Channel Myanmar

Peter Bromilow

Wild at Heart (1990) 7.2
Wild at Heart (1990) Wild at Heart (1990)IMDb Rating (7.2) / Rotten Tomatoes (66%) မင်းသားကြီး နစ်ခ်ကိတ်ခ်ျလို့ပြောလိုက်ရင် မသိတဲ့ဘယ်သူမှမရှိပါဘူး။ဒီ Wild at Heart ဇာတ်ကားကတော့ နာမည်ကျော်မင်းသားကြီး Nicolas Cage ရဲ့ ငယ်စဉ်ဘဝက ပွဲဦးထွက်ဇာတ်ကားတွေထဲ Old But Gold ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း --------------------- ဆေလာဆိုတဲ့သူဟာ မကြာသေးခင်ကမှ ထောင်ထဲကနေ ခံဝန်နဲ့ထွက်လာသူပါ။ထောင်ထဲမရောက်ခင်က လူမိုက်တွေနဲ့ပေါင်းပြီး မျိုးစုံပေတေခဲ့ပေမယ့် ချစ်ရတဲ့ကောင်မလေးတစ်ယောက်ကြောင့် ပြောင်းလဲကာ ထောင်ထဲဝင်ပြီး ပြစ်ဒဏ်တွေကိုခံယူခဲ့ပါတယ်။ထောင်ထဲနေ ပြန်ထွက်လာတဲ့အခါမှာလည်း ကောင်မလေးနဲ့အတူတူ သမ္မာသမတ်ကျကျနေဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးရဲ့ စိတ္တဇဖြစ်နေတဲ့အမေဟာ ကောင်မလေး ဆေလာနဲ့အခြေကျသွားမှာကို စိုးရိမ်သွားတဲ့အခါမှတော့ နည်းလမ်းမျိုးစုံနဲ့ ဆေလာတို့အတွက်ကို ဒုက္ခပေးဖို့ကြိုးစားပါတော့တယ်။(18+ အခန်း တချို့ နဲ့  ဝတ်လစ်စလစ်အခန်း တချို့ပါဝင်သောကြောင့်မိသားစုနဲ့ အတူတူကြည့်ရန်မသင့်တော်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(2.9 GB) / (1.2 GB) Quality….Blu-Ray 1080p ...
movie

Wild at Heart (1990)

1990
Scrooged (1988) 6.9
Scrooged (1988) Scrooged (1988)~ IMDb - 6.9/10, Rotten Tomatoes - 71% ~ခရစ္စမတ်ကတော့ ထပ်ရောက်လာပေမဲ့ ခရစ္စမတ်ရဲ့အရသာကိုလည်း အပြည့်အဝရပြီး တကယ်လည်းကောင်းတဲ့ ရုပ်ရှင်တွေက မထွက်သလောက်ရှားနေပါပြီ။ ကျွန်တော်တို့တွေ မကြည့်ရသေးတဲ့ထဲလည်း ကုန်သလောက်ဖြစ်နေပြီ။ ခရစ္မမတ်ရဲ့အရသာကိုလည်း အပြည့်အဝရသလို တကယ်လည်းကောင်းတဲ့ Superman ပထမဆုံးကားရဲ့ ဒါရိုက်တာ Richard Donner ရဲ့ Scrooged ကိုတော့ ကြည့်ပြီးတဲ့သူထက် မကြည့်ရသေးတဲ့သူပိုများမယ်လို့ ထင်ပါတယ်။ ပါရာမောင့်က ထုတ်ထားတဲ့ ဒီကားက ခရစ္စမတ်ရဲ့အရသာအပြည့်ရတာလည်းမဆန်းပါဘူး။ ခရစ္စမတ်ရဲ့အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကိုပဲ မော်ဒန်ဗားရှင်းနဲ့ Black Comedy နှောပြီး ရိုက်ထားတာကိုး။ ထုံးစံအတိုင်း ခရစ္စမတ်ကာလမှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခရစ္စမတ်တစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းခံရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ ပိုလည်းလက်တွေ့ကျလာသလို ကြည့်ရတာလည်းပိုအရသာရှိပါတယ်။ ဘီလ်မာရေးရဲ့ သရုပ်ဆောင်ချက်ကြောင့်လည်း ...
movie

Scrooged (1988)

1988
The Rocketeer (1991) 6.6
The Rocketeer (1991) Rocketeer (1991)IMDb Rating (6.6) / Rotten Tomatoes (66%)Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဆွဲဆောင်မှုကတော့ အမေရိကန်ဖစ်ရှင်သမိုင်းတစ်လျှောက်မှာ ဟာရိုးရော်ဘင်တို့လို ဘတ်ဆဲလ်လား စာရေးဆရာတွေ , မာတင်စကောဆေးစိလို ဒါရိုက်တာတွေ ကြီးကြီးကျယ်ကျယ် မိုက်မိုက်ကန်းကန်း သူဌေးတစ်ယောက်အဖြစ် ပုံဖော်ခဲ့ကြတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာက ဒီဇာတ်လမ်းရဲ့ အဓိကအခရာအဖြစ်ပါနေတာပါပဲ။ အိုင်းရွန်းမန်း တိုနီစတက်ကာရိုက်တာကလည်း ဟောင်းဝတ်ဟုဒ်ကာရိုက်တာကိုပဲ မှီးထားခဲ့တယ်။ ချမ်းသာပြီး မိုက်ကန်းရူးရဲသလို အရည်အချင်းလည်းရှိတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာဟာ ဟိုးရှေးကတည်းကနေ အခုထက်ထိ ပရိသတ်ကို ကောင်းကောင်းဆွဲဆောင်နိုင်တဲ့ ကာရိုက်တာမျိုးဖြစ်ခဲ့တယ်။ ဒီကားထဲက ဟောင်းဝတ်ဟုဒ်ကတော့ နည်းနည်းအသက်ကြီးသွားသလို နည်းနည်းလည်းကွဲပြားတယ်ပြောရမယ်။1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ...
movie

The Rocketeer (1991)

1991