Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pete Davidson
6.0
Riff Raff (2024)
တကယ့်ဒိတ်ဒိတ်ကြဲ နာမည်ကြီးသရုပ်ဆောင်ကြီးတွေပဲပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစုဟာသဇာတ်ကားကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။မိသားစုဟာသကားဆိုလို့ နူးနူးညံ့ညံ့တော့မထင်လိုက်ပါနဲ့။မိသားစုတွေကြားထဲကအချစ်အကြောင်းကို ကြမ်းကြမ်းတမ်းတမ်း အပစ်အခတ်တွေနဲ့ပုံဖော်ထားတာဖြစ်ပြီးဇာတ်လမ်းကကောင်းလွန်းလို့ တစ်ကားလုံးမပျင်းရဘဲပရိသတ်ကိုစီးမျောခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Riff Raff ဖြစ်ပြီး လက်ရှိIMDb Rating 6.0 အထိရရှိထားပါတယ်။သရုပ်ဆောင်တွေကလည်း လူငယ်ဘ၀မှာတင်မကဘဲအခုအသက်ကြီးတဲ့အထိ ကြမ်းနေဆဲဖြစ်တဲ့ အက်ရှင်လူကြမ်းမင်းသားကြီး Ed Harris တို့ American PieSeries မှာနာမည်ကြီးခဲ့တဲ့ Jennifer Coolidge တို့ နာမည်ကြီးကလေးဟာသသရုပ်ဆောင် Miles J. Harvey တို့အပြင်တခြားသော နာမည်ကြီးတွေများစွာပါဝင်ထားတဲ့အတွက်တစ်ခါလောက်တော့ မကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ဇာတ်လမ်းက မိသားစုအကြောင်းဖြစ်တဲ့အတွက် ဒီဇာတ်ကားရဲ့အဓိကမိသားစုအကြောင်းစပြောရမှာပါပဲ။ဒီဂျေဆိုတဲ့ကောင်လေးက သူ့အမေဆန်ဒီနဲ့အတူတူ သူ့ပထွေးဆိုပေမဲ့ အဖေအရင်းလိုချစ်ရပြီး အဖေလို့ပဲခေါ်တဲ့ဗင်းဆင့်တို့နဲ့အတူတူ ပျော်ရွှင်တဲ့မိသားစုလေးကိုထူထောင်ပြီးနေထိုင်ကြပါတယ်။အခုလည်း နှစ်သစ်ကူးနေ့မှာအပန်းဖြေဖို့အတွက်ကျေးလက်က သူတို့ရဲ့အပန်းဖြေအိမ်မှာသွားရောက်နေထိုင်နေကြပါတော့တယ်။ဒါပေမယ့် အဲ့ဒီညမှာပဲ သူတို့ဆီကို မထင်မှတ်ထားတဲ့ ဧည့်သည်တွေရောက်ချလာပါတော့တယ်။အဲ့ဒီဧည့်သည်တွေကဘယ်သူတွေလဲဆိုရင်တော့ ဗင်းဆင့်ရဲ့သားအရင်း ရော့ကို သူ့ကောင်မလေးနဲ့ သူ့အရင်မိန်းမ ရုသ်တို့ပဲဖြစ်ပါတယ်။ရောက်လာတဲ့ပုံစံကတော့ ရေးကြီးသုတ်ပျာဖြစ်နေပြီးဘာအကြောင်းအရင်းကြောင့်လဲဆိုတာလည်း သေချာမသိရသေးပါဘူး။ဒါပေမယ့် အဖေဖြစ်တဲ့ဗင်းဆင့်ကတော့ သူ့သားတစ်ကောင် ပြဿနာရှာလာပြီမှန်း တန်းသိလိုက်ပါတော့တယ်။ဒီလိုနဲ့ဒီအိမ်မှာ မိသားစု ...
movie
Riff Raff (2024)
6.4
Dog Man (2025)
Dog Man (2025)IMDb Rating (6.4) / Rotten Tomatoes (79%) ဒီရုပ်ရှင်ကတော့ နာမည်ကြီး အန်နီမေးရှင်း စတူဒီယို Dreamwork ရဲ့ Captain Undepant Comic စီးရီးထဲက ဇာတ်လမ်းကိုခွဲထုတ်ရိုက်ကူးထားတဲ့ ခွေးတစ်ပိုင်းလူတစ်ပိုင်း ခွေးလူသား စူပါရဲတစ်ယောက်အကြောင်းပါ..ဉာဏ်အရမ်းကောင်းတဲ့ ခွေးလေးနဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းလာခဲ့တဲ့ ရဲအရာရှိ ဂရက်ဟာ တစ်နေ့တော့ ဗီလိန် ကြောင်ပီတီကြီးရဲ့ ဗုံးလက်ချက်ကြောင့် နှစ်ယောက်လုံး မသေမရှင်ဖြစ်နေတဲ့အခါမှာသိပ္ပံပညာရှင်တွေက ခွေးခေါင်းနဲ့ ဂရက်ရဲ့ခန္တာကိုယ်ကို ဆက်ပေးလိုက်ပြီး ဉာဏ်အရမ်းကောင်းပြီး သန်မာတဲ့ ခန္တာကိုယ်နဲ့ စူပါရဲတစ်ယောက်ဖြစ်သွားပါတယ်။သူ့ရဲ့မဟာရန်သူပြိုင်ဘက် ကြောင်ပီတီကိုလည်း ဖမ်းဆီးဖို့အတွက် ကြိုးစားပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size…(4.4 GB) / (1.8 GB) / (1 GB) Quality….WEB-DL 4K HEVC / 1080p HEVC ...
movie
Dog Man (2025)
2025
4K HEVC
6.3
Fast X (2023) Fast and Furious 10
Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်... ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ Family အဓိက...ဘော်ဒါအဓိကဆိုတဲ့ Fast & Furious Franchise ဟာ ရုပ်ရှင်ထွက်လာလိုက်တိုင်း Box Office ဝင်ငွေကြမ်းခဲ့တာချည်းပါပဲ။ 1. The Fast & The Furious (2001) - $ 207 M 2. 2 Fast 2 Furious (2003) - $ 236 M 3. The Fast & The Furious : Tokyo Drift (2006) - $ 158 M 4. Fast & Furious (2009) ...
movie
Fast X (2023) Fast and Furious 10
4K HEVC
6.5
Set It Up (2018)
Set It Up (2018)IMDb (6.5) / Rotten Tomatoes (68 %)Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့...ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်....ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး ...
movie
Set It Up (2018)
2017
4K HEVC
6.2
Trainwreck (2015)
စိတ်ပိုင်းဆိုင်ရာအရ ငယ်စဉ်မှာ မိသားစုနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာခံစားခဲ့ရတဲ့ကလေးတွေဟာ သူတို့စိတ်ထဲမှာ ဒဏ်ရာ ရခဲ့တာကို စွဲလမ်းနေတတ်ပြီး အသက်ကြီးလို့ လက်တွဲဖော်ရွေးတဲ့အခါမှာလည်း ကိုယ့်အပေါ် မကောင်းတဲ့လူ၊ နာကျင်စေတတ်တဲ့လူတွေကပဲ ရွေးချယ်နေတတ်ကြတယ်လို့ ဆိုကြပါတယ်။ Amy Townsend ကတော့ အဖေနဲ့ အမေရဲ့ အိမ်ထောင်ရေးအကွဲအပြဲကြား“တစ်လင်တစ်မယား စနစ်ဆိုတာ လက်တွေ့မဆန်ဘူး”ဆိုတဲ့စကားနဲ့ ကြီးပြင်းလာရတဲ့ ကောင်မလေးပါ။ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် တွဲတတ်ပေမဲ့ဘယ်သူ့ကိုမှ အတည်မတွဲဘဲ အပေါ်ယံပေါ့ပျက်ပျက်ပဲ ဆက်ဆံတတ်ပါတယ်။ S’nuff မဂ္ဂဇင်းတိုက်မှာ အယ်ဒီတာအနေနဲ့ အလုပ်လုပ်နေတဲ့Amy တစ်ယောက် အားကစားသမားတွေကို ခွဲစိတ်ပေးနေတဲ့နာမည်ကြီးဆရာဝန် ဒေါက်တာ Aaron ကိုအင်တာဗျူးလုပ်ဖို့ တာဝန်ပေးခံရတဲ့အခါမှာတော့….. ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်ကို Amy Schumer ရေးထားပြီးAmy Townsend အဖြစ် ကိုယ်တိုင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးခွဲစိတ်ဆရာဝန် Dr. Aaron အဖြစ်Bill Hader က သရုပ်ဆောင်ထားပါတယ်။ Action မင်းသားကြီး John Cena လဲ ရည်းစားတွေထဲကတစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါသေးတယ်။ ဇာတ်ကွက်အနေနဲ့ မထူးဆန်းပေမဲ့ ပေါ့ပေါ့ပါးပါး ရယ်မောပြီးဘဝအမောတွေ ပြေစေမယ့် Rom-Com ...
movie
Trainwreck (2015)
2015
Good Burger 2 (2023)
ကျွန်တော် ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သိပ်ကိုကောင်းခဲ့တဲ့ ကောင်းနေဆဲ Nickelodeonက ထုတ်လုပ်ထားတဲ့ Comedy အမျိုးစား ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးချင်ပါတယ်။ ယခု Good Burger 2မှာ 1 က main castတွေအတိုင်းပဲ Kel Mitchellနဲ့ Kenan Thompsonက ဦးဆောင်ပြီး ပြန်လည်ပွဲထွက်လာပါတယ်။ဂွတ်ဘာဂါကနေ ထွက်လာခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒတ်စ် တစ်ယောက် သူ့ရဲ့စမ်းသပ်ချက်မှာ အမှားယွင်းဖြစ်ပြီး ပြဿနာတက်ကုန်လို့ အက်ဒ်ရှိရာ ဂွတ်ဘာဂါဆိုင်ကို ပြန်လာပါတော့တယ်။ ဒတ်စ်ထွက်သွားပြီးကတည်းက အက်ဒ်တစ်ယောက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ ဘဝမှာ အဆင်ပြေနေတာကို ဒတ်စ်တစ်ယောက် တွေ့မြင်လိုက်ရပါတယ်။ အဆင်ပြေနေတဲ့ အက်ဒ်တစ်ယောက်ကို ဒတ်စ်က ပြန်တွေ့ပြီး ဂွတ်ဘာဂါဆိုင်မှာ ပြန်လာလုပ်ပါတော့တယ်။ ဂွတ်ဘာဂါကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ..... အမှန်တရားနဲ့ တရားမျှတမှုကို ရရှိသွားအောင် ဘယ်လိုဖော်ဆောင်သွမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ...
movie
Good Burger 2 (2023)
6.9
Dumb Money (2023)
Dumb Money (2023) =============== IMDb Rating - 6.9/10Covid-19 ကပ်ရောဂါ ကာလအတွင်းကနေစပြီး ခေတ်စားလာတဲ့ အလုပ် ကတော့ စတော့ခ်ရှယ်ယာတွေ ကစားကြတဲ့ အလုပ်လို့ ဆိုရမယ်။ အိမ်မှာ တင်နေရင်း စီးပွားဖြစ်လုပ်ကြရင်းကနေ အမြတ်တွေရပြီး ဘောစိဖြစ်သွား ကြသလို၊ ရှိတာလေးတွေပါ ပါသွားကြရတာလည်း မနည်းမနောဆိုပါတော့။ဒီဇာတ်ကားကတော့ စတော့ခ်ရှယ်ယာကစားကြတဲ့ အသေးစားလုပ်ငန်းရှင် လေးတွေနဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတဲ့ ဘီလျံနာတွေ ကြားက ဖြစ်ရပ်မှန်တွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းတစ် ပုဒ်ပါပဲ။ကိတ်သ်ဂေးလ်က ဂိမ်းစတော့ဆိုတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဂိမ်းကုမ္ပဏီတစ် ခုမှာ ရှယ်ယာဝင်ထားတဲ့ သာမညလေးတစ်ယောက်ပါ။ ရှိစုမဲ့စုလေးတွေနဲ့ All in လုပ်ထားရတယ် ဆိုပါတော့ဗျာ။ သူက သူရှယ်ယာ ဘယ်လောက်ဝယ် တယ် ဘယ်လောက်ရှုံးတယ် ဘယ်လောက်မြတ်တယ် ဆိုတာတွေကို Live လွှင့်ရင်းလည်း ပြောနေတတ်တဲ့သူပါ။ သူ့ရဲ့ ဖန်တွေကလည်း သူလုပ်တာတွေ ကြည့်ပြီး ဂိမ်းစတော့မှာ လိုက်ရင်းနှီးမြှုပ်နှံလာကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ စတော့ခ်ရှယ်ယာဈေးကွက်ကြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ထိပ်ဆုံးကို ရောက်သွားခဲ့ပါတယ်။ဒါဟာ ရှယ်ယာဈေးကွက်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အံ့ဖွယ်ဖြစ်ရပ် တစ်ခုပါ။ ...
movie
Dumb Money (2023)
2023
6.5
Transformers: Rise of the Beasts (2023)
Transformers: Rise of the Beasts (2023) ============================= IMDb Rating - 6.5/107 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။ Creed 3 ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Steven Caple Jr. ရဲ့လက်ရာပါပဲ။ ဒီတစ်ခေါက်မှာတော့ အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။ မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ် စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကို အလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ် ကောင်ပါပဲ။အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီ မယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူ ဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန် ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီး ကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီး သော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင် တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင် မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို ...
movie
Transformers: Rise of the Beasts (2023)
2023
4K HEVC
8.4
Guardians of the Galaxy Volume 3 (2023)
Guardians of the Galaxy Volume 3 (2023)**************************************WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကိုနတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ဒါလေးကိုမကြည့်ခင် Guardians ...
movie
Guardians of the Galaxy Volume 3 (2023)
4K HEVC
5.5
Meet Cute (2022)
Meet Cute (2022)ဘဝမှာ ကိုယ်ချစ်တဲ့သူတွေ သေကွဲပဲဖြစ်ဖြစ် ရှင်ကွဲပဲ ဖြစ်ဖြစ် ထွက်သွားတာကိုထိုင်ကြည့်ရတာ အင်မတန်ဒုက္ခများပါတယ်။ ချစ်သောသူနဲ့ကွေကွင်းရသော ဒုက္ခဆိုသလို ဒီဒုက္ခကိုလည်း အံတုချင်တဲ့သူတွေကတော့ ဒုနဲ့ဒေးပါပဲ။Meet Cute ထဲက ရှီလာကလည်း ဒီလိုပါပဲ၊ ချစ်ရတဲ့ ဂယ်ရီနဲ့ တွေ့ခဲ့ရတဲ့ညကို အဘက်ဘက်က ပြီးပြည့်စုံချင်နေပါတယ်။ ပြီးပြည့်စုံအောင်လည်း အချိန်တွေနောက်ပြန်သွားပြီး ဂယ်ရီကို အမျိုးမျိုးပြောင်းလဲနိုင်အောင်ကြိုးစားပါတယ်။ ဂယ်ရီ့ရဲ့ ငယ်ဘဝတွေထိပါပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့် လောကကြီးက ဒီလောက်မလွယ်ကူမှန်းသိခဲ့ရဖို့ အချိန်တွေအကြာကြီးအကုန်ခံခဲ့ရပါတယ်။Kaley Cuoco ရဲ့ ကလပ်တက်တက် သရုပ်ဆောင်မှုနဲ့ Pete Davidson ရဲ့မထုံတက်သေးအမူအရာပေါင်းစပ်ထားတဲ့ ဒီကားက သရုပ်ဆောင်နေရာမှာတော့ အတော်လေးအားရစရာကောင်းပါတယ်၊ Plot Twist တွေလည်း များပြီးတော့ ဇာတ်အိမ်ခိုင်တဲ့ကားမို့ ဘယ်လိုတွေ အချိန်ခရီးသွားလဲ၊ ဂယ်ရီ့ကို ဘာတွေပြောင်းလဲခဲ့လဲဆိုတာကတော့ Meet Cute မှာပဲ ရှုစားကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Murphy မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie
Meet Cute (2022)
2022
6.8
Bodies Bodies Bodies (2022)
Bodies Bodies Bodies (2022) ====================IMDb Rating - 6.8/10ဟာသ၊ ဟော်ရာ၊ သည်းထိပ်ရင်ဖိုရုပ်ရှင်အသစ်ပါ။ ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပါတယ်။ လှည့်ကွက်တွေပါပါတယ်။ ရယ်ရမလို ငိုရမလိုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးဟော်ရာကားတွေလိုပါပဲ။ သူဌေးသားသမီး သူငယ်ချင်းတစ်အုပ်စုဟာ လူသူမနီးတဲ့ စံအိမ်ကြီးတစ်ခုထဲမှာ ပါတီလုပ်ကြ ပါတယ်။ သူတို့အားလုံးမှာတော့ ထုံးစံအတိုင်း နောက်ကြောင်းရာဇဝင်ကိုယ်စီနဲ့ပေါ့။ပါတီလုပ်ကြ ကဲကြရင်းနဲ့ ဆော့နေကျ ဂိမ်းတစ်ခုကို သူတို့ စပြီးကစားကြပါတယ်။ အဲဒီဂိမ်းကတော့ Bodies Bodies Bodies ဆိုတဲ့ဂိမ်းပါပဲ။ မဲနှိုက်ပြီးတော့ မဲပေါက်တဲ့လူက လူသတ်သမားလုပ်ရတယ်။ မီးခဏပိတ်တဲ့အချိန်မှာ တစ်ယောက် ယောက်ရဲ့ ကျောကိုထိလိုက်ရင် အဲဒီလူက သေချင်ယောင်ဆောင်ပေးရတယ်။ ပြီးရင် အဲဒီအလောင်းကိုစတွေ့တဲ့သူက Bodies Bodies Bodies အလောင်းတွေ့တယ် ဆိုပြီး အော်ရပါတယ်။ ဒီတော့မှာ လူတွေပြန်စုပြီး လူသတ်သမားက ဘယ်သူလဲဆိုတာ မေးခွန်းတွေနဲ့အဖြေရှာရတဲ့ဂိမ်းပါ။ ဒါပေမဲ့ အဲဒီအချိန်မှာ မုန်တိုင်းကျလာပြီး မိုးတွေသည်း မီးတွေတကယ်ပျက်သွားပါတယ်။ နောက်တော့ သူတို့ အလောင်းအစစ်တစ်ခုကိုစတွေ့ လိုက်ရပြီး လူသတ်တရားခံကိုရှာရင်းနဲ့ တစ်ယောက်ပြီး တစ်ယောက် သေဆုံးလာရတဲ့အခါ . ...
movie
Bodies Bodies Bodies (2022)
2022
5.4
Marmaduke (2022)
ခန္ဓာကိုယ်ကကြီးမားသလောက် ကလေးဆိုးကြီးလိုအဆော့မက်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ပြာကလက်စိန်ဂရိတ်ဒိန်းခွေးအမျိုးအစားလေး Marmaduke...တစ်နေ့မှာတော့သူ့ကိုထိန်းမရလို့ သူ့သခင်Philက အခန်းပိတ်အပြစ်ပေးခဲ့ပါတယ်။ခန္ဓာကိုယ်ကိုသာလှောင်ပိတ်လို့ရမယ် ပြာကလက်စိန်လုပ်တတ်တဲ့ငါ့ရဲ့အကျင့်ကိုတော့လှောင်ပိတ်မရဘူးဆိုတဲ့မူနဲ့အတူ သူမွှေခဲ့ပါတော့တယ်။အပြင်ဘက်မှာ Philရဲ့သား Marmaduke ရဲ့သူငယ်ချင်းလေး Billy ရဲ့မွေးနေ့ပွဲကျင်းပနေချိန် အပေါ်ထပ်သော့ခတ်ထားတဲ့အခန်းထဲကနေ သူခုန်ထွက်လာခဲ့ပါတယ်။ပါတီပွဲတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ရဲ့သူ့ရဲ့အမွှေစိန်ဖြစ်ရပ်ကို မှတ်တမ်းတင်ကာဆိုရှယ်မီဒီယာထက်တင်လိုက်ရာက လူကြိုက်များကျော်ကြားလာခဲ့ပါတော့တယ်။ဒီလိုထိန်းမနိုင်သိမ်းမရဖြစ်နေတဲါ Marmadukeရဲ့သတင်းကို ခြောက်ကြိမ်ဆက်ချန်ပီယံခွေးလေ့ကျင့်ရေးသမား Guy Hilton တွေ့သွားခဲ့ရာကနေ....Marmaduke ရဲ့အနာဂတ်ဘယ်လိုဆက်ဖြစ်လာမလဲဘယ်လိုတွေဆက်မွှေဦးမှာလဲစတာတွေကို ရယ်ပြုံးဖွယ်ရာကြည့်ရှုရမယ့် Netflix ကနေအသစ်ထွက်လာတဲ့ animation ကားလေးဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.6GB) / (800MB) Quality__WebDL_1080p, 720p IMDb Rating__5.4/10 Format__mp4 Duration__01:30:00 Type__Animation, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie
Marmaduke (2022)
6.7
I Want You Back (2022)
ပီတာနဲ့ အမ်မာတို့ဟာ တတိုက်ထဲမှာအလုပ်တူတူလုပ်ပေမယ့် အချင်းချင်းမသိကြပါဘူး။တစ်ရက်မှာ မတော်တဆတွေ့မိရာကနေ သူတို့နှစ်ယောက်လုံး နှစ်ရှည်ကြာတွဲခဲ့တဲ့ရည်းစားတွေက မကြာသေးခင်ကပဲ ထားပစ်ခြင်းခံကြရမှန်းသိသွားကြပါတယ်။ဒီလိုနဲ့ပဲ သူတို့ရဲအရင်ရည်းစားတွေကိုပြန်ရနိုင်အောင် အချင်းချင်းကူညီပေးဖို့သဘောတူလိုက်ကြပါတယ်။သူတို့အကြံအစည်အတိုင်းလုပ်ကြရာမှာ ဟာသတွေ၊တလွဲတွေဖြစ်လာသလို နာကျင်ရမှုတွေ၊အချင်းချင်းလည်းနီးစပ်လာမှုတွေလည်း ဖြစ်လာပါတော့တယ်။အမ်မာနဲ့ပီတာတို့နှစ်ယောက်သူတို့ဘ၀ရဲ့အချစ်စစ်ကိုရှာတွေ့နိုင်မှာလား။ဒီကားက Romantic Comedy လေးဖြစ်ပြီး Romance အပိုင်းရော Comedyအပိုင်းကိုပါ ပိုင်နိုင်အောင်ရိုက်ပြထားပါတယ်။ဒါရိုက်တာ Jason Orley ကရိုက်ကူးထားပြီး Jenny Slate,Charlie Day,Scot Eastwood,Gina Rodriguezတို့ပါ၀င်ထားပါတယ်။Rotten tomatoမှာ 89%,Imdb 6.7/10 ရထားပါတယ်။ File size…(1.96 GB)/(820.33 MB)/(482.88 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
I Want You Back (2022)
7.9
The Suicide Squad (2021)
The Suicide Squad (2021)Superheroဆိုတာဂျိုနဲ့လားလို့ တွေ့သမျှလူတိုင်းကို Face to Face လိုက်မေးမယ့် Harley Quinn ရဲ့ Suicide SqaudလာပါပြီMarvel ရဲ့ ဗရုတ်သုတ်ခအဖွဲ့ဖြစ်တဲ့ GOTGနဲ့သောင်းကျန်းလို့အပြီးမှာတော့ ဒါရိုက်တာ James Gunnတစ်ယောက် DC universeရဲ့ မျောက်လောင်းအဖွဲ့ဖြစ်တဲ့ Suicide Squadဆီကိုပါ ရောက်လာခဲ့ပါပြီIMDB rating - 7.9 နဲ့ Rotten Tomatoes rating - 95% တောင်ရထားတာမလို့ DCEU ရဲ့ ဇာတ်ကားတွေထဲမှာ အမြင့်ဆုံး ratingလို့တောင် ပြောလို့ရပါတယ်U.S အစိုးရရဲ့ အရာရှိကြီး အမန်ဒါဝေါလ်လာတစ်ယောက် Enchantressနဲ့ ရင်ဆိုင်အပြီးမှာ နောက်ထပ်ကမ္ဘာပျက်မယ့် ဘေးအန္တရာယ်ကြီးတစ်ခုအတွက် အသေခံ Suicide Sqaud အသစ်တစ်ခုကို ထပ်ပြီးဖွဲ့စည်းရပြန်ပါပြီအဲ့ဒီအန္တရာယ်ကတော့ တောင်အမေရိကကျွန်းငယ်နိုင်ငံလေးတစ်ခုကို အုပ်ချုပ်နေတဲ့လူတစ်စုရဲ့ လက်ထဲကိုရောက်ရှိနေတဲ့ Project Starfish လို့ခေါ်တဲ့ ဒီကမ္ဘာပြင်ပကမျိုးစိတ်တစ်ခုပါအဲ့ဒီမျိုးစိတ်နဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုလုပ်ငန်းတွေကို အဲ့ဒီကျွန်းနိုင်ငံလေးအထိ သွားရောက်ဖျက်ဆီးရမှာက ဇာတ်လိုက်ကျော် Suicide Sqaud ကြီးရဲ့တာဝန် ...
movie
The Suicide Squad (2021)
2021
4K HEVC
7.2
The King of Staten Island (2020)
The King of Staten Island (2020)========================IMDb Rating - 7.2/10#Unicodeဒီဇာတ်ကားကတော့ ၂၀၂၀ ခုနစ်ထွက် Comedy/Drama ဇာတ်ကားပါ။ Comedy ဆိုတဲ့နေရာမှာခါတိုင်းလို Punch Lines ပေါင်းများစွာနဲ့ သောခနဲ ဝေါခနဲရယ်ရတာမျိုး မဟုတ်ဘဲ ရသတစ်မျိုးကိုပေးစွမ်းနိုင်တာမို့ ကိုယ်တိုင်ပဲ ခံစားလိုက်ပါ။ဇာတ်လမ်းအကျဉ်းကို မပြောခင် Pete Davidson အကြောင်းနည်းနည်းပြောပြချင်ပါတယ်...သူကတော့ Stand up Comedian တစ်ယောက်ပါ ။ Ariana Grande ရဲ့ Ex တစ်ယောက်အနေနဲ့လည်းသိကြမယ်ထင်ပါတယ်။ အခု ဒီ ၂ နာရီကျော်တဲ့ဇာတ်ကားက Pete ရဲ့ autobiography မဟုတ်ပေမယ့်သူ့ရဲ့ ဘဝမှန်ကိုလည်း ထင်ဟပ်နေတယ်လို့ဆိုပါတယ်။ သူကိုယ်တိုင် တွဲဖက်ဇာတ်ညွှန်းရေးသားထားတယ်လို့လည်း သိရပါတယ် သရုပ်ဆောင်လည်း တော်တော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့၇ နှစ်သားအရွယ်မှာ မီးသတ်သမားဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စကော့ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူက ...
movie
The King of Staten Island (2020)
202020
6.5
The Angry Birds Movie 2 (2019)
movie
The Angry Birds Movie 2 (2019)
2019
7.0
The Dirt (2019)
Bohemian Rhapsody တို့လို Rock Star တို့လို Lords of Chaos တို့လိုRock ဂီတဆိုင်ရာ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက်၂၀၁၉ ခုနှစ်ထဲထွက်ရှိထားတဲ့ the Dirt ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် …IMDb – 7/10 တောင်ရရှိထားတဲ့ ဇာတ်ကားလေးပါThe Dirt ဇာတ်ကားဟာ ၁၉၈၀ ပတ်ဝန်းကျင်မှာ စတင်ကျော်ကြားခဲ့တဲ့အမေရိကန် ဟဲဗီးမက်တယ် ဂီတတီးဝိုင်းတစ်ခုဖြစ်တဲ့ Motley Crue တီးဝိုင်းရဲ့ဟောလိဝုဒ်လမ်းမတွေထက်ကနေ နိုင်ငံတကာ စင်မြင့်တွေထက်ကို ရောက်ရှိလာပုံတွေကိုဝိုင်းတော်သားတွေက ကိုယ့်အကြောင်း ကိုယ်ပြောပြနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါ …Motley Crue တီးဝိုင်းဟာ မြန်မာ Rock ပရိသတ်တွေနဲ့လည်း မစိမ်းပါဘူး …မျိုးကြီးရဲ့ ကျောက်စာများ…ဇော်ဝင်းထွဋ်ရဲ့ သွေးတိတ်တေး စတဲ့ ...
movie
The Dirt (2019)
2019
5.5
What Men Want (2019)
unicode အေလီ ဟာ အားကစား ကြေငြာလုပ်ငန်းတွေကို အားကစား သမားတွေ နဲ့ ချိတ်ဆက်ပေးတဲ့ အေးဂျင့် တစ်ယောက်ဖြစ်ပါတယ်... အလုပ်ထဲမှာ မိန်းမသား ဆိုလို့ သူမ တစ်ယောက်ထဲဖြစ်ပြီး လုပ်ငန်းထဲက အမျိုးသားတွေ နဲ့ မှီအောင် အမြဲရင်ဘောင်တန်းနိုင်သူပါ မိမိကိုယ်ကိုလဲ အမြဲယုံကြည်ချက် ရှိသူတစ်ယောက်ပေါ့... ဒီလိုနဲ့ တစ်ရက်မှာတော့ သူမ ကြံစည်နေတဲ့ ကစားသမားတစ်ယောက်ကို လုပ်ငန်းထဲက အေးဂျင့် တစ်ယောက်က ဖြတ်လုသွားရာကနေ အကြီးအကျယ်တင်းသွားပါတော့တယ် သူဌေးဖြစ်သူကလဲ အေလီ ကို အမျိုးသားများနဲ့ ပူးပေါင်းအလုပ်မလုပ်တက်ကြောင်း ယောင်္ကျားများကို နားမလည်တဲ့ အတွက် ရာထူးတိုးဖို့ ခက်ကြောင်း ခေါ်ပြောပါတယ် အဲ့ဒီညမှာပဲ သူငယ်ချင်းတွေ နဲ့ အေလီ မူးအောင် သောက်ပါတော့တယ် နောက်နေ့ မနက် နိုးလာတဲ့အခါမှာတော့ တစ်ခုခုက မှားယွင်းနေခဲ့ပါတယ် အေလီ ဟာ ယောင်္ကျားတိုင်းရဲ့ စိတ်ကို ဖတ်နိုင်တဲ့ အကြားအမြင်ရတဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်နေတာ သိလိုက်ရပါတော့တယ်... ကဲ ... ဟာသ ကား ကောင်းကောင်းလေး ကြည့်ချင်တဲ့သူတွေအတွက် အေလီ နဲ့ သူမ ရဲ့ အလွဲများကို ရယ်ဖို့ အသင့်ဖြစ်နေပြီလား တစ်ခုသတိပေးချင်တာကတော့ ...
movie
What Men Want (2019)
2019