကျော်သက်သူငယ်ချင်းလေးယောက်ဟာ Friendship game လို့ခေါ်တဲ့ ထူးဆန်းတဲ့အရာဝထ္ထုတစ်ခုကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ သူတို့ရဲ့ခင်မင်မှုသံယောဇဉ်တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ စမ်းသပ်ခံရပါတော့တယ်။ ဂိမ်းရဲ့စည်းမျဉ်းအရ အတွင်းစိတ်ထဲက အနက်ရှိုင်းဆုံးဆန္ဒတွေကို အချင်းချင်းပြောပြပြီးတဲ့အခါ သူတို့ရဲ့ခင်မင်မှုကို စမ်းသပ်တဲ့ဖြစ်ရပ်တွေဟာ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာခဲ့တော့တယ်။ ခင်မင်မှုပျက်ပြားခဲ့ရင် လူကိုယ်တိုင်သေဆုံးလိမ့်မယ်ဆိုတဲ့ အဲဒီဂိမ်းကိုကစားခဲ့တဲ့ သူငယ်ချင်းတစ်သိုက် ထိန့်လန့်ခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။File size…(1.49GB)  / (725MB) / (354MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie

The Friendship Game (2022)

Spider-Man 2 (2004) 7.3
Spider-Man 2 (2004) Spider Man 2 က ပထမဇာတ်ကားရဲ့ အဆက်အနေနဲ့ ထွက်ရှိခဲ့တာပါ။ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်...သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်းဝမ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘဝကို ရာဇဝတ်မှုတွေကိုတိုက်ဖျက်နေရင်းနဲ့ဖြတ်သန်း နေရပါတယ်..မေရီဂျိန်းဟာလည်း သူဌေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်ပါပြီ ...သူ့သူငယ်ချင်း ဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့ အသည်းအသန်စုံစမ်းနေပါ သလို မြို့ကိုဒုက္ခပေးမယ့် အန္တရာယ်တွေလည်းတိုးလာပါတယ်..ဒီလိုပြသနာတွေကြားမှာ ပီတာပါကားတစ်ယောက် ဘယ်လိုခွန်အားနဲ့ ဆက်လက်အသက်ရှင်ပြီး ပြသနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ...။မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.3 GB)/(1 GB) Quality….BluRay DS4K HEVC ...
movie

Spider-Man 2 (2004)

2004
Hubie Halloween 2020 5.4
Hubie Halloween 2020 မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ...
movie

Hubie Halloween 2020

Then Came You (2018) 8.2
Then Came You (2018) ဘဝဆိုတာ ရှင်သန်ခြင်းပါ။ အသက်ရှုနေရုံ နှလုံးခုန်နေရုံနဲ့တော့ ရှင်သန်တယ်လို့မဆိုနိုင်ပါဘူး။အချိန်ဘယ်လောက်ကြာကြာရှင်သန်နေရမယ်ဆိုတာလည်း အရေးမကြီးပါဘူး။ဘယ်လိုရှင်သန်နေထိုင်ရလဲဆိုတာက အရေးကြီးတာပါ။ဒီ Then came you (2018) ဇာတ်ကားလေးမှာတော့ အသက်ရှုနေရုံရှင်သန်နေတဲ့ ကယ်ဗင်ဆိုတဲ့ ကောင်လေးရဲ့ ဘဝထဲကို စကိုက်ဆိုတဲ့ ဘဝရဲ့နေဝင်ချိန်ကို ရောက်ရှိတော့မယ့်ကင်ဆာဝေဒနာသည်ကောင်မလေး တစ်ယောက် ဝုန်းကနဲဆိုသလို ဝင်ရောက်လာချိန်မှာ ကယ်ဗင်တစ်ယောက် သူ့ဘဝကို ဘယ်လိုရှင်သန်ရမယ်ဆိုတာကို နားလည်လာပြီးစကိုက်ရဲ့ ဘဝ နောက်ဆုံးအချိန်တွေကို ဘယ်လို အဓိပ္ပါယ်ရှိအောင် ကူညီလိုက်မယ်ဆိုတာကို ဟာသလည်းမြောက် ကရုဏာရသလည်းပေါ်အောင် ရိုက်ကူးထားပါတယ်။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 6.9 ထိရရှိထားပြီး ရယ်ရဟားရသလို ဖီးလို့လည်းကောင်းမယ့်ဇာတ်ကားလေးပါ။Cast တွေကလည်း နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ Asa Butterfield နဲ့ကိုကိုတို့အတွက်လည်း မင်းသမီး အလန်းလေးနှစ်လက်ဖြစ်တဲ့ Game of Thrones ဇာတ်ကားက မျက်နှာမဲ့လုပ်ကြံသတ်ဖြတ်ရေးသမားမလေး Maisie Williams နဲ့Vampire Dairies ထဲက မင်းသမီးချော ...
movie

Then Came You (2018)

2018