Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Brocco
The Tall Target (1951)
The Tall Target ဆိုတာက အရပ်အမောင်းကောင်းတဲ့ သမ္မတကြီးလင်ကွန်းကို ရည်ညွှန်းတာပါ။ ၁၈၆၁ ခုနှစ်မှာ နယူးယောက်ရဲဌာနက ဆာဂျင့်ကနေဒီဟာ သမ္မတလောင်းလင်ကွန်းကို ကျမ်းသစ္စာမဆိုခင် ဘာတီမိုးမှာမိန့်ခွန်းပြောတုန်း လုပ်ကြံမယ်ဆိုတာကို သတင်းအတိအကျရထားလို့ အထက်ကိုတင်ပြပေမဲ့ အထက်က ဂရုမစိုက်တော့ ကိုယ်တိုင်ကိုယ်ကျ ရထားစီးကာ ဘာတီမိုးကိုလိုက်သွားရတယ်။နယူးယောက်ကနေ ဝါရှင်တန်ထိသွားမယ်ရထားပေါ်မှာ ကနေဒီအတွက်နေရာဦးပေးထားတဲ့ သူ့မိတ်ဆွေကြီးကပါ အသတ်ခံလိုက်ရတော့ ကနေဒီဟာ သူကိုယ်တိုင်ပါ အန္တရာယ်ရှိနေမှန်း သိသွားခဲ့ပေမဲ့ ရထားပေါ်မှာ မသမာသူတွေကိုရှာရင်း သမ္မတလောင်းကြီးလင်ကွန်းကို သတိပေးဖို ခရီးဆက်ရပါမယ်။ ဒီဇာတ်ကားဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ Baltimore Plot ဆိုတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ File size…(1.4 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:18:00 Genre... Adventure, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
The Tall Target (1951)
8.0
Papillon (1973)
Papillon (1973)IMDb Rating (8.0) / Rotten Tomatoes (73 %)စာဂျပိုး တွေ ရဲ့ ဟီးရိုး သို့မဟုတ်ယောက်ျားတို့လုံ့လ သေကာမှလျှော့မယ့် ပါပီလွန် ❣️ ☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️ တစ်ပွဲတော့ ရှုံးခဲ့ပြီ။ သို့သော် နိုင်ခြင်း၊ ရှုံးခြင်း ဟူသည်မှာ ကိုယ့်နှလုံးသားထဲ၌ ခံယူတတ်မှု သဘောထားပေါ်၌ တည်၏။ ရှုံးခြင်း၏ ရလဒ်ကို ကိုယ်ကြံ့ကြံ့ခံနိုင်လျှင် ကိုယ့်ကိုရှုံးသူဟု မည်သူ ခေါ်နိုင်မည်နည်း။ ပါပီလွန် နှင့် ဗင်ဂို စာအုပ်မှ.......ပါပီလွန် နှင့် ဗင်ကို ☁️☁️☁️☁️☁️☁️ စာဖတ်သူ အတော်များများက သည်စာအုပ်ကို ဖတ်ကြည့်ပါဆိုပြီး တိုက်တွန်းလေ့ရှိတဲ့ စာအုပ်တစ်အုပ်ပါ။ ၁၉၈၂ ခုနှစ်က ဘာသာပြန်တဲ့ ဦးလှ၀င်း ( လေသူရဲတစ်ဦး ) ရဲ့ ဘာသာပြန်လက်ရာမွန် စာအုပ်ဖြစ်ပါတယ်။ မိတ်ဆက်ပေးချင်တဲ့ စာအုပ်နာမည်လေးကတော့ "ပါပီလွန် နှင့် ဗင်ကို" ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ပါပီလွန်ဆိုတာ ဘာလဲ ...
movie
Papillon (1973)
4K HEVC
Spartacus (1960)
ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Spartacus (1960)
6.8
The War of the Roses (1989)
The War of the Roses (1989)~ IMDb - 6.8/10, Rotten Tomatoes - 83% ~လူတွေရဲ့ ဦးခေါင်းခွံကို တုန်လှုပ်စေတဲ့ အကျပ်ရိုက်မှု ၂မျိုးရှိပါသတဲ့။ မနေချင်တော့တဲ့သူကို ဘယ်လိုဆွဲထားမလဲ ဆိုတာနဲ့ မသွားချင်တဲ့သူကို ဘယ်လိုနှင်ထုတ်မလဲ ဆိုတာပါပဲ။ဒီရုပ်ရှင်ဟာ ခေါင်းအေးတည်ငြိမ်တဲ့ ကွာရှင်းပြတ်စဲရှေ့နေကြီး ဂါဗင်တစ်ယောက် သူရုံးခန်းထဲထိုင်နေတဲ့ သောကတစ်ဗွေနဲ့ အမှုသည်အမျိုးသားကို ပြန်ပြောင်းပြောပြတဲ့ သူ မကူကယ်နိုင်ခဲ့တဲ့ အတိတ်ဟောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကြီးကိုယ်တိုင် ရှေ့နေကြီး ဂါဗင်နေရာကနေ ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ထားပါတယ်။ဂါဗင် ပြောပြတဲ့ ဇာတ်လမ်းကတော့ သူ့မိတ်ဆွေအရင်းခေါက်ခေါက်ဖြစ်ခဲ့ဖူးတဲ့ ရို့စ်မောင်နှံရဲ့ ကွာရှင်းပြတ်စဲမှုအကြောင်းပါ၊ ရို့စ်မိသားစုဆိုပြီး ဖြစ်မလာခင် ငယ်ရွယ်တက်ကြွတဲ့ အိုလီဗာဆိုတဲ့ ဥပဒေကျောင်းသားလေးနဲ့ ရိုးရှင်းပွင့်လင်းတဲ့ ဘာဘရာဆိုတဲ့ မိန်းမငယ်လေးတို့ စတင်တွေ့ဆုံမှုကနေ (အညွှန်းထဲပြောပြလို့မရသေးတဲ့) အဆုံးသတ်မှုတစ်ခုဆီအထိပေါ့။ ဂါဗင်ကတော့ လူတွေဟာ သူတို့ဖြစ်ချင်တာ သူတို့ရချင်တာအတွက် ...
movie
The War of the Roses (1989)
1989
8.7
One Flew Over the Cuckoo’s Nest (1975)
One Flew Over The Cuckoo's Nest (1975) ==================== IMDB Rating- 8.7/10 Rotten Tomatoes- 94% 1963ခုနှစ်ရဲ့ဆောင်းဦးမှာ R.P.McMurphyလို့ခေါ်တဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာတယ်။ McMurphyက ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့သူပါ။ သူ့လိုလူအတွက် ထောင်ထဲသွားတာက ဘာမှ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကြာလာတော့အလုပ်ကြမ်းလုပ်ရတာေတွ ငြီးငွေ့လာတယ်။ ဒါကြောင့်က 15နှစ်သမီးကို rapeလုပ်ပြီး တရားစွဲခံရတဲ့နောက်မှာ ထောင်ထဲကို မသွားချင်တဲ့အတွက် စိတ်ရောဂါရှင်ယောင်ဆောင်ခဲ့တယ်။ အဲ့လိုနဲ့ ဒီဆေးရုံကို ရောက်လာတယ်။ သူက ဆေးရုံမှာဆိုရင် ပိုပြီး လွတ်လပ်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေအပေါ် အာဏာ မတရားသုံးတဲ့ သူနာပြု Ratchedကြောင့် မလွတ်လပ်တဲ့အပြင် ပိုပြီး တင်းကျပ်လာတယ်။ ထောင်မှာလုပ်လို့ရခဲ့တဲ့ ကိစ္စတွေတောင် လုပ်လို့မရဖြစ်လာတယ်။ ဒါကြောင့် သူက ဦးဆောင်ပြီး ကလန်ကဆန်စလုပ်လာတယ်။ ပြဿနာရှာတယ် အမျိုးမျိုးပေါ့။ တစ်ရက် ...
movie
One Flew Over the Cuckoo’s Nest (1975)
1975
HEVC 1080p 5.1