Channel Myanmar

Peter Yang Kwan

Casino Raiders II (1991) 5.8
Casino Raiders II (1991) ဒီဇာတ်ကားက ပထမ Casino Raidersနဲ့ ဇာတ်လမ်းသွားလုံးဝမတူဘဲ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကို ပြောင်းလဲထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ပထမကားက Andy Liuကပဲ ဒီဇာတ်ကားမှာတော့ Chicken Feetဆိုတဲ့ ဇာတ်ရုပ်နဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းက‌တော့ ကစ်နဲ့ Chicken Feetဆိုတဲ့ ညီအစ်ကိုဖဲဝိဇ္ဇာ၂ယောက်နဲ့သူတို့ရဲ့ကျေးဇူးရှင် အန်ကယ်ဖန်းဆိုတဲ့သင်္ဘောကာစီနိုသူဌေးတို့ကို ဂျိမ်းစ်ဆိုတဲ့ တိုင်းတပါးသားဖဲဝိဇ္ဇာနဲ့ သူ့ဂိုဏ်းက အကောက်ကြံလိုက်လို့ ကစ်ကလည်းထောင်ကျသွားသလို အန်ကယ်ဖန်းလည်း ပိုင်ဆိုင်ခဲ့သမျှအရာအားလုံးဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ ဂျိမ်းစ်တို့ကမ‌ကျေနပ်နိုင်ဘဲ အားလုံးကို အပြစ်ရှင်းပစ်ဖို့ လုပ်လာလို့သူတို့ကို လက်စားချေဖို့ Chicken Feetနဲ့ ကစ် ညီအစ်ကို၂‌ယောက်ကြိုးစားရင်း ဘယ်သူတွေ စတေးရမလဲ ဘာကိုထပ်ပြီးဆုံးရှုံးရဦးမလဲဆိုတာ ကြည့်ရမှာပါ။File size…    3.1 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Action ...
movie

Casino Raiders II (1991)

Enter the Fat Dragon (1978) 6.5
Enter the Fat Dragon (1978) ဒီဇာတ်ကားလေးကလည်း ဟောင်ကောင်မင်းသားကြီးတစ်လက်လည်းဖြစ်သလို နာမည်ကြီးဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ Sammo Hung ရဲ့ လက်ရာကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ Ah lung လို့ခေါ်တဲ့ ဝက်‌မွေးမြူ‌ရေးလုပ်တဲ့ လူငယ်လေးက ဘရုစ်လီကိုအရမ်းကြိုက်ပြီး ငယ်ငယ်ကတည်းက ဘရုစ်လီလိုဖြစ်ရမယ်ဆိုပြီး ခြေလှမ်းကွက်တွေလက်သီးသိုင်းတွေကို ကြိုးစားပြီးလေ့ကျင့်နေတဲ့သူပါ။ဒါပေမဲ့ သူကိုယ်တိုင်ကညဝတုတ်လေးဖြစ်နေတော့ လေ့ကျင့်နေသမျှက ရယ်စရာတစ်ခုလိုဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူမြို့ကစားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ဖို့ထွက်လာတုန်း စားသောက်ဆိုင်မှာ လူရမ်းကားတစ်စုပြဿနာရှာနေတာနဲ့တိုးပါတော့တယ် ။ သူလည်းသူ့ကိုယ်သူသက်သေပြတဲ့အနေနဲ့ လူရမ်းကားတွေကိုတိုက်ထုတ်ပြီး စားသောက်ဆိုင်ကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီအငြိုးကြောင့် မကျေနပ်တဲ့ လူရမ်းကားတွေဟာ သူ့ရဲ့အလုပ်ဖော်ကောင်မလေးကို ပြန်ပေးဆွဲသွားချိန်မှာ‌တော့...Ah lung တစ်ယောက် လူရမ်းကားတွေကိုနိုင်ပါ့မလား ? ထင်ထားသလိုရော သူ့ရဲ့သိုင်းပညာက မြင့်မားပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်လို့ အခုပဲကြည့်ရှုလိုက်ဖို့တိုက်တွန်းပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy  Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Reviewed By Kay Thwe Phyoe Encoded by ...
movie

Enter the Fat Dragon (1978)

Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie

Twinkle, Twinkle, Lucky Stars (1985)

The Protector (1985) 5.7
The Protector (1985) The Protector (1985)ဟောလိဝုဒ်ရဲ့ Hollywood Walk of Fame မှာ မှတ်ကျောက်တင်ခံထားရသလို၊ Academy Honorary Award ကိုရခဲ့တဲ့ ဟောင်ကောင်မင်းသား၊ တာရန်တီနိုကြီးက "one of the greatest physical comedians since sound came into film"လို့ ချီးကျူးခံထားရတဲ့ ဟောင်ကောင်မင်းသား ဂျက်ကီချမ်းရဲ့ သူဟောလိဝုဒ်မှာ စပေါက်တုန်း အမေရိကန်ဒါရိုက်တာရိုက်ပြီး အမေရိကန်မင်းသားနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ ကားဟောင်းတစ်ကားပါ။ သူနဲ့တွဲသရုပ်ဆောင်တဲ့ အမေရိကန်မင်းသားကလည်း The Godfather Part II တို့၊ Once Upon a Time in America တို့၊ Leon: The Professionalတို့လို ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့လူပါ။ဇာတ်လမ်းထဲမှာတော့ သူတို့က လုပ်ချင်တာလုပ်တဲ့ ရဲ၂ကောင်ပေါ့။ ဂျက်ကီကလည်း အမေရိကန်မှာ အခြေချနေတာ ...
movie

The Protector (1985)

1985
My Hero (1990) 5.7
My Hero (1990) My Hero (1990)IMDB(5.7)ဂန်းစတားလောကမှာ ကျက်စားမယ့် စတီဖင်ချောင်ကိုမြင်ရမှာပါ။အခွီတွေချည်းမဟုတ်ဘဲ Action ရော Drama ရော ပေါင်းစပ်တင်ဆက်ထားပါတယ်။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.to/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ...
movie

My Hero (1990)

[18+] The Golden Lotus (1974) 5.8
[18+] The Golden Lotus (1974)  CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ old but gold လို့ပြောရအောင်ကောင်းတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ.. ၁၉၇၄ ကထွက်ရှိခဲ့တဲ့ "The Golden Lotus" မြန်မာလို "ရွှေကြာ"ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်... ဒီဇာတ်လမ်းက ကာမတဏှာရဲ့ အကျိုးသက်ရောက်မှု ကြီးမားပုံကို တင်ပြထားတဲ့ Pornography film အမျိုးအစားဖြစ်ပါတယ်.. ဒီဇာတ်လမ်းမှာ ထူးခြားတာတစ်ခုက ကမ္ဘာကျော်တရုတ်မင်းသား "Jackie Chan"ရဲ့ပွဲဦးထွက်ဇာတ်လမ်းဖြစ်ပါတယ်..သူက ဒီဇာတ်လမ်းမှာဇာတ်ရံအနေနဲ့ သရုပ်ဆောင်ထားတာပါ... ဒီဇာတ်လမ်းက 18+ ကို အသားပေးရိုက်ထားတာကြောင့် ကြည့်ရှုသူတွေသတိပြုသင့်ပါတယ်... အညွှန်း- ဇာတ်လမ်းလေးက တုတ်နဲ့စပြီး တုတ်နဲ့အဆုံးသတ်သွားတာပါ.. ဒီလိုပါ... ရှီမင်ချင်းဆိုတဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက် မြို့ပတ်နေတဲ့အချိန်..အဲ့အချိန်မှာ ဖန်ကျင်းလျန်ဆိုတဲ့ အမျိုးသမီးက လက်ထဲက တုတ်ထောက်တိုင်တစ်ခု ချော်ကျပြီး ရှီမင်ချင်းခေါင်းနဲ့ရိုက်မိသွားပါတယ်.အဲ့မှာဇာတ်လမ်းစတာပဲ... ရှီမင်ချင်းက ဒေါသထွက်ခဲ့ပေမဲ့ ကျင်းလျန်ရဲ့ အလှကို မြင်ပြီး နာရာက ကြွေရာ ဖြစ်သွားခဲ့ပါတယ်...ရှီမင်ချင်းဟာ ကျင်းလျန်ကို တမ်းတစိတ်နဲ့ ...
movie

[18+] The Golden Lotus (1974)

1974