Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Siragusa
5.4
Dunston Checks In
Dunston Checks In (1996) IMDB : 5.4 Rotten Tomatoes: 17%Genre :Family/Comedy Dunston Checks In (1996)ကတော့ ဘဝအမောကိုခဏလောက်ပြေပျောက်သွားစေမယ့်ဟာသဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဟာသဇာတ်မြူးလေးမလို့မိသားစုနှင့်ဖြစ်စေ တစ်ဦးတည်းဖြစ်စေ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ဇာတ်ညွှန်းရော်ဘတ်ဆိုတာကတော့ Majestic ကြယ်ငါးပွင့်ဟိုတယ်ကြီးရဲ့မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ သားနှစ်ယောက်ရှိပြီးအဆိုပါဟိုတယ်ထဲမှာပဲ အတူတူနေထိုင်ကြတာဖြစ်ပါတယ်။သားနှစ်ယောက်ကလည်း အတော်မွှေတယ်ဆိုပါတော့။La Monde ခရီးသွားအဖွဲ့အစည်းကနေပြီး ကိုယ်စားလှယ်တစ်ယောက်လျှို့ဝှက်စေလွှတ်ကာ ကြယ်ငါးပွင့်ဟိုတယ်တိုင်းကို ကြယ် ၆ ပွင့်တိုးပေးမယ်ဆိုပြီး ဟိုတယ်ပိုင်ရှင်က မန်နေဂျာ ရော်ဘတ်ကိုပြောခဲ့ပါတယ်။ဖြစ်ချင်တော့တစ်ရက်မှာ မျောက်တစ်ကောင်နဲ့လူတစ်ယောက်ရောက်လာခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ မျောက်ကိုခိုင်းပြီးလက်ဝတ်လက်စားတွေခိုးယူဖို့ဖြစ်ပါတယ်။သူဟာမျောက်ကိုလူမသိအောင်ခိုးသယ်လာခဲ့ပေမယ့်သတိထားမိသူတစ်ယောက်ရှိနေခဲ့ပါတယ်။အဲဒါကတော့ ရော်ဘတ်ရဲ့ သားအငယ်ကောင်ဖြစ်ပါတယ်။ ဒီလိုနဲ့ La Monde က ကိုယ်စားလှယ်ရောက်လာချိန်မှာမျောက်ကလည်း ဟိုတယ်ထဲပတ်မွှေနေပါပြီ။ဘယ်လိုအလွဲတွေဖြစ်မလည်းဆိုတာကိုတော့ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။ File size… 3.7 GB / 1.3 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ..... Family / Comdey Subtitle…. Myanmar ...
movie
Dunston Checks In
6.4
Dinosaur (2000)
Dinosaur (2000)IMDb Rating (6.4) / Rotten Tomatoes (65%) ဆုတွေအများကြီးရထားတဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ နာမည်ကြီး live-action အင်နီးမေးရှင်း ဇတ်ကားကောင်းတစ်ခု..ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၅ နှစ်ကပေါ်လာခဲ့ပြီးလွန်ခဲ့တဲ့ နှစ် ၆၆သန်းမှာမျိုးတုန်းပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ဒိုနိုဆောဆိုတဲ့နာမည်ဟာ ဂရိဘာသာစကားကနေဆင်းသက်လာပြီးကြောက်စရာကောင်းတဲ့ အိမ်မြှောင်ကြီးလို့အဓိပ္ပါယ်ရပါတယ် ။ဒိုင်နိုဆောတိုင်းကတော့ ကြောက်စရာကောင်းနေတာမဟုတ်ပါဘူး။ ရုပ်ကြွင်းတွေကနေဖော်ထုတ်ချက်အရ ဒိုင်နိုဆောတွေဟာတစ်ကယ်ရှိခဲ့တဲ့သတ္တဝါတွေဖြစ်ပြီး မျိုးစိပ် ၇၀၀ နဲ့ အမည်အတိအကျပေးနိုင်တာ မျိုးစိပ် ၃၀၀ ရှိပါတယ်။လီးမာကောင်လေးတွေကတော့ မျောက်နဲ့တူပေမယ့် မျောက်မဟုတ်ပါဘူး ။သူ့ကို လူ မျောက် မျောက်ဝံတွေနဲ့အတူ ပရိုင်းမိတ်အုပ်စုထဲပဲထည့်ထားပါတယ် လီးမာတွေကဒိုင်နိုဆောတွေမျိုးမတုန်းခင် လွန်ခဲ့တဲ့နှစ် ၆၅ကနေ၇၅သန်းအတွင်းပေါ်လာခဲ့တယ်လို့ဆိုကြပါတယ်။ ဇတ်လမ်းအကျဥ်းလွန်ခဲ့နှစ်ပေါင်း၆၅သန်းခန့်ကလီးမာသတ္တဝါလင်မယား”ယာ”နဲ့“ပလီယို”ကတစ်နေ့မှာဒိုင်နိုဆောဥတစ်လုံးကိုတွေ့လို့ လွှင့်ပစ်မယ်လုပ်တုန်း မလွှင့်ပစ်နိုင်ပဲ ဥထဲကနေဒိုနိုဆောလေးပေါက်လာတဲ့အခါ သူတို့ရဲ့မွေးစားသားလေး “အလက်ဒါ” ဖြစ်လာပါတယ် ။အလက်ဒါလေးကအသီးအရွက်စား ဂျက်ကာဆောရပ်စ် အမျိုးအစားဒိုင်နိုဆောလေးပါ။သူက iguanodonမျိုးထဲပါပါတယ်။ပလီယိုတို့မှာ“ဇင်နီ”ဆိုတဲ့သားတစ်ယောက်နဲ့ “ဆူရီ” ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။အလက်ဒါလေးအရွယ်ရောက်လာပါတယ်။လီးမားလေးတွေနဲ့ဆော့ကစားပျော်ရွှင်နေပါတယ် ။တစ်ခါမှတော့ တစ်ခြားဒိုင်နိုဆောတွေကိုသူမတွေ့ဖူးသေးပါဘူး။ဇင်နီလေးကလည်းကြင်ဖက်ရှာဖို့ကြိုးစားပေမယ့် မရရှာပါဘူး။ အဲဒီနေ့မှာပဲကောင်းကင်က ဥက္ကာခဲတွေ မီးလုံးတွေကျလာပြီးတစ်တောလုံးပျက်စီးမီးလောင်တော့” ယာ”တို့ ...
movie
Dinosaur (2000)
2000
The Big Lebowski (1998)
The Big Lebowski (1998) ***********************လော့စ်အိန်ဂျယ်လ်စ်မြို့မှာ Lebowski ဆိုတဲ့နာမည်နဲ့လူ(၂)ယောက်ရှိတယ်...သူတို့က နာမည်သာတူတာ ...အရည်အချင်းနဲ့ပိုင်ဆိုင်မှုကတော့ ဆီနဲ့ရေလို့ပြောရမလားပဲ။ တစ်ယောက်က သန်းကြွယ်သူဌေးကြီးဖြစ်ပြီးတော့...နောက်တစ်ယောက်ကတော့ ဘီယာလေးငုံလိုက် ဘော်ဒါတွေနဲ့ ပေါက်ကရပြောလိုက်နဲ့ ငပျင်းဘဲကြီး Lebowski...တစ်နေ့မှာ သူဌေးကြီး Lebowskiရဲ့အိမ်ကို...ကြေးစားလူမိုက်နှစ်ယောက်က ဖျက်ဆီးဝင်ရောက်ပြီး ငွေညှစ်ကြတယ်။ကံဆိုးချင်တော့ သူတို့ဝင်တဲ့အိမ်ဟာ နာမည်တူ ငပျင်းငမွဲ Lebowskiရဲ့အိမ်ဖြစ်နေပါတယ်...ဒါ့ကြောင့်စိတ်တိုတိုနဲ့ ...အိမ်မှာရှိတဲ့ကော်ဇောကိုသေးနဲ့ပန်းသွားကြတယ်...ဒါက သန်းကြွယ်သူဌေးLebowskiမှာ တာဝန်ရှိတယ်လို့ ယူဆပြီး...ငပျင်းကြီးက ကော်ဇောအစားတစ်ခုပြန်ပေးဖို့သွားတောင်းပါတယ်။ သွားတောင်းတဲ့အချိန်မှာပဲ သူဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ...ပါဝင်ပတ်သက်မိပြီးတော့ ပြဿနာအားလုံးဟာ သူ့ခေါင်းပေါ်ကျလာပါတော့တယ်။ ဘဲကြီးLebowskiအနေနဲ့ ...အရှုပ်တွေကြားထဲကနေ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ ...ဘယ်လိုရုန်းထွက်မှာလဲ...ဒီကားက imdb ရော Rotten ရော လန်ထွက်နေသလို ဆုပေါင်း ၅ဆုရရှိထားပြီး အခြားဆု ၁၇ဆုအတွက်လည်း...ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ ကားသစ်တချို့ကြောင့်စိတ်ပျက်နေတဲ့သူတွေအတွက် ဒီကားကတော့...နင်းကန်မိုက်ကြောင်း သတင်းကောင်းပါးပါရစေ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ဖြစ်ပါတယ်...File Size : 2.11GB / 997MB Quality : 1080p 5.1ch ...
movie
The Big Lebowski (1998)
7.2
The Hudsucker Proxy (1994)
Coen Brothers က ရိုက်ကူးခဲ့တဲ့ ဒီဟာသရုပ်ရှင်ဇာတ်လမ်းမှာဆိုရင် The Shawshank Redemption ထဲက မင်းသား Tim Robbins က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - Hudsucker Industries ရဲ့ ဥက္ကဋ္ဌ၊ ဘုတ်အဖွဲ့ရဲ့ အကြီးအကဲနဲ့ စတော့ရှယ်ယာအများဆုံးပိုင်ဆိုင်သူ ‘ဝဲရင်း ဟတ်ဆက်ကာ’ သေဆုံးသွားပြီးနောက် ဘုတ်အဖွဲ့က ရှယ်ယာရှင်တွေအနေနဲ့ စတော့ရှယ်ယာတွေ ဒီထက်ပို ပိုင်ဆိုင်ချင်တဲ့အတွက် သူတို့ ကုမ္ပဏီရဲ့ စတော့ကျဆင်းသွားအောင် လုပ်ဖို့ ဝိုင်းဝန်းကြံစည်ကြပါတော့တယ်။ကုမ္ပဏီကို ငတုံးတစ်ကောင်ကို ဦးစီးခိုင်းလိုက်ရင် သူတို့ဖြစ်စေချင်သလို ကုမ္ပဏီကြီးက ကပြောင်းကပြန် ဖြစ်သွားတော့မှာပါ။ ဒီတော့ ဥက္ကဋ္ဌအသစ်အဖြစ် တင်မြှောက်မယ့်လူကို လိုက်ရှာနေချိန် အကြောင်းတိုက်ဆိုင်စွာနဲ့ပဲ ‘နော်ဗီးလ် ဘန်းစ်’ဆိုတဲ့ အူတူတူ အတတပုံစံနဲ့ လူတစ်ယောက်က သူတို့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့တယ်။နော်ဗီးလ်က ငတုံးတစ်ကောင် ပုံစံဖြစ်နေပေမယ့် တကယ်က စီးပွားရေးနဲ့ပတ်သက်ပြီး ဘွဲ့ရထားသူပါ။ ဒီတော့ ဘုတ်အဖွဲ့က ကြိုးဆွဲရာ ...
movie
The Hudsucker Proxy (1994)
7.5
The Man Who Wasn’t There (2001)
မရှိခဲ့တဲ့သူတစ်ယောက်အကြောင်းမနေ့က လှေကားခွင်မှာမရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ်ဒီနေ့လည်း သူရှိမနေပြန်ဘူးဒီလူမရှိတော့ရင် သိပ်ကောင်းမှာပဲ။မနေ့က လှေကားပေါ်တက်လာတော့မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ်ဒီနေ့လည်း သူ့ကိုထပ်မတွေ့ရပြန်ဘူးဒီလူပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။“Antigonish” William Hughes Mearns အက်ဒ်ကရိန်းဆိုသူက ရှိနေပေမယ့်လည်း မရှိနေသူတစ်ယောက်လိုဖြစ်နေတဲ့သူပါ။ သူက ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာနေပြီး စကားအပြောအဆိုနည်းလှပါတယ်။ ဆံသဆရာတစ်ယောက်ဖြစ်ပြီး အရာအားလုံးပိုင်ဆိုင်ထားတဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူပိုင်ဆိုင်တာဘာမှလည်း ရှိမနေပြန်ပါဘူး။ အပြောင်းအလဲကြီးကြီးမားမားလည်းမရှိသလို ပြောင်းလဲဖို့လည်း မကြိုးစားနေသူပါ။ တနေ့မှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ထံမှာ ရင်းနှီးမြှပ်နှံချင်စိတ်တွေ ပေါ်လာပြီးနောက် သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတယ်။၂၀၀၁ခုနှစ်မှာရိုက်ကူးခဲ့ပေမယ့် ၁၉၄၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကားကို ဆေးရောင်စုံနဲ့ရိုက်ကူးပြီး တည်းဖြတ်ချိန်မှာ အဖြူအမဲအဖြစ်ပြောင်းလဲထားတဲ့ neo-noir crime film အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်သူ ဒါရိုက်တာတွေဖြစ်ကြတဲ့ Coen brothers ကိုတော့ No Country for Old Men နဲ့ The Ladykillers ...
movie
The Man Who Wasn’t There (2001)
Home on the Range (2004)
Disney ရဲ့ ဇာတ်ကားဟောင်းလေး တစ်ကားဖြစ်တဲ့ Homeon the Range ဆိုတဲ့ ဟာသ animation ရုပ်ရှင်လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ old but gold ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ရဲ့အမည်Home on the Range က အမေရိကန်တောင်ပိုင်းဒေသရဲ့ ဂန္တဝင်သီချင်းကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်ဘက်ဒေသရဲ့ ကောင်းဘွိုင်ခေတ်မှာ အခြေပြုထားတာဖြစ်ပေမဲ့ အဓိကဇာတ်ကောင်တွေက ကောင်းဘွိုင်တွေ မဟုတ်ဘဲ နွားမတွေပါ။ဇာတ်လမ်းအကျဥ်းကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်းကင်ဘုံစားကျက်မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်တွေကို ခြံရှင်ဖြစ်သူ မစ္စပါးလ်က မိသားစုဝင်တွေလို သဘောထားပြီး အတူပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ ပြည်နယ်တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့ နာမည်ကျော်နွားခိုးသမား လက်ချက်ကြောင့် ခြံရှင်လယ်သမား အတော်များများ ဒုက္ခရောက်နေကြပါတယ်။အလာမီဒါဆလင်းရဲ့ ပယောဂကြောင့် ...
movie
Home on the Range (2004)
6.9
Cloudy with a Chance of Meatballs (2009)
ကာတွန်းဆိုတဲ့ ရုပ်ရှင်အမျိုးအစားက ကလေး လူငယ်လူကြီးမရွေး နှစ်သက်ကြတဲ့၊ ကြည့်ရှုဖြစ်ကြတဲ့ ရုပ်ရှင်အမျိုးအစားတစ်မျိုးပါ။ဟိုးအရင်က ထွက်ခဲ့တဲ့ ကာတွန်းကားတွေထဲကမှ စားစရာတွေမိုးပေါ်ကကျလာတဲ့ ကာတွန်းကားလေလို့ ပြောလိုက်ရင် မသိတဲ့သူမရှိသလောက်ဖြစ်ခဲ့ဖူးတာကို သိကြမှာပါ။အဲဒီ စားစရာတွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကားကိုCM ကနေ quality ကောင်းကောင်းနဲ့ တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ဒီကာတွန်းကားလေးက ၂၀၀၉ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီးတော့Columbia Pictures နဲ့ Sony Pictures တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၃ သန်းအထိ ရရှိခဲ့ပါတယ်။ မသိတဲ့သူတွေရော သိတဲ့သူတွေပါ ထပ်သိသွားရအောင်လို့ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ ဒီဇာတ်ကားလေးထဲမှာအဓိကဇာတ်ကောင်က ဖလင်လော့ခ်ဝုဒ်ဆိုတဲ့ ကောင်လေးပါ။ငယ်ငယ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီးပစ္စည်းအသစ်အဆန်းတွေကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။ဒါပေမဲ့ သာမန်ကလေးတွေကြားမှာသူ့ရဲ့ တီထွင်မှုတွေက လှောင်ပြောင်စရာဖြစ်ခဲ့တယ်။သူနေတဲ့ မြို့လေးက ဆာဒင်းငါးသေတ္တာလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မြို့လေး။ဒါပေမဲ့ အဲဒီလုပ်ငန်းပိတ်သိမ်းသွားချိန်မှာ သူအပါအဝင်တစ်မြို့လုံးက ဆာဒင်းငါးကလွဲပြီး တခြားဘာမှမစားနိုင်ခဲ့တော့ဘူး။တစ်မြို့လုံးက ဆားဒင်းငါးပြီးရင်း ဆာဒင်းငါးစားနေရတော့ကြာတော့ လူတွေပါ ဆာဒင်းငါးရုပ်ပေါက်မတတ်ပဲပေါ့။တစ်နေ့မှာတော့ ဖလင့်က ...
movie
Cloudy with a Chance of Meatballs (2009)
2009
6.5
Cloudy with a Chance of Meatballs 2 (2013)
Cloudy with a Chance of Meatballs 2 (2013) IMDb - 6.4/10_____Rotten - 70%အစားအသောက်တွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကား ဒုတိယအပိုင်းကို တင်ဆက်ပေးပါမယ်။ဒါက ဒုတိယကားဖြစ်တာမလို့ ပထမကားမကြည့်ရသေးဘူးဆိုရင်တော့ ပထမကားကို အရင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။ဟောဒီ Cloudy with a Chance of Meatball 2 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ဒုတိယကားကိုတော့ Sony Pictures တစ်ခုတည်းကပဲ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ပထမကားထက် ရုံတင်ဝင်ငွေက ပိုများတယ်လို့ ဆိုရပါမယ်။ဒီကားအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄.၃ သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။သူ့နာမည်ကတော့ ချက်စတာဗွီပါ။ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ...
movie
Cloudy with a Chance of Meatballs 2 (2013)
2013
6.8
While You Were Sleeping(1995)
While You Were Sleeping(1995)****************************မင်းသမီးကြီး Sandra Bullockသရုပ်ဆောင်ထားတာဆိုတော့ မကောင်းမှာစိုးရိမ်စရာမလိုပါဘူး။ ဘဝဆိုတာ ဘယ်တော့မှ ကိုယ်စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာဘူးတဲ့။ရထားဘူတာရုံမှာ အလုပ်လုပ်တဲ့ကောင်မလေးLucyဟာဘူတာရုံကိုရထားလာစီးနေကျ ကိုယ်တော်ချောတစ်ယောက်ကို ကြိတ်ကြွေနေခဲ့ပါတယ်။ ကိုယ့်ဘက်ကကြွေနေရပေမဲ့ သူက ကိုယ်ရှိမှန်းတောင် မသိပါဘူး။တစ်နေ့မှာ ထိုကိုယ်တော်ချောဟာ လူရမ်းကားတွေကြောင့် ပလက်ဖောင်းပေါ်ကနေရထားသံလမ်းပေါ်ကို ပြုတ်ကျသွားပါတယ်။ ဒီအချိန်မှာ Lucyက ကယ်ပေးပြီးဆေးရုံပို့လိုက်ပါတယ်။ ကိုယ်တော်ချော ကိုမာရနေပြီး မိသားစုတွေရောက်လာချိန်မှာLucyကို သူတို့ချွေးမလောင်းအဖြစ် ထင်မှတ်မှားသွားကြပါတယ်။Lucyလည်း အဖြစ်မှန်ကို ရှင်းပြချိန်မရလိုက်ပါဘူး။ ဒီလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာဆက်လက်စောင့်ကြည့်လိုက်ပါဦးခင်ဗျာ။ ချစ်စရာကောင်းတဲ့အချစ်မြူးကားလေးမို့ လက်မလွှတ်တမ်း ကြည့်ရှူလိုက်ကြပါဦး။File Size : (4.5GB) and (866MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:43:00 Genre : Romance, Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie
While You Were Sleeping(1995)
7.5
Home Alone (1990)
ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖို့သင့်တော်တဲ့ဇာတ်ကားတွေပါ။Home Alone ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=home+alone မှာဒေါင်းလို့ရပါတယ်။++++++++++++Plot;Eight-year-old Kevin McCallister makes the most of the situation after his family unwittingly leaves him behind when they go on Christmas vacation. But when a pair of bungling burglars set their sights on Kevin's house, the plucky kid stands ready to defend his territory. By ...
movie
Home Alone (1990)
1990
HEVC 1080p 5.1