Channel Myanmar

Peter Dobson

Operation Blood Hunt (2024) 5.0
Operation Blood Hunt (2024)  အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့Action/Horror အမျိုးအစားရုပ်ရှင်ကားလေးဖြစ်ပါတယ်.ဒီကားလေးမှာဆိုရင် မသေမျိုးအဖြစ်ပြောင်းသွားတဲ့ ဘုန်းတော်ကြီးတစ်ပါးနှင့် လက်မရွံ့အဖွဲ့တို့ဟာ ကျွန်းတစ်ကျွန်းပေါ်မှာပျောက်သွားတဲ့ စစ်သားများကို လိုက်လံရှာဖွေရ‌တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်..အကြောင်းကြောင်းကြောင့် မသေမျိုးဖြစ်သွားတဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ ဇာတ်မြှုပ်ရင်း နေထိုင်နေစဉ်မှာ စစ်ဗိုလ်နှစ်ယောက်ရောက်ရှိလာပြီး အပေးအယူလုပ်ကာ အသေခံစစ်ဆင်ရေးလုပ်ရမယ့် ကျွန်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်..သို့သော်လည်း ၎င်းနှင့်အတူပါလာတဲ့ အဖွဲ့သားများဟာတကယ့်စစ်ဆင်ရေးရဲ့ သရုပ်သကန်အမှန်ကို မသိထားဘဲစစ်သားပျောက်ရှာဖွေရေး‌အနေနဲ့သာ သိရှိခဲ့ပါတယ်..ရွာတစ်ရွာအရောက် စစ်သားများအကြောင်း စုံစမ်းမေးမြန်းရာအနီးအနားရှိ အမေရိကန်စစ်စခန်းတစ်ခုရှိကြောင်း သိရ၍သွားရောက်ကြတဲ့အခါမှာတော့ ရုပ်ပျက်ဆင်းပျက်အလောင်းများကို နေရာအနှံ့တွေ့ရပြီး တိုက်ပွဲဒဏ်ရာမဟုတ်မှန်းသတိထားမိကာ ထိတ်လန့်ကြရပါတော့တယ်..ထိုသို့ ထိတ်လန့်ခြင်းနဲ့အတူ ရှိနေကြစဉ်မှာပဲ သွေးစုပ်ဖုတ်ကောင်များရုတ်တရက် ပေါ်ပေါက်လာချိန်မှာတော့ ဘုန်းတော်ကြီးနှင့်အဖွဲ့သားတို့ အသက်ဘေးအန္တရာယ်ရှိလာပါတော့တယ်..ထိုအသက်ဘေးကို လက်မရွံ့အဖွဲ့သားများ လွတ်မြောက်နိုင်ကြမလား...သေချင်နေတဲ့ မသေမျိုးဘုန်းတော်ကြီးရော ဆန္ဒပြည့်သွားမလား....အသက်နဲ့ခန္ဓာကို သွေးစုပ်ဖုတ်ကောင်တို့လက်ထဲပဲ ဝကွက်အပ်လိုက်ရသလားဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း အဖြေရှာကြည့်ကြစေချင်ပါတယ်...ဒီကားလေးမှာဆိုရင် အက်ရှင်ကားချစ်သူများအတွက် သေနတ်ပစ်ခန်းများပါရှိသလို သည်းထိတ်ရင်ဖိုရုန်းရင်းဆန်ခတ် သွေးစုပ်ဖုတ်ကောင်များနှင့်နပန်းလုံးကြတဲ့အခန်းများ ပါရှိတဲ့အတွက် ပရိသတ်များ မြည်းစမ်းကြည့်နိုင်ကြဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ....  File size… (1.31 GB) / (787 ...
movie

Operation Blood Hunt (2024)

Drowning Mona (2000)
Drowning Mona (2000) ဇာတ်လမ်းရဲ့အစမှာ မိုနာဒီယာလီဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကားမောင်းနေရာကနေ ဘရိတ်မမိပဲ မြစ်ထဲကို ပြုတ်ကျသွားပါတယ် ရဲအရာရှိတွေက သူမသေသွားပြီဆိုတာကို အတည်ပြုပြီးနောက်မှာ စုံစမ်းစစ်ဆေးရေးတွေစပါတော့တယ် ကားကိုစစ်ကြည့်လိုက်တော့ တစ်ယောက်ယောက်က ကားရဲ့ ဘရိတ်တွေကို တမင်ဖြုတ်ထားတာ ဘရိတ်ဆီဘူးတွေ ဖောက်ထားတာကို တွေ့ရတဲ့အခါမှာတော့ ရဲအရာရှိရဲ့ စိတ်ထဲမှာ သံသယတွေကြီးထွားလာပါတယ် ဘယ်သူကများ မိုနာဒီယာလီကို သတ်တာလဲ…ရဲအရာရှိဟာ မြို့လေးထဲက တစ်ယောက်ပြီးတစ်ယောက်ကို လိုက်မေးရင်း စုံစမ်းပါတော့တယ် ဒီဇာတ်ကားရဲ့ထူးခြားတဲ့အချက်က နောက်ကြောင်းပြန်ပြကွက်တွေကို ဖောဖောသီသီသုံးပြီး အရင်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းနဲ့ လက်ရှိအချိန်နဲ့ ချိတ်ဆက်ပြထားတာပါပဲ မိုနာသေသွားတဲ့အချိန်မှာ လူတွေက ဝမ်းနည်းရမယ့်အစား ပျော်နေကြလေရဲ့သူ့ယောကျာ်းဖီးလ်ကလည်း စားပွဲထိုးတစ်ယောက်ဖြစ်တဲ့ ရိုနာနဲ့ ဖောက်ပြန်နေတဲ့သူပေါ့ ဒါဆိုဖီးလ်က မိုနာကို အပြတ်ရှင်းလိုက်တာများလား ဒါမှမဟုတ် မိုနာရဲ့သား ဂျက်ဖ်ကပဲ သူ့အမေနဲ့ ခဏခဏရန်ဖြစ်နေတာဆိုတော့ စိတ်ကုန်ပြီး တစ်ခုခုလုပ်လိုက်တာလား ဒါမှမဟုတ်လည်း စားပွဲထိုးရိုနာကပဲ မယားကြီးဖြစ်တဲ့ မိုနာကို လက်စဖျောက်တာလား ဒါမှမဟုတ် ဘော်ဘီဆိုတဲ့ ...
movie

Drowning Mona (2000)

The Frighteners ( 1996 ) 7.1
The Frighteners ( 1996 ) ဒီကားလေးကတော့ ၁၉၉၆ခုနှစ်ကထွက်ရှိခဲ့တဲ့Comedy/Fantasy/Horror ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။IMDb rating 7.1/10ရရှိထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့Frank Bannister ဆိုတဲ့ဗိသုကာပညာရှင်တစ်ယောက်ဟာ အလွန်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပေမဲ့မိန်းမဖြစ်သူနဲ့စကားများရင်း ကားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာအသက်ရှင်ကျနိခဲ့တဲ့ Bannister တစ်ယောက်ဟာထူးခြားမှုတွေစတင်တွေ့ကြုံခဲ့ရတာဖြစ်ပြီး ဝိညာဉ်တွေနဲ့ဆက်သွယ်ပြောဆိုနိုင်တဲ့သူတစ်ယောက်ဖြစ်လာတာပဲ ဖြစ်ပါတယ်။အဲ့ဒီနောက်သူတို့မြို့်လေးအပေါ်ကပ်ဘေးကြီးတစ်ခုကျရောက်လာပြီးအဲ့ဒီကပ်ဘေးကြီးရဲ့နောက်ကွယ်မှာမကောင်းဆိုးဝါးတစ်ကောင်ရှိနေတာကိုသိရပြီးနောက် အဲ့ဒီမြို့လေးကိုကယ်နိုင်မယ့်တစ်ဦးတည်းသောသူက Bannister ပဲဖြစ်နေတာဖြစ်ပါတယ်။ဆက်လက်စောင့်ကြည့်ခံစားပါ Translated & Reivew By Thura ZarNi AungEncoded By LK
movie

The Frighteners ( 1996 )

1996