Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Warren
7.9
Children of Men (2006)
Children of Men (2006) ************************ IMDb….7.9,,,,,Rotten…..92%ဒီကားက ဇာတ်လမ်းဇာတ်ကွက်ဆန်းပြားသလို IMDbနဲ့ RTကလည်း အမြင့်ဆုံးအနေအထားလောက်မှာရှိတယ်… လူသားတွေ ကလေး မရနိုင်တော့တာဟာ၁၈ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ် .. ကမ္ဘာကြီးဟာလည်း ပြဿနာပေါင်းများစွာနဲ့ပေါ့ ..အင်္ဂလန်သို့ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာလည်း အင်မတန်မှ များပြားနေပါတယ် ..အင်္ဂလန်ကလည်း ဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘဲ၊ ရှိပြီးသား ဒုက္ခသည်တွေကိုလည်းဖိနှိပ်လျှက်ရှိတယ် .. ဖိနှိပ်မှုကို မခံနိုင်သူများကလည်း တော်လှန်ဖို့ ကြိုးစားကြတာပေါ့ ..အဲဒီအချိန် ဒုက္ခသည် ကောင်မလေးတစ်ယောက်ဆီမှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ် ..နေ့စေ့လစေ့ ကိုယ်ဝန်အပေါ် နိုင်ငံရေးအရအသုံးချချင်သူများလည်း ရှိလာတယ် ..အဲဒီလူတွေရဲ့ လက်ကနေ ကိုယ်ဝန်သည်မလေး ဘယ်လိုလွတ်မြောက်သွားမလဲ .. ဆိုတာဇာတ်လမ်းထဲ ကြည့်ရှုခံစားလိုက်ပါဦးနော် ..ဒီကားထဲက အဓိက သရုပ်ဆောင်မင်းသားကြီးClive Owen ကိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Ye Pyae Sone ပဲ ဖြစ်ပါတယ်… File Size : 1.53GB/ ...
movie
Children of Men (2006)
5.5
The Deaths of Ian Stone (2007)
အီယန်က ကောလိပ်တစ်ခုကကျောင်းသားတစ်ဖြစ်လည်း ကျောင်းကဟော်ကီအသင်းဝင်တစ်ယောက်ဆိုလည်းမမှားပါဘူး။တစ်နေ့ဟော်ကီပွဲအပြီး ချစ်သူကောင်မလေးဖြစ်တဲ့ ဂျန်နီကိုအိမ်ပြန်လိုက်ပို့ပေးပြီးအပြန်လမ်းမှာ တစ္ဆေလိုလို မကောင်းဆိုးဝါးတစ်ကောင်ရဲ့လက်ချက်ကြောင့် အသက်ပါသွားတယ်။အဲ့နောက် အီယန်ဟာ ရုံးခန်းတစ်ခုမှာ ရုံးဝတ်စုံနဲ့ပြန်နိုးလာတယ်။ သူ့ကိုယ်သူလည်းဘာဖြစ်ခဲ့မှန်းမသိဘဲ အခြားလူတစ်ယောက်ပုံစံအဖြစ်နဲ့လည်းပုံမှန်နေ့စဉ်ဘဝလိုနေထိုင်နေတယ်။အဲ့ညနေခင်းမှာပဲ သူဟော်ကီကစားခဲ့တယ်ဆိုတဲ့ တကယ်မရှိခဲ့တဲ့မှတ်ဉာဏ်က တရေးရေးပြန်ပေါ်လာပေမဲ့ ကျောင်းမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ဟော်ကီအဖွဲ့ထဲ သူမဝင်ခဲကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ သူ့ကိုတစ္ဆေသရဲလိုအကောင်တွေက လိုက်ပြီးခြောက်လှန့်နေတဲ့အခါမှာတော့ အီယန်တစ်ယောက် ဘာတွေဖြစ်နေတာလဲ ဘယ်လိုတွေအဖြေရှာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Khant Sett Naing ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
The Deaths of Ian Stone (2007)
7.8
Star Wars: Episode VII – The Force Awakens (2015)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode VII – The Force Awakens (2015)
4K HEVC
5.5
The Last Days on Mars (2013)
IMDb -5.5ဇာတ်လမ်းအညွှန်းမားစ်ဂြိုလ်ပေါ်မှာ ရေရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိပြီးပြီဆိုတော့သက်ရှိတွေရော ရှိနေလောက်မလားလို့ တွေးမိဖူးကြပါသလား…အာကာသစူးစမ်းလေ့လာရေးဇာတ်လမ်းမျိုး ကြည့်ချင်တဲ့သူတွေအတွက်အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းလေးကတော့ ဂြိုလ်နီကြီးလို့တင်စားခေါ်ကြတဲ့မားစ်ဂြိုလ်ပေါ်မှာ သိပ္ပံပညာရှင်တွေရဲ့ စူးစမ်းလေ့လာရေး ၆လ မစ်ရှင်ပြီးတော့မယ့်အချိန်ကနေ အစပြုထားပါတယ်။သူတို့တွေက မားဂြိုလ်ပေါ်မှာ နမူနာတွေ ရယူ စူးစမ်းလေ့လာနေကြတာပါ။သူတို့ထဲက မာကိုဆိုတဲ့တစ်ယောက်က သူ့ရဲ့နမူနာစမ်းသပ်ချက်မှာသက်ရှိလို့ထင်ရတဲ့အရာကို တွေ့ရှိပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ မပြောဘဲနမူနာတွေ ထပ်ယူဖို့ သူ့ဘာသာ တိုးတိုးတိတ်တိတ် လုပ်နေပါတယ်။ဒါကို တစ်ခြားအဖွဲ့သားတွေ သိတဲ့အချိန်မှာ လူ့သမိုင်းမှာအကြီးအကျယ်ဆုံး ရှာဖွေ့တွေ့ရှိမှုကြီး ဖြစ်လာမယ့်အရေးမှာ သူတို့ကိုအသိမပေးတဲ့ မာကိုကို ဒေါသထွက်ကြတာပေါ့။ဒါပေမဲ့လည်း နမူနာထပ်ယူဖို့ တွင်းတူးရင်း မြေတွေပြို တွင်းနက်ထဲပြုတ်ကျပြီးမာကိုကတော့ မတော်တဆမှုဖြစ်သွားပါတယ်။အသက်ရှင်နိုင်သေးဖို့ မဖြစ်နိုင်တော့ပေမယ့် တွင်းထဲပြန်ဆင်းရှာတဲ့အချိန်မှာ သူ့ကို မတွေ့ရတော့ပါဘူး။ဒီအဖြစ်အပျက်ပြီးတော့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက်အသက်အန္တရာယ်ကြုံတွေ့လာရပါတော့တယ်။အိမ်ပြန်နိုင်မယ့် နောက်ဆုံးနေ့ရက်မှာ သူတို့ ဘာတွေကြုံတွေကြမလဲ၊အသက်ရှင်လျက် အိမ်ပြန်နိုင်မယ့်သူရော ရှိပါ့မလား၊စိတ်လှုပ်ရှားပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။X-men origins ထဲမှာကြည့်ဖူးပြီးသားဖြစ်မယ့်မင်းသားကြီး Liev Schreiberက ဗင်းစင့်ကမ်ဘဲလ်အဖြစ်ပါဝင်ထားပါတယ်။ဒါ့အပြင်Emma ဇာတ်လမ်းတို့လို atonement ၊ ...
movie
The Last Days on Mars (2013)
2013