Channel Myanmar
Pep Tosar
Journey to You (2025) 6.7
Journey to You (2025)  ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်က ထွက်ရှိခဲ့တဲ့Romance ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဒါရိုက်တာ Terry Ingram က ရိုက်ကူးထားပြီးတော့Erin Cahill, Erik Valdez, Isabelle Brès,Pep Tosar နဲ့ Solal Bellaiche တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အလုပ်မှာ ရာထူးတိုးမရသွားလို့ စိတ်ဓာတ်ကျနေတဲ့ Monica ဟာ စိတ်ပြေလက်ပျောက်ဖြစ်သွားဖို့အတွက် စပိန်နိုင်ငံက Caminode Santiago ဘာသာရေးလမ်းလျှောက်ခရီးစဉ်ကိုသွားပါတယ်။ အဲဒီမှာ ခရီးသွားဖော်ခရီးသွားဖက် Luis နဲ့တွေ့သွားပြီးတော့ သူတို့နှစ်ယောက် ခရီးစဉ်တစ်လျှောက်အမှတ်တရတွေဖန်တီးရင်း အချင်းချင်းရင်းနှီးသွားပြီးချစ်ကြိုက်သွားကြပုံကို ကြည်ရှုကြရမှာပါ။ဒီဇာတ်ကားလေးက အချစ်ဇာတ်လမ်းသက်သက်တင်မဟုတ်ဘဲ ဘဝရဲ့ပျော်ရွှင်မှု၊ ဘဝရဲ့ရည်ရွယ်ချက်နဲ့ကိုယ့်နှလုံးသားနောက်ကိုလိုက်ဖို့အတွက် လိုအပ်တဲ့သတ္တိကို ဘာသာရေးနဲ့ရှာဖွေကြပုံကို ကြည်နူးဖွယ်ရိုက်ကူးထားပါတယ်။ဇာတ်လမ်း setting ချထားတဲ့နေရာက အရမ်းလှပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။  File size… (1.55 GB) / (757 MB) Quality… WEB-DL 1080p HEVC ...
movie
Journey to You (2025)
Sleep Tight (2011) 7.2
Sleep Tight (2011)  Sleep Tight (2011)IMDb Rating (7.2) / Rotten Tomatoes (92%)တစ်စုံတစ်ယောက်က သင့်ရဲ့ပျော်ရွှင်မှုတွေကို နှုတ်ယူဖို့ အစဉ်တစိုက်ကြိုးပမ်းနေတယ်…အဲ့ဒီတစ်စုံတစ်ယောက်က သင်အိပ်ပျော်သွားတာကို အမြဲတမ်းလာစောင့်ကြည့်နေတယ်ဆို ဘယ်လိုခံစားရမလဲ???ဇာတ်ကားတချို့မှာ အော့နှလုံးနာစရာဗီလိန်မျိုးတွေကို မြင်ဖူးကြလိမ့်မယ်။ဒီဇာတ်ကားထဲက ဗီလိန်ကတော့ မြင်ဖူးသမျှ ဗီလိန်တွေထဲမှာ တော်တော်လေး အော့နှလုံးနာစရာဗီလိန်မျိုးဖြစ်နေခဲ့တယ်။သူက လူတွေပျော်ရွှင်နေတာကို မခံစားနိုင်တဲ့လူသူ့ပတ်ဝန်းကျင်က လူတိုင်းရဲ့ ပျော်ရွှင်မှုကို နှုတ်ယူဖို့ အမြဲကြံစည်နေတဲ့လူတနည်းအားဖြင့် ပျော်ရွှင်မှုကိုသတ်တဲ့လူ။ဒီလို လူမျိုးက မိန်းကလေးတစ်ယောက်ရဲ့အိပ်ခန်းထဲကို ညတိုင်းဝင်လာပြီး မိန်းကလေးရဲ့ပျော်ရွှင်မှုတွေကို ဘယ်လိုသတ်မလဲဆိုတာ…….။ဇာတ်လမ်းကတော့ နောက်ဆုံးခန်းထိ အော့နှလုံးနာအောင်ရိုက်ကူးသွားပါတယ်။စပိန်ဇာတ်ကားဖြစ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွက်တစ်ကွက်မှမပါဘဲIMDb Rating (7.2/10) ထိရရှိထားတာကိုကြည့်ရင် ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ဇာတ်အိမ်ကိုသတိပြုမိပါမယ်။File size…(2.3 GB) / (820 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Horror, Thriller Duration….01:41:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin
movie
Sleep Tight (2011)
2011
Operation Mincemeat (2022)
Operation Mincemeat (2022)    ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ...
movie
Operation Mincemeat (2022)
The Laws of the Border (2021) 7
The Laws of the Border (2021) လူတောသိပ်မတိုးပဲ ဂိမ်းဆိုင်တွေမှာပဲအနေများတဲ့ Introvert ကောင်လေး နာချိုဟာကျောင်းမှာလည်း အနိုင်ကျင့်ခံကျောင်းသားတစ်ယောက်ဖြစ်ပါတယ်.ဒီကောင်လေးဟာ တစ်နေ့သူသွားနေကြ ဂိမ်းဆိုင်ကနေ လူတစ်ချို့နဲ့တွေ့ပြီးလုယက်ဓားပြတိုက်မှုတွေ မူးယစ်ဆေးထုတ်လုပ်မှုတွေမှာပါ ပါဝင်လုပ်ကိုင်လာခဲ့ပြီး .ဘဝနှစ်မျိုးနဲ့ နေထိုင်နေပါတယ် ဒါပေမယ့်...အမှန်တရားရှောင်လွှဲလို့မရတဲ့အတိုင်းသူ့ရဲ့ Identity အမှန်ကို မိဘဆွေမျိုး ကျောင်းကအနိုင်ကျင့်နေကြ ဘော်ဒါတွေသိသွားခဲ့တဲ့အခါမှာတော့ဘာတွေဖြစ်သွားမလဲဆိုတာ ကြည့်ရမှာပါ....စပိန်လူဆင်းရဲရပ်ကွက်မှာ ကြီးပြင်းလာတဲ့လူငယ်တစ်ယောက်ရဲ့ ဖိအား‌တွေကိုရိုက်ပြထားပြီးစပိန်တွေရိုက်လေ့ရှိတဲ့ ဓားပြတိုက်လုယက်တဲ့ အမျိုးအစားဖြစ်ပြီး IMDB 7 လောက်ရထားလို့ ကြည့်ကောင်းမယ့်ကားပါပဲ(ဘာသာပြန်နဲ့အညွှန်းကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.4 GB) / (1.2 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….02:07:00 Genre...Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing  
movie
The Laws of the Border (2021)
While at War (2019) 7.1
movie
While at War (2019)
2019
Gun City(2018) 6.4
Gun City(2018) Gun City(2018) IMDb....6.3 1921 ခုနှစ်တွင် စပိန်နိုင်ငံတွင်း အုပ်ချုပ်မှုများမှာ အထူးယိုယွင်းသည့်ကာလဟုဆိုရပေမည်... ရဲတွေကလည်း လဒ်စားမှုများသလို ပြည်သူတွေကလည်း အရင်းရှင်များရဲ့ ဖိနှိပ်ခြင်းကို မတရားခံနေကြရလေသည်... ထို့ကြောင့် ဘာစီလိုနာမြို့အနှံ ဆန္ဒပြမှုများသည် မှိုလိုပေါက်နေသည်....  ထိုအချိန်တွင်ပင်စစ်တပ် လက်နက်များသယ်ဆောင် လာသည့် ရထားတွဲ ဓားပြတိုက်ခံရသည်။ စစ်တပ်သုံး လက်နက်အများအပြားတိုက်ခံရသဖြင့် အုပ်ချုပ်ရေးပိုင်းမှ လူများခေါင်းမီးတောက်ကုန်သည်....မည်သူတိုက်သည်မသိ။ ထို လက်နက်များကို ပြန်ရှာရန် အထူးစုံထောက်တစ်ယောက် ရောက်ရှိလာပြီး စုံစမ်းထောက်လှမ်းသော်လည်း ပြဿနာ မှာ ထင်သည်ထက်ခက်ကာ၊ နိုင်ငံရေး အရှုပ်အထွေးများလည်း ရောယှက်နေသေးသည်။ အဖြေကိုရှာနိုင်ရန် Double agent သဖွယ် သရုပ်ဆောင်ရင်း Twist, turn များနှင့် ရင်ခုန်ဖွယ် ကြည့်ရမည့် ဖြစ်ရပ်မှန် ဇာတ်လမ်းကောင်း တစ်ခုပင် ဖြစ်ပါသည်။  ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့သဘောကျမိတဲ့၂၀၁၈ ထွက်ဇာတ်ကားကောင်းစာရင်းထဲကို Gun city ဆိုတဲ့ကားကို ထည့်ဖြစ်လိမ့်မယ်လို့ ကျွန်တော်အာမခံတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) and ...
movie
Gun City(2018)
2018