Channel Myanmar

Paul Preston

Irish Ashes (2025) 5.5
Irish Ashes (2025) ဇာတ်လမ်းအကျဉ်းကတော့ ..နိုင်ငံရပ်ခြားရောက်နေတဲ့ထရစ်စတန်ဟာသူ့အမေဆုံးသွားတဲ့အတွက်မွေးရပ်မြို့ကိုပြန်လာပြီး အသုဘကိစ္စအဝဝကိုဆောင်ရွက်ရင်းနဲ့ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကယ်လီတို့ဆီသတင်းမေးရင်းအလည်သွားခဲ့တယ်။ငယ်ငယ်တုန်းကကယ်လီနဲ့ဇာတ်လမ်းတွေရှိခဲ့တယ်ဆိုပေမယ့်အခုကတော့ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီ။အသုဘမှာကယ်လီရဲ့အဖေမလာဖြစ်တာကိုမေးရင်းနဲ့ နိုင်ငံခြားမပြန်ခင်ညီမဖြစ်သူကေတီကိုတွေ့ချင်တဲ့အတွက်ကြောင့်ကယ်လီရဲ့အဖေကိုမေးကြည့်တယ်။ကေတီနာမည်ကိုကြားလိုက်တာနဲ့ ရုပ်ပျက်ဆင်းပျက်သွားတဲ့အတွက် ပထွေးဖြစ်သူဘရန်ဒန်ကိုပဲမေးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ကယ်လီအဖေကလည်း ပထွေးနဲ့ခပ်ကင်းကင်းနေဖို့နဲ့ ဒီမှာဆက်မနေဖို့ကိုပဲတိုက်တွန်းနေတယ်။ဘရန်ဒန်ကိုမေးတော့လည်း ကေတီကထွက်သွားတာလချီနေပြီးအဆက်အသွယ်မရဘူးပဲပြောလွတ်လိုက်လို့စိတ်ပျက်နေတုန်းမှာကယ်လီကလာတွေ့ပြီးဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တယ်။ကေတီကကိုယ်ကိုယ်ကိုသတ်သေသွားကြောင်းနဲ့ ပထွေးဖြစ်သူရဲ့လက်ချက်မကင်းဆိုတာသိလိုက်တဲ့အခါမှာ....File Size… (953 MB) / ( 478 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 19m Genre …..Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML
movie

Irish Ashes (2025)

Aline (2022) 6.5
Aline (2022) Aline (2020)" My Heart Will Go On " ဆိုတဲ့ တိုက်တန်းနစ်သီချင်းလို့ လူသိများတဲ့ ကမ္ဘာကျော်သီချင်းရဲ့ သီချင်းရှင် Celine Dion ကို မိတ်ဆက်ပေးစရာ မလိုလောက်အောင် လူတိုင်းနီးပါး သိကြပြီးသား ဖြစ်မှာပါ။နှုတ်ခမ်းဖျားလေးနဲ့တင် High Note တွေကို သီဆိုနိုင်တဲ့ ဒီအမျိုးသမီးကို ကျွန်တော်တို့တွေ ချီးကျူးကြတယ်၊ သဘောကျကြတယ်၊ အားကျကြတယ်။ သူ့ရဲ့ သီချင်းတွေကိုလည်း မြတ်နိုးကြတယ်။အခုတော့ ဒီအမျိုးသမီးဟာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်တစ်ခုနဲ့ မှတ်တမ်းအတင်ခံရလောက်တဲ့အထိ အောင်မြင်တဲ့ အကျော်ဇေယျတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ဇရာအိုပြီဖြစ်တဲ့ မိခင်ကြီးရဲ့ မွေးဖွားဖို့ ချီတုံချတုံ ဖြစ်ခဲ့ရာကနေ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ မွေးချင်း ၁၄ ယောက်မှာ အထွေးဆုံးလေး အယ်လင်းအဖြစ် မွေးဖွားအမည်တွင်လာခဲ့တယ်။ တစ်ခါကြားရုံနဲ့ စွဲမက်စေနိုင်လောက်တဲ့ အသံပါရမီကလည်း ပါလာခဲ့ပြန်တယ်။" ကလေးမလေး သီချင်းမဆိုရင် ငါတို့ မလာဘူး " လို့ ပြောယူရလောက်တဲ့အထိ ငယ်စဉ်ကတိုင် လူအများရဲ့ အသိအမှတ်ပြုမှု ချီးကျူးမှုတွေကို ခံယူခဲ့ရသူဖြစ်တဲ့ အယ်လင်းဟာ " ...
movie

Aline (2022)

2022