Channel Myanmar

Paulo Avelino

Maybe Today (or) Ngayon Kaya (2023) 6.1
Maybe Today (or) Ngayon Kaya (2023)  Maybe Today (2023)IMDb Rating (6.1)အကယ်၍ ကျွန်တော်တို့သာ ခံစားချက်ကိုမဖုံးကွယ်ဘဲ ရိုးသားခဲ့ကြမယ်ဆိုရင်...အကယ်၍ ကျွန်တော်တို့သာ သူငယ်ချင်းဆိုတဲ့ဝေါဟာရကို ဆုပ်ကိုင်မထားခဲ့ဘူးဆိုရင်...အကယ်၍ ကျွန်တော်တို့သာ ကျွန်တော်တို့အရမ်းချစ်ရတဲ့သူကို ဖွင့်ပြောဖို့သတ္တိမျိုး ရှိခဲ့မယ်ဆိုရင်... ဒီဇာတ်လမ်းလေးက ကောလိပ်မှာကတည်းက ခြောက်နှစ်ကျော် ချစ်လာခဲ့တဲ့ ဆင်းရဲသား ကောင်လေးတစ်ဦးနဲ့သူ့ရဲ့သူငယ်ချင်းဆိုတဲ့ သူဌေးသမီးလေးရဲ့ ရင်နာစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။မတူညီတဲ့ ဘဝအဆင့်အတန်းကြောင့် ကိုယ်ဝါသနာပါတဲ့ ဂီတအိပ်မက်ကိုစွန့်လွှတ်ပြီး ကနေဒါကိုအလုပ်လုပ်ဖို့ သွားခဲ့ရတဲ့ Harold နဲ့ကျန်ရစ်ခဲ့ရတဲ့ သူငယ်ချင်းမလေး AM တို့ နောက်ငါးနှစ်ကျော်မှ သူများမင်္ဂလာဆောင်တစ်ခုမှာ ပြန်ဆုံတွေ့ရင်း အရင်ကခံစားချက်တွေ ပြန်ပေါ်ပေါက်လာတဲ့အခါမှာ...သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွေကို ဖွင့်ပြောလာနိုင်မှာလား...ဒါမှမဟုတ် အရာအားလုံးက နောက်ကျသွားပြီလားဆိုတာကို ဒီဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File size…(1.9 GB) / (765 MB) Quality….WEB-DL ...
movie

Maybe Today (or) Ngayon Kaya (2023)

2023
Elevator (2024) 7.6
Elevator (2024) Elevator (2024)ဒီကားကတော့ ထူးထူးခြားခြား ဓာတ်လှေကားထဲပဲ ဇာတ်အိမ်တည်သွားတာများတယ်။ ဒါပေမဲ့ အဓိကကတော့ ဓာတ်လှေကားမဟုတ်ဘူးပေါ့။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတဲ့လူတွေအကြောင်း။ ကိုယ်တိုင်ကလည်း အဲဒီလိုလူဖြစ်နေပေမဲ့ အဲဒီလိုလူတွေကို ကူညီချင်လို့ App တစ်ခု ရေးပြီး အဲဒီappအတွက် ရင်းနှီးမြုပ်နှံသူကို ဓာတ်လှေကားစောင့်ကောင်လေးလုပ်ရင်း ဓာတ်လှေကားထဲပဲ ရှာခဲ့တဲ့အကြောင်းပေါ့။ ဓာတ်လှေကားမှာ အတက်နဲ့အဆင်းရှိသလို ဓာတ်လှေကားထဲမှာ သူလည်း အတက်တွေ အဆင်းတွေ ကြုံခဲ့ရတယ်။ ဓာတ်လှေကားထဲပဲ အချစ်ကိုတွေ့ခဲ့သလို ဓာတ်လှေကားကနေပဲ အချစ်နဲ့ဝေးခဲ့တယ်။ ဓာတ်လှေကားကနေပဲ ရင်းနှီးမြုပ်နှံသူရခဲ့သလို ဓာတ်လှေကားထဲကနေပဲ ငွေတွေကို သူကျောခိုင်းခဲ့တယ်။ သူ့အိပ်မက်ကတော့ သူ့လို ပြည်ပဝင်လုပ်သားတွေ အလုပ်အကိုင် အလွယ်တကူရှာလို့ရအောင် အိမ်ကိုငွေလွှဲရအောင် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ App ကို သေချာလေး ထုတ်နိုင်ဖို့ပေါ့။ အဲဒီအိပ်မက်ဖြစ်လာအောင် သူဘာတွေဖြတ်သန်းရမလဲ ကျွန်တော်တို့ ဒီရုပ်ရှင်မှာ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 972MB | 485MB Format… mp4 Duration…. ...
movie

Elevator (2024)

Heneral Luna(2015) 7.3
Heneral Luna(2015) Heneral Luna(2015)*******************ဖီလစ်ပိုင်နိုင်ငံကို အမေရိကန်တွေကျူးကျော်စစ်ဝင်ထိုးနေတဲ့အတွက် ဖီလစ်ပိုင်းသမ္မတကြီးက ဖြေရှင်းဖို့အတွက် အစည်းအဝေးလုပ်တယ်။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံရေးသမားတွေနဲ့ အပြန်အလှန်ဆွေးနွေးငြင်းခုံနေကြတယ်။ အမေရိကန် အင်အားနည်းနေချိန်မှာ တိုက်ခိုက်မှ ဖြစ်မယ် မဟုတ်ရင်တစ်နိုင်ငံလုံးကျွန်ဘဝရောက်မယ့်အကြောင်းကို ဗိုလ်ချုပ်လူနာကတင်ပြတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက သူတို့ကိုယ်ကျိုး ထိခိုက်မှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ပဲဆန္ဒရှိကြတယ်။ နောက်ဆုံးမှာတော့ သမ္မတကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းမယ် စစ်ရေးအတွက်လည်းပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ချိန်မှာ အမေရိကန်တွေက မနီလာမြို့အပါအဝင်အခြားနေရာကိုသိမ်းယူလိုက်ပါတယ်..ဖိလစ်ပိုင်တို့အတွက်တော့ အတော်ကြီးအထိနာတဲ့ကိစ္စလို့ဆိုရပါ့မယ်..အဒီနောက် ဗိုလ်ချုပ်လူနာတို့ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာကိုတော့..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး ဘက်ဂျက်အတော်များများသုံးရိုက်ကူးထားတဲ့အတွက်ဖိလစ်ပိုင်ကားဆိုသော်ငြား တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်ပါကြောင်း...File Size :(3.3GB)(1.2 GB) and (407MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre : Action, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Heneral Luna(2015)

Fan Girl (2020) 6.9
Fan Girl (2020) Fan girl(2020)IMDb Rating (6.9)ဆယ်ကျော်သက်အရွယ် ကျောင်းသူကောင်မလေးတစ်ယောက်ဘဝမှာငယ်ငယ်လေးကတည်းကကြိုက်ခဲ့ရတဲ့ Idol တစ်ယောက်ရှိတယ်ခင်ဗျားတို့ကျွန်တော်တို့လိုပဲ ကျောင်းချိန်လစ်ပြီးIdol ရဲ့ ပွဲကို လိုက်ကြည့်ဖူးတယ်အချစ်ကို ခံစားကြည့်ချင်တယ်မလုပ်ဖူးတာတွေကို စူးစမ်းကြည့်ချင်တယ်ဆယ်ကျော်သက်အရွယ် ကောင်မလေးလေသူသိထားတဲ့ လောကကြီးကရိုးရှင်းတယ်ညီမျှခြင်းလက္ခဏာတွေ့ရင် အားလုံးကတန်ဖိုးညီတယ်လို့ပဲ သဘောပေါက်ထားတယ်အဲ့ဒီနောက်ကွယ်က ညီမျှခြင်း မဖြစ်ဖြစ်အောင်လုပ်ထားတဲ့ အကြောင်းအရာတွေကို သူမသိဘူးလေ့လာရကောင်းမှန်းမသိတာလည်း ဖြစ်နိုင်သလိုလေ့လာဖို့အကြောင်းတရား မဖန်သေးတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် လေ့လာဖို့မကြိုးစားတာလည်း ဖြစ်နိုင်တာပဲခင်ဗျားတို့ကို နာမည်လေးတောင်ပေးမသိဘဲဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမယ့်ကောင်မလေးက သူမသိခဲ့တဲ့ သိဖို့မကြိုးစားခဲ့တဲ့အကြောင်းအရာတွေကို တစ်ရက်လေးထဲမှာ တစ်ညလေးထဲမှာပဲရုတ်တရက်ကြီး အားလုံးကိုသိလိုက်ရတယ်သစ်လွင်ရိုးသားတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အတွက် ရှော့ခ်ဖြစ်စေနိုင်တဲ့လောကကြီးရဲ့ အရှိတရား အဖြစ်အပျက် အကြောင်းအရာတွေ.....ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်းရိုက်ထားတဲ့ ဒီရုပ်ရှင်ကဖိလစ်ပိုင်နိုင်ငံတွင်းက ရုပ်ရှင်ဆုပေးပွဲတွေမှာ Best Actress,Best Actor,Best Director,Best Picture စသည်ဖြင့်ဆုပေါင်း (၁၆) ဆု ရရှိထားတာပါ။ကျွန်တော့်အနေနဲ့တော့ ကြုံတောင့်ကြုံခဲဖိလစ်ပိုင်ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွှတ်တမ်းကြည့်စေချင်ပါတယ်။  File size…(1.9 GB) and (1.2 GB) Quality…WEB-DL 1080p and ...
movie

Fan Girl (2020)

Goyo: The Boy General(2018) 7.0
Goyo: The Boy General(2018) Goyo: The Boy General(2018) IMDb....7.0 စစ်ကားလည်းကြည့်ချင်တယ်...စစ်ပဲတိုက်နေရင်လည်း မကြိုက်ဘူးဆိုတဲ့ သူတွေအတွက် ဖိလစ်ပိုင် အချစ်စစ်ကားလေး လာပါပြီ...မင်းသားချော Paulo Avelino နဲ့ Carlo Aquino တို့ ပါဝင်သလို မင်းသမီးနေရာမှာလည်း Gwen Zamora နဲ့ Empress Schuck တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်. ..ဒီဇာတ်လမ်းဟာ သုံးနှစ်တာကြာမြင့်ခဲ့တဲ့ အမေရိကန်-ဖိလစ်ပိုင် စစ်ပွဲကြီးကို ကျောရိုးပြုထားပြီး အဲ့ဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ အသက်အငယ်ဆုံးဗိုလ်ချုပ် Gregorio Del Pillar အကြောင်းကို ရိုက်ကူးထားတာပါ.. .ဇာတ်လမ်းနာမည်မှာပါတဲ့ Goyo ဆိုတာကတော့ မင်းသားနာမည်ဖြစ်ပြီး The Boy General ဆိုတာကတော့ မင်းသားရဲ့ Nick Name ပါ...ကဲ အညွှန်းလေး ဆက်သွားကြဦးစို့... ဇာတ်လမ်းအညွှန်း Gregorio Del Pillar ဆိုတဲ့ စစ်ဗိုလ်လေးဟာ အဲ့ဒီခေတ် အဲ့ဒီအခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်.. .ခုခေတ်အခေါ်ဆို စော်ကြည်ဘဲလေးပေါ့...The Boy General လို့ နာမည်တပ်ခံရတဲ့ ...
movie


2018