Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Chan Charm-Man
6
Everyphone Everywhere ( 2024 )
ဒီဇာတ်ကားလေးကတော့ အထက်တန်းကျောင်းသူငယ်ချင်း(၃)ယောက်က သူတို့ပေးခဲ့ကြတဲ့ကတိအတိုင်း (၂၅)နှစ်ကြာတဲ့အခါ ပြန်တွေ့ကြတဲ့အကြောင်းဇာတ်လမ်းလေးဖြစ်ပါတယ်။အခုခေတ်နေရာတိုင်း လူတိုင်းမှာဖုန်းတွေရှိကြတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းမတူကြဘူး။ သူငယ်ချင်းတစ်ယောက်ချင်းစီရဲ့ပြဿနာနဲ့ဇာတ်ကြောင်းလေးတွေပြရင်း လက်ကိုင်ဖုန်းတွေပေါများလာတဲ့ခေတ်မှာ လူငယ်တွေကြားမှာဖြစ်တတ်တဲ့ပြဿနာတွေ၊ ဖုန်းမရှိတဲ့အခါ အဆင်မပြေဖြစ်ရပုံတွေကိုမီးမောင်းထိုးပြသွားပါတယ်။((၂၅)နှစ်ကြာမှပြန်တွေ့ကြတဲ့ သက်လတ်ပိုင်းဖြစ်နေပြီဖြစ်ကြတဲ့ သူတို့တွေက ဘယ်လိုတွေပြောင်းလဲသွားကြပြီလဲ ဘာတွေကမပြောင်းလဲပဲအရင်အတိုင်းဖြစ်နေဦးမလဲဆိုတာ အတိတ်ခံစားချက်တွေကိုတမ်းတရင်းကြည့်ရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Filesize : 1.28 GB / 642 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Everyphone Everywhere ( 2024 )
6
In Broad Daylight ( 2024 )
Undercover ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်တယ်... အမှုတစ်ခု အမှန်တရားတစ်ခုကို ဖော်ထုတ်ဖို့အတွက် လက်တွေ့ကွင်းဆင်းပြီး ကိုယ်တိုင်ကိုယ်ကျ ခံစားဖော်ထုတ်ဖို့ကြိုးစားရင် တစ်စုံတစ်ယောက်အသွင်ယူပြီး စုံစမ်းလေ့လာတာပါ...ဒါပေမယ့် ဒီကားလေးထဲမှာတော့ အသွင်ယူတဲ့သူက တရားစီရင်နိုင်တဲ့ အာဏာပိုင်မဟုတ်သလို.... အရာရာကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ငွေရှင်လည်းမဟုတ်ဘူး... ကလောင်အစွမ်းနဲ့ အမှန်တရားကို လောကမြစ်ထဲ စီးဆင်းစေတဲ့ သတင်းထောက်သမားလေးပါ...ဇာတ်လမ်းကတော့ တစ်နေ့ ဟောင်ကောင်မြို့ လူအိုရုံ (မသန်စွမ်းဂေဟာ) မှာ မသန်စွမ်းတဲ့ လူအိုတွေကို မြို့လယ်ကောင် နေရာလွတ်ထဲ ကိုယ်လုံးတီး ရေပန်းတွေဖြန်းပြီး ရေချိုးပေးတဲ့ဓာတ်ပုံတွေ အေဝမ်းမီဒီယာကို ရောက်လာလို့ ဒီသတင်းကိုလိုက်ဖို့အတွက် ရှောင်ချီဆိုတဲ့ သတင်းသမားလေးက သူငယ်ပြန်နေတဲ့ ထုံဖိုးဖိုးရဲ့ မြေးမလေးအနေနဲ့ သက်တံဂေဟာကို ရောက်လာတာပေါ့...သူက ကနေဒါကလာတဲ့ အဖိုးရဲ့ မြေးမလေး၊ လူအင်အားမလောက်ငှတဲ့ လူအိုရုံမှာ စေတနာ့ဝန်ထမ်းလေးအနေနဲ့ ကူပေးမယ်ဆိုပြီး သတင်းလိုက်ခဲ့ရာကနေ.... ဒီဂေဟာမှာ လူအိုတွေတင်မကဘဲ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းတဲ့သူတွေ၊ ကိုယ်လက်မသန်စွမ်းသူတွေပါ ရှိနေတာကိုသိခဲ့တယ်...လူနာ ၈၀ ဝန်းကျင်ရှိပေမယ့် စောင့်ရှောက်သူက ၂ ဦးပဲ ရှိနေတာပါ တွေ့ခဲ့တဲ့အပြင်... တစ်ဖက်မှာလည်း နေ့စဉ်စားသောက်နေတဲ့ အစားသောက်တွေကလည်း ဒိတ်လွန်တွေတဲ့... ဘာကြောင့်မှန်းမသိပေမယ့် လဝက်မှာလည်း ၆ လောင်းလောက်ကို သေဆုံးမှုဖြစ်သေးတယ်... ကဲ ရှောင်ချီတစ်ယောက် ဒီရှုပ်ထွေးလှတဲ့သတင်းကို ပြီးဆုံးအောင်လိုက်နိုင်ပါ့မလား... သတင်းလိုက်လို့ အမှန်တိုင်းပေါ်လာရင်ရော အဆုံးသတ်ကောင်းနိုင်မှာလား.... Filesize : 1.14 GB ...
movie
In Broad Daylight ( 2024 )
7.0
Time Still Turns the Pages (2023)
Time Still Turns the Pages (Chinese: 年少日記) က 2023 ခုနှစ်တွင် ဒါရိုက်တာ Nick Cheuk မှထုတ်လုပ်ပြီး Derek Yee မှထုတ်လုပ်သည့် ဟောင်ကောင်ဒရာမာဇာတ်ကားဖြစ်ပြီး Cheuk က ဇာတ်လမ်းကိုရေးသားကာ ပူးတွဲတည်းဖြတ်သည့်ဇာတ်ကားတစ်ကားပါဒီဇာတ်ကားမှာ Siuyea Lo နဲ့ Ronald Cheng တို့က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သတ်သေတဲ့ ကျောင်းသားကို ကူညီရင်း ကလေးဘဝက နှိပ်စက်ခံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ပြန်အမှတ်ရစေတဲ့ အလယ်တန်းကျောင်းဆရာမ Lo အနေနဲ့ သရုပဖော်ထားပါတယ်File size_(2.5GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Sumo
movie
Time Still Turns the Pages (2023)
6.4
Mad Fate (2023)
Mad Fate (2023)============"ကံလမ်းကြောင်းက ခင်းပြီးသားပေမဲ့ လျှောက်လှမ်းမဲ့ပုံစံကို ရွေးချယ်လို့ရတယ်" လူငယ်လေးတစ်ယောက်ရဲ့ဇာတာကိုကြည့်ပြီးနောက် လူသတ်ပြီးထောင်ကျကိန်းရှိနိုင်တဲ့အတွက် ဗေဒင်ဆရာကအရမ်းထိတ်လန့်သွားပြီး ကူညီပေးချင်စိတ်တွေပေါ်သွားတယ်။ အကြောင်းကတော့ အဲ့လူငယ်လေးက မကောင်းတဲ့နက္ခတ်တွေနဲ့ယှဉ်ပြီးမွေးဖွားလာတဲ့အတွက် လူသတ်ချင်စိတ်တွေအမြဲဖြစ်ပေါ်လေ့ရှိပြီး ကံအညံ့တွေနဲ့ပဲကြုံရမှာပဲဖြစ်တယ်။ အစကတော့ ဒါတွေကိုမယုံသလိုလိုနဲ့ ဂျစ်ကန်ကန်ဖြစ်ခဲ့ပေမဲ့ ထောင်မကျချင်တဲ့ဆန္ဒလေးတစ်ခုကြောင့် ဗေဒင်ဆရာဖြစ်သူကိုအကူအညီတောင်းလာပါတော့တယ်။ သူတို့နှစ်ယောက် ကံကြမ္မာကိုဘယ်လိုပြောင်းလဲကြမလဲ ပြောင်းလဲလို့ရောရပါ့မလားဆိုတာကြည့်ရှုရမဲ့ ဟောင်ကောင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
Mad Fate (2023)
5.9
Tales from the Occult: Ultimate Malevolence ( 2023 )
ဤဇာတ်လမ်းမှာတော့ ဇာတ်လမ်းတိုလေးသုံးခုအဖြစ် ခွဲခြားတင်ဆက်ပေးထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်ပထမအပိုင်းမှာတော့ သူငယ်ချင်းနှစ်ယောက်က ဒါရိုက်တာဖြစ်ဖို့အိမ်မက်ရှိကြပြီး တစ်နေ့မှာတစ်ယောက်က အခြားတစ်ယောက်ကို မတော်တဆသတ်မိလိုက်ပြီးတော့ သူ့အလောင်းကိုတာရှည်ခံအောင်ထားပြီး ဒီလူသတ်မှုခံစားချက်နဲ့ သူရေးထားတဲ့ဇာတ်ညွှန်းကိုအချောသတ်ခဲ့တယ် နောက်တော့သူက ဇာတ်ညွှန်းနဲ့ငွေရပြီး ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ မျက်လှည့်ဆရာတစ်ယောက်က သူငယ်ချင်းနဲ့ဖုန်းပြောပြီးနောက် ပျောက်ဆုံးသွားတဲ့သူငယ်ချင်းက သရဲအဖြစ်လိုက်နှောင့်ယှက်တဲ့ ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် နောက်တော့သူငယ်ချင်းသေဆုံးကြောင်းသိရှိခဲ့ရပြီး အဲဒီသူငယ်ချင်းကသူများနဲ့စကားပြောပြီးနောက် ကားပေါ်တက်သွားတာကို ပြန်လည်သတိရခဲ့တယ် ဒီလူသတ်တရားခံက ဘယ်သူလဲဆိုတာ မှတ်မိအောင်ကြိုးစားနေစဥ်မှာပဲ..............တတိယအပိုင်းမှာတော့ လူတစ်ယောက်က သင်္ဘောကျင်းကြီးတစ်ခုပေါ်မှာ နိုးလာခဲ့ပြီး ထွက်ပေါက်ရှာနေစဥ်မှာ အလောင်းတွေ သရဲတစ္ဆေတွေအပြင် သူ့ဇနီးဟောင်းကိုပါ ပြန်လည်တွေ့ရှိခဲ့တယ် သူလမ်းတစ်လျှောက်လုံးတွေ့ခဲ့တဲ့အရာတွေကို သူ့ဇနီးဟောင်းကိုပြချင်ပေမယ့်လဲ ဖြစ်လာတဲ့အရာတွေကတော့...ဒီဇာတ်လမ်းတိုသုံးမျိုးက နောက်ဆုံးမှာဘယ်လိုတွေဖြစ်သွားကြမလဲ သူတို့တွေဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie
Tales from the Occult: Ultimate Malevolence ( 2023 )
5.7
Twelve Days ( 2023 )
အခုတစ်ခေါက် အချစ်ကားအေးအေးလေးတွေကို ကြိုက်တတ်တဲ့ပရိတ်သတ်တို့အတွက် 12 Days ဆိုတဲ့ အချစ်ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့-လှပချောမောတဲ့ လေယာဉ်မယ်လေး အားနန်နဲ့ အင်္ဂလန်မှ ပညာသင်ပြီး ပြန်လာတဲ့ ဆိုင်းမွန်တို့ဟာ ရည်းစားဖြစ်ပြီး တစ်နှစ်အကြာမှာ သူတို့နှစ်ယောက်အတွက် ကိုယ်ပိုင်နေရာရှိဖို့ရာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဇာတ်လမ်းတွေထဲမှာတော့ အိမ်ထောင်ပြုခြင်းနဲ့ ဇာတ်သိမ်းလှလှလေးတွေ ထည့်တတ်ပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက အခုမှ စမှာ ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက် အမြင်မတူညီမှုကြောင့် ပြဿနာတွေ ဆက်တိုက်ဖြစ်ခဲ့ရပါတယ်။အချစ်ဆုံးဆိုတဲ့ လူနှစ်ယောက်က အိမ်ထောင်ကျပြီးနောက် အနေနီးပေမဲ့ စိတ်ချင်းဝေးသွားကြပါတယ်။ ဒီဇာတ်လမ်းလေးက အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်ပြုဖို့ မသင့်တော်ဘူးဆိုတာကို နားလည်စေနိုင်မဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ကဲ မိုးအေးအေးလေးနဲ့ feel ချင်တဲ့ ပရိသတ်ကြီးတို့ အတွက် ဒီကားလေးက အမျိုးသမီးတွေအတွက်ရော အမျိုးသားတွေအတွက်ရော ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar ...
movie
Twelve Days ( 2023 )
6
Table for Six ( 2022 )
ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ Comedy အမျိုးအစား ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်ရှင် ။ဒီဇာတ်ကားလေးကတော့ မအေတူ ဖအေကွဲ ညီအစ်ကိုသုံးယောက်အကြောင်း ရိုက်ကူးထားတာပါ ။ အိမ်ရဲ့ အစ်ကိုကြီးဆုံးဖြစ်သူဟာ အစွဲအလန်းကြီးသူဖြစ်ပြီးတော့ သူ့ရဲ့အရင်ရည်းစားဖြစ်တဲ့ မိုနီကာကို မမေ့နိုင်ဖြစ်နေခဲ့ပါတယ် ။ဒါပေမဲ့လို့ သူ့ရဲ့ အရင်ရည်းစားဟာ သူ့ရဲ့ မအေတူ ဖအေကွဲ ညီလေး (၂) ရဲ့ လက်ရှိရည်းစားဖြစ်နေခဲ့သောအခါ...။ သူ့ရဲ့ မာနတရားတွေအတွက် သူဟာ လက်ရှိသူ့မိတ်ဆွေ မြောင်မြောင်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။နောက်ထပ် ညီအငယ်ဆုံးလေးဖြစ်သူဟာလဲ သူ၏ ချစ်သူနဲ့ နှစ်ပေါင်းရည်ကြာလာအောင်တွဲလာခဲ့ပေမဲ့ လက်ရှိမှာတော့ အချစ်ရေးဟာ ပြတ်ဆဲလုနီးပါးဖြစ်ပြီး နေ့တိုင်းပြဿနာတွေနဲ့ပဲ ကြုံတွေ့ရနေရတာပါ ။ တစ်မိုးအောက်ထဲမှာ စုံတွဲ ၃ တွဲ ဆက်ဆံရေး ၄ ခုနဲ့ အတူ အစ်ကိုကြီး အဖအရာ ဆိုတဲ့ စကားအတိုင်း အစ်ကိုကြီးဖြစ်သူတစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ -❏ အချစ်ဟောင်းနဲ့ အချစ်စစ်တို့ ထိပ်တိုက်တွေ့လာတဲ့အခါမှာရော ဘယ်လိုဖြေရှင်းကြမလဲ? ❏ အိမ်ရဲ့ ပြဿနာတွေကိုရော သူတို့တွေ ဘယ်လိုကိုင်တွယ်ကြမလဲ? ❏မိသားစုအငွေ့အသက်လေးတွေ ...
movie
Table for Six ( 2022 )
6
Tales from the Occult ( 2022 )
ဒီဇာတ်ကားလေးဟာဆိုရင် မတူညီကွဲပြားတဲ့ နေရာဒေသ အချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းသော ဇာတ်လမ်း (၃ ) ခုကို ကျောရိုးအခြေခံပြီး ဒါရိုက်တာ (၃) ယောက်ကနေ ရိုက်ကူးထားတာပါ ။ ဒီတော့ ဇာတ်ကားတစ်ကားထဲနဲ့ သုံးကားကြည့်ရသလို ခံစားစေရမှာအမှန်ပါပဲ ။ အခုတော့ ဇာတ်လမ်းအကျဥ်းလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ် ။❏ မှောင်မဲနေသော ထောင့်စွန်းတစ်နေရာမှ အရိပ်ဆိုး ❏နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ ယိုယာ တစ်ယောက် သူမရဲ့ အိမ်ဟောင်းကနေပြီးတော့ အိမ်သစ်ဆီကိုပြောင်းရွှေ့ခဲ့ပါတယ် ။ အိမ်သစ်ကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ ကိစ္စတွေတစ်ခုပြီးပြီးတစ်ခုဖြစ်ပျက်လာပြီးတဲ့နောက် ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလို့ထင်ခဲ့ပေမဲ့ အိမ်မက်ဆိုးများက တစ်ရိပ်ရိပ်ခြောက်လှန့်လို့နေသောအခါ...။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဆောက်အဦးပေါ်ကနေ ခုန်ချသွားတဲ့ အမျိုးသားရဲ့ပုံရိပ်ကို စိတ်ထဲစွဲကျန်နေရစ်ခဲ့တဲ့ ယိုယာတစ်ယောက် သူမကြုံတွေ့ရတဲ့ ထူးဆန်းတဲ့ ကိစ္စတွေဟာ သူမစိတ်ထင်ဖြစ်နေလား ? ဒါမှမဟုတ် သရဲ / သစ္ဆေများလား ?❏ ရက်စက်လှတဲ့ သေဆုံးမှု ❏ဖွံ့ဖြိုးတိုးတတ်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်း ဆယ်လီတွေ ပေါများလို့နေခဲ့ပါတယ် ။ အဲဒီအထဲကမှ အွန်လိုင်းဆယ်ဆီ LIVE လွှင့်သူ ယန်ဝေချန်ဆိုသူဟာ စူပါမားကတ်တစ်ခုမှာ LIVE လွှင့်နေခဲ့ပါတယ် ...
movie
Tales from the Occult ( 2022 )
5.2
Coffin Homes (2021)
Coffin Homes (2021)ဟောင်ကောင်ကားတွေဆိုရင် ပေးချင်တဲ့ messageကို ဘဝအမောပြေအောင် ရယ်စရာလေးတွေနဲ့ ပညာသားပါပါရောစပ်တဲ့နေရာမှာ နာမည်ကြီးပါပဲ။ အခုကားလေးကတော့ ဒီလိုရောစပ်တဲ့နေရာမှာ ကျွမ်းကျင်ပြီးသား Director ကြီး Fruit Chan ရဲ့ ခေါင်းတလားတိုက်ခန်းများဆိုတဲ့ ကားလေးပါ။အိမ်ခြံမြေဈေးတွေ အဆမတန်ထောင်တက်နေတဲ့ ဟောင်ကောင်လိုနေရာမှာ လူတစ်ယောက် ကျောတစ်ခင်းစာနေရာရဖို့အတွက် တိုက်ခန်းအကန့်လေးတွေကို ဈေးကြီးပေးပြီး ဝယ်ကြရပါတယ်။ ဒီလိုနဲ့ လူတွေဟာ သက်သာရာရှာရင်း တစ်ကွေ့မှာတော့ နာနာဘာဝတွေနဲ့ ဆုံကြရတော့တာပါပဲ။တိုက်ခန်းပိုင်ရှင်တွေရဲ့ ဈေးကစားမှုတွေ၊ ပေါပေါပဲပဲရနိုင်တဲ့ လူသေထားတဲ့ အခန်းတွေကိုဝယ်၊ အခန်းတွေထဲမှာ အခန်းပိစိတွေကန့်ပြီး ငှားစားကြတဲ့ကြားက အိမ်ငှားတွေနဲ့ အခန်းထဲက မကျွတ်မလွတ်သရဲတွေ ဘယ်လိုအတူယှဉ်တွဲနေထိုင်ကြမလဲဆိုတာကို အိမ်ခြံမြေအကျိုးဆောင်ဘက်၊ ငှားစားတဲ့အိမ်ရှင်ဘက်နဲ့၊ ဗီလာပိုင်ရှင်မိန်းမကြီးဘက် စတဲ့ ရှုထောင့်သုံးမျိုးကနေကြည့်ရှုရမှာပါ။Far East Flim Festival 2021 မှာ ပြသခွင့်ရတဲ့ Fruit Chan ရဲ့လက်ရာ၊ ဟာသနဲ့ Horror ရောထားတဲ့ ဇာတ်လမ်းလေးကိုကြည့်ပြီး ဟောင်ကောင်လူမှုဝန်းကျင်ကို တစ်ချက်လောက်မြည်းစမ်းကြည့်လိုက်ပါဦးလို့...အညွှန်း နဲ့ ဘာသာပြန်ကတော့ Aegi Xue ပဲ ဖြစ်ပါတယ်။Genre.....Comedy, Horror Quality…. ...
movie
Coffin Homes (2021)
2021
Three Husbands (2018)
(18+)Three Husbands (2018)အင်တာပရိသတ်တွေကို ပိုအားထားလာတဲ့ Wong Kar Wai, Peter Chan ,Stanley Kwon, ဟောင်ကောင် Second New Wave ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Fruit Chanဟာ ဟောင်ကောင်အလုပ်သမားလူတန်းစားရဲ့ လူနေမှုဘ၀ကိုလည်း ထင်ဟပ် အပြင်းစားလည်းဆန်တဲ့ ရုပ်ရှင်တွေကို အရိုက်များတဲ့လူပါ။ 1997 Trilogy နဲ့ Prostitute Trilogy ဆိုပြီး Trilogy နှစ်ခုရိုက်ခဲ့ပြီး Three Husbands ကတော့ Prostitute Trilogyရဲ့ နောက်ဆုံးကားပါပဲ။Fruit Chanဟာ ၆၀ပြည့်နှစ်တွေက Nagisa Oshimaလို ဂျပန်ဒါရိုက်တာတွေရဲ့ လွှမ်းမိုးမှုခံရတဲ့ ဒါရိုက်တာဖြစ်ပြီး သူတို့ကို သဘောကျရတဲ့အကြောင်းရင်းက လှုမှုရေးပြဿနာတွေအကြောင်း သဘာ၀အကျဆုံး ရုပ်ရှင်တွေကို ရိုက်ပြခဲ့လို့လို့ဆိုပါတယ်။ သူ့ဟန်မှာလည်း ဒီအငွေ့အသက်ပါနေတာပါပဲ။Three Husbandsရဲ့ ဇာတ်လိုက်က boar peopleအနေနဲ့ ရှင်သန်ရင်း ပြည့်တန်ဆာလုပ်စားနေတဲ့ မိန်းကလေးတစ်ယောက်။ ပုံမှန် ပြည့်တန်ဆာကားတွေမှာတော့ ပြည့်တန်ဆာရဲ့အဖြစ်ကို သနားစရာကောင်းအောင် ရိုက်ပြကြတာများပေမဲ့ Three Husbandsမှာတော့ ...
movie
Three Husbands (2018)
2018