Channel Myanmar

Pete Docter

Up (2009) 8.2
Up (2009)  Up (2009)IMDb Rating (8.3) / Rotten Tomatoes (98%) Pixarဆိုတဲ့ animation studio အကြောင်း ပြောကြတဲ့အခါ အများနဲ့မတူတဲ့ storyline, ဇာတ်ကောင်ဖန်တီးမှုပုံစံတွေ၊ဆန်းသစ်တဲ့ ဇာတ်လမ်းပုံစံတွေနဲ့ ကျွန်တော်တို့ ငယ်ဘဝအမှတ်တရအများစုကို ဖန်တီးပေးနိုင်ခဲ့တဲ့ studioတစ်ခုဆိုတာ အားလုံးသိကြမှာပါ။ဒီstudioကပဲ ထုတ်လိုက်တဲ့Upဆိုတဲ့ Animationဇာတ်ကားကတော့ အတော်များများရင်းနှီးပြီးသားဖြစ်သလို မကြည့်ဖူးတဲ့သူလည်း အတော်ရှားမယ့် animationဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Action နဲ့ comedyကိုရောစပ်ထားပြီးချစ်ခြင်းမေတ္တာ‌တွေ ဒရာမာတွေကိုလည်း ပီပြင်အောင်ဖန်တီးထားတာပါ။ Carlဆိုတဲ့ ကင်းထောက်ကောင်လေးတစ်ယောက်က Ellie ဆိုတဲ့ သဘာဝစူးစမ်းလေ့လာရေးစိတ်ဝင်စားသူနဲ့ အကြောင်းပါခဲ့ပြီး Wild Life Explorerဖြစ်ချင်တဲ့အိပ်မက်ကို အတူအကောင်အထည်ဖော်နိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ အကြီးဆုံး အိပ်မက်ကအမေဇုန်တောထဲမှာ ရှိတဲ့ Paradise Fallဆိုတဲ့ ရေတံခွန်နံဘေးမှာ အိမ်လေးတစ်လုံးဆောက်ပြီး နေသွားဖို့ပါ။ဒါပေမဲ့ သူတို့ရဲ့အိပ်မက်တွေ အကောင်အထည်မပေါ်ခင်Ellie တစ်ယောက်ဆုံးပါးသွားတဲ့နောက် အထီးကျန်နေတဲ့Carlအ‌နေနဲ့ ဇနီးဖြစ်သူ မလုပ်နိုင်ခဲ့တဲ့အရာကို လက်တွေ့ဖြစ်အောင် လုပ်ပေးဖို့ ...
movie

Up (2009)

2009
4K HEVC
Monsters, Inc. (2001) 8.1
Monsters, Inc. (2001) Monsters, Inc. (2001)IMDb Rating (8.1) / Rotten Tomatoes (96%) ဒီကား​လေးကတော့ Animation ကြိုက်သူတွေ ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ဒါရိုက်တာ Pete Docter က ရိုက်ကူးတင်ဆက်ထားပြီး Rating (8.1/10) ထိ ရရှိထားတဲ့ မွန်းစတား ကာတွန်းကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းMonstropolis ဟုခေါ်သော ဒဏ္ဍာရီမြို့ကြီးဟာ မွန်းစတားလေးတွေ အတူတကွနေထိုင်နေကြသော အရပ်ဖြစ်ပါတယ်။ဒီ မွန်းစတားလေးတွေဟာ ကလေးသူငယ်တွေရဲ့အသံစွမ်းအင်ပေါ်မှီခိုပြီး အသက်ရှင်နေထိုင်ကြရတာပါ။မွန်စတားလေးတွေက ကလေးသူငယ်တွေနဲ့ ထိမိတာနဲ့သေတတ်ပါတယ်။တနေ့သူတို့မွန်းစတားကမ္ဘာလေးထဲကို Boo ဆိုတဲ့ ကလေးမလေး ရောက်ရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(4.8 GB) / (2.2 GB) / (1.1 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. ...
movie

Monsters, Inc. (2001)

2001
4K HEVC
Inside Out 2 (2024) 7.8
Inside Out 2 (2024) 2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင်အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေကစောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက်ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကိုပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကိုပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ "သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ" ဆိုတဲ့ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။  ဇာတ်လမ်းအကျဉ်းဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီးအလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြကသူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင်ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့စိတ်ပူတာ၊ ...
movie

Inside Out 2 (2024)

4K HEVC
Inside Out (2015) 8.2
Inside Out (2015) ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ..Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာလုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်..သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်..ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက ...
movie

Inside Out (2015)

2015
4K HEVC
Pencils Vs Pixels (2023) 6.7
Pencils Vs Pixels (2023) Pencils Vs Pixels (2023)~ IMDb - 6.7/10, Rotten Tomatoes - 100% ~ဒီမှတ်တမ်းရုပ်ရှင်လေးမှာတော့ ကျွန်တော်တို့တွေ အခု​ခေတ် ကြည့်ရှု​နေရတဲ့ ကာတွန်းကား​တွေဖြစ်​ပေါ်လာပုံအဆင့်ဆင့်နဲ့ အဲဒီကာတွန်း​တွေရဲ့​နောက်ကွယ်က လူ​တွေအ​ကြောင်း​ကို Detail ကျကျဖော်ပြထားပြီး ကာတွန်းရုပ်ရှင်လောကရဲ့ နာမည်ကျော် ဂန္ထဝင်ပုဂ္ဂိုလ်တွေပါ ပါဝင်ထားပါတယ်။ဒီ Documentary ​လေးကိုကြည့်လိုက်တာနဲ့ ကာတွန်းဘယ်လိုဖြစ်​​ပေါ်လာလဲက​နေစပြီး ဒီ​ဘက်ခေတ်ကာတွန်းတွေရဲ့ အရည်​အ​သွေးရောက်အောင်ထိဘယ်လိုကြိုးစားလာရလဲဆိုတာ​တွေကို ​​​အလုံးစုံသိသွား​စေရုံတင်မကဘဲ နည်းပညာ​​တွေမတိုးတက်​သေး ကာတွန်းကိုလက်နဲ့သာ​ရေးပြီး ထုတ်လုပ်ရတဲ့​ခေတ်မှာ ကြုံ​တွေ့ရတဲ့ အခက်အခဲ​တွေ၊ ငယ်ငယ်က​ခေတ်စားခဲ့တဲ့ ဂန္ထဝင်ကာတွန်းကားကြီး​တွေဘယ်လိုဖြစ်တည်လာလဲ အဲ့ဒီ​နောက်ကွယ်ကလူ​တွေရဲ့ကြိုးစားမှု​တွေကိုသိရှိရပါလိမ့်မယ်။အဲဒီလိုကနေ ​နောက်ပိုင်း​ခေတ် ကွန်ပြူ​တာဖန်တီးမှု​တွေဝင်​ရောက်လာတဲ့အခါ ကာတွန်း​လောကကြီး​ပြောင်းလဲသွားပုံ၊ သုံးဖက်မြင်(3D)ကာတွန်း​တွေ ထွက်လာ​တော့ လက်​ရေးနှစ်ဖက်မြင်(2D) ကာတွန်း​လောကလူ​တွေ ဘယ်​​လောက်​တောင်ရုန်းကန်ခဲ့ရလဲ... ​ခေတ်ကြီးက​ရော နှစ်ဖက်မြင်ကာတွန်းဘက်ကိုဘယ်လို​ပြန်ပြောင်း​ရွှေ့သွားလဲ... ဆိုတာ​တွေကို ကာတွန်း​လောကရဲ့ အ​တောက်ပဆုံး အချိန်​တွေပါရောစပ်ထည့်သွင်းရိုက်ပြထားတဲ့၊ ကာတွန်းပရိသတ်တို့ကြည့်ရှုသင့်တဲ့ မှတ်တမ်းရုပ်ရှင်ကား​ကောင်း​လေးပဲဖြစ်ပါတယ်။(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, ...
movie

Pencils Vs Pixels (2023)

2023
WALL·E (2008) 8.4
WALL·E (2008) ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ...ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ...ကမ္ဘာကျော် Animation ကုမ္မဏီတွေကနှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်..ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ်ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန်ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင်ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့Animated Film တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ်ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲကတင်ဆက်ပုံကောင်းကောင်းနဲ့ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်....အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်..IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ်Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံးခွဲထွက်ခဲ့သည့်WALL-Eသည် ထုတ်လုပ်မှုကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ်ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကိုလိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ ...
movie

WALL·E (2008)

2008
4K HEVC