Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Linari
5.3
A Simple Wish (1997)
A Simple Wish (1997)Fairy Godmother ဆိုတဲ့ နတ်သမီးအသွင်နဲ့ အဘွားအိုတွေကိုငယ်ဘဝက ကြည့်ရှုဖူးတဲ့ကာတွန်းဇာတ်လမ်းတွေမှာ မကြာခဏမြင်ရဖူးပါတယ်။စိတ်နှလုံးသားဖြူစင်သူတွေရဲ့ဆုတောင်းတစ်ခုကို ဖြည့်ဆည်းပေးတတ်ကြတဲ့Motherly Figure ဇာတ်ကောင်တွေလည်း ဖြစ်ကြပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ နတ်သူငယ်ခေါင်းကိုင်အမေ၊ ဆန်တာဘိုးဘိုး၊ သွားနတ်သမီးစတာတွေကို အကြွင်းမဲ့ယုံကြည်ထားသူကလေးမလေးတစ်ယောက်ရဲ့ဖြူစင်တဲ့ဆုတောင်းလေးတစ်ခုအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ဘရော့ဒ်ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေမယ့် ပြဇာတ်အတွက် ဇာတ်ကောင်နေရာကိုလိုချင်နေတဲ့ အန်နာဘယ် နဲ့ ချာလီတို့ရဲ့ဖခင်ဖြစ်သူ အိုလီဗာဟာလူရွေးပွဲမှာတော့ ကံမကောင်းခဲ့ဘဲ နာမည်ရပြီးသားသရုပ်ဆောင်တစ်ယောက်ရဲ့နောက်ကနံပါတ် (၂) နေရာသာ ချိတ်သွားခဲ့ပါတယ်။သာမန်မြင်းလှည်းမောင်းသမားတစ်ယောက်ဖြစ်ပေမယ့်အသံဩဇာ ပါရမီပါသူ ဖခင်အတွက်သူလိုချင်တဲ့ ပြဇာတ်သရုပ်ဆောင်ဘ၀ရရှိအောင်ဖြည့်ဆည်းပေးချင်နေတဲ့ အန်နာဘယ်ဟာFairy Godmother တစ်ယောက်ဖြစ်နေပေမယ့်ယောကျ်ားဘဝကို ပိုင်ဆိုင်ထားသူဖြစ်တဲ့မာရေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အရွယ်ရောက်ခါစဖြစ်တဲ့ အစ်ကိုဖြစ်သူ ချာလီ နဲ့နတ်သမီးပုံပြင်တွေအကြောင်းကို ငြင်းခုန်ပြီး အိပ်ရာဝင်သွားတဲ့ညမှာပဲမောင်နှမနှစ်ယောက်ရဲ့ အိပ်ခန်းထဲကိုFairy Godmother တစ်ယောက်ဖြစ်တဲ့မာရေး ရောက်ရှိလာခဲ့ပါတယ်။ဆုတောင်းတစ်ခုကို ဖြည့်စွမ်းပေးမယ့် သူဖြစ်ကြောင်း သိသိချင်းမှာပဲ ဖခင်ဖြစ်သူ လိုချင်နေတဲ့ဇာတ်ကောင်နေရာအတွက် ဆုကို တောင်းပေးခဲ့ပါတယ်။မာရေးကလည်း ဆုတောင်းဖြည့်ပေးတော့မယ့်ဆဲဆဲမှာFairy Godmother များ နှစ်စဉ်တွေ့ဆုံပွဲကျင်းပရာကိုအလျင်စလို ...
movie
A Simple Wish (1997)
8.5
Léon: The Professional (1994)
Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, DramaThe Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို ...
movie
Léon: The Professional (1994)
1994
7.4
Good Time (2017)
Good Time (2017) IMDb - 7.4/10_____Rotten - 92% Rating 7.4 ထိရထားတဲ့ Crime/Thillerကားသစ်လေးညွန်းချင်ပါတယ်။ Twilightကားထဲကမင်းသားRobertPattison ရဲ့တမူထူးခြားတဲ့သရုပ်ဆောင်ဟန်ကိုခံစားရစေမယ့်ကားလေးပါ။ ဇာတ်လမ်းအကျဉ်လေးကတော့ အူတူတူညီတစ်ယောက်နဲ့အတူRobert တစ်ယောက်ဓားပြတိုက်ရာကစတာပါပဲ။ ဇာတ်လမ်းအစလေးမှာကိုပဲသူတို့ညီအစ်ကို၂ယောက်ရဲ့ကြားကသံယာဇဉ်ကိုသိရမှာပါ။ ညီဖြစ်သူကလည်းအစ်ကိုကိုအားကိုးယုံကြည်သလိုအစ်ကိုဖြစ်သူကလည်းညီဖြစ်သူကိုအမြဲဂရုစိုက်စောင့်ရှောက်ဖို့ကြိုးစားပါတယ်။ ညီအစ်ကို၂ယောက်ဘတ်ဓားပြတိုက်ပြီးနောက်ကိုယ်ယောက်ဖျောက်ဖို့ကြိုးစားနေစဉ်မှာပဲရုတ်တရက်ရဲတပ်ဖွဲ့ရဲ့မသင်္ကာမှုခံလိုက်ရပြီးညီဖြစ်သူအဖမ်းခံရပါတော့တယ်။ ဒီလိုတဲ့ညီကိုချစ်တဲ့အစ်ကိုတစ်ယောကအနေနဲ့တတ်နိုင်သလောက်တစ်ညလုံးညီကိုပြန်ထုတ်ယူကြိုးစားနေပုံကတော့တကယ်ကိုအသက်ဝင်ပြီးလက်တွေ့ကျပါတယ်။ ညီဖြစ်သူကိုကယ်နိုင်သွားမလား။ သသရောဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာလက်တွေ့ကျကျတွေ့ရမှာဖြစ်ပါတယ်။ Ratingလည်းမြင့်တာမို့ကားကောင်းလေးတစ်ကားဖြစ်မှအမှန်ပါပဲ။ (ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ) File Size : (852 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Thanhtike Zaw
movie
Good Time (2017)
2017