Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Berg
Very Bad Things (1998)
Very bad things ကတော့ ၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ thriller, comedy ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ကိုင်းလ်ဖစ်ရှာက မကြာခင်မှာမင်္ဂလာဆောင်တော့မယ့်သတို့သားလောင်းတစ်ယောက်ဖြစ်ပြီး bachelor party ကျင်းပဖို့ Las Vegas ကို သူငယ်ချင်းငါးယောက်နှင့်အတူခရီးထွက်လာခဲ့ကြပါတယ်။ ယောက်ျားလေးတွေပဲအုပ်စုဖွဲ့ပြီး အပီအပြင်ကဲကြရင်း အပျော်ကနေအပျက်ဖြစ်သွားစေတဲ့ မတော်တဆလူသတ်မှူတစ်ခုကိုကျူးလွန်လိုက်မိပြီးနောက် ကိုင်းလ်နဲ့သူ့သူငယ်ချင်းတွေ ဒီအရာကိုဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး မင်္ဂလာပွဲကိုဖြစ်မြောက်အောင်စီစဉ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။File size…(1.8 GB)/(951 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju
movie
Very Bad Things (1998)
7.3
Patriots Day
Patriots Day (2016)~ IMDb - 7.3/10, RT - 80%, Meta - 69% ~Patriot Day ဆိုတာကတော့ အသက်ဆုံးရှုံးသွားတဲ့ သူရဲကောင်းတွေ နစ်နာသူတွေကို အောက်မေ့တသပြုကြတဲ့နေ့ပါပဲ။ ၂၀၁၃ ဧပြီ ၁၅ရက်တုန်းက ဘော်စတွန်မာရသွန်ပွဲမှာ ဗုံးနှစ်လုံးပေါက်သွားခဲ့တယ်။ အဲဒီအဖြစ်ဟာ တော်တော်ဟိုးလေးတကြော်ဖြစ်သွားခဲ့သလို မူရာကာမိကလည်း အက်ဆေးတစ်ပုဒ်ထဲ ဒီကြောင်းထဲရေးခဲ့ဖူးတယ်။ ဒီဇာတ်လမ်းကတော့ ဒီဘော်စတွန်မာရသွန်ဗုံးကွဲမှုနဲ့ အဲဒီနောက်ပိုင်း အကြမ်းဖက်ကို လိုက်ဖမ်းကြတဲ့အကြောင်းကို ရိုက်ပြထားတယ်။ Casey Sherman နဲ့ Dave Wedge တို့ရဲ့ Boston Strong ဆိုတဲ့ စာအုပ်ကို Lone Survivor နဲ့ Hancock တို့ရဲ့ ဒါရိုက်တာ Peter Berg က ပြန်ရိုက်ထားတယ်။ သရုပ်ဆောင်တွေကတော့ Mark Wahlberg, J. K. ...
movie
Patriots Day
2016
4K HEVC
7.6
Collateral (2004)
Collateral (2004)IMDb Rating (7.5) / Rotten Tomatoes (86 %)နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ်တို့ရဲ့ လိုက်ဖက်ညီလှတဲ့ သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime/Thriller ရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းကတော့... မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max... ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားလာပါတယ် ... သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်က အဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်....အဲ့လိုချိန်မှာ မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်.... သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ ... သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ်...မျက်မြင်သက်သေဖြစ်သွားတဲ့ Taxi သမား Max နဲ့ ကြေးစားလူသတ်သမားတို့ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ.....။ File size…(7.7 GB)/ (1.7 GB )/(980 MB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by ...
movie
Collateral (2004)
2004
4K HEVC
6.2
Lions for Lambs (2007)
Lions for Lambs(2007)***********************IMDb....6.2ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Tom Cruise ,Robert Redford နဲ့Meryl Streep တို့ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်...အမှန်ပြောရရင် ကျွန်တော်ကတော့ Meryl Streep ကို The post မှာခမ်းနားတဲ့သူ့ရဲ့သရုပ်ဆောင်ဟန်တွေကြောင့်သတိထားမိခဲ့တာပါ.တကယ့်လူတွေ တစ်ပြိုင်နက်သုံးထားတော့ ဒီကားကို နည်းနည်းစူးစမ်းမိသွားတယ်.......ဒီကားဟာ scene (၃) ခုကို အလှည့်ကျပြသွားရင်း ကြီးကျယ်ခမ်းနားတဲ့ ဒိုင်ယာလော့တွေနဲ့ကြည့်ရှူသူ ပရိတ်သတ်ကိုပခုံးဖက်တွဲခေါ်ပြီး အတွေးအခေါ်တွေ ဖြန့်ကျက်စေတဲ့လိုဆိုရမယ်ထင်တယ်..အဲဒါတွေကြောင့် တကယ့်လူ ၃ ယောက်ကို သရုပ်ဆောင်ခိုင်းထားတယ်ထင်တယ်...Andrew Garfield လည်းပါသေးတယ်...ပထမ Sceneပရော်ဖက်ဆာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို သူ့ရုံးခန်းထဲခေါ်တွေ့တယ်...အဲ့ဒီကျောင်းသားဟာ ထက်မြက်ပေမယ့် ပရော်ဖက်ဆာ အမြင်မှာလွဲမှားဟန်ရှိတဲ့အယူအဆတစ်ချို့ကြောင့် ဆွေးနွေးဖို့ခေါ်လိုက်တာပါ....ဒုတိယ Sceneအဖဂန်နစ်စတန်စစ်မြေပြင်နဲ့ပတ်သက်ပြီး အမတ်တစ်ယောက်ဟာရှေ့တန်းစစ်မြေပြင်ထိုးစစ်တွေအကြောင်းကို ဂျာနယ်လစ် တစ်ယောက်ကိုခေါ်ပြောပြတယ်....သူတို့တွေ ဘယ်လိုထိုးစစ်ဆင်တယ် ..ဘယ်လိုတွေအတွက် ဒီတိုက်ပွဲကိုဆင်နွှဲနေတယ်...ဂျာနယ်လစ်ရဲ့ မေးခွန်းတွေနဲ့ အမတ်ရဲ့ အဖြေတွေနဲ့ပေါ့...တတိယ Sceneအမေရိကန်ရှေ့တန်းစစ်မြေပြင်အခြေစိုက်စခန်းတစ်ခုရဲ့ တကယ့်စစ်မြေပြင် ထိုးစစ်အသွင်တွေကို ပြတာပါ....ဒီကားဟာ ဖျော်ဖြေရေးမဆန်ဘူး....သူ့ရဲ့ဆိုလိုရင်းဟာ ဘာလဲဆိုတာကိုတော့ ကျွန်တော်မပြောချင်ဘူး....ပြောပြဖို့လည်းခက်တာမို့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုစေချင်ပါတယ် .. File Size : (1.71 GB) and (548 MB) Quality ...
movie
Lions for Lambs (2007)
7.1
Deepwater Horizon (2016)
Deepwater Horizon (2016)IMDb Rating (7.1) / Rotten Tomatoes (82 %)၂၀၁၀ခုနှစ် Mexico ပင်လယ်ကွေ့ ရေနံစင်မှာ Gas ယိုစိမ့်ရာမှ ရေနံစင်မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ (၁၁) ဦး သေဆုံးကာ လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီမီးလောင်မှုကို ၃၆ နာရီကြာ မီးငြိမ်းသတ်ခဲ့ရပြီး အကျိုးသက်ရောက်မှုအနေနဲ့ ပတ်ဝန်းကျင်မှ လူပေါင်း ၄၈,၀၀၀ ကျော် ရွေ့ပြောင်းခဲ့ရကာ မိုင် ၂၅၀၀ ကျော် (ပေပေါင်း ၁၃.၅ မီလီယံ) လောက် ရေထုညစ်ညမ်းသွားခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာလအထိ သဘာဝပါတ်ဝန်းကျင် ရှင်းလင်းထိန်းသိမ်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ရပါတယ်. ဒီမတော်တဆပေါက်ကွဲမှု ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Deepwater Horizon ဆိုတဲ့ Movie မှာတော့ မင်းသား Mark Wahlberg နဲ့ မင်းသမီး kate Hudson တို့က ...
movie
Deepwater Horizon (2016)
2016
4K HEVC
6.4
Hancock (2008)
မင်းသားကြီး Will Smith နဲ့ မင်းသမီး Charlize Theron တို့ရဲ့ Hancock ရုပ်ရှင်ဟာ စူပါဟီးရိုးမဆန်တဲ့ Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူအများကို ကယ်တင်နေပေမယ့် ဟုတ်ကဲ့ခင်ဗျ ကျေးဇူးပါခင်ဗျ လောကွတ်တွေမလုပ်တတ် မပြောတတ်လို့ လူတွေရဲ့ ချစ်ခင်မှုကို မရရှာတဲ့ စူပါဟီးရိုး..နှလုံးလှပေမယ့် လူကြမ်းတာကြောင့် လူတွေကလဲမုန်း ....သူကလဲ လူတွေ ဘယ်လိုထင်ထင် နေချင်သလို နေတတ်တဲ့ စူပါဟီးရိုးကြီး Hancock....သူ့ဘဝအစစ်အမှန်က ဘာလဲ...သူ့အစွမ်းတွေက ဘယ်ကရတာလဲ...သူ့ကိုဒီလိုပုံစံဖြစ်အောင် ဘယ်သူတွေကပြုလုပ်ထားတာလဲ...စသည်ဖြင့် ပဟေဠိများစွာနဲ့ Hancock...ဒီလိုလူကြမ်းလူစွမ်းကြီးဘဝကို ဘယ်သူက ကယ်တင်ပြီးလှပအောင်ပြုလုပ်မလဲဆိုတာ.....။စူပါဟီးရိုးကားလို့ဆိုနိုင်ပေမယ့် ဒရမ်မာသက်သက် ထိရှရတဲ့ ရုပ်ရှင်မျိုးဖြစ်ပြီး Unrated Version နဲ့တင်ဆက်လိုက်ပါတယ်။Hancock 2 ဆက်လက်ထွက်ရှိဖို့ မင်းသမီး Charlize Theron က စောင့်မျှော်နေပြီး အချိန်တစ်ခုမှာထွက်ရှိလာနိုင်ကြောင်းပါ။ File size….(2.7 GB )/(1.2 GB) Quality….BluRay Unrated 1080p / 720p Format…mp4 Duration….01:42:14 Subtitle….Myanmar ...
movie
Hancock (2008)
2008
7.5
Lone Survivor (2013)
Lone Survivor (2013)အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ...
movie
Lone Survivor (2013)
2013
4K HEVC
5.8
Battleship (2012)
Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ... သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့....စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ ... တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး...ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ...
movie
Battleship (2012)
2012
4K HEVC
7.0
The Kingdom (2007)
The Kingdom (2007) ================ IMDb Rating - 7.0/10 Rating ကောင်းကောင်း Cast ကောင်းကောင်းတွေပါ၀င်တဲ့ ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။Jamie Foxx, Jennifer Garner,Jason Bateman တို့ ဦးဆောင် ပါ၀င်ထားပြီး 1996 က ဆော်ဒီအာရေဗီယဗုံးခွဲမှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဖြစ်ပါတယ်။ ဆော်ဒီဆိုတာ ရေနံလောင်စာနဲ့ ချမ်းသာ လာတဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံဖြစ်ပြီး အနောက်ကမ္ဘာက အမေရိကန်တို့အတွက် မျက်စိကျစရာနေရာတစ်ခုဖြစ်လာပါတယ်။ပထမဆုံး အာရပ်- အမေရိကန် ရေနံကုမ္ပဏိကို တည်ထောင်ခဲ့ပြီး အမေရိကန်က လုပ်သားမိသားစုတွေလည်း ဆော်ဒီကိုပြောင်းလာကြ ပါတယ်။ သူတို့နေထိုင်ဖို့အတွက်သီးခြားရပ်ကွက်လေးတစ်ခုဖန်တီးခဲ့ပြီး အဲ့ဒီကနေ ပြဿနာတွေစဖြစ်လာပါတယ် ။ ဆော်ဒီဘုရင့်နိုင်ငံရေးမှာ အနောက် ကမ္ဘာရဲ့ကြိုးကိုင်မှုကိုမကြိုက်တဲ့ ဝါဟာဘီမူဆလင်တွေဟာ အစွန်းရောက်စစ်သွေးကြွတွေပေါ်လာခဲ့ပြီး အဲ့ထဲမှာမှ အိုစမာဘင်လာဒင် တို့လည်း အပါအ၀င်ဖြစ်ပါတယ်။ဒီလိုတင်းမာမှုအကြားက အမေရိကန်ရပ်၀န်းကို ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပြီး အက်ဖီအိုင်အေးဂျင့် ဖလာရီတို့ဦးဆောင်တဲ့အဖွဲ့က ဆော်ဒီကို လာရောက်ဖြေရှင်းတဲ့ ဇာတ်လမ်းကောင်း မှတ်တမ်းရုပ်ရှင်တစ်ခုကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(2.33 GB) / (1.0 GB) ...
movie
The Kingdom (2007)
2007
7.4
Smokin’ Aces(2006)
Smokin' Aces(2006) အညွှန်************************Ryan Reynolds နဲ့ Ben Affleck တို့တွေအပြင်အခြားနာမည်ကြီးတွေအများကြီးပါတဲ့ဒီဇာတ်ကားဟာ ကြမ်းလည်းကြမ်းသလို ဆုကြီး ၄ ဆုလည်းရရှိခဲ့တယ်...ဒီကားမှာတော့ မာဖီးယားတွေ ကြေးစားလူသတ်သမားတွေနဲ့ FBI တွေရဲ့ အားပြိုင်မှုကိုတွေ့မြင်ရမှာပါ ဘတ်ဒီအစ်စရယ်လို့ခေါ်တဲ့ဖျော်ဖြေရေးသမားက မာဖီးယားဂိုဏ်းခေါင်းဆောင်အပေါ်သစ္စာဖောက်ခဲ့တာကြောင့်သူ့နှလုံးကိုရဖို့ဆုငွေတစ်မီလီယံထုတ်ထားပါတယ် ဆုကြေးရချင်နေတဲ့ ကြမ်းကြမ်းရမ်းရမ်းကြေးစားအဖွဲ့တွေကလည်းသူ့နောက်လိုက်ပြီးသတ်ဖို့ကြိုးစားပါတယ်.. မာဖီးယားခေါင်းဆောင်ရဲ့လျှို့ဝှက်ချက်တွေသိရဖို့နဲ့ သက်သေထွက်ဆိုဖို့အတွက်သူ့ကိုကာကွယ်ပေးဖို့ အေးဂျင့်မက်စ်နာနဲ့အေးဂျင့်ကော်ရတ်သာတို့က တာဝန်ယူထားရပါတယ်... လူသတ်သမားကခုနစ်ယောက် အေးဂျင့်ကနှစ်ယောက်နဲ့ အစ်စရယ်မသေစေဖို့ကြိုးစားရပါတယ်.. အဲဒါအပြင် ဆွီဒင်လူမျိုးဆိုတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်က ဘာဖြစ်နေမလဲ... တဖြည်းဖြည်းနဲ့ သူတို့ FBI ကြားက အရှုပ်အရှင်းတွေပေါ်လာချိန်မှာတော့ မာဖီးယားတွေနဲ့ဘယ်လိုပတ်သက်နေတာလဲ လျှို့ဝှက်ချက်တွေကဘာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ File Size : (2.7GB)(1.1GB) and (379 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Action , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae
movie
Smokin’ Aces(2006)
7.1
The Last Seduction (1994)
IMDb Rating (7.1) / Rotten Tomatoes (94%)ဒီဇာတ်ကားက Neo-Noir Crime ပုံစံပါ...Erotic Thriller လဲ ဟုတ်တယ်...ဇာတ်လမ်းဇာတ်ကွက် အလှည့်အပြောင်းတွေက ပြင်းထန်တာကြောင့်ညွှန်းလိုက်တာနဲ့ Spoiler ဖြစ်စေနိုင်တာမို့ ဇာတ်ကြောင်းကို ဘာမှမညွှန်းချင်ပါ။Rating တွေကြည့်လိုက်တာနဲ့ အမိုက်စားဇာတ်ကားဆိုတာတော့ မငြင်းနိုင်ပါဘူး။ယောကျ်ားတွေကြောက်တဲ့ ရုပ်ရှင်တွေထဲက မိန်းမတွေရှိကြတယ်မလား...500 Days of Summers ထဲက ဆမ်းမားတို့....Gone Girl ထဲက အေမီတို့လေ...အဲ့ဒီစာရင်းထဲကို ဒီဇာတ်ကားထဲက ဘရစ်ဂတ်ဆိုသူလေးကိုပါ ထပ်တိုးဖြည့်လိုက်ပါ။မိန်းမတို့မာယာ သမုဒ္ဒရာလို နက်ရှိုင်းရုံတင်မကဘူး..မွန်းကြပ်သေတတ်သေးတယ်။ File size…(1.8 GB ) / (999 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Sai Thurein Lynn
movie
The Last Seduction (1994)
6.1
Mile 22 (2018)
ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie
Mile 22 (2018)
2018
6.1
Mile 22 (2018)
ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie
Mile 22 (2018)
2018