Channel Myanmar
Peter Jacobson
A Civil Action (1998)
A Civil Action (1998) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ဥပဒေနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်...1998 ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ အော်စကာဆုနှစ်ခုအတွက် nomination ဝင်ခဲ့ပါတယ်....အဓိကဇာတ်ဆောင်တွေအနေနဲ့ Pulp Fiction နဲ့နာမည်ကြီးတဲ့မင်းသားကြီး John Travolta နဲ့မင်းသားကြီး Robert Duvell တို့ပါဝင်ပါတယ်ဇာတ်လမ်းကတော့ ဂျန်ရှလစ်မန်းဟာအောင်မြင်တဲ့၊အလျှော့မပေးတတ်တဲ့ရှေ့နေတစ်ဦးပါ....သူဟာသူတရားစွဲတဲ့ကုမ္ပဏီတွေကိုငွေပေးပြီးကျေအေးချင်လာအောင်ဖိအားပေးပြီးတော့ အနိုင်ရအောင်ယူတတ်သူပါ....ဒီတော့ သူတို့ရှေ့နေလုပ်ငန်းဆီကိုအန်းအန်ဒါဆန်ဆိုတဲ့မိန်းမကအမှုအပ်လာပါတယ်....အမှုကတော့အန်းအန်ဒါဆန်ရဲ့သားအပါအဝင် Woburn ဆိုတဲ့မြို့ငယ်လေးက ကလေးတော်တော်များများဟာသွေးကင်ဆာရောဂါကိုခံစားနေရပြီးတော့ အန်းအန်ဒါဆန်တို့ကသူတို့မြို့ရဲ့သောက်သုံးရေကြောင့်လို့ထင်လို့ပါ....သောက်သုံးရေဟာစက်ရုံတွေကထုတ်တဲ့ဓာတုပစ္စည်းတွေနဲ့ညစ်ညမ်းနေခဲ့လို့ စက်ရုံတွေကိုတရားစွဲချင်တာပါ.....အစကတော့အကျိုးရှိမှာမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့ ဂျန်ရှလစ်မန်းတစ်ယောက် စည်းကမ်းမရှိလုပ်ကိုင်နေတဲ့စက်ရုံတွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့ အမှုကိုလက်ခံလိုက်ပါတယ်....ဒီလိုနဲ့ဂျန်ရှလစ်မန်းက Beatrice ကုမ္ပဏီနဲ့ W. R. Grace ကုမ္ပဏီတို့ကိုတရားစွဲပါတော့တယ်....ထိုအခါသက်သေပြဖို့ကလည်းခဲယဉ်းပြီးတော့ အမှုကြာလေလေငွေကုန်ကြေးကျများလေလေဖြစ်လာတဲ့အခါမှတော့...ဂျန်ရှလစ်မန်းတစ်ယောက်အမှုကိုအနိုင်ရရှိသွားမလားဆက်လက်ကြည့်ရှုကြပါခင်ဗျာ....File size…(1.4 GB)/(788 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM
movie
A Civil Action (1998)
Smile 2 (2024) 7.2
Smile 2 (2024) Smile 2 (2024)IMDb Rating (7.2) / Rotten Tomatoes (85%)၂၀၂၂ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ ကြောက်စရာသရဲကား Smile ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းထွက်လာပါပြီ။ ဒါရိုက်တာကလည်း Smile 1 ရဲ့ ဒါရိုက်တာ Parker Finn ပါပဲ။ ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်အဖြစ် Naomi Scott က ပါဝင်ထားပါတယ်။ ၂၀၂၂ ကားရဲ့အဆက်ပါပဲ။ဇာတ်လမ်းအကျဉ်းကတော့... ပထမရုပ်ရှင်ထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ ဂျိုးလ်က ကျိန်စာကို အဆုံးသတ်ဖို့ ကြိုးစားရင်း နောက်တစ်ယောက်ဆီကို ကူးသွားတာကနေ စထားတာပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒီကျိန်စာကိုအဆိုးဆုံးရင်ဆိုင်ရမှာက နာမည်ကြီးပေါ့အဆိုတာ စကိုင်းရိုင်လီဆိုတဲ့ ဇာတ်ကောင်ပါပဲ။ သူက ကားအက်ဆီးဒန့်ဖြစ်ထားပြီး တစ်နှစ်လောက် ဆေးတွေ အရက်တွေ ဖြတ်ပြီး လိမ္မာလာပြီမို့ ဖျော်ဖြေပွဲပြန်လုပ်ဖို့ စီစဉ်နေတဲ့သူပါ။ ဖျော်ဖြေပွဲနီးလာလေလေ ကျိန်စာကြောင့် ကြောက်စရာတွေ ဆက်တိုက်တွေ့လာလေလေဖြစ်ပြီး လွတ်မြောက်ဖို့ ဘယ်လိုရုန်းကန်ရမလဲဆိုတာ ကြည့်ရမှာပါ။ ထုံးစံအတိုင်း ကျောချမ်းစရာ ကြောက်စရာတွေနဲ့ ကြည့်ရမှာပါ။ အသည်းငယ်သူတွေ ...
movie
Smile 2 (2024)
4K HEVC
Showtime (2002)
Showtime (2002)  Robert De Niro နဲ့ Eddie Murphy တို့ တွဲဘက်ညီညီသရုပ်ဆောင်ထားတဲ့ Comedy/ Action ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ မင်းသမီးချော Rene Russo အပြင် မင်းသားကြီး Robert De Niro ရဲ့ သမီး Drena De Niro ကလည်း ဇာတ်ရံအဖြစ် ပါဝင်အားဖြည့်ထားပါသေးတယ်။‘မစ်ချ်ပရက်စ်တန်’က စုံထောက်တစ်ယောက်ဖြစ်ပြီး လက်နက်မှောင်ခိုရောင်းဝယ်ရေးနဲ့ ပတ်သက်လို့ နောက်ကွယ်က ကြိုးကိုင်နေသူကို လိုက်လံစုံစမ်းဖို့အတွက် သူ့လူကိုယ့်ဘက်သား ပုံစံမျိုးနဲ့ စုံစမ်းနေတဲ့အချိန်... ကင်းလှည့်ရဲ ‘ထရေးဆယ်လ်လာစ်’က အထင်လွဲကာ မစ်ချ်ကို ဖမ်းဆီးဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ မစ်ချ်အယောင်ဆောင်ထားတာကလည်း သတင်းတွေမှာပါ,ပါတဲ့အထိ လူသိရှင်ကြားဖြစ်သွားပြီး သတင်းဌာနကြီးတစ်ခုက သူတို့နှစ်ဦးကိုသတိထားမိကာ Reality show တစ်ခုအတူတွဲရိုက်ဖို့အတွက် ကမ်းလှမ်းလာပါတော့တယ်။ထရေးက နဂိုကတည်းက သရုပ်ဆောင်ရူးရူးနေတဲ့သူတစ်ယောက် ဖြစ်ပြီး မစ်ချ်ကကျ အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်ချင်သူပါ။ စရိုက်မတူတဲ့ ...
movie
Showtime (2002)
Fly Me to the Moon (2024) 6.8
Fly Me to the Moon (2024) Fly Me to the Moon (2024)IMDb Rating (6.8) / Rotten Tomatoes (65%)ကဲ Scarlett Johansson နဲ့ Channing Tatum တို့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး လာပါပြီ။ ဒါရိုက်တာကတော့ ဖလက်ရှ်၊ အဲရိုး စီးရီးတို့ကို ဖန်တီးခဲ့တဲ့ Greg Berlanti ပါပဲ။ လပေါ်ကို နီးလ် အမ်းစထရောင်း ပထမဆုံး ဆင်းသက်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ စစ်အေးတိုက်ပွဲကာလ အမေရိကန် နဲ့ ဆိုဗီယက် အားပြိုင်မှုမှာ အာကာသစီမံကိန်းတွေဟာ အရမ်းအရေးပါခဲ့ပါတယ်။ အမေရိကန်ဟာ ဆိုဗီယက်ထက်အရင်လပေါ်ကို ခြေချနိုင်ခဲ့ပေမဲ့ ဆိုဗီယက်တွေက အဲဒီအချိန်ကတည်းကရော အခုချိန်ထိ တစ်ကမ္ဘာလုံးက လပေါ်ဆင်းတဲ့အဖြစ်အပျက်ဟာ ရိုက်ကွင်းနဲ့အတုဖန်တီးထားတာလို့ စွပ်စွဲနေကြတုန်းပါပဲ။ အမှန်တရားကိုတော့ အမေရိကန်တာဝန်ရှိသူတွေပဲ သိပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကိုးလ်ဟာ ခေါင်းမာပြီး စိတ်ဆတ်တဲ့ စစ်ပြန် ပိုင်းလော့တစ်ယောက်၊ လပေါ်ခရီးစဉ် အပိုလို-၁၁ လွှင့်တင်ရေးမှာ ညွှန်ကြားရေးမှူးတာဝန်ယူထားရတာပါ။ ကယ်လီကတော့ အရမ်းတော်တဲ့ ...
movie
Fly Me to the Moon (2024)
4K HEVC
61* (2001) 7.7
61* (2001) IMDb raing - 7.7/10အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ M&M boys လို့ဘေ့စ်ဘောသမိုင်းမှာ legendary most valuable players တွေလို့ကိုတင်စားထားတဲ့ Roger Maris နဲ့ Mickey Mantle တို့ သူတို့ရဲ့သမိုင်းမှတ်တိုင်ဖြစ်တဲ့ home run- 61 ခု မှတ်တိုင်ကိုဘယ်လိုစိုက်ထူခဲ့လဲဆိုတာကိုကြည့်ရမယ့် biography, drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။တကယ့်ကိုအချိန်ပေးရထိုက်တန်တဲ့ Motivation အပြည့်အဝရနိုင်တဲ့ဇာတ်လမ်းလေးဆိုရင်လည်းမမှားပါဘူး။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့....Babe Ruth ဟာ Base Ball Single-season တစ်ခုတည်းနဲ့ home run record မှတ်တမ်းဝင်ထားတဲ့ most valuable player တစ်ယောက်ပါ။ ဒီ record ကိုချိုးဖျက််နိုင်တဲ့သူဟာ အမေရိကန်ပရိတ်သတ်တွေ တစ်ခဲနက်အားပေးကြတဲ့ ထူးချွန်တဲ့ Mickey Mantle ဖြစ်မယ်လို့အားလုံးကယူဆထားကြပါတယ်။ ဒီအချိန်မှာတော့ အသင်းဝင်အသစ်လေး Roger Maris တစ်ယောက်က အသင်းသားတွေနဲ့တွဲဖက်ညီညီဆော့နိုင်တဲ့အပြင် Mickey Mantle ...
movie
61* (2001)
It Could Happen to You (1994) 6.4
It Could Happen to You (1994) IMDb-6.4 ~ Rt-71%ဒီရုပ်ရှင်ကားကတော့ 1984 ခုနှစ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူထားတဲ့ ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Bridget Fonda တို့ပါဝင်သရုပ်ဆောင်ထားပြီး old but goldရုပ်ရှင်ကားကောင်းလေးတစ်ကားလို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ရဲအရာရှိ ချာလီ လန်း (Nicolas Cage) ဟာမျူရီရယ် လန်း (Rosie Perez) ကိုလက်ထပ်ပြီးအိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ရောတာပွန်ကျေပွန်တဲ့ ‌ရဲအရာရှိတစ်ယောက်အနေနဲ့ပါနယူးယော့ခ်မြို့ ကွင်းစ်မှာနေထိုင်နေပါတယ်။ မိန်းမဖြစ်သူ မျူရီရယ် ကတော့ သာမာန်ဘဝကိုတင်မကျေနပ်နိုင်ပဲ ပိုကောင်းတဲ့နေရာမှာနေချင်သူတစ်ယောက်ပါ။ဒါကြောင့်လည်း ချာလီဘာပဲလုပ်လုပ်အမြဲမကျေနပ်နိုင်ဘဲ လင်မယားနှစ်ယောက်ကြားအမြဲတကျက်ကျက်ဖြစ်နေရပါတယ်။ အီဗွန်း ဘီရာဆီ (Bridget Fonda) ကတော့သာမာန်စာပွဲထိုးမလေးဖြစ်ပြီး ‌ယောင်္ကျားဖြစ်သူအက်ဒီက သူ့ဘဏ်ကတ်ထဲက ပိုက်ဆံတွေကိုအကုန်ထုတ်သုံးလိုက်လို့ အကြွေးများစွာတင်ပြီးဒေဝါလီခံထားရသူပါ။ တစ်နေ့မှာ အိပ်မက်တစ်ခုကြောင့် မျူရီရယ်က ချာလီကိုထီလက်မှတ်ဝယ်ခိုင်းခဲ့ပြီးအပြန်မှာ ချာလီတစ်ယောက်အီဗွန်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာကော်ဖီဝင်သောက်ခဲ့ပါတယ်။အီဗွန်းရဲ့ အခြေအနေကိုရိပ်စားမိသွားတာကြောင့်တာဝန်သိရဲတစ်ယောက်အနေနဲ့ ဘောက်ဆူးပေးဖို့လုပ်ရင်းကနေပိုက်ဆံအပိုမပါတော့လို့ ထီပေါက်ခဲ့ရင် ပေါက်တဲ့ငွေကိုတစ်ဝက်ခွဲပေးမယ်ဆိုတဲ့ ကတိပေးပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။နောက်ရက်မှာတော့ ချာလီဝယ်လာခဲ့တဲ့ ထီစာရွက်ကနေဒေါ်လာ (၄)သန်းတန် ထီဆုကြီးပေါက်သွားခဲ့ပြီးသူပေးခဲ့တဲ့ ကတိကိုတည်ဖို့ ...
movie
It Could Happen to You (1994)
Haul Out the Holly: Lit Up (2023) 5.7
Haul Out the Holly: Lit Up (2023)  ခရစ္စမတ်ကာလနီးလာပြီမို့ ခရစ္စမတ်ဇာတ်ကားအသစ်တွေ အများကြီးထွက်ရှိလာခဲ့တဲ့အထဲ IMDB 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေအရိုက်များတာမို့ ခရစ္စမတ်မင်းသမီးလို့တောင် တင်စားရမယ့် Lacey Chabert (The Wedding Veil/Christmas Waltz) နဲ့ အလားတူ ခရစ္စမတ်မင်းသား Wes Brown (Christmas At Graceland/ Check Inn To Christmas) တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ခရစ္စမတ်ကို အရူးအမူးရူးသွပ်ပြီး တစ်လမ်းလုံး အင်တိုက်အားတိုက် ပျော်ရွှင်စွာ တက်တက်ကြွကြွပါဝင်တတ်ကြတဲ့ အဲဗားဂရင်းလမ်းက အိမ်ပိုင်ရှင်တွေအတွက်တော့ ခရစ္စမတ်ကာလက တစ်နှစ်တာလုံးအတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံးကာလပေါ့။ ရပ်ကွက်ဥက္ကဌဖြစ်သူ ဂျရတ်ဒ်ကလည်း အိမ်ပိုင်ရှင်တွေ စည်းကမ်းနဲ့အညီ ခရစ္စမတ်ကာလကို ဖြတ်သန်းနိုင်တာသေချာဖို့ အဓိကအာရုံစိုက်နေရတာပါ။ သူ့ချစ်သူ အမ်မလီကလည်း စိတ်ရောကိုယ်ပါ ပါဝင်အားဖြည့်ကူညီပေးခဲ့တာပေါ့လေ။ဒီလိုနဲ့ အေးချမ်းနေတဲ့ သူတို့ရဲ့ပတ်ဝန်းကျင်လေးထဲကို မိသားစုတစ်စုပြောင်းလာရာကနေ အလှုပ်အခတ်‌တွေ အများကြီးဖြစ်ပေါ်ခဲ့ရပါတော့တယ်။ ရသစုံရှိုးစတားမိသားစုဖြစ်တဲ့ ဂျွန်ဆင်တို့ ပြောင်းလာမှာမို့ သူတို့ရဲ့ပရိသတ်ဖြစ်သူ ...
movie
Haul Out the Holly: Lit Up (2023)
Good Night, and Good Luck (2005) 7.4
Good Night, and Good Luck (2005)  ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
Good Night, and Good Luck (2005)
Transformers (2007) 7.1
Transformers (2007) ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ်။Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက်ချင်ပါတယ် ။ Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြဝဠာကို စိုးမိုးချင်သူများပါ ။Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်း ကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် ...
movie
Transformers (2007)
2007
4K HEVCHDR
Great Expectations (1998) 6.8
Great Expectations (1998) ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / ...
movie
Great Expectations (1998)
Conspiracy Theory (1997) 6.7
Conspiracy Theory (1997) ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ ...
movie
Conspiracy Theory (1997)
Haul Out the Holly (2022) 6.2
Haul Out the Holly (2022)  Mean Girls က Gretchen ကိုအားလုံးရင်းနှီးကြမှာပါ။ ဒီကားကတော့ Gretchen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lacey Chabert ရဲ့ ခရစ္စမတ်ဇာတ်ကားသစ်လေးပါ။ ရည်းစားနဲ့ပြတ်သွားတဲ့ အမ်မလီက သူ့ရည်းစားမောင်းချလို့ နေစရာရှာမရဖြစ်နေတဲ့အချိန် မိဘတွေရှိတဲ့ အဲဗားဂရင်းလိန်းက အိမ်ကိုပြန်လာခဲ့ပါတယ်။ တကယ်က အမ်မလီကအိမ်ကို ပြန်မလာချင်ပါဘူး။ ဘာလို့ဆို အမ်မလီငယ်ငယ်ကတည်းက အဲဗားဂရင်းလိန်းမှာ ခရစ္စမတ်အချိန်ဆိုရင် အိမ်တွေအလှဆင်ကြ ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်ကြနဲ့ အနားမနေရတာက အစဉ်အလာတစ်ခုဖြစ်နေလို့ပါပဲ။ ဒါကြောင့်အသည်းကွဲလာတဲ့ အမ်မလီက ခရစ္စမတ်မှာ အနားယူချင်တဲ့အတွက် သူ့မိဘတွေကို ဒီအလုပ်တွေမလုပ်ခိုင်းရဘူးလို့ ကတိပေးခိုင်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ရောက်ရောက်ချင်းမှာပဲ သူ့အမေတို့က ဖလော်ရီဒါကို ခရီးထွက်သွားပြီး သူ့ကိုတစ်ယောက်တည်း ထားခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အဲဗားဂရင်းလိန်းအိမ်ရှင်များအသင်းရဲ့ ဥက္ကဋ္ဌအသစ်စက်စက်လေးက အမ်မလီ့ကို သူမလုပ်ချင်တဲ့ ခရစ္စမတ်ပွဲတော်အတွက် ပြင်ဆင်တာတွေကို လုပ်ခိုင်းတဲ့အခါမှာ သူတို့နှစ်ယောက်ကြား ဘယ်လိုဖြစ်လာမလဲ။ အမ်မလီကရော ဒီကိစ္စတွေကို အလုပ်တွေရှုပ် အရှုပ်‌တွေလုပ်နေတယ်လို့ ဆက်မြင်ဦးမှာလား ဆိုတာကို ...
movie
Haul Out the Holly (2022)
The Midnight Meat Train (2008) 6.0
The Midnight Meat Train (2008) IMDb Rating (6.0) / Rotten Tomatoes (73%)ဘရတ်ဒလေကူးပါးပါဝင်တဲ့ Horror/Thriller အမျိုးအစား ခြောက်ခြားစရာဇာတ်ကားပါ....လီယွန်ဟာကြိုးစားရုန်းကန်နေဆဲလူငယ်ဓာတ်ပုံဆရာတစ်ယောက်၊ သူ့ချစ်သူကောင်မလေးရဲ့ သူငယ်ချင်းမိတ်ဆက်ပေးမှုနဲ့ နာမည်ကြီးပန်းချီပြခန်းပိုင်ရှင်တစ်ဦးနဲ့တွေ့ဆုံရာကနေ သူ့အတွက်ကြိုးစားရင် ရလာမယ့်အခွင့်အရေးကိုမြင်တဲ့အလျောက်ညဘက်ဓာတ်ပုံရိုက်ပြီးကုန်ကြမ်းရှာထွက်ပါတယ်။သူ့ရဲ့ပွဲဦးထွက်ပြပွဲအတွက်လူတွေရဲ့အမှောင်ဘက်ခြမ်းကိုပြဖို့ကြိုးစားရင်း မဟော်ဂနီဆိုတဲ့လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အဲ့ဒီလူဟာ စိတ္တဇလူသတ်သမားတစ်ယောက်၊ ညနက်သန်းခေါင်လူခြေပြတ်လတ်တဲ့ရထားတွေပေါ်မှာ ကျက်စားတတ်ပြီး၊ အဲ့ဒီမှာပါလာတတ်တဲ့ ခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့သူဖြစ်ပါတယ်။ဘာကြောင့်မှန်းမသိ မဟော်ဂနီကို စိတ်ဝင်စားလို့ Subject တစ်ခုလိုသဘောထားရာကနေ လီယွန်တစ်ယောက် မှောင်သထက်နက်ရှိုင်းလှတဲ့ လောကတစ်ခု၊ သူနားလည်ဖို့ စဉ်းစားဖို့ ဉာဏ်မမှီတဲ့ အရာတွေဆီ နီးသထက်နီးလာပြီး သူ့ချစ်သူ၊ ရည်မှန်းချက် ပတ်ဝန်းကျင်စတာတွေနဲ့ ဝေးသထက်ဝေးလာပါတော့တယ်။လီယွန်တစ်ယောက် အချိန်မှီလွတ်မြောက်နိုင်ပါ့မလား? သူ့ချစ်သူ သူငယ်ချင်းတွေက သူ့ကိုကယ်တင်နိုင်မှာလား။ သူစိတ်ဝင်စားတဲ့ မဟော်ဂနီရဲ့ နောက်ခံဇာတ်ကြောင်းက ဘာတွေဖြစ်မလဲ? စုန်းစမြုပ်စပျောက်သွားခဲ့တဲ့ လူပေါင်းများစွာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ဌာနတွေ ဘာလုပ်နေခဲ့လဲ စတဲ့မေးခွန်းတွေကို ဒီဇာတ်ကားမှာ အဖြေရှာကြည့်ကြစေချင်ပါတယ်။Lion Gate logo ကြီးကိုမြင်လိုက်ရတာနဲ့ ဒီကားကောင်းမှာပဲလို့ခံစားရတဲ့ခေတ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ အဲ့ဒီတုန်းက ကြည့်ဖူးတဲ့သူတွေရှိကြမှာဖြစ်သလို အတော်လဲပေါက်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်။ သတ်ခန်းဖြတ်ခန်းတွေ ရေလည်ကြမ်းတမ်းပက်စက်ပြီး၊ ဘူတာရုံတွေ ရထားတွေကို ညနက်သန်းခေါင်မသွားရဲဖြစ်လောက်အောင် စိတ်ခြောက်ခြားမှုပေးနိုင်တဲ့၊ အာရုံထဲမှာ အတော်ကြာကြာစွဲနေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB ) / (999 ...
movie
The Midnight Meat Train (2008)
As Good as It Gets(1997) 7.7
As Good as It Gets(1997) As Good As It Gets(1997) ဇာတ်လမ်းအညွှန်း *************************************IMDb....7.7,,,Rotten..85%ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ … ၁၉၉၇ ၀န်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး..ပုံမှန်မြင်တွေ့နေကြရှေးဟောင်းဇာတ်လမ်းတွေလို အဓိကဇာတ်ဆောင်နှစ်ယောက်ကို လှည့်ပတ်ရိုက်ပြတာမျိုးမဟုတ်ဘဲ...ဇာတ်လမ်း တင်ဆက်ပုံအသွားအလာတွေ ထူးခြားစွာကွဲထွက်နေတဲ့ ဒါရိုက်တာ James L. Brooks ရဲ့ ကားလေးပဲ ဖြစ်ပါတယ်…ဇာတ်လမ်းထဲမှာတော့...OCD ဖြစ်နေတဲ့ လူ့ဂွစာ စာရေးဆရာလူပျိုကြီး၊ မယ်လ်ဗင် ယူဒေါလ် ဟာ သူ့ရဲ့အိမ်နီးချင်း လူငယ် Gay ပန်းချီဆရာ၊ဆိုင်မွန် နဲ့ ခွေးလေး ဗာဒဲလ် ကို အင်မတန်မှ အမြင်ကတ်သူပါ... လူ့ဂွစာလူပျိုကြီးပီပီ အသန့်အပြန့်အလွန်ကြိုက်တော့ တွေ့ကရာသေးပန်းတတ်တဲ့ ခွေးလေး ဗာဒဲလ်က သူ့အတွက်တော့ တကယ့်အနှောက်အယှက်လေးပါပဲ...ပတ်၀န်းကျင်က ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ ဒီလူကြီးကို သည်းခံတဲ့သူတစ်ယောက်တော့ရှိပါသေးတယ်...သူကတော့ မယ်လ်ဗင် သွားနေကြစားသောက်ဆိုင်က စားပွဲထိုးမလေး ကာရိုးလ် ပဲဖြစ်ပါတယ်...အဲ့ဒီနောက်မှာတော့စာလေးရေးပြီး တစ်ယောက်ထဲ အေးအေးလူလူ နေတတ်တဲ့ မယ်လ်ဗင် တစ်ယောက်… ရုတ်တရက်ဆိုသလို ...
movie
As Good as It Gets(1997)
The Goldfinch (2019) 6.3
The Goldfinch (2019) 2019 ခုနစ်ထွက် drama ဇာတ်ကားဖြစ်ပါတယ်The Fault in our stars, The Divergent series နဲ့Baby driver တို့ရဲ့မင်းသားချောAnsel Ergot ကအဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးNicole Kidman နဲ့ stranger things ထဲကကလေးသရုပ်ဆောင်Fin Wolfhard တို့လည်းပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ သီယိုဒေါဒက်ကာဆိုတဲ့၁၃နှစ်အရွယ် ချာတိတ်လေးက ဖခင်ဖြစ်သူစွန့်ပစ်သွားပြီးနောက်မိခင်ဖြစ်သူနဲ့နှစ်ယောက်တည်းနေထိုင်ပါတယ်....တစ်ရက်တော့ မိခင်ဖြစ်သူနဲ့ ပန်းချီပြခန်းသွားရင်းအကြမ်းဖက်ဗုံးခွဲမှုတစ်ခုကြောင့် မိခင်ဖြစ်သူသေဆုံးသွားခဲ့ပါတယ်.... ​လူ့လောကအလယ်မှာ မျက်နှာငယ်နဲ့ကျန်ရစ်ခဲ့ရတဲ့ သီယိုဒေါရဲ့ဘဝထိုထိုကို ရိုက်ကူးထားတာဖြစ်ပြီးလူ့လောကရဲ့ကြမ်းတမ်းခက်ခဲမှုတွေကြားမှာဘယ်လိုရှင်သန်ရမလဲဆိုတာတွေ...မိသားစုဆိုတာသွေးသားတော်စပ်မှမဟုတ်ပဲချစ်ခြင်းမေတ္တာတရားပေါ်ပဲမူတည်တယ်ဆိုတာရယ်...လူတွေရဲ့အတ္တဖုံးတဲ့စိတ်ဓာတ်တွေရယ်ကို မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်... File Size : (1 GB , 396 MB )Quality :  BluRay ...
movie
The Goldfinch (2019)
2019
Cars 2 (2011) 6.2
movie
Cars 2 (2011)
2011