Channel Myanmar

Penn Badgley

The Stepfather (2009) 5.6
The Stepfather (2009) The Stepfather (2009)မင်းသမီးချော Amber Heard , မင်းသားချော Penn Badgley , မင်းသားကြီး Dylan Walsh ,မင်းသမီးကြီး Sela Ward တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားက 1987 တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားကို ပြန်ရိုက်ထားတာဖြစ်ပြီး Crime,Thriller အမျိုးအစား ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားပါ။သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့ ‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် .. အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်... ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့ အများသိစရိုက်လက္ခဏာတွေပေါ့..ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့ သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီး ဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့ အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ ခိုအောင်းလို့နေပါတယ်..ဒီကားရဲ့ ဇာတ်ကြောင်းသရုပ်မှန်ကို ကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ နောက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့ သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။ အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့ နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်သူ ပထွေးကြားက သံသယနဲ့ ...
movie

The Stepfather (2009)

2009
Forever Strong (2008) 7.1
Forever Strong (2008) အားကစားရုပ်ရှင် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းက ဟိုက်လန်းရပ်ဂ်ဘီ အထက်တန်းကျောင်းအသင်းရဲ့အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်ကောင်တွေပြောသလိုဆို အမေရိကန်ဖွတ်ဘောဆိုတာ ဦးထုတ်တွေ အကာတွေထည့်ပြီး ကလေးတွေပဲကစားတာမျိုး ရပ်ဂ်ဘီကမှ တကယ့်ယောကျ်ားတွေကစားတဲ့ အားကစားတဲ့။ဇာတ်လမ်းအကျဉ်းကတော့ရစ်ခ်ဆိုတဲ့ ကောင်လေးက သောက်စားပျော်ပါးပြီး ဘာကိုမှအလေးမထားတဲ့ ဆယ်ကျော်သက် ရပ်ဂ်ဘီအားကစားသမားတစ်ယောက်ပေါ့။ အဖေဖြစ်သူနည်းပြနဲ့ မျက်နှာချင်းဆိုင်လို့မရဘဲ ကိုယ်မှန်တယ်ထင်တာလုပ်နေကြတဲ့သူတွေ။ ဒီလိုနဲ့တစ်ရက် ရပ်ဂ်ဘီပွဲတစ်ခုမှာရှုံးပြီး ပါတီကအပြန် ကားမှောက်ရာမှာ အတူလိုက်စီးတဲ့ ချစ်သူဒဏ်ရာအကြီးအကျယ်ရပြီး ရစ်ခ်တစ်ယောက် လူငယ်ထိန်းသိမ်းရေးစခန်းကို အပို့ခံလိုက်ရပါတယ်။ဒီမှာပဲ စခန်းရဲ့အုပ်ချုပ်ရေးမှူးက သူ့ကို ဟိုက်လန်းရပ်ဂ်ဘီအသင်းဆီ ပါဝင်စေဖို့စည်းရုံးခဲ့ပါတယ်။ သူမရဘူးတဲ့ နည်းပြရဲ့ ဆုံးမမှုတွေ အသင်းထဲက ညီအစ်ကိုစိတ်ဓာတ်တွေကို ရပြီးတဲ့နောက်မှာတော့ ရစ်ခ်တစ်ယောက် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အားကစားရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပါပဲ ရင်ထဲမှာ တစ်ခုခုတော့ကျန်နေစေခဲ့မှာမို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB) Quality….Blu-Ray 720p Format…mp4 Duration….01:52:00 Genre...Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Forever Strong (2008)

Margin Call (2011) 7.1
Margin Call (2011) Margin Call (2011)Margin Call ဆိုတာ Trading လောကမှ စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ မိမိအကောင့်၊ မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ သတ်မှတ်တန်ဖိုးအောက်စျေးကျသွားတဲ့အတွက် အကောင့်ပိတ်မသွားအောင် ‌ငွေထပ်ထည့်စိုက်မလား၊ ရှိသမျှပိုင်ဆိုင်မှုတွေရောင်းချမလားကို သတ်မှတ်ပေးတဲ့စည်းမျဥ်းတစ်ခုပါ။ တစ်နည်းပြောရရင် တန်ဖိုးကျသွားလို့ မွဲပြာကျသွားပြီး ဘဝမပျက်ချင်ရင် အကုန်ရောင်းလို့ဆိုလိုချင်တာပါ။ဒီလိုခေါင်းစဥ်နဲ့ ဇာတ်လမ်းလေးကတော့ 2007-2008 ခုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခုအတွင်း ဒေဝါလီခံခဲ့တဲ့ ကုမ္ပဏီတစ်ခုကို စိတ်ကူးယဥ်ပြီးပြန်ရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာတော့ စတော့ရှယ်ယာလိုမျိုး၊ အာမခံငွေလက်မှတ်လိုမျိုးတွေကို အရောင်းအဝယ်လုပ်တဲ့ ရင်းနီးမြှုပ်နံမှုကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်‌ယောက်ဟာ စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကိုကြိုသိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလောကမှာက ယခင်ဖြစ်ခဲ့ဖူးတဲ့ စျေးနှုန်းတန်ဖိုးတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကိုကြည့်ရှုပြီး နောင်ဖြစ်လာနိုင်တာကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်လို့ပါပဲ။ဖြစ်လာမယ်မှန်းလည်းသိပြီဆိုတော့ ဒီပျက်ကပ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ကြံကြပြန်ပါတယ်။ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်လေ ဆုံးရှုံးနိုင်မှုနည်းလေးပဲဆိုတော့ ညတွင်းချင်းဆုံးဖြတ်အတည်ပြုကြပါတယ်။ရှုပ်ထွေးလှတဲ့လောကကြီးမှာ သူများထက် ခေါင်းပိုသုံးတဲ့သူ၊ ဉာဏ်နီဉာဏ်နက်များတဲ့သူ၊ လက်တစ်လုံးခြားလူလည်ကျမှ ရှင်ကျန်စမြဲဖြစ်ကြောင်းရိုက်ပြထားတဲ့ စိတ်ဝင်စားစရာ financeကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size        ...
movie

Margin Call (2011)

2011
John Tucker Must Die(2006) 5.8
John Tucker Must Die(2006) ကျောင်းရဲ့အထင်ကရ ဘစ်စကတ်ဘော ကပ္ပတိန်ခေါင်းဆောင်နာမည်က John Tucker....အရပ်က ၆ပေ၀န်းကျင် ရူပါခပ်ဖြောင့်ဖြောင့် ...တစ်ချက်လောက်စိုက်ကြည့်ပြီး ပြုံးရင်းပြောလိုက်တဲ့ စကားလုံးတွေကြောင့် မာနတွေမြေခသွားတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေး....ဥာဏ်ကလည်း ခပ်များများ. ချမ်းသာတဲ့မိသားစု အသိုင်းအ၀န်းက လာတဲ့သူ... ပြောရရင် John က သူ့မှာရှိတဲ့အားသာချက်တွေ အကုန်အသုံးချပြီး မိန်းကလေးတွေကိုတွဲနေတဲ့သူ.....ခုလောလောဆယ်သူ လက်ရှိတစ်ပြိုင်နက် တွဲနေတာ ကောင်မလေး ၃ ယောက်....အဲ့ဒီ ၃ယောက်လုံး အချင်းချင်းမသိနိုင်အောင်လည်း သူကထိန်းထားနိုင်တယ်.... သို့ပေမဲ့ ....တစ်နေ့တော့ သူတွဲနေ့တဲ့ကောင်မလေး ၃ယောက်က John Tucker လူရှုတ်လူပွေတစ်ဦးဖြစ်တဲ့အကြောင်း ကိုသိသွားတယ်.....၀က်သားဒုတ်ထိုး၊ယိုးဒယား သင်္ဘောသီးထောင်း၊ရှောက်သီးသုတ် ဒီသရေစာတွေသာ ဝေစားမယ် အချစ်ကိုတော့ ဝေမစားချင်ကြဘူး ပြောရရင် အချစ်ကြီးတော့အမျက်ကြီးတယ်ပေါ့ဗျာ ဒီတော့ မိန်းကလေး ၃ယောက်ဟာ ခပ်ရိုးရိုးကောင်မလေးတစ်ယောက်နဲ့ပေါင်းပြီး John Tucker ကို ပြန်လက်စား ချေဖို့ စီစဉ်ကြတော့တယ်...ခပ်ရိုးရိုးကောင်မလေးကိုအသုံးချပြီးတော့ John အသည်းကိုကွဲအောင် လုပ်ကြတယ်...သူတို့က အသေးစိတ်အစီအစဉ်တွေဆွဲတယ် အချင်းချင်းတိုင်ပင်တယ် ကိုင်းပြိတ်သတ်ကြီး John Tucker တစ်ယောက် ဘယ်လိုတွေဖြစ်မလဲဆိုတာကိုတော့ ကြည့်လိုက်ပါဦး...... John Tucker Must Die ဆိုတဲ့ ဒီကားလေးဟာ ...
movie


2006