Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Bartel
8.6
The Usual Suspects (1995)
The Usual Suspects (1995)***************************IMDB..........8.6 Rotten.....96%IMDb နဲ့ Rotten ကို ကြည့်ရုံနဲ့ ဒီဇာတ်ကားရဲ့ အခြေအနေကို နည်းနည်းတော့ ရိပ်စားမိမယ်လို့ထင်ပါတယ် ..ဝတ္ထု ရုပ်ရှင် ပြဇာတ် မျက်လှည့် ဖျော်ဖြေရေးတွေမှာ ကျွန်တော်အာရုံကိုဆွဲဆောင်နိုင်မဲ့ အရာမျိုးက ဘာဖြစ်မယ်လို့ထင်လဲ အားလုံးကိုခြုံငုံပြီး ဖျော်ဖြေရေးလို့သုံးလိုက်တဲ့အတွက်တော့ သည်းခံပေးပါ....... တစ်ယောက်နဲ့တစ်ယောက် အမြင်တော့ နည်းနည်းကွဲပါလိမ့်မယ်ဒါပေမဲ့ အတော်များများ သိစိတ်ကရော မသိစိတ်ကရော လက်ခံထားတဲ့အရာတစ်ခုတော့ရှိမယ်ထင်တယ်....... ဥပမာ မျက်လှည့်ပဲထား ငှက်မွေးလေးတစ်ခုကိုမီးရှို့ပြီး ဖြတ်ခနဲ့လက်အဝှေ့ ခိုဖြူလေးက မျက်လှည့်ဆရာရဲ့လက်ပေါ် အတောင်တဖြတ်ဖြတ်ခတ်ရင်း တက်နားသွားတယ် ..ကျွန်တော်တို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့ .. ဒါကဘာလဲဆိုတော့ မမျှော်လင့်တဲ့ လှည့်ကွက်လေးမို့ အံဩ မင်သက်သွားတာ ..ဒီလိုပဲ ဝတ္ထု ရုပ်ရှင်တွေမှာလည်း ကောင်းမွန်သောသရုပ်ပါမှု ရှုမငြီးနိုင်တဲ့ဇာတ်လမ်း ထိမိတဲ့ ဒိုင်ယာလော့တွေကို မဟာလှည့်ကွက်တွေနဲ့ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ကို ဘယ်လောက်တောင်ဆွဲဆောင်နိုင်လိုက်မလဲ ..ဘာဖြစ်လို့ကျွန်တော် ဒါတွေပြောနေရတာလဲဆိုတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးသော Twist စာရင်းထဲပါတဲ့ The usual suspects ဆိုတဲ့ကားကြောင့်ပါပဲ .. ပြီးတော့ ဇာတ်လမ်းအညွှန်းရေးမယ်ဆိုရင် spoil အဆင့်ရောက်သွားမှာလည်း စိုးမိတယ် ...
movie
The Usual Suspects (1995)
5.5
Joe’s Apartment (1996)
Joe's Apartment (1996) =================ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ ရည်ရွယ် ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေ နေသာ တစ်ချိန်လုံး သူ့အမေဆီကပဲချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခု တည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရ ခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါ တီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာဖြစ်ပြီး နေထိုင် သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက် အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ် တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့ လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား၊ သူတို့ တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက် ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.66 GB) / (986 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Musical Translator.......Alias Encoder..........SWM
movie
Joe’s Apartment (1996)
1996
5.5
Joe’s Apartment (1996)
ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။ အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Joe’s Apartment (1996)
6.1
Age of Uprising: The Legend of Michael Kohlhaas (2013)
ဒီဇာတ်လမ်းလေးကတော့ ၁၉ရာစုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့မြင်းကုန်သည်ကြီး Hans Kohlhaseအကြောင်းကို မှီငြမ်းထားတာပါ....။သို့ပေမဲ့ ဇာတ်လမ်းကိုတော့ ၁၆ရာစု မြေရှင်၊ကြွေးရှင်စနစ်ပျက်သုဥ်းခါနီးကာလမှာပဲဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အခါမှာက မြေရှင်တွေ၊ နယ်စားတွေ ဘုရင်တွေဆိုတာ ဥပဒေအထက်မှာရှိသူတွေပါ....။ဥပဒေကိုလိုရာအသုံးချပြီး အောက်ခြေလူတန်းစားတွေ၊ သူရင်းငှားတွေကိုဆက်ဆံချင်သလိုဆက်ဆံတဲ့ခေတ်ပေါ့....။ဒီခေတ်ကြီးထဲမှာမှ မြင်းကုန်သည် မိုက်ကယ်ကိုလာဟတ်စ်ဆိုသူဟာမြင်းရောင်းဖို့ မြို့ကိုအသွား...လမ်းမှာနယ်စားတစ်ယောက်က သူ့နယ်ကို ဖြတ်သန်းမယ်ဆိုရင် ခွင့်ပြုမိန့်လိုကြောင်းတောင်းပါတယ်...။ခွင့်ပြုမိန့်မရှိတဲ့ မိုက်ကယ်ဟာ လှလှပပ ကျန်းကျန်းမာမာမြင်းနှစ်ကောင်ကိုအပေါင်အဖြစ်ထားခဲ့ပြီး ခရီးဆက်သွားပါတယ်....။ဒါပေမဲ့ အပေါင်ပြန်ရွေးတဲ့အချိန်မှာတော့ သူ့မြင်းတွေဟာ ဒဏ်ရာဗလဗွနဲ့ပိန်ချုံးချိ့နဲ့နေပါပြီ....ဒီအတွက် မကျေနပ်တဲ့ မြင်းကုန်သည်ကြီးဟာ သူ့အတွက် တရားမျှတမှုရှာဖွေဖို့အတွက် ခရီးစတင်ခဲ့ပါတယ်....။တရားမျှတမှုရှာဖွေတဲ့ မြင်းကုန်သည်ကြီး သူ့မြင်းနှစ်ကောင်အတွက်နဲ့မြေရှင်ကြွေးရှင်တွေကို ဘယ်လိုစစ်ခင်းမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.96GB / 949MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 2m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Age of Uprising: The Legend of Michael Kohlhaas (2013)
5.7
Escape from L.A(1996)
ဒီကားလေးကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ သိပ္ပံအက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်က ထွက်ရှိထားတဲ့ Escape from New York ရဲ့ sequel ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲက timeline ကတော့ ၂၀၁၃ ခုနှစ်ကိုယူထားတာဖြစ်ပြီး ခေတ်မီလက်နက်တွေ ပစ္စည်းကိရိယာတွေကို ထည့်သွင်းပြသထားပါတယ်အမေရိကန်ပြည်ထောင်စုထဲက လော့စ်အိန်ဂျယ်လိစ်မြို့တော်ကြီးက ဒုစရိုက်မှုတွေများပြားလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတအသစ်က အဲဒီမြို့ကို နိုင်ငံကနေ ခွဲထုတ်ပစ်လိုက်ပါတယ်ပြီးတော့ အမေရိကကို ပြန်လည်ပြုပြင်မယ်ဆိုပြီး မူးယစ်ဆေး၊ အရက်၊ဆေးလိပ် မသောက်ရ၊ မိန်းမ မလိုက်စားရဆိုပြီး စည်းကမ်းတွေချမှတ်ခဲ့ပါတယ်အဲဒါတွေကို ဆန့်ကျင်သူအားလုံး ပြည့်တန်ဆာတွေ လူဆိုးတွေ ပြစ်မှုအသေးလုပ်မိသူတွေကအစ နိုင်ငံထဲမှာမနေရဘဲ အယ်လ်အေမြို့ကြီးကို ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ပါချမှတ်ခဲ့ပါတယ်တစ်နေ့မှာတော့ သမ္မတရဲ့သမီးဖြစ်သူက နိုင်ငံတော်လျှို့ဝှက်စီမံကိန်းပစ္စည်းတစ်ခုကို ခိုးယူသွားပြီး အယ်လ်အေမြို့ကို ထွက်ပြေးခဲ့ပါတယ် ပြီးတော့ အဲဒီပစ္စည်းကို အယ်လ်အေမြို့ထဲက အကြမ်းဖက်ခေါင်းဆောင်ဆီ အပ်လိုက်ပါတယ်အဲဒီပစ္စည်းကို လိုက်ယူဖို့အတွက် နာမည်ကျော် လူဆိုး စနိတ်ခ် ...
movie
Escape from L.A(1996)