Channel Myanmar

Paul Sampson

Off the Grid (2025) 4.3
Off the Grid (2025)  Off the Grid (2025)အမေရိကန်နဲ့ အီတလီ ပူးပေါင်းရိုက်ထားတဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကားတစ်ကားပါ။ ဒါရိုက်တာ Johnny Martin က ရိုက်ထားပြီး ဇာတ်ညွှန်းကို James Agnew က ရေးထားတယ်။အဓိကသရုပ်ဆောင်တွေကတော့ Josh Duhamel၊ Greg Kinnear၊ Peter Stormare နဲ့ María Elisa Camargo တို့ပဲ။ဇာတ်လမ်းက Guy ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်အကြောင်း ဗဟိုပြုထားတယ်။သူက လက်ဖဝါးအရွယ်လောက်ပဲရှိတဲ့ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ နည်းပညာတစ်ခုကို ဖန်တီးလိုက်ပေမယ့် ဒါကို Belcor Enterprises ဆိုတဲ့ ကုမ္ပဏီက လက်နက်အဖြစ် အသုံးပြုဖို့ ကြံစည်တယ်။Guy က ဒီလိုဖြစ်မလာအောင် သူ့ရဲ့သုတေသနတွေကို ယူပြီး ထွက်ပြေးသွားတယ်။ ပြီးတော့ တင်နက်ဆီပြည်နယ်ရဲ့ တောထဲမှာ လူသူကင်းတဲ့ ဘဝတစ်ခုကို စတင်နေထိုင်ရင်း ဘယ်သူနဲ့မှ သိပ်မရောနှောပဲ ...
movie

Off the Grid (2025)

2025
4K HEVC
Rage (2014) Tokarev 5.0
Rage (2014) Tokarev  Rage (2014)IMDb Rating (5.0) ပေါလ်မက်ဂွိုင်းယားဟာ ငယ်စဉ်ဘ၀ကနာမည်ကျော်ဂန်းစတားတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အတည်တကျမိသားစုဘ၀ထူထောင်တော့မယ်ဆိုတဲ့အချိန်မှာရာဇဝတ်မှုအားလုံးကိုစွန့်ပစ်ခဲ့ပြီး တရားဝင်စီးပွားရေးသမားတစ်ယောက်ဘ၀ကိုခံယူခဲ့ပါတယ်။အခုချိန်မှာတော့ ချစ်စဖွယ်ဆယ်ကျော်သက်သမီးငယ်၊ သဘောကောင်းဖြူစင်တဲ့ဇနီးသည်မိန်းမလှလေးတစ်ယောက်နဲ့ ဂုဏ်သရေရှိလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ဒါပေမယ့်လည်း ပေါလ်ရဲ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့် ကြမ္မာဆိုးဟာ သမီးငယ်ရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ မတိုင်ခင်လေးမှာဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့အိမ်မှာ လူကြီးတွေမရှိတဲ့အချိန်လက်နက်ကိုင်လူတစ်စုက ကျူးကျော်ဝင်ရောက်ခဲ့ပြီး သမီးဖြစ်သူ ကေ့တလင်းကိုပြန်ပေးဆွဲဖမ်းခေါ်သွားခဲ့ပြီး မကြာခင်မှာပဲ အသက်မဲ့အလောင်းအဖြစ်ပြန်ရှာတွေ့ခဲ့ရတာပါပဲ။သူ့နောက်ကြောင်းကိုသိတဲ့ ရဲတပ်ဖွဲ့ကရော သူ့မိတ်ဆွေတွေရော သူကိုယ်တိုင်ကပါ ဒီဖြစ်စဉ်ဟာ သူ့ရဲ့ဂန်းစတားအတိတ်ကအရိပ်တွေနဲ့ဆက်စပ်နေမယ်လို့ပဲယူဆကြတဲ့အတွက် ပေါလ်အနေနဲ့အခုချိန်မှာငြိမ်းချမ်းနေပြီဖြစ်တဲ့ဘ၀ကိုစွန့်လွှတ်ပြီးမြေအောက်လောကကိုပြန်လည်မြေလှန်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.5 GB) / (800 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:38:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Rage (2014) Tokarev

2014
Kill ’em All (2017) Kill Em All 4.3
Kill ’em All (2017) Kill Em All မင်းသားကြီး Jean-Claude Van Damme ဗန်ဒိန်းရဲ့  2017 တုန်းက အက်ရှင်ကားလေးပါ။ဇာတ်လမ်းကတော့.. ယူဂိုဆလားဗီးယားပြည်ထောင်စုကြီးပြိုကွဲမှုကြီးကြောင့် ဆယ်စုနှစ်ကြာ စစ်ပွဲတွေ ပဋိပက္ခတွေကြားမှာ လူတွေအများအပြားသေဆုံးခဲ့ကြပြီး တရားမဲ့မှုတွေအများအပြားရှိခဲ့ကြပါတယ်... ဒီလိုသေဆုံးခဲ့မှုမှာ ချစ်တဲ့လူတယောက်ကိုဆုံးရှုံးခဲ့ရပြီး မတရားမှုအတွက် ကမ္ဘာကြီးတစ်ခုလုံးဆိုလဲ လက်စားပြန်ချေမယ်ဆိုတဲ့လူတစ်ယောက်ပေါ်ထွက်လာတဲ့အခါ...Non-stop အက်ရှင်ခန်းတွေနဲ့ ဇာတ်ကြောင်းကိုပုံဖော်ထားပြီး အမည်မသိလူတယောက် ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံရောက်လာတာက စပြီး သူ့ကို အမည်မသိလူဆိုးဂိုဏ်းက ရေဆုံးမြေဆုံးလိုက်လံသတ်ဖြတ်ဖို့ကြိုးစားတဲ့အခါမှာတော့...ဒီလူကဘယ်သူလဲဆိုတာ.....။ ဘာအတွက်လဲဆိုတာ......။Kill Them All ဆိုတဲ့အတိုင်း ချမယ် ဖြုတ်မယ်ဆိုတာတွေ ထိုင်ကြည့်ရမှာပါ။ File size…(1.5 GB )/(999 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by linnthura
movie

Kill ’em All (2017) Kill Em All

Paradox Effect (2024)
Paradox Effect (2024)  ဒီကားလေးကတော့ ၂၀၂၃ ထွက်action/thriller ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အရင်ကဆေးသမားလည်းဖြစ် သမီးလေးအတွက်အလုပ်ကိုပြန်ကြိုးစားလုပ်နေတဲ့အမေတစ်ယောက်နဲ့ ကံဆိုးချင်တော့ မှုခင်းရဲနဲ့မှူးရစ်ရာဇာတို့ရဲ့လက်စားချေရန်ပွဲကြားမှာကြားညပ်မိတဲ့သားအမိနှစ်ယောက်......ဒီအရှုပ်အရှင်းတွေ ဆေးအရောင်းအဝယ်တွေ လက်စားချေကျတဲ့ရန်ပွဲထဲမှာ ဒီသားအမိနှစ်ယောက်အသက်ရှင်လျက်လွတ်နိုင်ပါ့မလားဆိုတာကြည့်ရှူရမှာပါ Drama တွေမကြိုက်ဘူး အက်ရှင်ခန်းတွေပဲကြည့်ချင်တဲ့သူတွေအတွက်အဆင်ပြေမယ့်ဇာတ်ကားလေးပါ အားပေးကြပါဦး File size…(1 GB)/(504 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre... Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar 
movie

Paradox Effect (2024)

Vanquish (2021) 5.5
Vanquish (2021)  ၂၀၂၁ မှာ ထွက်ရှိခဲ့တဲ့ Vanquish ဇာတ်ကားဟာနာမည်ကျော်သရုပ်ဆောင် Morgan Freeman အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Action ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင်Morgan Freeman သရုပ်ဆောင်ထားတဲ့ ဒေမွန်ဆိုတဲ့ဇာတ်ကောင်က အကျင့်ပျက် ရဲဗိုလ်ချုပ်ဟောင်းတစ်ယောက်ဖြစ်ပြီး ဒုစရိုက်မှုတွေကို ဦးစီးလုပ်ကိုင်နေသူပါ.တစ်ရက်တော့ သူ့ရဲ့ မကောင်းမှုတွေသူ့နောက်လိုက်လာတော့မလို ဖြစ်တဲ့အချိန်မှာ သူ့အိမ်ကသူ့အတွက် အလုပ်လုပ်ပေးတဲ့ ကောင်မလေးနဲ့သူ့သမီးကိုသူ ဘယ်လို အသုံးချမလဲ.အဲ့ကောင်မလေးကရော အတိတ်သမိုင်းတွေ ဘယ်လိုရှိပြီးဒေမွန်ကို ဘယ်လို ဆက်ဆံမှာလဲ စတာတွေကိုတစ်ကားလုံး အပစ်အခတ်တွေ လှည့်ကွက်တွေကြားမှာကြည့်ရှုခံစားရမဲ့ အက်ရှင်ကားကောင်းလေးဖြစ်လို့ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျ.. File size…1.67GB / 672MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

Vanquish (2021)

My Mom’s New Boyfriend (2008) 5.2
My Mom’s New Boyfriend (2008) My Mom's New Boyfriend (2008)ဒီကားလေးကတော့ Romance Comedy ရောထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရယ်စရာလေးတွေနဲ့ အပျင်းပြေ ကြည့်ရှုလို့ရမှာပါ။ တစ်ခေတ်တစ်ခါရဲ့ Romcom Queen တစ်ပါးဖြစ်ခဲ့တဲ့ Meg Ryan နဲ့ ဇောရိုးမင်းသားကြီး Antonio Banderas ပါတဲ့အပြင် Selma Blair နဲ့ Tom Hanks ရဲ့သား Colin Hanks တို့ပါ ပါဝင်ထားလို့ လူစုံတက်စုံလို့ ပြောရမှာပါပဲ။လူငယ် FBI Agent တစ်ယောက်ဖြစ်တဲ့ ဟင်နရီက ၃နှစ် ကွင်းဆင်းပြီးတော့ အမေ့အိမ်ကို ပြန်ရောက်လာတာကနေစပါတယ်။ အဲဒီအချိန်မှာ အရင်က ဝတုတ်ကြီးဖြစ်ခဲ့တဲ့ သူ့အမေက ဝိတ်တွေကျ၊ ပိန်ပိန်ပါးပါး၊ ခန္ဓာကိုယ်လှလှ၊ စမတ်ကျကျနဲ့ စော်အလန်းတပွေဖြစ်နေပြီး ဘဲတွေထည်လဲတွဲနေတဲ့ အမိုက်စားလေးပေါ့။ ဟင်နရီတို့စုံတွဲ အိမ်ရောက်ပြီး တစ်ရက်အတွင်းမှာပဲ သူ့အမေ မာတီက ...
movie

My Mom’s New Boyfriend (2008)

2008
The Ritual Killer (2023) 4.1
The Ritual Killer (2023) The Ritual Killer (2023) =================မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thriller ကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ် ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာ တစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက် ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ် ရာနဲ့ဖခင်တစ်ယောက်ပါ။တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေး အရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့ တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းက လုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါ ပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။ ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့် လိုက်ကြပါတော့။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.45 GB) / (575 MB) / (335 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......CM Team Encoder..........SWM
movie

The Ritual Killer (2023)

2023
TimeCrafters: The Treasure of Pirate’s Cove (2022)
TimeCrafters: The Treasure of Pirate’s Cove (2022) TimeCrafters: The Treasure of Pirate's Cove (2022) ======================================ရတနာမြေပုံတစ်ခုကို ရှာတွေ့သွားကြတဲ့ ၁၈ရာစုက ပင်လယ်ဓားပြ တွေဟာ မြေပုံကိုလုကြရင်း မုန်တိုင်းကနေတစ်ဆင့် ၂၁ရာစု အခုခေတ်ရဲ့ "ပင်လယ်ဓားပြကမ်းစပ်" လို့ခေါ်တဲ့ မြို့လေးကို ရောက်သွားကြပါတယ်။ ဒါပေမဲ့ မြေပုံကိုတော့ အဲဒီမြို့က ကလေးအုပ်စုက ရှာတွေ့သွားကြပြီး သူတို့လည်း ရတနာတွေလိုက်ရှာပါတော့တယ်။ ရတနာကိုလိုက်ရှာနေ ကြတဲ့ လူကြီးတစ်သိုက်နဲ့ ကလေးတစ်သိုက် ဘယ်သူက ရတနာတွေ ရသွားမလဲ။ တကယ့်ရတနာအစစ်ကရော ဘာများလဲဆိုတာ ကြည့်ရ မှာပဲဖြစ်ပါတယ်။ Adventure, Fantasy အမျိုးအစားဖြစ်ပြီး စိတ်လွတ် လပ်စွာအပန်းဖြေကြည့်ရှုနိုင်မယ့် မူဗီတစ်ခုပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL Ya ဖြစ်ပါတယ်)File Size..........(2.0 GB) / (860 MB) / (500 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family, Fantasy Translator.......EL Encoder..........SWM
movie

TimeCrafters: The Treasure of Pirate’s Cove (2022)

2022