Channel Myanmar

Paula Rhodes

The Accountant² (2025) The Accountant 2 7.0
The Accountant² (2025) The Accountant 2  The Accountant² (2025)IMDb Rating (7.0) / Rotten Tomatoes (77%) 2016 တုန်းက အောင်မြင်ခဲ့တဲ့ ဘန်အက်ဖလစ်ရဲ့ စာရင်းကိုင်ရုပ်ရှင် အဆက်ထွက်လာပါပြီ။ ဒါရိုက်တာကလည်း Gavin O'Connor ပါပဲ။ဒီအပိုင်းမှာတော့ ခရစ်ရဲ့ ညီအဖြစ် Punisher နဲ့လူသိများတဲ့ မင်းသား Jon Bernthal ပါ ပါဝင်လာပါပြီ။ထုံးစံအတိုင်း ဉာဏ်ကြီးရှင်လည်းဖြစ် ဖိုက်တာလည်းဖြစ်တဲ့ ခရစ်က လူတွေကို ကူညီဖို့ ကြိုးစားရင်း ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်ရတာပါပဲ။ဇာတ်လမ်းအကျဉ်းရေးကင်းဆိုတဲ့လူဟာ ပျောက်ဆုံးနေတဲ့ လက်တီနို သားအမိနှစ်ယောက်ကိုလိုက်ရှာရင်း အသခံလိုက်ရပါတယ်။အဲဒီမှာ ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ဖြစ်နေတဲ့ မယ်ဒီနာက စာရင်းကိုင်ကြီးကို အကူအညီတောင်းလာပါတယ်။အဲဒီမှာ သားအမိနှစ်ယောက်လူပျောက်ရှာရုံနဲ့ ဘာလို့ ရာဇဝတ်ဂိုဏ်းတစ်ခုက အပြင်းအထန်လုပ်ကြံရသလဲဆိုတာ အဖြေရှာရင် ပိုကြီးတဲ့ အမှုကြီးကို အစဆွဲထုတ်မိပါတော့တယ်။ခရစ်အကူအညီလိုလာတဲ့အတွက် လုပ်ကြံရေးသမားဖြစ်နေတဲ့ သူ့ ညီဘရက်စတန်ပါ လာကူညီရတဲ့အခါ ညီအစ်ကိုနှစ်ယောက် ပွဲကြမ်းရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. ...
movie

The Accountant² (2025) The Accountant 2

2025
4K HEVC
Lions for Lambs (2007) 6.2
Lions for Lambs (2007) Lions for Lambs(2007)***********************IMDb....6.2ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Tom Cruise ,Robert Redford နဲ့Meryl Streep  တို့ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်...အမှန်ပြောရရင် ကျွန်တော်ကတော့ Meryl Streep ကို The post မှာခမ်းနားတဲ့သူ့ရဲ့သရုပ်ဆောင်ဟန်တွေကြောင့်သတိထားမိခဲ့တာပါ.တကယ့်လူတွေ တစ်ပြိုင်နက်သုံးထားတော့ ဒီကားကို နည်းနည်းစူးစမ်းမိသွားတယ်.......ဒီကားဟာ scene (၃) ခုကို အလှည့်ကျပြသွားရင်း ကြီးကျယ်ခမ်းနားတဲ့ ဒိုင်ယာလော့တွေနဲ့ကြည့်ရှူသူ ပရိတ်သတ်ကိုပခုံးဖက်တွဲခေါ်ပြီး အတွေးအခေါ်တွေ ဖြန့်ကျက်စေတဲ့လိုဆိုရမယ်ထင်တယ်..အဲဒါတွေကြောင့် တကယ့်လူ ၃ ယောက်ကို သရုပ်ဆောင်ခိုင်းထားတယ်ထင်တယ်...Andrew Garfield လည်းပါသေးတယ်...ပထမ Sceneပရော်ဖက်ဆာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို သူ့ရုံးခန်းထဲခေါ်တွေ့တယ်...အဲ့ဒီကျောင်းသားဟာ ထက်မြက်ပေမယ့် ပရော်ဖက်ဆာ အမြင်မှာလွဲမှားဟန်ရှိတဲ့အယူအဆတစ်ချို့ကြောင့် ဆွေးနွေးဖို့ခေါ်လိုက်တာပါ....ဒုတိယ Sceneအဖဂန်နစ်စတန်စစ်မြေပြင်နဲ့ပတ်သက်ပြီး အမတ်တစ်ယောက်ဟာရှေ့တန်းစစ်မြေပြင်ထိုးစစ်တွေအကြောင်းကို ဂျာနယ်လစ် တစ်ယောက်ကိုခေါ်ပြောပြတယ်....သူတို့တွေ ဘယ်လိုထိုးစစ်ဆင်တယ် ..ဘယ်လိုတွေအတွက် ဒီတိုက်ပွဲကိုဆင်နွှဲနေတယ်...ဂျာနယ်လစ်ရဲ့ မေးခွန်းတွေနဲ့ အမတ်ရဲ့ အဖြေတွေနဲ့ပေါ့...တတိယ Sceneအမေရိကန်ရှေ့တန်းစစ်မြေပြင်အခြေစိုက်စခန်းတစ်ခုရဲ့ တကယ့်စစ်မြေပြင် ထိုးစစ်အသွင်တွေကို ပြတာပါ....ဒီကားဟာ ဖျော်ဖြေရေးမဆန်ဘူး....သူ့ရဲ့ဆိုလိုရင်းဟာ ဘာလဲဆိုတာကိုတော့ ကျွန်တော်မပြောချင်ဘူး....ပြောပြဖို့လည်းခက်တာမို့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုစေချင်ပါတယ် .. File Size : (1.71 GB) and (548 MB) Quality ...
movie

Lions for Lambs (2007)

To Leslie (2022) 7.0
To Leslie (2022) ပယင်းရောင် ယစ်ရွှေရည်၊ စူးရှရှ ပြင်းပြပြ၊ မူးယစ်ရီဝေခိုက်မှာ အသူရာတို့ရဲ့ဘုံမှာ ပျော်ဝင်နစ်မြုပ်သွားသလို။ တစ်ခွက်ပြီးရင် နောက်တစ်ခွက်၊ နောက်တစ်ခွက်နောက်မှာ နောက်တစ်ခွက်၊ ပြန်ဖို့အိမ်အသင့်၊ အိပ်ကပ်ထဲမှာ ပိုက်ဆံအပြည့်၊ ကားထဲမ‌ှာ ဆီအပြည့်။သူရာရည်ရဲ့ မဲဆွယ်ကာလ ယစ်မူးချိုမြိန်မှုတွေကုန်ချိန်၊ သူဟာ လမ်းဘေးက အိမ်ယာမဲ့။ စားစရာမရှိ၊ ခေါင်းချစရာမရှိ၊ ခိုလှုံရာနတ္ထိ။ ချစ်လှပါတယ်ဆိုတဲ့ အခြွေအရံတွေရဲ့ ခါးသီးတဲ့စွန့်ပစ်မှုတွေနောက်၊ ဘဝက အောက်ကျခဲ့ပြီလား။လက်စလီ ဟာ တစ်ကိုယ်တည်းသမား သားသည်မိခင်။ ဒေါ်လာနှစ်သိန်းနီးပါး ထီဆုကြေးငွေတွေ အပြည့်အသိပ်နဲ့။ ဘာတဲ့၊ ဘဝပြောင်းမယ့် ပိုက်ဆံတွေတဲ့လား။ တကယ်ပဲ ဘဝပြောင်းသွားတယ်။ လူ့အမှိုက်တစ်ယောက်အဖြစ်ကိုပေါ့။ပိုက်ဆံတွေကို ယစ်ရွှေရည်နောက် တကောက်ကောက်လိုက်ရင်း ချွတ်ခြုံ မွဲပြာကျ၊ လှလှကြီးဒုက္ခရောက်ရသူ။ ၁၃ နှစ်သားလေးကိုစွန့်ပစ်လို့ လောကဒဏ်ရိုက်ချက်တွေကြား အရက်သမားအဖြစ်နဲ့ ဘဝဇာတ်ခုံမှာ ဇာတ်နာလိုက်ပုံများ။ကိုယ့်ကိုဖျက်ခဲ့တဲ့ အရက်ကိုပဲ တမ်းတမ်းတ စွဲလမ်းရသူ လက်စလီ တစ်ယောက်၊ သားဆီကို အပြန်လမ်း၊ သူရာနတ်မင်းရဲ့ ...
movie

To Leslie (2022)