Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Schneider
7
Away We Go (2009)
Away We Go (2009)IMDb - 7.0ဇာတ်လမ်းအညွှန်း ~~~~~~~~~~~အိမ်ထောင်တစ်ခုထူထောင်ကြတော့မယ်ဆိုရင် ဘာကအရေးအကြီးဆုံးဖြစ်မယ်လို့ထင်ကြလဲ။ မင်္ဂလာ အကြီးအကျယ်ဆောင်တာလား၊ လက်ထပ်ခွင့်သေချာအတောင်းခံရတာလား။ ဘာဖြစ်မယ်ထင်လဲ။ ဒီဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ရေး၊ မိသားစုနဲ့ ဆိုင်တဲ့ သဘောတရားတွေကို နားလည်လွယ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ မင်္ဂလာမဆောင်ရသေးတဲ့အတွဲတစ်တွဲရဲ့ဖြတ်သန်းပုံကိုအဓိကပုံဖော်ထားပါတယ်။ ဘာ့တ်နဲ့ ဗီရိုနာတို့ဟာ လက်မထပ်ရသေးပေမယ့် ရုတ်တရက် ဗီရိုနာ့မှာ ကိုယ်၀န်ရှိလာတဲ့အခါမှာ ဘ၀နေရေးထိုင်ရေးအတွက် ဘယ်လိုတွေရုန်းကန်ကြမလဲဆိုတာကြည့်ရှုရမှာပါ။ Quite Place(2018) ထဲက မင်းသား John Krasinki နဲ့ Animaton ဇာတ်ကားတော်တော်များများရဲ့ အသံသရုပ်ဆောင် Maya Rudolph က အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်။File Size - 1GB/ 458 MB Quality - BluRay 1080p/ 720p Duration - 1:38:37 Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hard ...
movie
Away We Go (2009)
7.4
The Flowers of War (2011)
The Flowers of War (2011) *************************နာမည်ကျော် တရုတ်မင်းသမီး Ni Niနဲ့ ကျွန်တော်တို့ရဲ့ Dark knight triology ထဲကဆြာဘတ် Christian Baleတို့ရဲ့ဇာတ်ကားကောင်းလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်...ဒီဇာတ်ကားက Ni Niကို ပထမဆုံး ပရိသတ်တွေသတိထားမိစေတဲ့ဇာတ်ကားဖြစ်ခဲ့တာဆိုတော့CM ပရိသတ်တို့ရှုစားနိုင်ဖို့ ခုပဲတင်ဆက်ပေးလိုက်ပါပြီ...ဇာတ်ကားလေးကတော့ တရုတ်ဂျပန်စစ်ပွဲကြောင့် မြို့ပျက်ဖြစ်ခဲ့ရတဲ့နန်ကျင့်မှာပွင့်ခဲ့တဲ့သိပ်ကိုရဲရင့်တဲ့ပန်းလေး ၁၃ ပွင့်အကြောင်းပါ...ပြည့်တန်ဆာဆိုတဲ့ စကားလုံးဟာ ကြားလိုက်တာနဲ့ ဘယ်သူမှအထင်မကြီးတဲ့လူ့အဖွဲ့အစည်းရဲ့ အမှိုက်သရိုက်သာသာသတ်မှတ်ပြီး ဝိုင်းရှုံ့ချ စက်ဆုပ်ကြတဲ့ သွေးသားဈေးသည်တွေပေါ့...ဒါပေမဲ့ သူတို့တွေကလည်း လူတွေပဲဆိုတဲ့အချက် သူတို့မှာလည်းနှလုံးသားရှိတယ်ဆိုတာ၊ သူတို့ဒီဘဝကို ဘယ်လိုရောက်လာရလဲဆိုတာကိုတော့ဘယ်သူမှသိချင်စိတ်မဖြစ်သလို နားလည်ပေးဖို့ တန်းတူဆက်ဆံပေးဖို့ဆိုတာ အခုလိုပွင့်လင်းမြင်သာတဲ့ခေတ်မှာတောင် မဖြစ်နိုင်သေးတဲ့အရာတစ်ခုပါပဲ...ဇာတ်ကားလေးရဲ့အစမှာတော့ စစ်ဒဏ်နဲ့ မြို့ပျက်သာသာဖြစ်နေတဲ့နန်ကျင့်မြို့ကို အလောင်းပြင်ဆရာဂျွန်တစ်ယောက်ခရစ်ယာန်ဘုရားကျောင်းကဖာသာတစ်ယောက်ကို သင်္ဂြိုဟ်ပေးဖို့ ရောက်ချလာပါတယ်... ဒီလောက်ကျည်မိုးရွာနေတဲ့ကြားကဂျွန်တစ်ယောက် အရဲစွန့်ပြီးလာရတာကတော့ ဘုရားကျောင်းကအလှူငွေကိုဘတ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ပါ...တစ်ချိန်တည်းမှာပဲချင်းဟွိုင်မြစ်ဆိုတဲ့ ဆောင်ကြာမြိုင်က အပျော်မယ်တစ်စုကလည်း ဘုရားကျောင်းကထမင်းချက်ရဲ့စနက်နဲ့ဒီဘုရားကျောင်းကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ...ခရစ်ယာန်ဘုရားကျောင်းက ကွန်ဗင့်ကျောင်းသူတွေနဲ့အပျော်မယ် ပြည့်တန်ဆာဆိုတာ မိုးနဲ့မြေ ဆီနဲ့ရေလို နေထိုင်ပုံ တွေးခေါ်ပုံ ...
movie
The Flowers of War (2011)
6.9
Bright Star (2009)
အင်္ဂလိပ်ကဗျာဆရာကြီး John Keats အကြောင်းရိုက်ကူးထားတဲ့ Romance/Thriller ရုပ်ရှင်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb 6.9 နဲ့ Rotten Tomatoes 83% ရရှိထားပြီး စာတွေကဗျာတွေချစ်တတ်တဲ့သူတွေ ရိုမန့်စ်ရုပ်ရှင်တွေကိုသဘောကျသူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။အချိန်ကာလအားဖြင့် ၁၈၁၈ ခုနှစ်ဖြစ်ပြီး လန်ဒန်မြို့စွန်က ဟမ့်စတက်လို့အမည်ရတဲ့ ရွာငယ်လေးက အိမ်ကြီးတစ်တစ်အိမ်မှာ ကဗျာဆရာချားလ်စ်ဘရောင်း နဲ့ ဒီလ်မိသားစုတို့ အတူနေကြပါတယ်။ ဒီအိမ်ကြီးမှာ ဒီလ်မိသားစုတ၀က် ကဗျာဆရာချားလ်ဘရောင်းနဲ့ ဂျွန်ကိစ်တို့ကတ၀က် အတူနေထိုင်ကြတာပါ။ ဒီလ်မိသားစုနဲ့ပတ်သက်မှုကြောင့် ဖခင်မရှိတော့တဲ့ဘရွန်းမိသားစုဟာ ကဗျာဆရာ ဘရောင်း နဲ့ ဂျွန်ကိစ်တို့နဲ့ သိကျွမ်းနေကြသူတွေပါ။ ဘရွန်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဖန်နီကတော့ အ၀တ်အထည်ဖန်တီးချုပ်လုပ်ရတာနဲ့ ကပွဲတက်ရတာကို စုံမက်တဲ့ အသက်တဆယ့်ရှစ်နှစ်အရွယ် မိန်းမပျိုလေးပါ။ ဒီလို မိသားစုချင်း နှီးနှောဆက်နွယ်မှုတွေကြောင့် ကဗျာဆရာ ဂျွန်ကိစ် နဲ့ ဖန်နီတို့ဟာ အချင်းချင်း မေတ္တာသက်၀င်သွားကြပါတော့တယ်။ ကျန်တာတွေကိုတော့ အများကြီးဆက်မပြောပြတော့ပါဘူး။ဒီရုပ်ရှင်ဟာ လူသားနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာကို ကဗျာတွေစာတွေနဲ့ လွမ်းဆွတ်ဖွယ်၊ ...
movie
Bright Star (2009)
6.7
Elizabethtown(2005)
Elizabethtown(2005)******************* ဒီဇာတ်ကားက ရုပ်ရှင်တေးသီချင်းဆုတွေအတွက် အများကြီးဆန်ကာတင်ဝင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ သူ့ရဲ့ OST တွေ soundtracks တွေ ကောင်းမွန်လွန်းတယ်ဆိုတာအသေအချာပါပဲ။ အဓိကမင်းသားကလည်း Lord Of the Rings ထဲက ကောင်မလေးတွေ အသည်းစွဲLegolas နေရာ သရုပ်ဆောင်ခဲ့တဲ့ Orlando Bloom နဲ ့မင်းသမီးကတော့ 2002 spiderman ရဲ့အချစ်တော် Mary Jane နေရာသရုပ်ဆောင်ခဲ့တဲ့ Kirsten Dunst တို့ဖြစ်ပါတယ်် ဒီဇာတ်ကားမှာ အသားပေးတင်ဆက်ထားတာကတော့ ဒေါ်လာ ၁ ဘီလီယံဖိုးလောက်ဆုံးရှုံးသွားလို့ လောကကြီးကို အရှုံးပေးထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဖိနပ်ဒီဇိုင်နာဒရူးဘေလာတစ်ယောက် သူ့အဖေရဲ့ ရုတ်တရက်နာရေးပေါ်လာတဲ့အခါသူ့အဖေရဲ့ ဇာတိမြို့ Elizabethtown ကို သွားဖို့ အကြောင်းပေါ်လာပါတော့တယ်။အဲ့ဒါနဲ့ သေဖို့ကိစ္စကို ခဏရပ်ပြီး အဖေ့ဇာတိပြန်သွားတဲ့ ဒရူးတစ်ယောက်အသွားလမ်းခရီးလေယာဥ်ပေါ်မှာ တွေ့ခဲ့တဲ့ လေယာဥ်မယ်လေးကလဲကိုဘန်ကြောင့် ဘယ်လို ဘဝအချိုးအကွေ ့တွေဖြစ်လာမလဲဆိုတာကို ၂ နာရီစာအချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် တေးဂီတအမိုက်စားတွေနဲ့ ကိုယ်တိုင်ပါဝင်ခံစားနိုင်မဲ့ ...
movie
Elizabethtown(2005)
6.5
The Family Stone(2005)
The Family Stone (2005)===============မိသားစုဆိုတာလူအမျိုးမျိုးစိတ်အထွေထွေတွေစုစည်းနေကြတဲ့အသိုက်အမြုံကြီးတစ်ခု။ စတုန်းမိသားစုကြီးဟာ ခရစ်စ္စမတ်အချိန်အခါတိုင်းအမြဲဆုံစည်းနေကြပါ။ သား ၃ယောက် သမီး၂ယောက်မိသားစုတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ရှိစမြဲ။ ဒီနှစ် ခရစ်စ္စမတ်မှာတမိသားစုလုံးရဲ့အချစ်တော်သားကြီးဖြစ်သူ အဲဗရက်က ချွေးမလောင်းလေးမဲရယ်ဒစ်ကိုမိတ်ဆက်ဖို့ခေါ်လာခဲ့ချိန်မှာတော့ အနေအထိုင်သိမ်မွေ့သလိုစည်းကမ်းတင်းကျပ်တဲ့ မဲရယ်ဒစ်နဲ့ ပွင့်ပွင့်လင်းလင်း ပျော်ပျော်ပဲနေတတ်တဲ့စတုန်းမိသားစုကြီးဟာပြသာနာတွေစတင်တက်လာပါတော့တယ်။ ကုန်းပေါ်ရောက်နေတဲ့ငါးလိုဖြစ်နေတဲ့မဲရယ်ဒစ်တယောက်ဒီမိသားစုကြီးထဲကို၀င်ဆံ့နိုင်ပါ့မလား။ အထူးသဖြင့်သူ့ကိုမသိမသာရော သိသိသာသာရောအဲဗရက်ဘေးကနေကန်ထုတ်ဖို့ကြိုးစားနေကြတာတွေကိုသူမ တောင့်ခံနိုင်ပါ့မလား။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ခရစ်စ္စမတ်အချိန်အခါမှာသူမရောပျော်ရွှင်မှုအစစ်ရှာတွေ့နိုင်ပါ့မလားကို The family Stone ဆိုတဲ့မိသားစု ခရစ်စ္စမတ်ကားလေးမှာရှုစားပေးပါဦး.....File size…1.53GB / 676MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 43m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
The Family Stone(2005)
7.3
Lars and the Real Girl(2007)
Lars and the Real Girl(2007)**************************IMDb.... 7.3Ryan Gosling အဓိကပါဝင်သရုပ်ဆောင်ထားပြီးအော်စကာဆန်ကာတင်တစ်ဆုလည်း စာရင်းဝင်ခဲ့တယ်..Broken family လို့ပြောရအောင်သူ့ဘဝက ဆိုးလှတယ်..အဖေရောအမေရောဆုံးသွားတဲ့အပြင်အကိုဖြစ်သူကလည်း ငယ်ငယ်ကတည်းက အိမ်မှာ မနေ..ကားဂိုဒေါင်ထဲ တစ်ယောက်တည်းနေပါများပြီးတော်ရုံလူတွေနဲ့ စကားမပြောတော့... တိတ်ဆိတ်ခြင်းဟာသူ့အတွက်အကောင်းမွန်ဆုံးအဖော်..ဒီချိန်မှာပဲ အိမ်ကိုပြန်ရောက်လာတဲ့ အကိုလင်မယားဟာညီဖြစ်သူရဲ့ အထီးကျန်ဆန်တဲ့ဘဝကိုတွေ့ပြီးအဖော်လေးရအောင်ဆိုပြီး ကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးလိုက်တယ်..အဲ့ဒီနောက်မှာတော့...File Size :(2.4GB) (743MB) and (428MB) Quality : Blu-Ray1080P,720p Format…mp4 Duration…01:59:00 Genre : Comedy ,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie
Lars and the Real Girl(2007)
American Murderer (2022)
အမေရိကန်ရဲ့ဖြစ်ရပ်မှန်လိမ်လည်မှုတစ်ခုအကြောင်းရိုက်ထားတဲ့ ဒီဇာတ်လမ်းမှာ ဂျေဆန် ဒဲရစ်ခ်ဘရောင်းကတော့ FBI ရဲ့ Top 10 အလိုရှိသူစာရင်းမှာပါဝင်ခဲ့တဲ့ လူလိမ်ကြီးတစ်ဦးဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိပြီး စကားပရိယာယ်ကြွယ်တဲ့ လူလိမ်ဂျေဆန်ဟာ ဘဏ်တွေဆီကနေပိုက်ဆံယူပြီး အလိမ်ပေါ်အလိမ်ဆင့်ထားတဲ့ အထက်တန်းလွှာဘဝမှာနေထိုင်တယ်။ ဒါပေမယ့် ပိုက်ဆံတွေပြန်မဆပ်နိုင်တဲ့ ပါတီဘုရင်ကြီးရဲ့ အလိမ်အညာတွေနဲ့ အတိတ်အကြောင်းတွေတစ်ဖြည်းဖြည်းပေါ်လာတဲ့အခါမှာတော့ ဘေးပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုရိုက်စားလုပ်ပြီး FBI လက်ကလွတ်အောင်ပြေးမလဲဆိုတာကို American Murderer မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.4GB) / (785.22MB) / (377.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie
American Murderer (2022)
6.9
Water for Elephants (2011)
Water for Elephants (2011) ===========================ဒီဇာတ်ကားက Twilight မင်းသား Robert Pattinson, Django Unchained, Inglorious Bastards ထဲက မင်းသားကြီး Christoph Waltz နဲ့ မင်းသမီး Reese Witherspoon တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance/ Drama ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်IMDb - 6.9/10, Rotten Tomatoes - 60% ရထားပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ပိုလန်ကနေထွက်လာတဲ့ ကော့စကီးမိသားစုက သားဖြစ်သူ ဂျေကော့ ဂျန်ကော့စကီးဟာ တိမွေးကု ဆရာဝန်ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကို ဖြေဆိုနေတုန်းမှာပဲ သူ့ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပြီး စီစဉ်ထားသမျှ အကုန်လွဲကာ လေလွင့်တဲ့ဘဝကို ရောက်သွားခဲ့ပါတယ် ဒီလိုနဲ့ လမ်းမတွေထက် ဦးတည်ရာမဲ့ သွားလာနေရင်း သူ ရထားတစ်စီးကိုမြင်တော့ ပြေးတက်သွားခဲ့ရာကနေ သူ့အတွက် ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ဘယ်လိုပြန်ရလာမလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဆပ်ကပ်အဖွဲ့သားတွေရဲ့ ဘဝတွေကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်တချို့နဲ့ Fiction ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်The Greatest Showman လို ...
movie
Water for Elephants (2011)
2011
6.0
Brothers by Blood(2021)
Brothers by Blood(2021)အညွှန်း*****************************ဒုစရိုက်မှုတွေများပြားလှတဲ့ဖီလာဒဲလ်ဖီးယားမြို့နေ အိုင်းရစ်မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့ သားဖြစ်သူ၈နှစ်သားပီတာက မိမိညီမဖြစ်သူရဲ့မတော်တဆသေဆုံးမှုကြောင့် စိတ်ဒဏ်ရာရခဲ့သလို မိသားစုလည်းပြိုကွဲခဲ့ရပါတယ်။ကြီးပြင်းလာတဲ့အချိန်မှာတော့ အကိုဝမ်းကွဲဖြစ်သူ မိုက်ကယ်က ဂိုဏ်းကိုဆက်လက်ဦးဆောင်နေပြီးအီတလီမာဖီးယားတွေနဲ့ စားကျက်လုရင်း ငြိကြပါတော့တယ်။ အကိုဝမ်းကွဲမိုက်ကယ်ရဲ့ တဇောက်ကန်းလုပ်ရပ်တွေအကြောင့်အခြေအနေတွေက ပိုဆိုးလာသလို၊ ပီတာ့ အနေနဲ့ မိမိဖခင်သေဆုံးခဲ့ရတဲ့ အဖြစ်မှန် ကိုသိရှိလာရမှာဖြစ်ပြီး၊ နောက်ဆုံးမှာ ပီတာ့အနေနဲ့ အန္္တရယ်တောထဲကိုဝင်ရောက်ဖြေရှင်းဖို့ဖြစ်လာတဲ့အခါမှာတော့....ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ အက်ရှင်ကားကြိုက်သူတို့ကြည့်သင့်ပါကြောင်း....(ဒီဇာတ်လမ်းရဲ့ အညွန်းနဲ့ ဘာသာပြန်သူရေးသားပေးသူကတော့ Chokoပဲဖြစ်ပါတယ်။) File Size : (1.6GB) and (870 MB) Quality : WEB-DL.HEVC 1080p 5.1, 720p Format…mp4 Duration…01:45:00 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Choko Encoded by Phyo Pyae
movie
Brothers by Blood(2021)
HEVC 1080p 5.1
7.5
The Assassination of Jesse James by the Coward Robert Ford ( 2007 )
[Unicode]Assassination of Jesse James By the Coward Robert Ford (2007)IMDB Rating....... 7.5ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ ရာဇဝင်လူဆိုးကြီးကို သေချာမသိကြရင်တောင် အရှောင်အတိမ်း ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ စကားလေးတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုနာမည်တွင်ရလောက်အောင်လည်းညဂျက်ဆီဂျိမ်းစ်ကို ဖမ်းမယ့်အစား ငါးရှဉ့်ကို လက်ချောဆီသုတ်ပြီး ဖမ်းရတာကမှ လွယ်ပါဦးမယ်။ ဒီလိုနဲ့ ဂျက်ဆီဂျိမ်းစ်းဟာ ဆုကြေးအမြင့်ဆုံး ရာဇဝင်လူဆိုးဖြစ်လာတာပါပဲ။နာမည်တူ စာအုပ်ကိုပဲရိုက်ထားတဲ့ဒီရုပ်ရှင်ဟာ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ သူနဲ့ကြားက ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီရုပ်ရှင်ရဲ့ နာမည်မှာတင် ဘာအကြောင်းဆိုတာ ဂဃနဏကြီးသိအောင် ပြပြီးသားပါ။ Brad Pittရဲ့ Plan B Entertainmentကာထုတ်လုပ်ထားပြီး မထီတထီဇာတ်ရုပ်တွေမှာာသိပ်လိုက်တဲ့ Brad Pitt ကပဲညဂျက်ဆီဂျိမ်းအဖြစ် သရုပ်ဆောင်ထားပါတယ်။အိမ်အနားစွန်းမှာ ရွေ့မျောနေတဲ့ မှောင်ရီပျိုးစကောင်းကင်အောက်က တိမ်တွေ။ ပိန်းပိတ်အောင်မှောင်နေတဲ့ ရထားလမ်းဆီ ဟိုးအဝေးကခုတ်မောင်းလာတဲ့ ကျောက်မီးသွေးသုံး မီးရထားတစ်စင်း။ ဓားပြတိုက်ဖို့ ရထားသံလမ်းပေါ်ထွက်ရပ်နေတဲ့ ကျောက်မီးသွေးငွေ့တွေကြားက ဂျက်ဆီဂျိမ်းစ် သူ့ကို ထိုးထားတဲ့ ရထားရှေ့မီး။ ရောဘတ်ဖို့ဒ်ရဲ့ သေနတ်ပြောင်းကို ကျောခိုင်းထားတဲ့ ဂျက်ဆီဂျိမ်းစ်ရဲ့ ပန်းချီကားရှေ့က နောက်ဆုံးထွက်သက်။ ဒီရုပ်ရှင်ရဲ့ Cinematographyတွေအားလုံးက ဒီ၂နာရီခွဲကြာတဲ့ ရုပ်ရှင်ကို တစ်ကွက်မှ ...
movie
The Assassination of Jesse James by the Coward Robert Ford ( 2007 )
2007