Channel Myanmar

Peggy Tseng

I am the Secret in Your Heart ( 2024 ) 6
I am the Secret in Your Heart ( 2024 ) ရည်းစားတွေဘယ်လောက်ပဲထားထား ငယ်ငယ်ချစ်သူကိုမေ့မရနိုင်ပဲ အတိတ်ကအမှတ်တရတွေကိုပဲပြန်မိနေတာမျိုးရှိကြလား?သွက်လက်တက်ကြွတဲ့အထက်တန်းကျောင်းသူလေး ရှောင်ရှဟာ ကျောင်းပြောင်းလာတဲ့ စာတော်တဲ့ကျောင်းသားအသစ်လေးကို မြင်မြင်ချင်းချစ်မိသွားတယ်။ ရင်ခုန်သံတွေကိုထိန်းမရတဲ့ ရှောင်ရှလေး ကျောင်းသားသစ်လေးချန်ယိရဲ့အချစ်ကိုရဖို့ အသည်းအသန်ကြိုးစားပြီး လိုက်တော့တာပေါ့။ငယ်ငယ်ကတည်းက ရှောင်ရှနဲ့ရင်းနီးလာတဲ့ သူငယ်ချင်းလေးယို့ကျီကတော့ ဘေးမှာမသိမသာအမြဲအဖော်လုပ်ပေးနေတတ်ပြီးတော့ တစ်ခေါက်တော့ကြိုးစားဖွင့်ပြောကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ မြင်မြင်ချင်းချစ်မိတဲ့ကောင်လေးနဲ့ ငယ်သူငယ်ချင်းကြားမှာ ရှောင်ရှတစ်ယောက်ဘယ်လိုရွေးချယ်မလဲ…… Filesize : 1.36 GB / 761 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Comedy , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

I am the Secret in Your Heart ( 2024 )

Workers The Movie ( 2023 ) 5.9
Workers The Movie ( 2023 ) ထိုင်ဝမ်ဇာတ်လမ်းတွဲ Workers (2020) ကိုရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ဘဝကိုအဓိကထားပုံဖော်ထားပြီးတော့ လူတွေရဲ့မြေနိမ့်ရာလှံစိုက်တတ်ပုံတွေ လူနေမှုဘဝနိမ့်ကျပေမယ့် စိတ်စေတနာပြည့်ဝတဲ့အလုပ်သမားပြည်သူတွေရဲ့ လေးစားစရာစိတ်ဓာတ်ကိုရိုက်ပြသွားတဲ့ ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်က သံလုပ်သားညီအစ်ကိုအားချီနဲ့အားရှင်း၊ အစ်ကိုချန်းနဲ့ မြေကော်စက်မောင်းသမားအားချန်းတို့ဟာ ချမ်းသာဖို့အိပ်မက်တွေရှိကြတဲ့ လုပ်သားတွေဖြစ်ကြတယ်။ သူတို့ဟာအလွဲလွဲတွေကြားမှာ ဆုံတွေ့ကြပြီးတော့ ရင်းနီးလာခဲ့ကြတယ်။သူတို့တွေက အိပ်မက်မက်ကြတယ်။ အိပ်မက်တွေပျက်စီးရတယ်။ အားမလျှော့ပဲ လဲရာကပြန်ထကြတယ်။ ကိုယ်စီအခက်အခဲတွေရှိရဲ့သားနဲ့ ဆင်းရဲတဲ့မြေးအဖွား၂ယောက်ကို အိမ်အသစ်ဆောက်ပေးဖို့ ကြိုးစားကြတယ်။ လူသားဆန်တဲ့ သာမန်လုပ်သားတွေရဲ့ဘဝကို ဟာသနှောပြီး ပုံဖော်ထားတဲ့အတွက် ရယ်ရတဲ့အပြင် အားတက်စေမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 2.11 GB / 0.98 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv  Genres : Comedy , Family Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Workers The Movie ( 2023 )

The Pig, the Snake and the Pigeon ( 2024 ) 6.1
The Pig, the Snake and the Pigeon ( 2024 ) ဒီတစ်ခါ CM ကနေထိုင်ဝမ်မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ The pig, The snake and the pigeon ဆိုတဲ့ ကားလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ချန်ကွေလင်ဆိုတဲ့လူက တစ်လောကလုံးသူ့နာမည်ကို ဘယ်သူမှမသိတဲ့လူမရှိအောင် ဖြစ်ချင်တဲ့လူတစ်ယောက်ပေါ့။ဒါကြောင့်ပဲ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုသတ်ဖြတ် ပစ်ခတ်တဲ့အလုပ်ကိုလုပ်တယ်။ တနေ့မှာ ဆေးစစ်လိုက်ပြီးနောက် အဆုတ်ကင်ဆာ အဆင့်လေးရှိနေတာကိုသိသွားတဲ့အချိန် သူ့ဘဝမှာ သိက္ခာရှိရှိနာမည်ကျန်စေမယ့် အလုပ်တစ်ခုကိုမသေခင်မှာ လုပ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒီတော့ သူအလုပ်ချင်ဆုံးကဘာများဖြစ်နေမလဲ။ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြလဲစတဲ့ စိတ်ဝင်စားကောင်းတဲ့ဇာတ်လမ်းတွေအပြင် ထိုင်ဝမ်လေသံကိုပါ လေ့လာရတာမို့ လက်မလွတ်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Pig, the Snake and the Pigeon ( 2024 )

Gatao: The Last Stray (2021) 6.0
Gatao: The Last Stray (2021)  အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အချစ်အကြောင်းကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ အချစ်ဆိုတဲ့ထဲမှာ သမီးရည်းစားအချစ်တင်မကဘဲ သူငယ်ချင်းပေါင်းဖော်အချင်းချင်းချစ်တဲ့အချစ်ကိုပါ လှလှပပပုံဖော်ထားပြသထားတဲ့ ထိုင်ဝမ် ဇာတ်လမ်းကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်ဂန်းစတားဆိုတာမျိုးက ကိုယ်လုပ်ချင်လွန်းလို့ဖြစ်လာတာမဟုတ်ဘဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်သာဘဲဖြစ်လာရတာပါ အားချင်းဆိုတဲ့ကောင်လေးဟာလည်း တည်ငြိမ်တဲ့အိမ်တစ်ခု သာမန်ဘဝတစ်ခုကို တောင့်တနေတဲ့ ဂန်းစတားတစ်ယောက်ပေါ့ သူဟာ ရှောင်ချီဆိုတဲ့ ဓာတ်ပုံဆရာမလေးနဲ့တွေ့ပြီး သူ့စိတ်ကူးတွေ ဖြစ်လာခါနီးအချိန်မှာ သူတို့ အဖွဲ့က ဆေးကုန်ကူးမှုအရှုပ်အရှင်းတွေနဲ့ ဆက်နွယ်ပတ်သတ်လာပါတော့တယ် ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ အားချင်းတစ်ယောက် သူ့ညီအစ်ကိုတွေနဲ့ သူချစ်ရတဲ့ ကောင်မလေးကို ဘယ်လိုကာကွယ်နိုင်ဖို့ ကြိုးစားမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါနော် ။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )Quality__1080p,720p,360p IMDb Rating__6.0/10 Format__mp4 Duration__02:05:00 Type__Crime , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

Gatao: The Last Stray (2021)