Channel Myanmar

Pavla Beretová

Year of the Widow (2024) 6.4
Year of the Widow (2024)  Year of the Widow (2024)IMDb Rating (6.4) ဒီဇာတ်လမ်းလေးကတော့ Respekt မဂ္ဂဇင်းမှာရေးခဲ့တဲ့ Zuzana Pokorná ရဲ့ ဆောင်းပါးကို Veronika Lišková က ရိုက်ကူးခဲ့တဲ့ Czech ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ခင်ပွန်းသည် သေဆုံးမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပူဆွေးလွမ်းဆွတ်မှု၊ သေစာရင်းလုပ်ငန်းစဉ်နဲ့ ကိုယ်ပိုင်ဘဝပြောင်းလဲမှုတွေကို ခံစားချက်အလိုက် ပေါ်လွင်အောင်ဖော်ပြထားပါတယ်။Plot reviewဘာသာပြန်တစ်ယောက်ဖြစ်တဲ့ Petra တစ်ယောက် ရုတ်တရက် သူ့အမျိုးသားဆုံးပါးသွားလို သူ့ဘဝကြီး အချိုးအကွေ့ပြောင်းလဲသွားခဲ့တယ်။သူ့ခင်ပွန်းအပေါ် လွမ်းဆွတ်ပူဆွေးမှုတွေကို ခံစားနေရတဲ့ကြားက ကြီးမားတဲ့ သေဆုံးမှုလုပ်ငန်းစဉ် ဝန်ထုတ်ဝန်ပိုးတွေဖြစ်တဲ့— ဘဏ်၊ အမွေခံမှု၊ ဥပဒေ စာရွက်စာတမ်းနဲ့ ရှေ့နေကိစ္စတွေအပြင် ဆယ်ကျော်သက် သမီးလေးနဲ့ သားသမီးဆက်ဆံရေးကိုပါ ကိုင်တွယ်ဖြေရှင်းရင်း သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ မပြိုလဲသွားအောင် ဘယ်လိုကြိုးစားတောင့်ခံမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.9 ...
movie

Year of the Widow (2024)

2024
A Christmas Story (2022) 6.2
A Christmas Story (2022) A Christmas Story (2022)ခရစ္စမတ်ဇာတ်လမ်းလေးလို့ အမည်ရတဲ့ Family type ချက်ဇ်စကားပြော ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိသားစု၀င်တွေကြားက နားလည်မှု‌တွေ မိတ်ဆွေ သမီးရည်းစား ဇနီးမောင်နှံတွေရဲ့ ဆက်ဆံရေးတွေကို ပေါ့ပေါ့ပါးပါး အစုံအလင် ခံစားရမှာပါ။ မိသားစုကားဆိုတဲ့အတိုင်း ဇာတ်ကောင်များများနဲ့ သူတို့ရဲ့ ခရစ္စမတ်နေ့မှာ ကြုံရတဲ့ အဖြစ်အပျက်လေးတွေကို စုစည်းတင်ဆက်ထားတာပါ။မိန်းမထိန်းချုပ်တာခံနေရတဲ့ ထရန်းဒရိုင်ဘာရယ်... သူ့ကို ထရန်းပေါ်မှာ ရန်စတဲ့ လူရယ်... အင်တာဗျူးမှာ ၀န်ကြီးကို ဝေဖန်လေကန်နေတာကို မတော်တဆလွှင့်မိသွားလို့ ပြသာနာတက်နေတဲ့ Deputy ရယ်... သူ့ချစ်သူပဲရစ်က ပြန်လာမှာကိုမျှော်နေတဲ့ Deputy အမေအဘွားကြီးရယ်... သူတို့သားသမီးတွေကလည်း ကိုယ်စီ ဇာတ်လမ်းလေးတွေနဲ့... ဒီလူတွေက ဘယ်လိုရေစက်တွေနဲ့ ဆက်ပြီး ပတ်သက်မိမှာလဲ... နောက်ထပ် ဘယ်ဇာတ်ကောင်တွေရော ဆက်နွယ်နေမှာလဲ... သူတို့တွေအားလုံး ခရစ္စမတ်ကို ဘယ်လိုဖြတ်သန်းကြလဲဆိုတာ... ရသမျိုးစုံနဲ့ ရှုစားနိုင်ပါပြီ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK ...
movie

A Christmas Story (2022)

2022