Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Penny Marshall
6.5
Scooby-Doo! and KISS: Rock and Roll Mystery (2015)
ဒီတစ်ခေါက်မှာတော့ စကူးဘီ အဖွဲ့ဟာ အပန်းဖြေခရီးတစ်ခုထွက်လာကြပါတယ်Kiss World ဆိုတော့ နာမည်ကြီး ရော့ခ်တီးဝိုင်း ကို အမှီပြုပြီးဖွင့်ထားတဲ့ ပန်းခြံကိုပေါ့ဟောလိုးဝင်းညမှာ ဖျော်ဖြေမယ့် Kiss ရဲ့ ပွဲကို အမီ လာကြတဲ့ စကူးဘီအဖွဲ့ဟာ ထုံးစံအတိုင်း ဆန်းကြယ်ပဟေဠိကို ဖြေရှင်းရဖို့ ကြုံလာပါတော့တယ်စုန်းမနီ လို့ခေါ်တဲ့ မကောင်းဆိုးဝါးကို ဘယ်လိုရင်ဆိုင်ပြီး ဒီတခါလဲ စကူးဘီအဖွဲ့က ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်ထူးခြားတာကတော့ ဒီတခါ ဇာတ်လမ်းမှာတော့ ဆန်းကြယ်ပဟေဠိကို ဖြေရှင်းကြမှာက စကူးဘီအဖွဲ့သာမကပဲ KISS တီးဝိုင်းကပါ ပါဝင်ပူးပေါင်းပြီး ဖြေရှင်းကြတာကို တွေ့ရှိရမှာပါKISS ရဲ့ နာမည်ကြီး သီချင်းတချို့ကိုလဲ ဇာတ်ဝင်တေးအဖြစ် ထည့်သွင်းထားတာကြောင့် KISS ရဲ့ ဖန်တွေ အတွက်တော့ ကြည့်ရတာ အရသာရှိတဲ့ ဇာတ်ကားတစ်ခုဖြစ်မှာပါဒါ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ KISS ရဲ့ တကယ့် တီးဝိုင်းအဖွဲ့ဝင်တွေက ပါဝင်ထားတာဖြစ်ပါတယ်ဒီဇာတ်လမ်းမှာလဲ စကူးဘီအဖွဲ့ဟာ ဘယ်လို ...
movie
Scooby-Doo! and KISS: Rock and Roll Mystery (2015)
5.2
Alice Upside Down (2007)
Alice Upside Down (2007) ====================ကြည့်တဲ့သူတိုင်းကို စိတ်ကြည်နူးပြုံးရွှင်စေမယ့် ချစ်စရာကောင်းတဲ့ Family/Drama ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါ တယ်။ သရုပ်ဆောင်တွေကလည်း Step Up, Riverdale, High School Musical လို နာမည်ကြီးဇာတ်လမ်းတွေမှာ ပါကြသူတွေမို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့... အဲလစ်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်မလေးဟာ ၅ နှစ်အရွယ်က မိခင်ဆုံးပါးသွားပြီး အဖေဖြစ်သူ ဘန်၊ အစ်ကိုဖြစ်သူ လက်စ်တာတိုနဲ့ အတူနေထိုင်ပါတယ်။ အမေမရှိဘဲ အဖေရယ်အစ်ကိုရယ်နဲ့ပဲ ဖြစဖြစ်သ လို ကြီးပြင်းလာရတဲ့ အဲလစ်လေးဟာ ကိုယ့်ကိုယ်ကို အားမရမှုတွေနဲ့ အရှုံးသမားတစ်ယောက်လို သိမ်ငယ်နေသူပါ။ ဒါပေမဲ့ စိတ်ကူးတွေ ယဉ်ပြီး ကိုယ့်ဘာသာ မာန်တင်းတတ်ပါတယ်။တစ်နေတော့ သူတို့နေရာထိုင်မြိုကနေ ပြောင်းလာပြီး အိမ်အသစ် ကျောင်းအသစ်ကို အဲလစ်ရောက်လာပါတယ်။ ထုံးစံအတိုင်း မပေါင်းတတ် မသင်းတတ်တဲ့ အဲလစ်မှာ သူငယ်ချင်းမရှိသလောက်ပါပဲ။ ပိုဆိုးတာက ကျောင်းမှာ သူမကျချင်တဲ့ ဆရာမအခန်းထဲ ရောက်သွားခဲ့တာပါ။ တစ်ရက် တော့ သူတို့ကျောင်းမှာ ဂီတပြဇာတ်တစ်ခု လုပ်ဖိုစီစဉ်ကြပါတယ်။ ပြဇာတ် စီစဉ်သူက အဲလစ်သဘောကျမိတဲ့ ဆရာမလေးပါ။ ...
movie
Alice Upside Down (2007)
2007
6.9
Get Shorty (1995)
Get Shorty(1995)IMDb Rating (6.9) / Rotten Tomatoes (88%)သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး ...
movie
Get Shorty (1995)
6.9
Hocus Pocus (1993)
အရင်ဆုံးပြောချင်တာက Disney က တင််ဆက်ထားတဲ့ ဒီကားလေးက ကလေးရော လူကြီးပါ အပန်းပြေကြည့်ဖို့ သင့်တော်သလို စာရေးသူအနေနဲ့လည်း witchcraft တွေကို သဘောကျသူမလို့ အတော်လေး ဘ၀င်တွေ့မိပါတယ်ဇာတ်လမ်းအကျဉ်းဟိုး လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က ၀င်နီ၊ မယ်ရီနဲ့ ဆာရာဆိုတဲ့ ဆန်ဒါဆင် စုန်းညီမသုံးယောက်ရဲ့ ပုံပြင်လေးတစ်ပုဒ် ရှိသဗျသူတို့ဟာ ငယ်ရွယ်နုပျိုဖို့အတွက် ကလေးတွေရဲ့ ဝိဉာဉ်ကို စုတ်ယူစားသုံးရတယ်။ တစ်နေ့မှာ အမ်မလီဆိုတဲ့ ကလေးမလေးကို ပြုစားပြီး သူ့ရဲ့ ဝိဉာဏ်ကို စုတ်ယူခဲ့ကြတယ်။ အမ်မလီ့ကို ကယ်ဖို့ လိုက်လာတဲ့ အစ်ကိုဖြစ်သူ ဘင်ဇ်ကိုတော့ ကြောင်နက်တစ်ကောင်အဖြစ်နဲ့ ထာ၀ရ နေသွားစေတဲ့ ကျိန်စာတိုက်ပစ်ခဲ့တယ်။ဒီအဖြစ်အပျက်တွေ ဖြစ်တဲ့ နေ့မှာပဲ မြို့သားတွေက စုန်းမ ၃ ယောက်ကို ကွပ်မျက်ခဲ့ကြတယ်။ သို့ပေမဲ့ စုန်းမတွေက အပျိုစင်တစ်ယောက်ရဲ့ ဆင့်ခေါ်မှုနဲ့ သူတို့ တစ်နေ့ပြန်လာမယ်လို့ ကျိန်စာဆိုသွားခဲ့တယ်။သူ့ကို ဘယ်သူမှ မသိတော့တဲ့ သနားစရာ ကြောင်နက်ကြီးကတော့ သူတို့တွေ ပြန်မလာနိုင်အောင် ဆန်ဒါဆင်အိမ်ကြီးကို အမြဲ စောင့်ကြပ်နေခဲ့တယ်တဲ့ဒါကတော့ ...
movie
Hocus Pocus (1993)